AooVio

AooVio

Share

�All of your Fav is Here!!!�

Photos from AooVio's post 26/11/2021

🔥 Happy skin SALE Up to 60% 🔥

💰 ပုံတစ်ပုံချင်းစီမှာ ဈေးနှုန်းတွေ ရေးပေးထားပါတယ်။

🌿 Happyskin ပစ္စည်းများသည် အော်ဂဲနစ်ကို အခြေခံထားသော ပြည်တွင်း ထုတ်ကုန်ဖြစ်ပြီး FDA ရရှိထားသော ပစ္စည်းများဖြစ်တာကြောင့် သင့်အသားအရေအတွက် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်ရှင်...

♦️ Expire Date မနီးပါ ♦️

☆☆☆☆☆☆☆☆☆☆☆☆☆☆

🚚ရန်ကုန်မြို့တွင်း အိမ်အ​ရောက်ပို့​ဆောင်​​ပေးပါသည် 🚚

🛍 50000ဖိုးနှင့်အထက် - Free Delivery

🛍 50000ဖိုးနှင့်​အောက် - ၁၅၀၀ / ၂၀၀၀ ကျပ်

🚚 နယ်မြို့များ ကာဂိတ်မှတဆင့်ပို့​ဆောင်​ပေးပါသည် 🚚

📮 အမြန်​​ချောပို့ - ၃၀၀၀ ကျပ်

📮 ကားဂိတ်က​နေလည်း ပို့​ပေးပါတယ် 🚛

💸 Online Transfer နှင့် ​ပေး​ချေလိုပါက Delivery မအပ်ခင် ​ငွေကြိုလွှဲ​ပေးရပါတယ်။

💸 Cash on Delivery လည်း ​ပေး​ချေနိုင်ပါတယ်။

29/10/2021

Body Acne ဘာလို့ထွက်တာလဲ… ❗️

ဒီနေ့တော့ ပိုးက ဝက်ခြံထွက်တာနဲ့ပတ်သက်ပြီး အခြေခံအချက်လေးတွေ Sharing လေးနည်းနည်းလုပ်ပေးမယ်နော်။ 😉

ဝက်ခြံဆိုတာက မျက်နှာမှမဟုတ်ဘဲ ခန္ဓာကိုယ်ကနေရာတော်တော်များများမှာထွက်တတ်ပါတယ်။ ရင်ဘတ်၊ ကျော၊ ပုခုံးစ သဖြင့်ပေါ့။ မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် အရွယ်တစ်ခုရောက်လာတဲ့အခါ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံအနည်းနဲ့အများတော့ထွက်ကြတယ်။ 😢 အချို့ကနည်းနည်းလေးပဲထွက်ပြီးပျောက်သွားတတ်ကြပေမယ့် အချို့ကျတော့လည်း ဝက်ခြံတွေအများကြီး နှစ်ရှည်လများထွက်တတ်တယ်။ 🥺

ဝက်ခြံတွေအများကြီး နှစ်ရှည်လများထွက်နေပြီဆိုရင်တော့ မိန်းကလေးဖြစ်ဖြစ်၊ ယောက်ျားလေးဖြစ်ဖြစ် စိတ်အရမ်းညစ်ရပြီး တခါတလေဆို Self-confident ပါပျောက်တတ်ကြတယ်ဟုတ် ❓ မျက်နှာမှာထွက်ရင်လည်း ကိုယ့်ကိုယ်ကိုမလှတော့ဘူးလို့ခံစားရတာမျိုး၊ ခန္ဓာကိုယ်မှာထွက်ရင်လည်း နီရဲဖောင်းကားပြီးနာကျင်နေရတာကြောင့် အရမ်းစိတ်ရှုပ်ရတယ်လေ။ 😩

အဲ့လိုထွက်တာက အချို့ဆေးဝါးတွေကြောင့်လည်းဖြစ်တတ်ပြီး စားသောက်နေထိုင်မှုနဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်းအများကြီးသက်ဆိုင်ပါတယ်။ ခန္ဓာကိုယ်မှာထွက်တဲ့ဝက်ခြံတွေကတော့ ရေဓာတ်ဆုံးရှုံးခြင်း၊ ချွေးအလွန်ထွက်ခြင်းနဲ့ အဝတ်အစားအကြပ်ဝတ်တာမျိုး၊ အဝတ်အစားလေးတွေမသန့်စင်တာကြောင့်လည်းဖြစ်တတ်ပါတယ်။ 👈

ဒါဆို Body Acne ထွက်တာကိုဘယ်လိုထိန်းသိမ်းကာကွယ်မလဲ… ❗️

အရေးအကြီးဆုံးကတော့ နေ့တိုင်းရေကိုသေချာပုံမှန်ချိုးဖို့ပါ။ 🛀 ရေချိုးတဲ့အခါမှာလည်း Acne-Fighting Body Wash တွေကိုသုံးပေးသင့်ပါတယ်။ ကျန်တဲ့အချက်တွေကတော့…

👉 အဆီ၊ အစိမ့်အများကြီးစားတာကိုရှောင်ပါ။
👉 စိတ်ဖိစီးမှုကို လျှော့ချပါ။
👉 ရေဓာတ်ပြည့်ဝအောင်နေထိုင်ပါ။
👉 လေဝင်လေထွက်ကောင်းတဲ့ အဝတ်ပွပွမျိုးဝတ်ပါ။
👉 အဝတ်အစားတွေကို သန့်ရှင်းအောင်လျှော်ဖွတ်ပြီးမှဝတ်ပါ။
👉 Comedogenic မပါတဲ့ Body Lotion မျိုးကိုသုံးပါ။
👉 အနည်းဆုံးတစ်ပတ်တစ်ချိန် Body Scrub တိုက်ပါ… စတာတွေပဲဖြစ်ပါတယ်။

Happy Skin ရဲ့ Oats Scrub ဟာဆိုရင်တော့… ❗️

Soothing effect ကိုပေးတာကြောင့် ခန္ဓာကိုယ်မှာဝက်ခြံတွေ နီရဲဖောင်းကားပြီးထွက်နေတာမျိုးကိုအရောင်ကျသက်သာစေပြီး နာကျင်မှုကိုလည်းလျော့ကျစေတယ်။ 😉

Lavender နဲ့ Tea Tree Essential Oil နှစ်မျိုးကို ပေါင်းစပ်ထည့်ပေးထားလို့ Sensitive Skin သမားတွေအတွက် အထူးသင့်လျော်တဲ့ Scrub လေးပါ။ 😘

Lavender နဲ့ Tea Tree Essential Oil တွေက ဝက်ခြံကိုသက်သာစေပြီး Antibacterial Protection လုပ်ပေးနိုင်ပါတယ်။ 😁

အသားအရေကို Cleansing လုပ်ပေးပြီး Bacteria တွေကိုသတ်ပေးလိုက်လို့ ဝက်ခြံတွေကိုသက်သာစေတဲ့အပြင် ထပ်ထွက်တာကိုလည်းကာကွယ်ပေးနိုင်တယ်လေ။ 😎

ဒါကြောင့် ဝက်ခြံတွေထွက်လို့စိတ်ညစ်နေရတဲ့သူတွေကို ပိုးက Happy Skin Oats Scrub လေးသုံးကြည့်ဖို့လည်း အထူးညွှန်းချင်ပါတယ်နော်။ 👈👈👈

💲 Happy Skin Oats Scrub…
💲 180g – 7,500 kyats
💲 320g – 12,000 kyats

🛒 Page messenger မှာ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာလေးတွေပေးပြီးမှာယူ အားပေးနိုင်ပါတယ်။

Crd:

Photos from AooVio's post 26/10/2021

“Oat scrub လေးသုံးတာ body acne လေးတွေသက်သာတယ်
၂ ကြိမ်သုံးပြီးသား result လေးပါ
တကယ်တစ်ခြား scrub တွေနဲ့မတူဘူး oil ပါတာရယ် အနံ့မွှေးမွှေးလေးကိုအရမ်းကြိုက်တယ်
သုံးပြီးအသားခြောက်မသွားဘူး စိုစိုလေးကျန်ခဲ့တယ်။”

ဒီလိုမျိုးပျော်ရွှင်မှုနဲ့ ပြန်လာပြောပြတဲ့ Happy Pill လေးတွေရဲ့ ရင်တွင်းစကားတွေကို ပိုးကတော့ ပီတိနဲ့နားထောင်ပါတယ်… 🥰

Happy Skin Oats Scrub အစွမ်း အံ့မခန်းနော်။ လက်တွေ့အကျိုးကျေးဇူးကိုလိုချင်ရင်တော့ အမြန်ဆုံးဝယ်သုံးကြည့်လိုက်ပေါ့။ 😉

💲 Happy Skin Oats Scrub…
💲 180g – 7,500 kyats
💲 320g – 12,000 kyats

🛒 Page messenger မှာ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာလေးတွေပေးပြီးမှာယူ အားပေးနိုင်ပါတယ်။

26/10/2021

#ဝက်ခြံနဲ့ အဆီဖု အသားအရေ
အတွက်❤️❤️

ဆောင်ရန်ရှောင်ရန်

အချက်လေးတွေပြောပြချင်ပါတယ်ရှင့်❤️

( ၁ ) ဝက်ခြံ နဲ့ အဆီဖု စတဲ့ အဖုလေးတွေကို လက်နဲ့ကိုင်တာ ဆွတာ ဆိတ်တာ ကုပ်တာ ညှစ်တာမျိုး မလုပ်ပါနဲ့နော် ❌

( ၂ )ရေများများ သောက်ပေးပါ💦💦

( ၃ ) အစိမ်းရောင်ရှိတဲ့ အသီးအနှံ့များများ စားပေးပါ🥦🥑🍏

( ၄ )အပြင်သွားပီး ပြန်လာတိုင်း
ဖြစ်နိုင်မယ်ဆို မျက်နှာပြန်သစ်ပါ🧖

( ၅ ) ဘာလို့ လဲဆိုတော့ မျက်နှာပေါ်က
အဆီတွေနဲ့ .
ပတ်ဝန်းကျင်က ဖုန်တွေကြောင့် လည်း
ဝက်ခြံနဲ့ အဆီဖု တွေပိုဆိုးနိုင်လို့ ပါ 🥶

( ၆ ) နောက်ပီး အဆီအဆိမ့် နဲ့ နို့ထွက်ပစ္စည်း အသုံးအဆောင် အစားအသောက်တွေတတ်နိုင်သမျှ ရှောင်ပေးပါ ❌

(၇ ) အငံ နဲ့ အစပ်တွေလည်းလျော့စားပါ ❌

( ၈ ) ဝက်ခြံ အဆီဖု တွေရှိနေသေးသမျှ

မိတ်ကပ် foundation စတာတွေရှောင်ပေးပါ❌

မဖြစ်မနေ လိမ်းရမယ်ဆိုရင်တော့ အဆီဖု ဝက်ခြံ အသားအရေ အတွက် သီးသန့်ထုတ်ထားတဲ့ BB cream , CC cream မျိုး သုံးပေးပါ ❗❗

( ၉ ) ဝက်ခြံ တွေများရင် သနပ်ခါး မလိမ်းစေချင်ပါ / ❌
ယောကျာ်းလေးဆိုရင် အရက် ဘီယာ ဆေးလိပ် စတာတွေလျော့ပါ / ❌

ချောကလက်ကလည်း ဝက်ခြံကို ထွက်စေတယ်။🥶

( ၁၀ )
ပြုပြင်ထားတဲ့အစားအစာတွေ၊ခေါက်ဆွဲခြောက်ထုပ်တွေဟာ အမျိုးသားဟော်မုန်း အင်ဒရိုဂျင်ပမာဏ များလာပြီး ဝက်ခြံထွက်လာတတ်တယ်။🥶

ကြွက်သားထုထည်တက်အောင် သောက်ရတဲ့ ပရိုတင်းပေါင်ဒါတွေ၊ whey protein တွေလည်း ရှောင်သင့်တယ်။ ❌
တချို့က ကြက်ဥစားတယ်။ ကြက်ဥအနှစ်မှာ ပါတဲ့ ကိုလက်စတောက ဝက်ခြံကို ပိုဆိုးစေတယ်။🥶

(၁၁)
အရက်၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကလည်း ဝက်ခြံထွက်ခြင်းကို အားပေးတယ်။ 🥶

နောက်တချက်က ဆီကြော်စာတွေနဲ့ အာလူးခြောက်‌ေတွကိုလဲရှောင်ပါ❌

ဝက်ခြံပျောက်ဖို့ အထက်ပါ အစားအသောက်တွေ စနစ်တကျရှောင်ကြဉ်ဖို့လိုပါတယ်။ 🙅🙅

နောက်ပီး တစ်ကိုယ်ရည် အသုံးအဆောင်တွေဖြစ်တဲံ🧖💆

မျက်နှာသုတ်ပဝါ / ခေါင်းအုံးစွပ် တွေကို တစ်ပတ်တစ်ကြိမ် အနည်းဆုံး လဲပေးပါ❗

ညအိပ်ရာ ဝင်ခါနီးတိုင်း မျက်နှာကို သေသေချာချာလေးသန့်စင်ပေးပါ /🧖

မိတ်ကပ်လိမ်းတတ်ပါက မိတ်ကပ်ဖျက်ဆေး သုံးပီးမှ မျက်နှာထပ်သစ်ပေးပါ / 🧖

အိပ်ရေး ဝဝ အိပ်ပါ /အိပ်ချိန်မှန်မှန် အိပ်ပါ 🛌🛌

စိတ်ပိုင်းဆိုင်ရာ အနေနဲ့ ကတော့ ပျော်ပျော်နေပါ / ဝက်ခြံ ကြောင့် စိတ်မဖိစီးပါနဲ့ /❌🙅

ဝက်ခြံ ထွက်လာမှာကိုပဲစိုးရိမ်တာမျိုး လျော့ပါ / 🤗

စိတ်ညစ်တဲ့အခါ ဝက်ခြံ က ပိုထွက်တတ်ပါတယ်❗

ခန္ဓာကိုယ် တွင်းလည်း အပူ အပုတ် မရှိအောင် ဂရုစိုက်ပေးပါ❗

ဒီ အချက်လေးတွေကိုလည်း အတတ်နိုင်ဆုံး ဂရုတစိုက်လေးနဲ့ လိုက်နာပေးပါ ❤️

#၀က်ခြံ
#အဆီဖု
#အလှအပ
#အသားအရေ


Crd:

Photos from AooVio's post 24/10/2021

ဖြူဝင်း၊ တင်းရင်း၊ နုပျို၊ စိုပြေချင်တယ်ဆိုရင်တော့ အပျင်းမကြီး Green Tea နဲ့တိုက်ပါ။ 😜

🎉🎉Promotion🎉လဲပေးထားတာမို့ အရမ်းအဆင်ပြေနေပါပီနော်🥰

အကျိုးရလာဒ်ကောင်းလေးတွေကိုတော့ အောက်က Customer Feedback လေးတွေမှာလေ့လာနိုင်ပါတယ်… တူ နန် တန် နန်… 😉

Happy Skin Green Tea Scrub လေးရဲ့ကောင်းကျိုးလေးတွေကတော့… 👈

👉 အသားအရေကိုဖြူဝင်းစိုပြေချောမွေ့စေတယ်။

👉 Antioxidants တွေပါဝင်လို့ အိုမင်းရင့်ရောမှုကို တားဆီးပေးနိုင်တယ်။

👉 နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးတယ်။

👉 အဆီပြန်ခြင်းကို လျော့ကျစေတယ်။

👉 အရေပြား နီရဲရောင်ရမ်းတာတွေကို သက်သာစေတယ်။

Green Tea Scrub လေးကို ဘယ်လိုလူတွေသုံးသင့်လဲဆိုတော့… 👈

👉 Fresh ဖြစ်တဲ့ရနံ့လေးတွေကိုနှစ်သက်ပြီး တစ်နေ့တာလုံးစိတ်ကြည်လင်လန်းဆန်းနေချင်သူတွေ…

👉 အသားအရေကို တဆင့်ပိုမိုဝင်းပကြည်လင်ချင်သူတွေ…

👉 နေပူထဲအသွားအလာများသူတွေ…

👉 အဆီပြန်သူတွေ…

👉 အသားအရေလေးကို တင်းတင်းရင်းရင်းစိုစိုပြေပြေနဲ့ အိုမင်းရင့်ရောမှုကိုလျှော့ချချင်သူတွေ… စတဲ့လူတွေက အဓိကသုံးပေးသင့်ပါတယ်။

သုံးရတာလည်းအရမ်းလွယ်တယ်နော်။ ရေချိုးခါနီး ခန္ဓာကိုယ်ကိုရေလေးအရင်လောင်း၊ Scrub လေးကိုယူပြီး တစ်ကိုယ်လုံးကို ညင်ညင်သာသာလေးတိုက်ပေး၊ ပြီးရင်တော့ တစ်မိနစ်လောက်ထားပြီး ရေဆေးချ ကိုယ်သုံးနေကျ Body Shower လေးနဲ့ရေပြန်ချိုးလိုက်ရုံပဲလေ။ 😉

တစ်ပတ်ကိုနှစ်ကြိမ်ပုံမှန်ပြုလုပ်ပေးရုံနဲ့ တစ်လအတွင်းအသားအရေလေးက သိသိသာသာကြည်လင်လာမှာပါ။ ☺️

💲 Happy Skin Green Tea Scrub…
💲 180g – 8,500 kyats ❌
Discount - 8000kyats✅

💲 320g – 13,000 kyats❌
Discount 12000 kyats✅

🛒 Page messenger မှာ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာလေးတွေပေးပြီး ဝယ်ယူအားပေးနိုင်ပါတယ်။

22/10/2021

မနောက်နဲ့ မနောက်နဲ့🥴

Photo crd:

20/10/2021

🎉🎊 သီတင်းကျွတ် special promotion‼️🎊

ဈေးဝယ်ရင်း မုန့်ဖိုး ရယူပါ‼️💥

Bestsellers item တွေထဲကမှ Happy skin ရဲ့ lip scrub လေးကို
ယခင် 5000 KS ❌
ယခု 4500 KS✅ ဖြင့် (20.10.21 မှ 30.10.21 ထိ )

ဝယ်ယူနိုင်ပါပီ ရှင့်.......

အရေအတွက် အကန့် နဲ့မို့ မြန်မြန်လေး ဝယ်ယူထားလိုက်ပါနော်🥰
(Kpay & wavepay ဖြင့်လဲ ငွေပေးချေနိုင်ပါပီ✅🙆 )

Review✅

Sweety mint lip scrub
မျက်နှာတွေပဲscrubလုပ်လို့မရဘူးနော် နှုတ်ခမ်းတွေလဲdead cellsတွေများလာရင်softဖြစ်မနေတော့ဘူးလေ ဒါကြောင့်ဒီlip scrubလေးကတော့ တစ်ပတ်ကိုတစ်ခါနှစ်ခါပဲသုံးပေးရမယ့်stepပါ။ နှုတ်ခမ်းကိုရေစွတ်ပြီးscrubလေးနဲ့ညင်ညင်သာသာပွတ်ပေးပြီးရင်ရေဆေးချရုံပဲနော် ပြီးရင်တော့lip oil or balmတစ်ခုခုလိမ်းပေးပါ မင်မင်ကတော့သူ့ရဲ့lip balmလေးနဲ့ setလိုက်တွဲသုံးရင်နှုတ်ခမ်းသားလေးနူးအိပြီးပန်းရောင်သန်းလာလို့ နှစ်ခုတွဲသုံးဖို့အကြံပြုပါရစေ

#
09973977347✅

Telephone

Website

Address


Mohnyin

Alerts

Be the first to know and let us send you an email when AooVio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mohnyin.