Aura Yoga
စနစ်ကျသော သင်ကြားမူ စေတနာပါသော ဝန်ဆောင်မှု
October 2 ရက်နေ့တွင် ကျရောက်မည့် Tr Po ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် အလှူဒါနပြုလုပ်သွားမှာဖြစ်ပါတယ်။ မွေးနေ့အလှူမှာ အတူတကွ ကုသိုလ်ယူနိုင်ဖို့ မိတ်ဆွေများအားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။
🙏 Tr Po ရဲ့ မွေးနေ့အလှူတော်
အောက်တိုဘာလ ၂ ရက်နေ့ (သောကြာနေ့) တွင် Tr Po ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကင်းတောင်ခြေရှိ ဥယျာဉ် ပရိယတ္တိ မ စာသင်တိုက်တွင် စာသင်သား သံဃာတော် အပါး ၄၃၀ ကျော်အတွက် အာရုံဆွမ်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
နံနက် ၉ နာရီတွင် ဒုပါချုပ်ဆရာတော် ဦးဇောတိကထံမှ တရားတော်နာယူကြည်ညိုကြပြီး၊ အတူတကွ ဆွမ်းလောင်းလှူကာ ကုသိုလ်ယူကြမှာ ဖြစ်ပါတယ်။
အလှူသို့ ကြွရောက်လာကြမည့် ဧည့်သည်တော်များအားလုံးအတွက်လည်း နေ့လယ်စာကို စီစဉ်ထားရှိပါတယ်။
ဒီလို မင်္ဂလာရှိတဲ့ နေ့လေးမှာ Tr Po နဲ့အတူ ကုသိုလ်ယူ၊ တရားနာယူပြီး မေတ္တာတရားများ မျှဝေနိုင်ဖို့ မိတ်ဆွေများအားလုံးကို လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။ ❤️
အသိပေးကြေညာချက်
အောက်တိုဘာလ ၂ ရက်နေ့တွင် Tr Po ၏ မွေးနေ့အလှူတော် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် Aura Wellness Center နှင့် Aura Yoga Studio (Studio 2) တို့ကို တစ်ရက်တာ ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ 🙏
22/09/2026
13/09/2026
🧹 𝐉𝐎𝐁 𝐕𝐀𝐂𝐀𝐍𝐂𝐘
Aura Yoga Studio တွင် သန့်ရှင်းရေးဝန်ထမ်းတစ်ဦး ခေါ်ယူနေပါသည်။
𝐉𝐨𝐛 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬
• Studio အတွင်းရှိ Yoga Room ကို နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပေးရမည်။
• Toilet နှင့် Common Area များ သန့်ရှင်းသပ်ရပ်မှုရှိစေရန် ဂရုစိုက်ပေးရမည်။
• Yoga Mat၊ Block နှင့် Studio အသုံးအဆောင်များကို သန့်ရှင်းပြီး စနစ်တကျထားရှိပေးရမည်။
• Studio ၏ သန့်ရှင်းသပ်ရပ်မှုကို အမြဲဂရုစိုက်ပေးနိုင်ရမည်။
𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬
• သန့်ရှင်းရေးလုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
• အလုပ်တာဝန်ယူမှုရှိပြီး သန့်ရှင်းသပ်ရပ်စွာ လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
• အချိန်မှန်ပြီး ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
• အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
📍 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧
Aura Yoga Studio
27St Bet73/74, Thirimingalar Housing
📞 𝐂𝐨𝐧𝐭𝐚𝐜𝐭
09 940 664 555
#အလုပ်အကိုင်
06/09/2026
💞 အားလုံးစောင့်မျှော်နေကြတဲ့ 💞
9 days Yoga Foundation RETREAT
~~~~~~~~~~~~~~~~
🍀 Batch 81 🍀
@ Aura Wellness Centre
~~~~~~~~~~~~~~~~
Date: September 21 ~ Oct 1
Time: 9:30 am ~ 11:30 am
Place: 40A, Bet 54 x 55, ရဲမွန်တောင်, မန္တလေး
Investment : 250000 kyats
~~~~~~~~~~~~~~~
Yoga Trainer & Program Facilitator :
Tr. Khaing Nyein နဲ့အတူ
💕 မိမိရဲ့အတွင်းစိတ်ကို လက်ရှိအရှိတရားကနေ ပိုပြီကောင်းမွန် မြင့်မားတဲ့ အသိတရားရရှိနိုင်ဖို့ နဲ့ သိစိတ်ရှိရှိ ရှင်သန်နိုင်ဖို့
💕 ကိုယ့်မှာရှိတဲ့ တောက်ပတဲ့အလင်းရောင် ကို ကိုယ်တိုင်ရှာဖွေနိုင်မှသာလျှင် အခြားသူတွေရဲ့ အလင်းရောင်ကို အသိအမှတ်ပြုပေးတတ်လာပြီး ဘဝကို အဆင်ပြေပြေလျှောက်လှမ်းနိုင်မှာဖြစ်တဲ့အတွက် ….. ဒီ ၉ရက်သင်တန်းက ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ပန်တိုင်ထိ မှန်ကန်တဲ့ အသိအမြင်ဖြစ်ဖို့ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်ဖို့ စိတ်အလေ့အကျင့်တွေ လက်တွေ့ရှာဖွေနိုင်မယ့် အခွင့်အရေးပါ။
🍀 နေ့စဉ်ဘဝရှင်သန်မှုမှာလည်း မှန်ကန်တဲ့ဘဝနေနည်းနဲ့အတူ ဘဝရဲ့အနှစ်သာရတွေ ရရှိစေဖို့ အထောက်အပံ့ကောင်းတွေဖန်တီးနိုင်မှာပါ။
~~~~~~~~~~~~~~~~~~~~
🧘♀️ ယောဂကျင့်စဉ်ကို အခြေခံကျကျ
နားလည်ပြီး ယောဂရဲ့အနှစ်သာရကို ကိုယ်တိုင်ရှာဖွေ ခံစား လေ့ကျင့်လိုသူများ၊ ယောဂပညာကို ပြန်မျှဝေနေသူများ
💚မိမိအတွက်အချိန်သီးသန့်ပေးပြီး မိမိစိတ်ကိုမိမိကိုယ်တိုင် လေ့လာချင်သူများ
♥️ မှန်ကန်တဲ့ စိတ်ထားတွေနဲ့ စိတ်၏ ငြိမ်းချမ်းမှုကို တည်ဆောက်ရန် ရည်ရွယ် ထက်သန်သူများ ၊
❤️ ကိုယ့်ဘဝကို ကိုယ်တိုင်ကုစားရင်း အခြားသူများကို ကူချင်သူများ
❤️ဘဝရဲ့ စိတ်ပိုင်းဆိုင်ရာ အသိတွေ ကို အကျင့်တရားထိပြောင်းပြီး လေ့ကျင့်လိုသူများ ...
🧘♀️Yoga ပညာရပ် ကို လေ့လာလိုသူများနဲ့ မိမိခန္ဓာကိုယ်စောင့်ရှောင်ခြင်းဖြင့် မိမိစိတ်ကို စောင့်ရှောက်လိုသူများအတွက် ……
ရည်ရွယ်ထားတဲ့ ယောဂ ကျင့်စဉ် ကိုအခြေခံပြီး မိမိကိုယ်ကို အချိန်ပေးနားထောင် သွားမယ့် သင်တန်းဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~
To Register >>> CB
~~~~~~~~~~~~~~~~~~~~~~~
🌿🕊️ ၉ ရက် ခရီးစဉ် 🌿🕊️
Day 1 ~ What is Yoga?
Day 2 ~ What is Asana?
Day 3 ~ Uncovering your true nature.
Day 4 ~ Social Ethics
Day 5 ~ Personal Practices
Day 6 ~ Power of Thoughts & Transformation
Day 7 ~ 7 Chakras
Day 8 ~ 8 Limbs of Yoga
Day 9 ~ Essence of Yoga
~~~~~~~~~~~~~~~~~~~~~~~~~
အတွေ့အကြုံသစ်/အတွေးအမြင်သစ်/ရှုထောင့်သစ် တစ်ခုဆီကို 🍀 ရောက်ပြီးတဲ့ စိတ်🍀တစ်ခု ဟာ ရှုထောင့်ဟောင်း/ အတွေးအမြင်ဟောင်း တွေဆီ ဘယ်တော့မှ ပြန်မသွားတော့ဘူး...။
~~~~~~~~~~~~~~~~~~~
" A mind that is stretched by a new experience can never go back to its old dimensions. "
~ Oliver Wendell Holmes
~~~~~~~~~~~~~~~~~~~~
03/09/2026
✨ From 3 Dimension to 4 Dimension
နေ့စဉ်ဖြတ်သန်းနေရတဲ့ 3D World ရဲ့ အတ္တနဲ့ ပြိုင်ဆိုင်မှု လှိုင်းတွေကြောင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဘယ်လောက်ပဲ ပြည့်စုံပါစေ၊ ရင်ထဲမှာ စိတ်မအေးချမ်းဘဲ ဘဝရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ရှာဖွေနေရပြီလား…?
ဒီလို ပိတ်လှောင်မှုတွေကနေ ရုန်းထွက်ပြီး စိတ်ငြိမ်းချမ်းမှုနဲ့ ပြည့်စုံကြွယ်ဝမှုတွေ ရှိရာ Dimension အသစ်တစ်ခုဆီ ကူးပြောင်းနိုင်ဖို့ Aura Wellness Center မှ “From 3 Dimension to 4 Dimension” အထူးမျှဝေပွဲကို Aura’s CSR Program အနေနဲ့ မေတ္တာဖြင့် စီစဉ်ထားပါတယ်ရှင်။
ဒီပွဲလေးမှာ Spiritualism ဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခဒေါက်တာဂျော်နီကျော်မိုး (Doctor of Spiritualism .PhD . Master Coach, Trainer, Healer) ကိုယ်တိုင် အောက်ပါ စိတ်ဝင်စားဖွယ် ခေါင်းစဉ်တွေကို ဆွေးနွေးမျှဝေပေးသွားမှာ ဖြစ်ပါတယ်-
• လိုင်းပေါ်လိုင်းအောက် နေထိုင်နည်းနှင့် ရေစုန်ရေဆန်ဘဝ ရွေးချယ်နည်း
• ဦးနှောက်နဲ့ နှလုံးသားရဲ့ အသံကို ကွဲကွဲပြားပြား နားလည်ရွေးချယ်တတ်ဖို့
• 1 Dimension မှ 4 Dimension သို့ အသိဉာဏ်ကူးပြောင်းခြင်း
• Universe (စကြဝဠာ) နဲ့ ချိတ်ဆက်ပြီး မိမိလိုချင်တာကို အလိုလို ဆွဲဆောင်နိုင်မယ့် နည်းလမ်းများ
• Energy, Frequency, Vibration တို့၏ သဘောတရားကို အသုံးပြုပြီး ငွေကြေးအပေါ် ထားရှိတဲ့ စိတ်နေစိတ်ထား (Money Mindset) နှင့် ငွေကြေးဆိုင်ရာ စိုးရိမ်မှုများကင်းဝေးပြီး စီးပွား/ဥစ္စာ စီးဆင်းမှုကို ဆွဲဆောင်နိုင်မည့် လျှို့ဝှက်ချက်များ။
လူ (၃,၀၀၀) ကျော်ရဲ့ ဘဝပြဿနာများကို ကူညီဖြေရှင်းပေးခဲ့သည့် အတွေ့အကြုံများဖြင့် မိမိရဲ့ဘဝ တိုးတက်မှုကို တားဆီးနေတဲ့ စိတ်တွင်း ပိတ်ဆို့မှုများ (Inner Blockages) ကို ဆန်းစစ်ကာ အမှန်ကန်ဆုံး ဘဝလမ်းညွှန်ချက်များကို ဆရာနဲ့ ချက်ချင်းစစ်ဆေးဖော်ထုတ်နိုင်မယ့် အခွင့်အရေးဖြစ်လို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်..။
📅 နေ့ရက်: 13/9/2026 (Sunday)
⏰ အချိန်: 1:00 PM မှ 3:00 PM အထိ
📍 နေရာ: Aura Wellness Center (40A 54/55 Yemontaung, Mandalay)
🔗 Registration Form :
https://forms.gle/ZoDvynqHi4Pq5eWL7
Aura’s CSR Program
— A space to pause, reconnect & discover within. 🌿
02/09/2026
🌧️ မိုးရာသီ Special Promotion 🌿
၃ လစာဝယ်ပြီး ၁ လစာ လက်ဆောင်ရယူလိုက်ပါ! ✨
💳 Buy 3 Member Cards
🎁 Get 1 Member Card FREE
8 Sessions / 12 Sessions / 16 Sessions / 24 Sessions
ကြိုက်နှစ်သက်ရာ Member Card ကို ၃ ကဒ်ဝယ်ယူပါက
ဝယ်ယူထားတဲ့ Sessions အတိုင်း Member Card ၁ ကဒ် လက်ဆောင် ရရှိမှာဖြစ်ပါတယ်။ 💚
ဥပမာ —
✨ 8 Sessions Card × 3 → 8 Sessions Card × 1 FREE
✨ 12 Sessions Card × 3 → 12 Sessions Card × 1 FREE
✨ 16 Sessions Card × 3 → 16 Sessions Card × 1 FREE
✨ 24 Sessions Card × 3 → 24 Sessions Card × 1 FREE
📅 Promotion ကာလ — September လကုန်အထိ
ဒီမိုးရာသီမှာ Yoga & Wellness Journey ကို ပိုတန်တန်နဲ့ ဆက်လက်လေ့ကျင့်လိုက်ပါ။ 🌧️🧘🏻♀️
📩 Promotion အသေးစိတ်သိရှိလိုပါက Aura Wellness Center Page Chat Box မှာ စုံစမ်းနိုင်ပါတယ်။
01/09/2026
မိုးရာသီရောက်လာပြီဆိုတော့ ကိုယ့်အတွက် အချိန်လေးပေးပြီးကိုယ်ခန္ဓာနဲ့ စိတ်ကို ပြန်လည်ဂရုစိုက်ဖို့ အချိန်ကောင်းလေးပါ။ 🤍
ဒီလအတွက် Aura Wellness Center & Aura Yoga ရဲ့ Class Timetable လေးတွေကို တင်ပေးလိုက်ပါပြီရှင်။ 🧘🏻♀️
ပြီးတော့ 👀🌧️
ဒီလအတွက် Rainy Season Special Promotion လေးလည်း စီစဉ်ထားပါတယ်။
မကြာခင်မှာ Promotion အသေးစိတ်လေးကို ထပ်မံကြေညာပေးသွားပါမယ်။
Stay tuned with Aura. 🌿✨
Pilates ကို ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ Training အဖြစ်ပိုမိုထိရောက်စွာ လေ့ကျင့်ချင်သူများအတွက် 🤍
Aura Wellness Center ရဲ့ Private Pilates Class မှာPersonal Goals နဲ့ Body Condition အလိုက်တစ်ဦးချင်း သီးသန့်အာရုံစိုက်ပြီး လေ့ကျင့်ပေးနေပါပြီ။
Body Shape ကို ပိုမိုကောင်းမွန်စေချင်သူများ၊ကြွက်သားတွေကို တင်းရင်းသန်မာစေချင်သူများအတွက်လည်း သင့်တော်ပါတယ်။ ✨
မိမိနဲ့အဆင်ပြေမယ့် Time Slot ကို စိတ်ကြိုက်ရွေးချယ်ပြီးသီးသန့်၊ သက်သောင့်သက်သာ လေ့ကျင့်နိုင်ပါတယ်။
Book your Private Pilates Class with us now. 🤍
📩 အသေးစိတ်စုံစမ်းရန်နှင့် သင်တန်းအပ်နှံရန် DM မှာ ဆက်သွယ်နိုင်ပါသည်။
10/08/2026
🧘🏻♀️ Ashtanga Yoga ကို တကယ်စနစ်တကျ လေ့ကျင့်ကြည့်ချင်လား?
မန္တလေးမှာ Ashtanga Yoga ကို စတင်လေ့လာချင်သူတွေအတွက်
Tr. Haymar ရဲ့ Ashtanga Class ကို ဒီ August မှာ စတင်ဖွင့်လှစ်ပေးတော့မယ်။ 🌿
Ashtanga Yoga ဆိုတာ Yoga Pose တွေ လုပ်ရုံတင်မဟုတ်ဘဲ
Movement • Breath • Focus • Discipline တွေကို တစ်ဆင့်ချင်းစီ လေ့ကျင့်သွားရတဲ့ Practice တစ်ခုပါ။ 🪷
ကိုယ့်ရဲ့ Yoga Practice ကို ပိုတိုးတက်အောင်လုပ်ချင်သူ၊
Yoga ကို အစကနေ စနစ်တကျ လေ့လာချင်သူ၊
ဒါမှမဟုတ် Ashtanga Primary Series ကို သေချာလေ့ကျင့်ချင်သူ ဆိုရင် ဒီအတန်းက စတင်ဖို့ အချိန်ကောင်းတစ်ခုပါ။ 🤍
ဒီတစ်ခေါက်မှာတော့ Tr. Haymar နဲ့အတူ Ashtanga Practice ကို တစ်ဆင့်ချင်း လေ့ကျင့်ပြီး ကိုယ့်ရဲ့ Practice ကိုယ် တည်ဆောက်သွားနိုင်အောင် လေ့ကျင့်ပေးသွားမှာပါ။
🎁 August Opening Special
🌿 ပထမဆုံး စာရင်းပေးသွင်းသူ (၁၀) ဦး — 10% OFF
🌿 သင်တန်းဖွင့်နေ့မှာ 1 Month Free Class ကံစမ်းမဲ
🌿 Tr. Haymar’s Ashtanga Primary Series Towel လက်ဆောင်
✨ ဒီ August မှာ ကိုယ့်ရဲ့ Ashtanga Journey ကို စတင်လိုက်ရအောင်။
👉 Start Date – 18 August 2026
👉 Day – Tuesday, Wednesday & Thursday
👉 Time – 9:30 AM – 10:45 AM
📍 Aura 2
🪷 Aura Yoga Studio
📲 09 940 664 555
📍 27 Street, Between 73rd–74th Streets, Thirimingalar Condo, Chan Aye Tharzan Township, Mandalay.
Contact the business
Telephone
Website
Address
26thx27th Street, Bet 73thx74th Streets, , • Chan Aye Thar Zan Township, Mandalay. , Mandalay, Myanmar
Mandalay
05021
Alerts
Be the first to know and let us send you an email when Aura Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.