NSeaSar

NSeaSar

Share

Make Beauty with Nature

28/02/2026

🛬🛬USကို ဒုတိယအကြိမ် သွားတဲ့ NSလေးများ💫💫💫

04/10/2025

တနေ့လုံး ဖုန်းနဲ့ကွန်ပြူတာနဲ့အလုပ်ရှုပ်သူတွေမှာ မျက်လုံးအာရုံအလွန်စိုက်ရလို့ တဖြည်းဖြည်းမျက်အိဖောင်းတာ၊မျက်ကွင်းညိုတာ၊မျက်လုံးနီမြန်းတာတွေ ြဖစ်တတ်ပါတယ်။အဲလိုမျိုးဖြစ်နေတဲ့မျက်နှာက အသက်အလွန်ကြီးနေတဲ့ပုံဖြစ်စေပါတယ်။မျက်လုံးလေးအနားပေးရင်း မျက်လုံးတဝိုက်အသားရည်ပျက်စီးမှုကို သက်သာစေတဲ့အလွယ်ဆုံးနည်းလေးများကိုမျှဝေပေးလိုက်ပါတယ်။

သခွားသီး လေးကို ပါးပါးလေးလှီးပြီး မျက်ခွံနဲ့ မျက်ကွင်းပေါ် ၁၀မိနစ်ခန့် ကပ်ပေးခြင်းဖြင့် သက်သာစေပါတယ်။

လက်ဖက်ခြောက်အိတ်
သောက်ပြီး လက်ဖကိခြောက်ထုပ်ကို ရေခဲကိုရေခဲသေတာထဲ ၃၀မိနစ်ခန့်ထားပြီး ရင် မျက်လုံးပေါ် ၁၀မိနစ်ခန့်တင်ပေးခြင်းဖြင့်လဲ သက်သာစေပါတယ်။

နှင်းဆီပေါင်းခံရည် ကို ဂွမ်းလုံးနဲ့ စွတ်ပြီး မျက်ခွံနဲ့ မျက်ကွင်းပေါ် ၂၀မိနစ်ခန့် ထိထားပေးခြင့်ဖြင့် သက်သာစေပါတယ်။

ရှားစောင်းလက်ပတ် ရဲ့အတွင်းပိုင်းဂျယ်အနှစ်ကိုယူပြီး ရေခဲသေတာ ထဲပြီးခဲထားပါ။ ရလာတဲ့ ရှားစောင်းလက်ပတ် ရေခဲ တွေကို မျက်လုံးတဝိုက်ကပ်ပေးခြင့်ဖြင့် သက်သာစေပါတယ်။

အပေါ်က ပြောပြထားတာတွေကို လုပ်ဖို့ အရမ်းအလုပ်များနေရင်

နှင်းဆီပေါင်းခံရည်
ရှားစောင်းလက်ပတ် အဆီ
လက်ဖက် အဆီ တို့နဲ့ပေါင်းစပ်ထားတဲ့ Natural SeaSar ရဲ့မျက်နှာလိမ်းခရင် ကို မျက်လုံးတဝိုက်လိမ်းပေးခြင်းဖြင့် မျက်ကွင်းညိုခြင်း၊မျက်အိတ်ဖောင်းခြင်း၊မျက်ခွံတွဲကျခြင်း နဲ့မျက်လုံး တဝိုက် အရေးကြောင်းများကို သိသာစွာ သက်သာစေပါတယ်။ရွှန်းလဲ့တောက်ပတဲ့ မျက်လုံးလေးကိုရရှိစေပါတယ်။

02/10/2025

Photos from NSeaSar's post 01/10/2025

🌹နှင်းဆီပန်းကနေ အရောင်ထုတ်နေတာ မနက်ဖြန်ဆို အားလုံးပြီးလောက်ပါတယ်
🌟🌟ဝါသနာပါတာ လုပ်ချင်သလိုလုပ်ရဖို့
ကျားကျားကိုနားပူကပ်ပြီး မနက်၄နာရီ ပန်းတန်း အထိသွားဝယ်ထားတဲ့ နှင်းဆီ🌷

Photos from NSeaSar's post 26/09/2025

🌴🌴အုန်းရေ နဲ့ ဆံပင်ပေါင်းတင်ရင် ဆံပင်အတွက်အရမ်းကောင်း
🌴အုန်းရေက-
🌟ဆံသားကိုဖြောင့်စင်းစေတယ်။
🌟ဗောက်ပျေက်တယ်။
🌟ဆံပင်ကျွတ်သက်သာတယ်။
🌟ဦးရေပြားခြောက်သွေ့ယားယံခြင်းကိုသက်သာစေတယ်။
🌟ဆံပင်နှစ်ခွဖြစ်ခြင်း၊ဆံသားကြေပွခြင်းကိုလျော့ပါးစေတယ်။
🌟ဆံသားအရောင်ပိုတောက်ပစေတယ်။
🌟ဆံသားကိုနုးညံ့ပျော့ပြောင်းစေတယ်။
🌿🌿အုန်းရေနဲ့ပေါင်းတင်ပြီးရင် ဓာတုနည်းတဲ့ သဘာဝ NSကော်ဖီခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ပေးပါ။❄️❄️❄️

26/09/2025

❄️❄️Cold press virgin coconut oil❄️❄️
🔥မီးပူ လုံးဝမပေးဘဲပြုလုပ်ထားတဲ့အုန်းဆီက

🍀အသားရေစိုပြေချောမွတ်စေတယ်။
🍀အသားဖြူဝင်းစေတယ်။
🍀ဝက်ခြံများကို သက်သာစေတယ်။
🍀အသားရေခြောက်သွေ့ကြမ်းတမ်းခြင်း၊
🍀အသားပတ်ခြင်း၊
🍀အသားအက်ကွဲခြင်းများကိုသက်သာစေတယ်။
🍀မျက်နှာပေါ်က အရေးကြောင်းများကိုပျောက်ကင်းစေတယ်။
🍀Sensitiveအသားရေမှာအဖြစ်များတဲ့ အသားရေနီမြန်းယားယံခြင်းကိုသက်သာစေတယ်။

25/09/2025

🌱☘️Tea Tree အဆီရဲ့ကောင်းကျိုးများ✨

✅ဝက်ခြံများကို သက်သာပျောက်ကင်းစေတယ်။ဝက်ခြံများ နောက်ထပ်မဖြစ်အောင်ကာကွယ်ပေးတယ်။
✅မျကိနှာပေါ်က အမဲစက်များ၊နေလောင်ကွက်များကို ပျောက်ကင်းစေတယ်
✅မျက်နှာအသားရည်ခြောက်သွေ့ြခင်း၊မျက်နှာအဆီပြန်ပြီးမဲညစ်ခြင်းများကို Tea treeအဆီက ရေဓာတ်ပြန်လည်ဖြည့်ပေးလို့် အသားရည်ဖြူဝင်းစိုပြေစေတယ်

✅ဦးရေပြားဗောက်ထခြင်း၊သန်းများခြင်းအတွက် Tea treeအဆီအနည်းငယ်ကို shampoo ထဲထည့်ပြီးခေါင်းလျှော်ပေးခြင်းဖြင့် ဗောက်နဲ့ သန်းများကိုသေစေတယ်။နောက်ထပ် သန်းများမနေနိုင်အောင်ကာကွယ်ပေးတယ်။

✅ပွေး၊နှင်းခူရောဂါများအတွက် အုန်းဆီလက်ဖက်စားဇွန်းတစ်ဇွန်းကို Tea treeအဆီအနည်းငယ်နဲ့ရောပြီးလိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေတယ်

✅ပိုးမွှားကိုက်လို့ယားယံခြင်းအတွက် Tea treeအဆီလိမ်းပေးခြင်းဖြင့်သက်သာစေပါတယ်။

✅အသားမာများ၊ခြေထောက် သဲဝဲများ ဖြစ်တဲ့နေရာကို Tea treeအဆီလိမ်းပေးပြီး ပတ်တီးပါးပါးစည်းထားပေးခြင်းဖြင့် သက်သာပျောက်ကင်းစေတယ်။

✅ကြွက်နို့စဖြစ်ဖြစ်ချင်း ဂျိုဂျိုဘားအဆီနဲ့Tea treeအဆီရောပြီး လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေတယ်။

13/09/2025

ဝက်ခြံ
ဝက်ခြံ ဆိုတာ မွှေးညှင်းပေါက်အရင်းမှာရှိတဲ့ အဆီအိတ်လေးတွေနဲ့ဆဲလ်သေတွေ၊မိတ်ကပ်၊ဖုန်မှုန့်၊အညစ်အကြေးတွေ ပေါင်းစပ်ပြီး မွှေးညင်းပေါက်လေးတွေကိုပိတ်ဆို့တဲ့အခါဖြစ်လာပါတယ်။

ဝက်ခြံဖြစ်ရခြင်းအကြောင်း
Androgen ဟော်မုန်း က အဆီအိတ်တွေကိုပိုကြီးထွားစေလို့ အဆီပိုထွက်စေပြီး ဝက်ခြံပိုဖြစ်စေတယ်။
👧👦ယောကျာ်း​လေးတွေ၊မိန်းကလေးတွေ အရွယ်ရောက်လာရင် Androgen ဟော်မုန်းအထွက်များပါတယ်။

✔️ကိုယ်ဝန်တားဆေးကြောင့် ထွက်တဲ့ ဟော်မုန်းကလဲ အဆီပိုထွက်စေလို့် ဝက်ခြံပိုဖြစ်စေတယ်။

💊Steroid ပါတဲ့ဆေးတွေ၊Androgen နဲ့Lithiumပါတဲ့ဆေးတွေကလည်း ဝက်ခြံပိုထွက်စေပါတယ်။

🍰🥤သကြားဓာတ်များတဲ့အစားအစာ၊ကာဗွန်ဟိုက်ဒရိတ် ပါတဲ့အစားအစာတွေကလည်း ဝက်ခြံဖြစ်ခြင်းကိုအားပေးစေပါတယ်။

✅ဝက်ခြံသက်သာဖို့လုပ်ဆောင်ရန်
အပြင်က ပြန်လာရင် မိတ်ကပ်ဖျက်ပါ။
မျက်နှာကို ဆပ်ပြာနဲ့သေချာသန့်စင်ပြီးမှ အိပ်ရာဝင်ပါ။
✅ဝက်ခြံကို ကုတ်ခြစ်ခြင်းများရှောင်ပါ။
အဆီများသော အလှကုန်များမလိမ်းပါနဲ့။
နေ့စဥ် ရေများများသောက်ပါ။ရေဓာတ်ပါတဲ့ အစားအစာများစားပေးပါ။(သစ်သီးများ)
ဝမ်းမချုပ်ပါစေနဲ့။

💚ဝက်ခြံအတွက် သဘာဝနည်းများ

🍯ပျားရည်(Honey) က အသားအရေ အတွက် အလွန်ကောင်းတဲ့ ဆေးတခုပါ။ဝက်ခြံ များ ကို လိမ်းပေးလျှင်သက်သာစေတယ်။ ဝက်ခြံညှစ်ပြီးလျှင်လဲ ပျားရည် လိမ်းပေးပါက အနာကျက်မြန်စေပြီး အမာရွတ်များကျန်ခြင်းကိုသက်သာစေတယ်။

🌱Tea tree အဆီ က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကိုသေစေပြီး ၊မျက်နှာအဆီပြန်ခြင်းကို လျော့ချပေးပါတယ်။ချွေးပေါက်အတွင်းက ပိတိဆို့နေတဲ့အညစ်အကြေးများကို သန့်စင်ပေးရာမှာ ကူညီပေးတယ်။

🌵ရှားစောင်းလက်ပတ် (Aloe) က အသားရည်ကို ရေဓာတ်ဖြည့်ပေးတယ်။ရောင်ရမ်းနေတဲ့ ဝက်ခြံများကို ရှားစောင်းလက်ပတ် အနှစ် ကပ်ပေးခြင်းဖြင့် သက်သာစေတယ်။

Credit -on doctor မှကောက်နုတ်မျှဝေ

Photos from NSeaSar's post 13/09/2025

🌸Homemade Cappuccino Coffee🌸
💯🥛Milk အရသာအပြည့်နဲ့ အသင့်သောက်နှပ်ကော်ဖီသောက်ချင်ရင် ☕️
✨Natural ရဲ့ Gold pack✨

Photos from NSeaSar's post 11/09/2025

🌸Repair Shampooဆိုတာ- ဆံပင်ပျက်စီးမှုများကို ပြန်လည်ပြုပြင်ပေးနိုင်သော ဆံပင်ထိန်းသိမ်းရေးထုတ်ကုန်တစ်ခုဖြစ်သည်။🌸
🔥အပူသုံးစွဲမှု၊ဆံပင်ဆိုးဆေး/ကောက်/ဖြောင့် စတဲ့ ဓာတုများကြောင့် ပျက်စီးသွားသော ဆံသားများကို ပြန်လည်ပြုပြင်ပေးပြီး ၊ ဆံသားအားကောင်းစေသည်။

💥ဆံပင်ကျိုးကျေ/ခြောက်သွေ့ကြမ်းတမ်း/ ဆံပင်အလွန်ကျွတ်/ဆံပင် မပေါက်တာတွေကြောင့် စိတ်ညစ်နေကြသူများအတွက်💥

✨NS Coffee Repair Shampoo✨

🌟Coffee extract+Rose extract+Aloe Vera extract +Collagen &VitEပေါင်းစပ်ထားတဲ့ Formula နဲ့🌟
💆💆‍♂️သင့်ရဲ့ ပျက်စီးနေတဲ့ ဆံပင်ကိုပြန်လည်ကောင်းမွန်စေသည်။

✅ဆံပင်အမြစ်ကို အားပေးပြီး ဆံပင်သားကိုအာဟာရဖြည့်ပေးတယ်။

✅အစိုဓာတ်အပြည့်အဝဖြည့်တင်းပေးလို့ လှပတဲ့ဆံသားပြန်ရစေတယ်။

✅သဘာဝအပင်အဆီအနှစ်များကြောင့် ဆံသားနူးညံ့ချောမွေ့ပြီး တောက်ပစေတယ်။

💚အနံ့လေးက သဘာဝဆန်ဆန်နဲ့ ဆံပင်အနံ့အသက်​ အေးမြသန့်ရှင်းမှုကို အမြဲပိုင်ဆိုင်စေတယ်။

မိမိရဲ့သဘာဝအလှကို ဆံပင်ကနေ စတင်ထိန်းသိမ်းလိုက်ပါ🌿

💫500mlဗူးကြီး-15000

📣စျေးတန်တန်လေးမို့ ခုဘဲ Oder 📩လိုက်နော်

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


55th, 113
Mandalay
05041