Zin Min Htunn
🚫 Life is short 🚫 🚫 life is short 🚫
20/02/2026
မိသားစုအတွက်
များများစားစား ပံ့ပိုးမပေးနိုင်သေးတဲ့ ကောင်ပေါ့ ၊
အင်းလေ ခေတ်ပျက်ထဲက
ဘဝတွေ ဆိုတော့လည်း
ကိုယ်ဖြစ်ချင်တာတွေဟာ
ထင်သလောက် မလွယ်ကူလှပါဘူး ။
တကယ်တမ်းသာ
လက်ဆုပ်လက်ကိုင် ပြနိုင်ခဲ့မယ်ဆိုရင်
အိမ်အတွက်ဆိုတဲ့ အိပ်မက်တွေဟာ
ကျုပ်တို့မှာ တခမ်းတနားကြီးကို ရှိပါတယ် !!
16/02/2026
အိပ်မက်ဆိုတဲ့ ဘူတာလေးရဲ့ အဝေးမှာ
စိတ်ဒဏ်ရာတွေ
တငွေ့ငွေ့ လောင်ကျွမ်းခံနေရတဲ့ ရထားတွေပါ ။
ရင်မောစရာတွေ
ခင်းကျင်းထားတဲ့ သံလမ်းထဲ မှာ
အပြေးအလွှား ခုတ်မောင်းရင်းနဲ့
ဒီလူငယ်တွေဟာ ပင်းပန်းနေခဲ့တာ ကြာပြီ !!
03/02/2026
လူငယ်တဲ့ …
မတရားသဖြင့် အတိုက်စားခံရတဲ့
မြေနုကျွန်းတွေပါ ။
တချို့တွေမှာ တစ်ဘဝလုံး နစ်မြုပ်ခံရသလို ၊
တချို့တွေမှာတော့
ကိုယ်မျှော်လင့်ထားတဲ့ အနာဂတ်ထဲ
ရပ်တည် ရှင်သန်နိုင်ဖို့ ၊
ကိုယ်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ နေရာဒေသတွေမှာ
ခေါင်းငုံ့ မာန်လျှော့ပြီး
ဘဝကို အဆင်ပြေသလို
ကပ်တွယ် သောင်တင်နေကြရပြန်တယ် !!
30/01/2026
အရာအားလုံးဟာ အကြောင်းပြချက်ရှိလို့
ဖြစ်ပျက်လာတာဖြစ်ပြီး အချိန်က အကြောင်းပြချက်ကို သက်သေပြသွားပါလိမ့်မယ်
30/01/2026
အတိတ်တွေဆီ ပြန်တွေးနေလို့လည်း
လက်ရှိကမ္ဘာဟာ
ပိုပျော်လာမှာ မဟုတ်ဘူး...
တကယ်လို့ ရှင်သန်နေရတဲ့ဘဝဟာ
စာအုပ်ထဲက ပုံသေနည်းအတိုင်းဆိုရင်
ငါတို့ရပ်နေတဲ့ လက်ရှိနေရာမှာ
ပိုပျော်အောင်ပဲ နေသင့်တယ် ။
အတတ်နိုင်ဆုံး အမှားတွေကိုဆင်ခြင်ပြီး
နောင်တအနည်းဆုံးနဲ့ ရှင်သန်သင့်တယ်...။
30/01/2026
မရနိုင်တာတွေကို မလိုချင်ခြင်းဖြင့်
စိတ်ကျန်းမာအောင်နေပါတယ်။
30/01/2026
လောကဓံကို
ပြင်းပြင်းထန်ထန် ခုခံနေရတဲ့ အချိန်တွေပေါ့ ၊
ခက်ခဲလိုက်တာလို့တော့
ထူးပြီး မညည်းညူချင်တော့ပါဘူး ။
ဒီကမ္ဘာ ဒီနေရာမှာ
ဒီလိုမျိုး ကြုံတွေ့ရမယ်ဆိုတဲ့ ဝဋ်ကြွေးတွေ
ကျုပ်တို့မှာ ရှိခဲ့တယ်လို့ပဲ သတ်မှတ်လိုက်ပါမယ် !!
30/01/2026
အတွင်းစိတ်ကလာတဲ့ ပျော်ရွှင်မှုရယ်၊
ခိုးယူလို့မရတဲ့ ကျန်းမာရေးကလွဲပြီး
ဘဝတစ်သက်မှာ
ကြွားဝါဖို့ ဘာမှ တန်ဖိုးရှိမနေပါဘူး။
27/01/2026
ဆက်ဆံရေးတိုင်းမှာ တတ်နိုင်သမျှ
အကောင်းဆုံးဆိုတာပဲ ပေးခဲ့တာမလို့
ဆက်ကောင်းပေးဖို့ မတန်တော့ဘူးလို့ ထင်မိတဲ့အခါ လိပ်ပြာလုံစွာနဲ့ နှုတ်ဆက်ဖို့လဲ ဝန်မလေးတတ်ပါဘူး။
26/01/2026
ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံမှာ ကိုယ်နေပြီး
ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို ကိုယ်လွမ်းလှ။
▪️အောင်ချိမ့်
26/01/2026
မိဘကြောင့် ကိုယ်အဆင်တွေပြေခဲ့သလို
ကိုယ့်ကြောင့်လည်း မိဘကို
တစ်ဖန်ပြန်အဆင်တွေပြေစေချင်ပါတယ်။
နိုင်တဲ့ဝန် ရတဲ့အင်အားလေးတွေနဲ့
အများကြီး ပြီးပြည့်မစုံနိုင်ခဲ့ရင်တောင်
လိုချင်တာလေးတွေတော့
ဝယ်ပေးနိုင်ချင်ပါသေးတယ်။ ♥
26/01/2026
အခုအချိန်မှာ...
ဘာကိုယ် သတိရဆုံးလဲမေးရင်
ကမ္ဘာကြီးမှာ ရှင်သန်ရတာ
ဘယ်လောက်ထိပင်ပန်းကြောင်း မသိခဲ့တဲ့
တစ်ချိန်တုန်းက
ငယ်ဘဝတွေကိုယ် ပြန်သတိရတယ်..... ။
Contact the business
Telephone
Website
Address
Mandalay
Alerts
Be the first to know and let us send you an email when Zin Min Htunn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.