Accine Cosmetic Myanmar
For Healthy & Beauty
28/07/2026
#အမာရွတ်တင်းတိပ်နှင့်အမည်းစက်များ
(Scars and Dark Spots) သက်သာပျောက်ကင်းစေရန် Skincare လုပ်ရာတွင်
👉၁။ အဓိက သိရှိရန်အချက်များ (Key Principles)
အမည်းစက်နှင့် အမာရွတ်များ သက်သာရန် အနည်းဆုံး ၄ ပတ်မှ ၈ ပတ် သို့မဟုတ် ထို့ထက်ပို၍ အချိန်ယူရပါသည်။
အရေပြား ဆဲလ်အသစ်လဲလှယ်သည့် သဘာဝစက်ဝန်း မှာ အသက်အရွယ်ပေါ်မူတည်၍ ရက်ပေါင်း ၂၈ မှ ၄၀ ခန့် ကြာမြင့်တတ်သောကြောင့် စိတ်ရှည်လက်ရှည် လုပ်ဆောင်ရန် လိုအပ်ပါတယ်နော
👉အမည်းစက်များ (Dark Spots / Hyperpigmentations):
ဝက်ခြံညိုစက်၊ နေလောင်ကွက်၊ Melasma စသည်တို့ဖြစ်ပြီး အရေပြား တင်းတိပ် သို့မဟုတ် ရောင်ရမ်းမှုကြောင့် ဖြစ်လာသော အမည်းစက်များ ဖြစ်ပါသည်။
👉အမာရွတ်များ (Scars): ဝက်ခြံကြောင့် ကျန်ခဲ့သော ကျင်းခွက်များ သို့မဟုတ် ဖောင်းကြွနေသော အမာရွတ်များ ဖြစ်ပါတယ်
၂။ နေ့စဥ်သုံး Skincareနှင့် ပါဝင်ပစ္စည်းများ
အမည်းစက်များအတွက် (For Dark Spots)
Vitamin C: အမည်းစက်များကို ဖြူစင်စေပြီး Melanin ထွက်ရှိမှုကို ဟန့်တားပေးသောကြောင့် မနက်ပိုင်းတွင် သုံးရန် အသင့်တော်ဆုံး ဖြစ်ပါသည်။
Alpha Arbutin & Niacinamide: အသားအရေကို ညီညာစေပြီး အမည်းစက်များကို တဖြည်းဖြည်း မှေးမှိန်စေပါသည်။
Exfoliants (AHA/BHA): ဆဲလ်သေများကို ဖယ်ရှားပေးပြီး ဆဲလ်အသစ် ဖြစ်ပေါ်မှုကို အားပေးသည်။
(AHA က အပေါ်ယံ အမည်းစက်များအတွက် ကောင်းမွန်ပြီး BHA က အဆီပြန်ဝက်ခြံသမားများအတွက် ပိုသင့်တော်သည်)။ အပတ်စဉ် ၂ ကြိမ်မှ ၃ ကြိမ်သာ သုံးပေးပါ။
အမာရွတ်များအတွက် (For Scars)
Retinoids (Retinol / Tretinoin): ကော်လဂျင် (Collagen) ထွက်ရှိမှုကို အားပေးသောကြောင့် ဝက်ခြံကျင်းခွက်များနှင့် အမာရွတ်များကို အနည်းငယ် ပြန်လည်ပြည့်လာစေရန် ကူညီပေးပါသည်။ ညဘက်တွင်သာ အသုံးပြုရပါမည်။
Centella Asiatica (Cica) & Peptides: အသားအရေကို ပြန်လည်ပြုပြင်ပေးပြီး (Repairing) အနာကျက်မြန်စေရန် ကူညီပေးပါသည်။
၃။ မဖြစ်မနေ လိုက်နာရမည့် အဓိက အချက်
👉 နေကာခရင်မ် (Sunscreen) မဖြစ်မနေ သုံးရန်လိုပါတယ်နော်
အမည်းစက်နှင့် အမာရွတ်များကို Skincare ဘယ်လောက်ကောင်းတာသုံးသုံး Sunscreen မလိမ်းပါက နေရောင်ခြည်ရှိ UV ရောင်ခြည်ကြောင့် အမည်းစက်များ ပိုမိုမည်းလာမည်ဖြစ်ပြီး ကုသရတာ ပိုခက်ခဲသွားပါမည်။
မနက်ပိုင်းတိုင်း SPF 30 သို့မဟုတ် 50 ပါဝင်ပြီး (UVA/UVB ကာကွယ်ပေးသော) Sunscreen ကို လုံလုံလောက်လောက် လိမ်းပေးရန် လိုအပ်ပါသည်။
၄။ ရှောင်ရှားသင့်သည့် အချက်များ❌
ဝက်ခြံကို မညှစ်ပါနှင့်: ဝက်ခြံ သို့မဟုတ် အနာများကို လက်ဖြင့် ညှစ်ခြင်း၊ တို့ထိခြင်းက အမာရွတ်နက်များကို ပိုဆိုးစေပြီး အနာကျက်နှေးစေပါသည်။
ပြင်းထန်လွန်းသော Scrub များကို ရှောင်ပါ: အစေ့အဆန်ကြမ်းများပါသည့် Scrub များက အရေပြားကို ပွန်းပဲ့စေပြီး အမည်းစက်များကို ပိုနီမြန်းလာစေနိုင်ပါသည်။
❌skincareပစ္စည်းအများကြီး တပြိုင်နက် မသုံးပါနဲ့ ထိရောက်မှု မြန်စေရန်ဆိုကာ ဓာတ်ပြင်းပစ္စည်းများ (ဥပမာ- Retinol, AHA/BHA, Vitamin C) ကို တစ်ပြိုင်နက်တည်း အကုန်မသုံးသင့်ပါ။
အရေပြား ရဲလာခြင်း၊ နီမြန်းခြင်းနှင့် ယားယံခြင်းများ ဖြစ်စေနိုင်ပါသည်။
✅တကယ်တော့ ဒီနှစ်ခုက မတူတဲ့ Skin Concern တွေပါ။✅
Dark Spots အတွက် Brightening Ingredients တွေလိုအပ်ပြီး Acne Scars အတွက်တော့ အရေပြားပြန်လည်တည်ဆောက်ဖို့ အချိန်နဲ့ မှန်ကန်တဲ့ Skincare Routine လိုအပ်ပါတယ်။
အရေးကြီးဆုံးကတော့ Sunscreen ကို နေ့တိုင်းလိမ်းပေးဖို့ မမေ့ပါနဲ့။
25/07/2026
ိသာထိရောက်စေချင်ရင်ဒီအချက်လေးတွေလုပ်ကြည့်ပါနော်
👉၁။ Skincare လိမ်းမယ့် အစီအစဉ် မှန်ပါစေ (Thin to Thick)
Skincare တွေကို အဆင့်ကျော်ပြီး လိမ်းရင် တစ်ခုနဲ့တစ်ခု စိမ့်ဝင်မှုကို ပိတ်ဆို့တတ်ပါတယ်။
- ရေဓာတ်အများဆုံးဖြစ်တဲ့ အပါးဆုံး (Water-based) ကနေ အပျစ်ဆုံး (Oil/Cream-based) အဆင့်အတိုင်း လိမ်းရပါမယ်။
👉၂။ စိုစွတ်နေတဲ့ အသားအရေပေါ်မှာ လိမ်းပါ (Damp Skin)
အရေပြားက ခြောက်သွေ့နေတဲ့အချိန်ထက် ရေဓာတ် စိုစွတ်နေတဲ့အချိန်မှာ Skincare တွေကို (၁၀) ဆလောက် ပိုပြီး စုပ်ယူနိုင်စွမ်း ရှိပါတယ်။
- မျက်နှာသစ်ပြီးတာနဲ့ တစ်သျှူးနဲ့ အခြောက်ကြီး ပွတ်မသုတ်ပါနဲ့။ စိုစွတ်စွတ် (Damp) အနေအထားမှာပဲ Toner သို့မဟုတ် Hyaluronic Acid လို Serum မျိုးကို ချက်ချင်းလိမ်းပေးပါ။
👉၃။ Active Ingredients (အာနိသင်ပြင်းပစ္စည်း) တွေကို သင့်တော်သလောက်ပဲ သုံးပါ
ဝက်ခြံပျောက်ချင်လို့၊ ဖြူချင်လို့ဆိုပြီး Serum တွေအများကြီး တစ်ပြိုင်တည်း လိမ်းရင် အရေပြားအတားအဆီး (Skin Barrier) ပျက်စီးပြီး ဘာမှမထူးခြားတော့ဘဲ ဖြစ်တတ်ပါတယ်။
Vitamin C နဲ့Retinolကိုသုံးမယ်ဆိုရင်တပြိုင်နက်အတူတူမသုံးသင့်ပါဘူး
မနက်ခင်း - အသားအရေကို ကာကွယ်ပေးတဲ့ Vitamin C သုံးပါ။
ညဘက် - ဆဲလ်သစ်ဖြစ်ပေါ်မှုကို အားပေးတဲ့ Retinol သို့မဟုတ် AHA/BHA (Exfoliator) သုံးပါ။ (ဒီနှစ်ခုကို တစ်ညတည်း ပြိုင်မသုံးပါနဲ့)။
၄။ ပွတ်မဆွဲပါနဲ့၊ ဖွဖွလေး ပုတ်လိမ်းပါ (Pat, Don't Rub)
Skincare တွေကို လက်ဖဝါးနဲ့ မျက်နှာပေါ် ညှစ်ပွတ်တာမျိုးက အသားအရေကို နီမြန်းစပ်ဖျဉ်းစေပြီး အရေးအကြောင်း ဖြစ်လွယ်စေပါတယ်။
နည်းလမ်း - လက်ချောင်းလေးတွေ သုံးပြီး အသားထဲ စိမ့်ဝင်သွားအောင် ဖွဖွလေး ပုတ် (Pat) ပြီး လိမ်းပေးပါ။ ဒါက သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။
၅။ နေပူထဲမထွက်လည်း Sunscreen မဖြစ်မနေလိမ်းပါ
ဒါက အရေးအကြီးဆုံး လျှို့ဝှက်ချက်ပါ။ ဘယ်လောက်ပဲ ကောင်းတဲ့ Whitening သုံးသုံး၊ Anti-aging သုံးသုံး Sunscreen မလိမ်းရင် ခရမ်းလွန်ရောင်ခြည် (UV) ကြောင့် အသားအရေက ပျက်စီးနေဦးမှာ ဖြစ်ပါတယ်။
သတိပြုရန် - အိမ်ထဲမှာပဲ နေရင်တောင် ဖုန်း/ကွန်ပျူတာကလာတဲ့ Blue Light နဲ့ ပြတင်းပေါက်ကဝင်တဲ့ UV ကြောင့် Sunscreen ကို နေ့စဉ် ပုံမှန်လိမ်းပေးဖို့ လိုအပ်ပါတယ်။
၆။ အသားအရေ အနားပေးတဲ့ရက် (Skin Cycling) ထားပါ
ပစ္စည်းပြင်းပြင်းတွေ (Retinol, AHA/BHA) ကို နေ့တိုင်း သုံးမယ့်အစား အသားအရေကို ပြန်လည် ပြင်ဆင်ချိန် ပေးရပါမယ်။
ဥပမာ - ညဖက်skincarerountineကို
ည (၁) - Exfoliation (AHA/BHA) သုံးပြီး ဆဲလ်သေချွတ်ပါ။
ည (၂) - Retinol သုံးပါ။
ည (၃) နှင့် (၄) - Barrier Repair (အစိုဓာတ်ဖြည့် Cream သက်သက်ပဲ သုံးပြီး အရေပြားကို အနားပေးပါ)။
✅ အကြံပြုချက် - Skincare တစ်ခုက အလုပ်လုပ်ဖို့ အချိန် ၄ ပတ် ကနေ ၆ ပတ် ထိ ပုံမှန် စောင့်ကြည့်ဖို့ လိုပါတယ်။ စိတ်မလောဘဲ စွဲစွဲမြဲမြဲ လုပ်ပေး မယ်ဆိုရင်အသားအရေကို တကယ်လှပစေမှာ ပါရှင့်🥰🥰
👉 နောက်ထပ်skincareနဲ့ပတ်သက်တဲ့ဗဟုသုတတွေတင်ပေးသွားမှာမို့Followလုပ်ထားဖို့မမေ့နဲ့နော်🥰🥰
ဲ့MicellarCleansingWater
ချစ်သောလေးတို့ရဲ့ မျက်နှာပေါ်ရှိ မိတ်ကပ် ဖုန်မှုန့်နှင့် အညစ်ကြေးများကို စိတ်တိုင်းကျ သန့်စင်ပေးပါမယ်၊
အစိုဓာတ်ကို ထိန်းထားပေးလို့ Cleansing Waterသုံးပီး အသားခြောက်မှာ မစိုးရိမ်ရဘူး၊ Brighteing Effectပါလို့ အသားရေကိုကြည်လင်ပီး တစ်ဆင့်လင်းစေရမယ်
. အသားရေကို GlowGlassSkinလို
ကြည်လင်ပီး နုညံ့ချောမွှေ့ချင်ရင်
Accineရဲ့MecellarWaterသုံးပေးသင့်တယ်ရှင့်🥰
အားလုံးပဲစိတ်တိုင်းကျ အလှတရားတွေ ပိုင်ဆိုင်နိုင်ပါစေ
23/07/2026
🌞နေလောင်ခံ ကုန်နေပြီလား🌞
အမဲစက် တင်းတိပ် ကာကွယ်ဖို့နဲ့ အရွယ်
မတိုင်ခင် မအိုစေဖို့ နေလောင်ခံကောင်းကောင်း
တစ်ခုလိုအပ်တယ် ၊ဈေးကြီးတာလည်းမတတ်နိုင်
ဘူးဆို ဒါသုံး၊
ကိုယ်တိုင် 14 ရက်တိတိအပြန်ပြန်
အလှန်လှန် စမ်းသပ်ပြီး စိတ်တိုင်းကျမှ သူများကို ညွှန်းရဲပြီဆိုမှ Review လုပ်တာမို့ ယုံမှလိုက်သုံးပါ
🌞 Accine ကနေထွက်တဲ့
Collagen Sun Cream (SPF50+ PA++++) ပါ 🌞
လိုရင်းတိုရှင်းပဲပြောမယ်နော်
အနံ့ကFreshဖြစ်တယ်၊ မဖြူဘူး ၊ မပြာဘူး ၊
ကပ်စီးစီးမဖြစ်ဘူး Collagen ပါ၀င်လို့ လိမ်းပြီးရင် တင်းတင်း
ပြောင်ပြောင်လေး ဖြစ်သလို အေးအေးလေးနဲ့
ချွေးထွက်တာ သက်သာတယ် ၊ လုံး၀မထွက်တာ
မဟုတ်ဘူးနော် (လူပဲ - ထွက်တယ်) 😁😁
Tone up လိုဖြူသွားတာ မဟုတ်ပဲ
လိမ်းပြီးရင် ပြောင်ပြောင်လေးမို့ Glow cream
အနေနဲ့ နောက်ဆုံးပိတ် လိမ်းချလိုက်ရင်တောင်
အဆင်ပြေတယ် ၊ သူ့ရဲ့အသားက နို့ရည်လို
ကျဲကျဲလေးပဲ ၊ ခုလိမ်း ခုကြည်တယ်💦💦
မိတ်ကပ်မလိမ်းရင်တောင် ကြည့်ကောင်းတယ်
အသားအရေကောင်းနေသလို ပြောင်ပြောင်လေး
ဖြစ်တယ် ၊ မိတ်ကပ်ထပ်လိမ်းရင်လည်း မိတ်ကပ်
သားကို အနှောက်အယှက်မပေးပဲ အိအိလေးဖြစ်
တယ် ၊ နိုနိုက သူ့ချည်း လိမ်းရတာ ပိုကြိုက်တယ်
30ml ပါဝင်ပြီး ဈေးသင့်တယ်၊ Qualityကောင်းတယ်
အသေးစိတ်သိချင်တာတွေရှိရင်
Cosmetic Myanmar မှာ
မေးမြန်းနိုင်ပါတယ် 👇👇👇
https://www.facebook.com/Accine-Cosmetic-Myanmar-108420723828607/
Credit
22/07/2026
ဲ့MicellarCleansingWater
ချစ်သောလေးတို့ရဲ့ မျက်နှာပေါ်ရှိ မိတ်ကပ် ဖုန်မှုန့်နှင့် အညစ်ကြေးများကို စိတ်တိုင်းကျ သန့်စင်ပေးပါမယ်၊
အစိုဓာတ်ကို ထိန်းထားပေးလို့ Cleansing Waterသုံးပီး အသားခြောက်မှာ မစိုးရိမ်ရဘူး၊ Brighteing Effectပါလို့ အသားရေကိုကြည်လင်ပီး တစ်ဆင့်လင်းစေရမယ်
. အသားရေကို GlowGlassSkinလို
ကြည်လင်ပီး နုညံ့ချောမွှေ့ချင်ရင်
Accineရဲ့MecellarWaterသုံးပေးသင့်တယ်ရှင့်🥰
အားလုံးပဲစိတ်တိုင်းကျ အလှတရားတွေ ပိုင်ဆိုင်နိုင်ပါစေ
21/07/2026
ြောင်းလဲခြင်း🌸
Love & Love Feminine Cleanser
#ကဲကဲမျှော်နေတဲ့SunCreamတွေရောက်ပြီရှင့်📌
သုံးတဲ့သူတိုင်းအရမ်းအရမ်းကိုကြိုက်ကြတဲ့
ဲ့CollagenSunCream☀️
20/07/2026
🩷အနံသက်ဆိုးနဲ့ယားယံတာအတွက် အကောင်းဆုံးဖြေခြင်းချက်၊
🩷PH4.5ထိပါပြီး ဘက်တီးရီးယားပိုးများကို ကာကွယ်ပေး၍ အေးမြလန်းဆန်းစေခြင်း၊
🩷 အဖြူဆင်းခြင်း မှိုစွဲခြင်းနှင့် ပိုးဝင်ခြင်းများကို သက်သာပျောက်ကင်းစေခြင်း၊
🩷 Collagenပါဝင်၍ ကျစ်လစ်စေပီး နုညံ့စိုပြေ ချောမွှေ့စေခြင်း၊
🩷အမျိုးသမီးတွေအတွက် ပြောပြရန်ခက်ခဲသောအမျိုးသမီးပြသာများကို ကိုယ်တိုင်ဖြေရှင်းနိုင်ပြီး
Accineရဲ့ Feminine Cleanserနဲ့အတူ Confidentရှိရှိ လျှောက်လှမ်းလိုက်ပါ🥰
18/07/2026
12MelaNock Brighteing Solution📍
#တင်းတိပ်ပျောက်ဆေး
AHA BHA PHA LHA 4မျိုးကို 12%ထိပါဝင်၍
အမြစ်ပါမကျန် ဆဲလ်3လွှာကို Peelingထိရောက်စွာလုပ်ပေးနိုင်ပီး ဆဲလ်သေ၊ Melaninအမဲရောင်အုပ်စု၊ အမဲကွက်နှင့် နေရောင်ခြည်ကြောင့်ဖြစ်ပေါ်သော တင်းတိပ် အမဲစက်များကို အထူးဖယ်ရှားပေးသည်။
မျက်နှာအတွက် အစိုဓာတ်ကိုဖြည့်တင်းပေး၍ အသားရေကို စိုပြေဝင်းပစေသည်။
အသားရေကြမ်းတမ်းခြင်း၊ ချွေးပေါက်ကျယ်ခြင်းကို တားဆီးပေးပီး နုညံ့ချောမွေ့စေသည်။
Niacinamide, Gluter နှင့် Vitaminများစွာပါဝင်၍ အသားရေမညီမညာဖြစ်ခြင်း၊ ညစ်ထေးခြင်း၊ အရေးကြောင်းနှင့် တင်းတိပ်အမဲစက်များကို ပျောက်ကင်းစေသည်။
စွဲသုံးပေးခြင်းဖြင့် အသားရေကိုကျန်းမာဖြူဝင်း၍ Baby Skinကဲ့သို့ နုညံ့လှပစေသည်။
အသုံးပြုပုံ
Moistureလိမ်းပီး တင်းတိပ်ပျောက်ဆေးကို မျက်နှာတစ်ပြင်လုံး လိမ်းပေးနိုင်ပြီး တင်းတိပ်နှင့်အမဲစက်ရှိသောနေရာကို နောက်တစ်ကြိမ် (Or) များများလိမ်းပေးနိုင်သည်။
နေ့ည လိမ်းပေးနိုင်သော်လည်း ပိုထိရောက်စေရန် ညဖက်ကို ဦးစားပေးလိမ်းလို့ရပါသည်။
တင်းတိပ်ဆေး အသုံးပြုနေစဉ် အသားရေက Baby Skinလို တစ်ဖြေးဖြေးနူညံ့ဖြူဝင်းလာမှာဖစ်တဲ့အတွက် နေ့ဖက်ကို
🌞Suncreamလိမ်းပေးပီး ကာကွယ်ပေးရမည်။
#တင်းတိပ်အမဲစက်တွေကိုနှုတ်ဆက်ပီး ကျန်းမာလှပသောအသားရေတစ်ခုနှင့် နုပျိုလှပတဲ့NewFaceကို ရယူလိုက်ပါ🥰
17/07/2026
#တင်းတိပ်သမားတွေအတွက် မရှိမဖြစ်
12ရက်အတွင်း တင်းတိပ်တွေပါးပြီးမှိန်လာတဲ့
Accine 12 Melanock Brightening Solution
တင်းတိပ်ပျောက်ဆေး မပေါ်သေးဘူးဆိုပေမဲ့
တင်းတိပ်ကို ပါးပြီးမှိန်စေတဲ့ လိမ်းဆေးတွေ
ရှိပါတယ်။ တင်းတိပ်သမားလိမ်းရမဲ့
Skincare step ကို မနက် ညပုံမှန်လိမ်းပြီး
တင်းတိပ်ပါးအောင်လုပ်နိုင်ကြောင်း
သက်သေ ပြပါရစေ။
အသက်ရလာလို့ပဲ ဖြစ်ဖြစ်
နေပူထဲ ထွက်ရတာများလို့ပဲ ဖြစ်ဖြစ်
မျက်နှာပေါ်မှာတင်းတိပ်၊အမဲစက်တွေ
ထွက်လာရင် စိတ်ညစ်ကြတယ်မှတ်လား။
ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုးနဲ့
အစုံဝယ်လိမ်းပြီး မသက်သာတာတွေလဲ
ကြုံဖူးကြမှာပါနော် ။ဒါကြောင့်မြက
တဘူးဆို တဘူး ထိမိသိသာစေတဲ့
ဟာလေး တခု အကြောင်း sharing
လုပ်ပေးချင်တာပါ။
ဒီ Solution လေးက အသားရေကိုကြည်လင်စေတဲ့
Ingredients တွေအများကြီးပါပါတယ်။
Tranexamic Acidက တင်းတိပ်နဲ့ မှဲ့ခြောက်
တွေကို မှေးမှိန်စေတဲ့နေရာမှာဆရာ တဆူပါ။
Glutathione နဲ့ Vitamin C က အသားရေရဲ့
အတွင်းပိုင်းကနေ ဖြူဝင်းလာစေတယ်လေ။
Niacinamide ကတော့အားလုံးသိတဲ့
အတိုင်း ချွေးပေါက်တွေကိုကျဉ်းစေပြီး
အမဲစက်အမာရွတ်တွေကို သက်သာစေတာလေး။
ဒီSolution ထဲမှာ ထူးခြားတာလေးက
AHA,BHA,PHA,LHA ဆိုတဲ့ 4H လုံး
ပါလို့ အပေါ်ယံလွှာကိုPellingလုပ်ပေးပီး အတွင်းကဆဲလ်သေအဟောင်းတွေကို ထုတ်ပေးတယ်၊ နောက်ထပ်မဖြစ်အောင်ထိန်းညှိပေးပီး အသားရေကို ကြည်လင်နုပျိုမှုပေးပါတယ်
အဲ့လိုမျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတော့ အသားရေကို baby skin လေးလို နူးညံ့
အိဖက်သွားရော ။ ချွေးပေါက်ထဲက
အညစ်ကြေးတွေကိုလဲ သန့်စင်ပေးတာဖြစ်လို့
ဝက်ခြံနဲ့ အဆီပိတ်တာတွေကိုလဲသက်သာစေပါတယ်။
Adenosine ပါလို့ မျက်နှာအသားရေဖြူရုံတင်မက
အသက်ရွယ်ကြောင့်ဖြစ်တဲ့ အရေးကြောင်း
တွေကိုလဲ လျော့ပါးသက်သာစေပြီး အသားရေကို
တင်းရင်းစေပါတယ်။
ဒီလောက်ဈေးကြီးပြီး တကယ် ထိရောက်တဲ့
Ingredients တွေနဲ့ထုတ်လုပ်ထားတဲ့
Accineရဲ့ solution မှ မသိသာရင်
ဘယ်ဟာသိသာတော့မလဲနော် 🥰
Ingredients အကောင်းစားတွေ
သုံးထားပေမဲ့ ဈေးကတော့
မကြီးပါဘူး။ 50ml ပါတဲ့ တဘူးကို
62000နဲ့ AccineCosmeticMyanmar ပေ့မှာ
ဝယ်ယူလို့ရပါတယ်နော်။
Ingredients တွေတော့ မြပြောပြလို့သိပြီ
ဘယ်လိုလိမ်းရမှာလဲ ။ ဘယ်အဆင့်မှာလိမ်းရတာလဲ။ သိချင်နေကြမယ်ထင်တယ်။
အကုန်ပြောပြပေးမယ်နော်။
သူက နေ့ဖက်ထက် ညဘက်ကို ဦးစားပေးလိမ်းရတာပါရှင်။
မနက်ပိုင်းမြတို့တွေ
မျက်နှာသစ်
Toner
Serum
Moisture
Sunscreen မဖြစ်မနေလူးရပါမယ်။📌
ညဘက်ကြရင် double cleansing လုပ်မယ်။
Toner
Serum,
Moisture
ပြီးရင် Accine 12Nelanock solution လေးလိမ်းရပါမယ်
*သတိပြုရန်
စစလိမ်းခြင်း နည်းနည်းလေး စပ်သလို
ခံစားရတတ်ပါတယ်ရှင်။ ကြောက်စရာမလိုပါဘူးနော်။ သူ့မှာပါတဲ့ Ingredients တွေနဲ့
မျက်နှာပေါ်က အနှစ်နှစ်အလလ တင်းတိပ်
မှဲ့ခြောက်နဲ့တွေ့ပြီး ရန်တွေ ဖြစ်ကြတာပါ။
ဆဲလ်သေတွေကို ခွာချတာဖြစ်လို့
မျက်နှာက နု သွားပါတယ်နော်။
မနက်ပိုင်း Sunscraem မဖြစ်မနေလိမ်းပါ။
ဖြစ်နိုင်ရင် နေပူထဲ မထွက်ပါနဲ့။
မဖြစ်မနေထွက်ရရင် ထီးဆောင်းပါ။
အရိပ်ရတဲ့ နေရာနေပါ။
SunCream ကတော့ နေပူထဲထွက်ထွက်
မထွက်ထွက်၊ နေရိပ်ထဲနေနေ ဘာနေန
မိုးလင်းတာနဲ့ လိမ်းကို လိမ်းရမှာပါပဲနော်။
ညဘက် ဒီ Solution တော့လိမ်းပါရဲ့
မနက်ကျ ပရမ်းပတာနေချင်သလိုနေ
Suncream သေချာမလိမ်း ရင်တော့
ပိုဆိုးပါလိမ့်မယ်နော်။
12 ရက်နဲ့ သိသာချင်တယ်ဆိုရင်
လိုက်နာရမှာ နှစ်ချက်ထဲပါ။
မနက်ပိုင်း Suncream မဖြစ်မနေလူးပါ။
ညဘက် Accine 12Melanock solution လိမ်းအိပ်ပါ။
အလွယ်ဆုံးနဲ့ အထိရောက်ဆုံး
ပြောပြလိုက်ပါပြီ။ အားလုံးပဲ
တင်းတိပ် မှဲ့ခြောက် အမဲစက် အမြန်
ပျောက်ကင်းကြပီး လှပတဲ့မျက်နှာလေး ရရှိပါစေနော်။
်းတိပ်ဆေး
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
67C, Bet MyaWatiMingyi Road & 113rd, PyiKyiTaGon Township
Mandalay
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 18:00 |