BXXM Myanmar

BXXM Myanmar

Share

Mandalay, Myanmar

11/07/2021

BXXM စတင်တည်ထောင်ခဲ့သည်မှာ အခုဆိုရင်ဖြင့် တစ်နှစ်ပြည့်သွားခဲ့ပီ ဖြစ်ပါသည်။ ဝယ်ယူအားပေးသော customer တစ်ဦးတစ်ယောက်ခြင်း စီတိုင်းကို ကျေးဇူးအထူး တင်ရှိပါသည်။ လက်ရှိဖြစ်ပွားနေသော Covid ရောဂါအခြေအနေများကြောင့် delivery service များခဏရပ်စဲထားပါသည်။ သို့သော် BXXM လက်ဝယ်တင်ထားသော ရန်ကုန်နှင့်မန္တလေးဆိုင်များတွင်တော့ဖြင့် ဝယ်ယူအားပေးနိုင်ပါသည်။ ယခုကာလတွင်ကျန်းမာရေး အထူးဂရုစိုက်ဖို့တိုက်တွန်း လိုက်ပါတယ်ရှင်။ 💫💞

BXXM turns 1 year old today. We would like to thank every single one of our customers that have supported our brand since the beginning. It has been a steep learning curve and a very challenging year for us. We would like to apologize to our customers for not being able to operate delivery services due to the current situation in our country. However, you will still be able to purchase our products in store in Yangon & Mandalay. Our country is going through hard times so please stay safe & stay strong. 💫💞

12/02/2021

ကျွန်ုပ်တို့ BXXM Team သည် ပြည်သူမှ တရားဝင်တင်မြှောက်ထားသော အစိုးရအား အဓမ္မဖမ်းဆီး၍ အာဏာသိမ်းယူသွားသော စစ်အာဏာရှင်စနစ်အား လုံးဝ လုံးဝ ဆန့်ကျင်ပါသည်။

ထို့ကြောင့် Civil Disobedience Movement ပြုလုပ်လျှက်ရှိသော နယ်ပယ်အသီးသီးမှ ပြည်သူ့ဝန်ထမ်းများနှင့်အတူ အမြဲရပ်တည်သွားပါမည်။

CDM လုပ်၍ နိုင်ငံအတွက် တာဝန်ကျေပွန်သော ပြည်သူ့ဝန်ထမ်းများအားလဲ အပြည့်အဝကူညီပေးသွားမည့်အကြောင်း BXXM Team မှ ကတိပြုပါသည်။

🇲🇲🇲🇲🇲🇲🕊🕊🕊✊🏻✊🏻✊🏻

09/09/2020

ဘာလို့ Shampoo Bar သုံးသင့်လဲ?
————————🌟————————
Why you should choose shampoo bar?

ခေါင်းလျှော် ဆပ်ပြာခဲ နဲ့ သဘာဝပတ်ဝန်းကျင်🌿

ပလက်စတစ်သုံးစွဲမှု လျှော့ချပေးတယ်၊ အလေအလွင့်နည်းတယ် ၊ ခရီးဆောင်သွားလို့ရတယ်...

စသဖြင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ Shampoo bar လေးတွေကို ခေါင်းလျှော်ရည်အစား သုံးလာကြပါတယ်
ဒါကြောင့် Mindful Burma ကနေ Shampoo Bar က သဘာဝပတ်ဝန်းကျင်အတွက် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော် နောက်ထပ်သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တာတွေ ဖတ်ရှုနားဆင်ချင်တယ်ဆို Mindful Burma page ကို Like လုပ်ထားဖို့မမေ့နဲ့နော်

ပထမဆုံးအချက်ဖြစ်တဲ့ ပလက်စတစ်ကို ဘယ်လိုလျှော့ချပေးနိုင်တာလဲ ဆိုရင်
👉🏻ခေါင်းလျှော်ရည်တွေကို ထည့်တဲ့ container ဘူးလေးတွေက ပလက်စတစ်များပါတယ် တစ်ဘူးကုန်ရင် တစ်ဘူးလွှင့်ပစ်နဲ့ အဲ့ဒီ့ဘူးခွံတွေကို recycle ပြန်လုပ်ပြီး သုံးတာရှားပါတယ် အဲ့ဒီ့အပြင် ဘူးခွံကို recycle လုပ်လို့ရတဲ့ အသားနဲ့ လုပ်ထားတာလည်း ရှားပါတယ်
🧼Shampoo Bar ကျတော့ ဆပ်ပြာခဲလိုမျိုး ဖြစ်နေတာကြောင့် ဘာထုပ်ပိုးမှုမှ မလိုပါဘူး n**e packaging လို့ခေါ်ပါတယ် ကိုယ့်အိမ်မှာထားရလွယ်အောင် ပြန်သုံးလို့ရတဲ့ သံဘူးလေးတွေနဲ့ တွဲဝယ်ကြပါတယ်

အလေအလွင့်နည်းတယ်လို့ ဆိုရတာ
👉🏻ခေါင်းလျှော်ရည်က အရည်ဖြစ်တာကြောင့် များသွားတာ နည်းသွားတာမျိုး အလေအလွင့် တွေရှိပါတယ်
🧼 ခေါင်းလျှော်တဲ့ ဆပ်ပြာအတုံးလေးတွေက ကိုယ်တိုက်ဆပ်ပြာခဲတွေလိုပဲ အမြှုပ်လိုသလောက်ထွက်အောင်လုပ်ပြီး လျှော်ရတာကြောင့် အလေအလွင့်မဖြစ်ပါဘူး

Shampoo Bar ကို သုံးကြတဲ့ တခြား အ​ကြောင်းပြချက်တွေလည်း ရှိပါသေးတယ်
ဒါကတော့ တခြားမဟုတ်ပါဘူး
👉🏻Hotel က တစ်ခါသုံးပစ္စည်းတွေကို မသုံးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနိုင်ပါတယ် ဒါကြောင့် ကိုယ်ပိုင်အသုံးအဆောင်လေးတွေ ဆောင်သွားတာ အကောင်းဆုံးပါ
🧼 shampoo bar က ခရီးသွားရင် သယ်သွားရတာလွယ်ကူတာကြောင့်ပါ ဆပ်ပြာခဲလေးမလို့ ပေါ့ပေါ့ပါးပါး အိတ်ထဲထည့်သယ် သွားလို့ရပါတယ်

⚠️non-sponsored, just sharing informations
shampoo bar လေးတွေကို ပြောင်းလဲသုံးကြည့်ချင်တဲ့ Mindful Burmese တွေအတွက် ဝယ်ရလွယ်အောင် information တချို့ ဝေမျှပေးလိုက်ပါတယ်နော်

🧼နာမည်ကြီးတဲ့ Shampoo Bar brand ဆို Lush နဲ့ Ethique တို့ရှိပြီး သူတို့က တိရစ္ဆာန်ပေါ်စမ်းသပ်ခြင်းနဲ့ တိရစ္ဆာန်ပစ္စည်း သုံးထားခြင်းမရှိပါဘူး စျေးနှုန်းက (၂၀၀၀၀) ကနေ (၃၀၀၀၀) ကြားရှိပါတယ်
OS တော်တော်များများမှာ ရောင်းကြပါတယ်

🧼Local Brand ထဲကဆိုရင် Bxxm Myanmar ဆိုတဲ့ brand လေးရှိပါတယ် စျေးနှုန်းက (၅၀၀၀) ဝန်းကျင်ပဲရှိပါတယ် Os အပြင် ဆိုင်မှာရောင်းတာလည်းရှိလို့ ကိုယ်တိုင်သွားဝယ်ပြီး အပို packaging တွေရှောင်လို့ရပါတယ် သူကလည်း တိရစ္ဆာန်ပေါ် စမ်းသပ်ထားခြင်းမရှိပါဘူး
https://www.facebook.com/108220787582431/posts/156412856096557/?extid=4oQ4pdZ81CIMPTIH&d=n

🧼တခြား handmade brand လေးတွေကိုလည်း ကိုယ်စိတ်ချယုံကြည်ရတဲ့ဆီမှာ မှာယူကြလို့ရပါတယ်

🌿Brand တိုင်းမှာ ဆံပင်ဆိုးထားတာ၊ ဆံသားခြောက်တာ၊ ဆံသားအဆီထွက်များတာတွေအတွက် အမျိုးအစားအမျိုးမျိုးရှိတာကြောင့် သေချာရွေးဝယ်ကြပါနော်
Please like and share if you love our contents❤️

Written by Chit Taw Win

Photos from BXXM Myanmar's post 06/09/2020

မင်္ဂလာပါ...
BXXM မှထုတ်လုပ်သော Bath Bombs နှင့် Shampoo Bars များကို ချက်ချင်းဝယ်ချင်တဲ့ ရန်ကုန်မြို့ နှင့် မန္တလေးမြို့မှ Customers များအတွက် သတင်းကောင်းလေးကတော့ အောက်ဖော်ပြပါ LifePlus ဆိုင်များတွင် ဝယ်ယူနိုင်ပါပြီရှင့်။
ရန်ကုန်မြို့တွင် ရရှိနိုင်သော LifePlus ဆိုင်နေရာများမှာ

- ပုလဲကွန်ဒို LifePlus (Unit G-5. Building A. Bahan township)

- Time City LifePlus (Unit A-205. Level 2 Times Mall. Kamaryut township)

- ဖျာပုံ LifePlus (Phyar Pone Street -No.176 A/1-2, Baho Road, Sanchaung Township, Yangon)

မန္တလေးမြို့တွင် ရရှိနိုင်သော LifePlus ဆိုင်မှာ

- ၆၂ လမ်း Central Point LifePlus
ကျေးဇူးအထူးတင်ပါတယ်ရှင့်။
—————————————————————
Hello everyone!
Our BXXM Bath Bombs & Shampoo Bars are now available in LifePlus. For anyone that does not want to wait for delivery, you will now be able to purchase our products in store.
Yangon Store locations:
- Pearl Condo LifePlus
- Time City LifePlus
- Pyar Pone LifePlus
Mandalay Store Location:
- 62 Central Point (LifePlus)

Photos from Spa Laat Saat's post 10/08/2020

🌟 BXXM Bath Bomb Now Available in Taunggyi 🌟
BXXM Bath Bomb များကိုချစ်တဲ့ တောင်ကြီးမြို့မှ Customers များ Spa Laat Saat တွင်အလွယ်တကူဝယ်ယူရရှိနိုင်ပါပြီ 💗

01/08/2020

✨✨✨ Congratulations ✨✨✨

These are the three winners for our BXXM bath bomb giveaway. If you didn’t win this time, don’t worry because more giveaways will be coming in the future. Thanks to everyone who participated in the giveaway.

We will contact all the winners through facebook messenger very soon.

🌟Winner List🌟
1. Thandar
2. Aster Thet
3. Min Thant Htun

25/07/2020

မင်္ဂလာပါ 🌟 Giveaway 🌟
BXXM Products များကိုစတင် Launched လုပ်လိုက်တဲ့အချိန်ကစပြီး အားပေးမှုတွေအများကြီးရခဲ့သည့်အပေါ် ကျေးဇူးတုံ့ပြန်သောအားဖြင့် BXXM Team မှ Giveaway လေးလုပ်ဖို့စီစဉ်ထားပါတယ်.
ဒီ Giveaway လေးမှာ Winner 3 ဦးရွေးသွားမှာဖြစ်ပါတယ်
Winner တစ်ယောက်ချင်းစီတိုင်းကို BXXM မှထုတ်တဲ့ Bath Bomb အနံ့ 4 မျိုးလုံးကို ပေးမှာဘဲဖြစ်ပါတယ်
ဒီ Giveaway လေးမှာပါဝင်ဆင်နွှဲဖို့ 3 steps လုပ်ပေးရပါမယ်.
1) BXXM Page လေးကို like & see first လုပ်ပေးပါ.
2) ချစ်ခင်ရတဲ့ သူငယ်ချင်း 3 ယောက်ကို ဒီပိုစ့်အောက်မှာ Tag လုပ်ပြီး comment ပေးပါ.
3)ခု Giveaway post လေးကို Like လုပ်ပြီး, Public နဲ့ လို့ရေးပြီး Share ပေးပါ. 🌸

Winner 3 ဦးကို August လ 1 ရက်နေ့ BXXM Page လေးမှကြေညာပေးသွားမှာဘဲဖြစ်ပါတယ်.
Good Luck Everyone☺️! ကံကောင်းကြပါစေ 🍀
------------------------------------------------
Hi everyone! We’ve decided to do a giveaway for our customers since the amount of love and support we’ve been receiving since we started have been overwhelming. We will be picking 3 winners and each winner will receive all 4 scents of our Bath Bombs. To enter this giveaway, please like our page. Tag 3 friends in our comment section. Share this post with the caption “ ”. Make sure to set your post privacy as public so that we will be able to see your post and hopefully, pick you as one of our winners. The winners will be announced on the 1st of August. Good Luck everyone! 🍀

21/07/2020

ခေါင်းလျှော်ရည် (Shampoo Bottle)

- အမှန်တကယ်ခေါင်းလျှော်ရည်ပါဝင်မှုနှုန်းက ၂၀% သာရှိပြီး တစ်ခြားအရောအနှောပါဝင်မှုက ၈၀% ရှိပါတယ်။ တစ်ဘူးကို အကြိမ် ၂၅ မှ ၅၀ အထိလျှော်နိုင်ပါတယ်။
- အရည်ဖြစ်တဲ့အတွက် အများစုဟာ ကြာရှည်ခံအောင် ဓါတုဆေးဝါးတွေ ကြာရှည်ခံဆေးတွေသုံးရပါတယ်။
- ခရီးသွားတဲ့အခါလဲ ခေါင်းလျှော်ရည်ဘူးများဟာ အလေးချိန်စီးရုံသာမက နေရာယူပြီး သယ်ရတာ အဆင်မပြေဖြစ်တတ်ပါတယ်။
- အရည်စိမ့်ထွက်ခြင်း အဖုံးပွင့်ခြင်းတွေဖြစ်ပြီး အတူတူထဲ့လာတဲ့ ပစ္စည်းများကိုလဲ ပေကျံပြီး သုံးမရဖြစ် စိတ်ညစ်ရတတ်ပါတယ်။
- ဘူးအများစုဟာ ပလပ်စတစ်နဲ့ထုတ်ထားတဲ့အတွက် လွယ်လွယ်နဲ့ မပျက်စီးနိုင်ပဲ ကမ္ဘာကြီးကို အန္တရာယ်ဖြစ်စေပါတယ်။

ခေါင်းလျှော်ရည်ခဲ (Shampoo Bar) 🌟

- အချိန်ကြာကြာသုံးနိုင်အောင် အဓိကထုတ်လုပ်ထားပါတယ်။ ဆံပင်အမျိုးအစားပေါ်မူတည်ပြီး အကြိမ် ၇၀ ကနေ ၁၂၀ ထိ အသုံးပြုနိုင်ပါတယ်။
- ဘေးဥပါဒ်မဖြစ်စေတဲ့ အရည်အသွေးမြင့် သဘာဝပစ္စည်းများဖြင့်သာ ပြုလုပ်ထားပါတယ်။
- ခရီးတို ခရီးရှည် ဘယ်ကိုပဲထွက်ထွက် ဖိတ်ပြီးပေကျံမှာတွေမပူရတော့ပဲ နေရာတိုင်းကို အလွယ်တစ်ကူသယ်နိုင်အောင် ခြောက်သွေ့တဲ့အခဲအဖြစ် ထုတ်လုပ်ထားပါတယ်။ သံဘူးလေးရောပါတဲ့အတွက် သုံးပြီးရင်လဲ ဘူးထဲပြန်ထဲ့ထားလိုက်ရုံပဲဆိုတော့ မညစ်ပတ်တော့ပဲ အရမ်းအဆင်ပြေပါတယ်။
- သေးငယ်တဲ့အတွက် နိုင်ငံခြားခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါး နေရာမယူဘဲ သယ်သွားနိုင်ရုံသာမက အရည်လိုလဲ အလေးချိန်မစီးတော့ပါဘူး။
- သဘာဝပစ္စည်းများနဲ့သာထုတ်လုပ်ထားတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေမှု လုံးဝမရှိပါဘူး။ 👌

18/07/2020

BXXM ရဲ့ Bath Bomb လေးတွေက ပေးတဲ့ အကျိုးအာနိသင်တွေ နဲ့ ဘာကြောင့်သုံးသင့်လဲဆိုတာလေး ပြောပြပေးမယ်နော်။ 😍

- ရေစိမ်အပြီးမှာ ပုံမှန်ထက် ပိုမိုသန့်ရှင်းလန်းဆန်းသွားပြီး အသားအရည်ဟာလဲ ပိုးသားလေးလိုနူးညံ့သွားတဲ့ ခံစားမှုကို ရစေမှာပါ။

- Bath Bomb ထဲမှာပါဝင်တဲ့ သဘာဝပါဝင်ပစ္စည်းတွေရဲ့ အာနိသင်ကြောင့် ရေချိုးပြီးသွားတဲ့အခါ အသားအရည်ရဲ့ အစိုဓါတ်ကိုထိန်းသိမ်းပေးရုံသာမက အသားအရည်ကိုတင်းရင်းချောမွတ်စေပါတယ်။

- BXXM မှာရနိုင်တဲ့ ရနံ့ ၄ မျိုးလုံးမှာ ကိုယ်ပိုင် ထူးခြားတဲ့ မွှေးရနံ့လေးတွေ ပိုင်ဆိုင်ထားတဲ့အတွက် ရေချိုးပြီးနာရီကြာကြာအထိ ကိုယ်ခန္ဓာကနေ သင်းပျံ့တဲ့မွှေးရနံ့လေး ရနေမှာပါ။

- Bath Bomb ထဲမှာပါဝင်တဲ့ အရည်အသွေးကောင်း Essential Oil များရဲ့အကျိုးအာနိသင်ကြောင့် ကိုယ်ခန္ဓာရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေတဲ့အတွက် တင်းမာနေတဲ့ အကြောအချင်များကို ပြေလျော့စေရုံသာမက စိတ်ပင်ပန်းမှုတွေကိုလျှော့ချပေးပြီး ဦးနှောက်ကို ကြည်လင်စေပါတယ်ရှင်။

- BXXM က Bath Bomb များဟာ အခြား Bath Bomb များနှင့် မတူဘဲ Slow-fizzing Bath Bomb များသာဖြစ်တဲ့အတွက် ကြာရှည်ခံတဲ့ fizziness နဲ့အတူ ပျှော်စရာကောင်းတဲ့ ရေချိုးချိန်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါရှင့်။

- BXXM ရဲ့ Customer မေမေတွေပြောတာတော့ ရေချိုးဖို့ခေါ်ရခက်တဲ့ Baby လေးတွေကလဲ BXXM ရဲ့ Bath Bomb လေးနဲ့ ရေစိမ်ရရင် အရမ်းပျော်ပြီး နေ့တိုင်းရေချိုးချင်နေတော့တာတဲ့နော်။

- ခုလို စျေးနှုန်းချိုသာတဲ့ Bath Bomb လေးတွေက ကိုယ့်အိမ်မှာကိုယ် စျေးကြီးပေးရတဲ Luxury Spa ရောက်နေသလို ခံစားရစေမှာပဲဖြစ်ပါတယ်။

P.S - BXXMမှ BathBomb လေးများရဲ့ ဓါတ်ပုံ/Video လေးများကိုလဲ tag တွဲပြီးတင်ပေးပါအုန်းနော်။ 😉

--------------------- 🌸 ----------------------

Why you should start using BXXM Bath Bombs?

- Cleanses your skin leaving it soft & silky after your bath.
- Adds softeners to your bath’s water which indulges and moisturizes your skin.
- They are very aromatic; all four scents are very unique & have distinctive smells.
- Our bath bombs fizzes way longer than your average bath bombs which makes your experience in the bath a lot longer & more enjoyable.
- The pleasant fragrance of our bath boom will linger on your skin for hours after being used.
- It creates an atmosphere of luxury in your bathroom turning an average normal bath into a spa-like experience.
- The essential oils in our bath bomb help releases tension from your body & relaxes your mind.

PS: They are super instagramable. Take a cute photo in your bath tub and tag us! 😉

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00