Beauty by Shoon
Cosmetic
13/09/2026
Klairs Bb Cream 3gအထုပ်လေး instockပြန်ရပီနော်📌
5ထုပ်ကိုမှ 10000 ksထဲပါ
တထုပ်ကို 3/4ခါလောက်သုံးလို့ရတယ်နော်🥰
Sampleအထုပ်လေးတွေကသယ်ရလဲလွယ်ကူပီး အသုံးပြုရလဲလွယ်ပါတယ်
Klairs creamလေးက Dailyနေ့တိုင်းရုံးသွား ကျောင်းသွားသုံးဖို့လဲအဆင်ပြေပီး ပေါ့ပေါ့ပါးပါးနဲ့ကြည်ကြည်ပြောင်ပြောင်လေးဖြစ်စေပါတယ်
မျက်နှာပေါ်က ချွေးပေါက်နဲ့ အမဲစက်လေးတွေလဲ coverage လုပ်ပေးနိုင်ပါတယ်
လိမ်းတာအချိန်ကြာလေ မိတ်ကပ်သားတက်ပီး glowလေပဲ
ဖြူသူရောညိုသူရောပါအဆင်ပြေတဲ့ bb creamလေးမို့ အခုချိန်ထိ best sellerဖြစ်နေတုန်းပဲနော်🥰
07/09/2026
Sale priceနဲ့ instockရ🥰
လုံးဝမဖွာဘူး မပြဲသွားတာဒီCotton padနော် တော်တော်ကိုကောင်းတာပါ။ ဒါနဲ့ဆို8ထုပ်မြောက်ရှိပြီ ဟိုးအရင်ထဲကဟန်စွဲသုံးခဲ့တာ။ KIYOI နဲ့ Han ဘာbrand dealမှမရှိဘူးနော် အကုန်ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်သုံးခဲ့တာ။ သူ့မှာထွက်သမျှ အဝိုင်းပုံ အထုပ်အရှည်၊အတိုအပြင် သေတ္တာလိုBoxနဲ့ဟာထိအကုန်သုံးဖူးတယ်။ အကုန်အဆင်ပြေတယ် အဝိုင်းကကြနည်းနည်းလေးပိုထူတယ်လို့ခံစားရတယ်။ Boxနဲ့ဟာကြတော့ပုံစံနှစ်မျိုးပါတာပေါ့နော် အခုဟန့်လက်ထဲကလေးထောင့်လိုPadအပြင် Toner mask လိုကပ်ချင်တဲ့သူတွေအတွက်ultra thin pad ပုံစံပါးပါးလေးနဲ့နှစ်မျိုးလာတာ။ ဟန့်လက်ထဲကဟာကကုန်တော့မှာမို့လို့ဒီနေ့ပဲနောက်ထပ်အသစ်တစ်ထုပ်ထပ်ဝယ်လာတာ 150ပါတာကို 7ထောင်ပေးရတယ်။ ဝယ်ရလည်းလွယ်ကူပြီးToner/ Cleansing water တို့နဲ့တွဲသုံးဖို့ Cotton pad ကောင်းကောင်းရှာနေတယ်ဆိုရင်Must try ပါ။ Quality တစ်ကယ်ကောင်းတာမို့လို့သုံးကြည့်နော်
05/09/2026
တချပ်ကပ်ရုံနဲ့ကို အရမ်းထိမိတဲ့
Medi-peel Ampoule Maskလေး အနီရောအစိမ်းရော Instockပြန်ရပီနော်🥳🫶
သူ့ရဲ့အားသာချက်က ampoule maskမို့ ပုံမှန် maskတွေထက် ထိရောက်မှုက2ဆပဲ
Facial Spaတွေမှာလုပ်ထားသလို ချက်ချင်းသိသာတဲ့effectပေးတယ်✔️
10ချပ်ကိုမှ 34000 ks ထဲမို့ အရမ်းတန်✅
❤️အနီလေးက အသားမွဲညစ်ပီး အသားရည်မညီသူတွေအတွက် skintoneကို တဆင့်လင်းချင်းသူတွေရွေးလို့ရပါတယ်
ချွေးပေါက်ကျယ်တာကိုလဲ သက်သာစေပါတယ်
💚အစိမ်းလေးက အဆီပြန်ဝက်ခြံသမားတွေအတွက် တညကပ်ရုံနဲ့ကိုနီမြန်းယောင်ယမ်းတာသက်သာစေတယ်
မြုံနေတဲ့ဝက်ခြံဆိုလဲ နာတာသက်သာစေပီး အရောင်လဲကျစေပါတယ်
Maskအသားကလဲပါးအိနေလို့ မျက်နှာလေးကိုစိုအိဝင်းမွတ်နေရောပဲ
Instock✅
23/08/2026
Purito Daily Soft Touch Suncream လေး
Instock ပြန်ရပီနော်🧡
ကျဲကျဲအေးအေးလေးနဲ့ လိမ်းလိုက်ရင်lightweight ဖြစ်ပြီးစိမ့်ဝင်အားကောင်းတယ်
white castလုံးဝမကျန်ဘဲ soft matte finish lookလေး ရရှိစေတယ်🤩
Ceramide အမျိုးအစား 5 မျိုးပါဝင်လို့ skin barrier ကို ပိုအားကောင်းလာစေတယ်
Centella Asiaticaက အသားရည်နီမြန်းယောင်ယမ်းတာကို သက်သာစေပါတယ်
ပုံမှန်suncreamတွေလို 50mlမဟုတ်ဘဲ 60mlတောင်ပါလို့ သုံးရတာပိုတန်တယ်နော်🥳
Fragrance free ဖြစ်လို့ sensitive skin တွေကအစ အသုံးပြုနိုင်ပါတယ်
Price_47500 ks
Instock✅
23/08/2026
Instock😍
Vaseline Lotion တွေ အများကြီးရှိတဲ့ထဲကမှ Smoothing Perfector (စိမ်းပြာ)နဲ့ Pro-Aage Restore ဆိုတဲ့(ကြက်သွေး)ရောင်(2)မျိုးကို Fav အဖြစ်ဆုံးဘဲ။ နှစ်ခုလုံးက Watery Serum Brust Lotion Types တွေမို့ လိမ်းရတာစေးကပ်ကပ်လည်းမဖြစ်သလို Spfမပါတဲ့အတွက် ညဘက်လိမ်းဖို့ဘဲပြေမယ်။အနံ့လေးတွေက စလိမ်းလိမ်းချင်းမွှေးပေမဲ့ ခဏနေရင်တော့အနံ့သိပ်မရတော့ဘူး။ ဒီနှစ်ခုထဲမှာ ကိုယ်ကအသားဖြူမြန်ချင်တာဆို (စိမ်းပြာ)ကိုရွေးရမှာဖြစ်ပြီး အသားရေကိုတင်းတင်းကြည်ကြည်လေးဖြစ်ချင်ရင်တော့ (ကြက်သွေးလေး)ကိုရွေးပါ။
စိမ်းပြာ Smoothing perfector က ဘာအတွက်ကောင်းလဲဆို သူ့မှာ Exfoliate effectလုပ်ပေးနိုင်မဲ့ Lactic , Glycolic ,Salicylic Acidနဲ့ AHA/ BHA တွေပါလို့အသားရေညိုညစ်နေတာတွေနဲ့ တော်ရုံ Body spotလေးတွေလောက်တော့ ဖြူပြီးပါးသွားတယ်။တချို့ကကြာစူးတွေလည်းပျောက်တယ်ပြောပေမဲ့ ကိုယ်တိုင်ကမပေါက်ဖူးတော့ အဲ့အတွက်ရလဒ်ကိုတော့ မပြောတတ်ဘူး။ဒါမဲ့ smoothing perfector ဆိုတဲ့အတိုင်းလိမ်းပြီးရင်တော့ချောမွတ်နေရောဘဲ။အသားခြောက်တတ်ရင် သူ့တစ်မျိုးထဲဆိုMoisture မပြည့်သလိုခံစားရတာမို့ တခြားသော ရေဓာတ်ပြည့်lotion (or) body oilတစ်ခုခုနဲ့တွဲလိမ်းရင်ပိုအဆင်ပြေမယ်။ နောက်ပြီးသူ့မှာ AHA/BHAပါလို့ Scrub တိုက်ပြီးလိမ်းလို့မရသလို မနက်ဆိုလည်း Spf ပြည့်တဲ့ Body Lotion မျိုးလိမ်းရမယ်။မဟုတ်ရင် ပိုမဲသွားတတ်တယ်။"ခေတ်"အတွက်တော့ အသားဖြူတာတကယ်သိသာတဲ့ Lotionဆို သူပါဘဲ။🤟
ကြက်သွေးရောင် Pro-Age Restore လေးကတော့သူ့ရဲ့နာမည်အတိုင်း အသက်ရွယ်ကြောင့်ဖြစ်တတ်တဲ့ အသားရေလျော့ရဲတွဲကျတာတွေနဲ့ အရေးကြောင်းတွေကိုအဓိကသက်သာစေဖို့သုံးလို့ရတယ်။သူကတော့ "ခေတ်" အတွက် Moistureဓာတ်အပြည့်နီးပါးရတယ်လို့ ထင်တယ်။Scrub တိုက်ပြီးလိမ်းရင် တအားလိမ်းလို့ကောင်းတာ။ Gluta Glow နဲ့ Hyaluronပါပြီး Collagen Filler နဲ့ပေါင်းစပ်ထုတ်လုပ်ထားတဲ့အတွက် 70X ဆိုတဲ့အတိုင်း အမာရွတ် ၊ အမဲစက်တွေကိုပါးသွားပြီး (၄ပတ် ) အတွင်းအသားရေကတင်းပြီးကြည်လာတာမြင်ရတယ်။သူ့ရဲ့အနံ့ကကျ တခြား Vaseline Lotionတွေရဲ့အနံ့နဲ့မတူပဲ သင်းသင်းလေးနဲ့ကွဲထွက်နေတာ။လိမ်းလိုက်တာနဲ့ စိတ်မောနေရင်တောင် Calm Downဖြစ်သွားစေတာလေး။ဆိုတော့ ကိုယ်ကရေဓာတ်မပြည့်လို့အသားရေကမွဲခြောက်ပြီး တင်းရင်းကြည်လင်မှုမရှိတော့ဘူးလို့ ခံစားရရင် ကြက်သွေးလေးကိုသုံးကြည့်ပါ။
Vaseline Lotionတော်တော်များကတော့ OSတိုင်းမှာရနိုင်တယ်။"ခေတ်"ကတော့ Shop With Mayမှာဝယ်ပါတယ်။ Pro Ageက 23000 / Smoothing Perfectorက 21000ပါ။
ကဲ ဒီနေ့တော့ဒီလောက်ပါဘဲ။နောက်ထပ်လည်း Skincare Review တွေအပြင် Skincare knowledge နဲ့ GIVEAWAY တွေလည်းမကြာမကြာရှိနေမှာမို့ Page လေးကို Like & Follow လုပ်ခဲ့ကြပါဦးနော်။
❌Copying of images and text is strictly prohibited.❌
23/08/2026
Lebelage Suncream 3မျိုး ပြန်ရောက်ထားပါပီ😍
8500 ks✅
18/08/2026
ဒါလေး instockရပါ🥰
Moisturizer လိမ်းမဲ့ Steps ကို Skip ချင်တဲ့ သူတွေအတွက် Round Lab Sunscreen Review 🦕🥏💭
ဒီ Sunscreen လေးက တစ်ချိန်တစ်ခါကKorea က Award တွေTiktok Instragram Social midea တွေမှာ နံမည်ကြီးခဲ့တဲ့ Sunscreen ဆိုလည်းဟုတ်တယ်...သောင်းကတော့ သုံးဖြစ်တာ တော်တော်တောင် နောက်ကျနေပြီ...
ဒါပေမဲ့ Suncream Review လေးမတင်ပေးဖြစ်တာလည်းကြာပြီဆိုတော့ လက်ရှိသုံးနေတဲ့ Round Lab Experience Review အလှည့်လေးပေါ့ 🥰
အရင်ဆုံးပြောပြချင်တာက Moisturizer ပါတယ်ဆိုလို့မလန့်သွားနဲ့... တစ်ချို့ Suncream တွေ Moisrurizer မပါတာတောင် အဆီပြန်သလိုကြီးဖြစ်နေလို့ မကြိုက်ကြတာ သဘောပေါက်တယ်...ဒါပေမဲ့ ဒီ Suncream ရဲ့ Moisturizer ကလုံးဝ Skincare effect လိုပဲ...Oily တောင် Gel Moisturizer လိမ်းရတာပဲမလား...ဒီ Suncream ရဲ့ Textureက Cream မဟုတ်ဘဲ ကကျဲကျဲလေးဖြစ်တာကြောင့် စိတ်မပူနဲ့....
သူ့မှာ SPF 50+PA ++++ ပါလို့ နေကိုမကာကွယ်မှာတော့မပူနဲ့ 🌝
Skinပေါ်တင်လိုက်တာနဲ့ Textureက Lightweight ဖြစ်တယ် တစ်ချက်ဆိုတစ်ချက် အေးအေးလေးနဲ့ စိမ့်ဝင်လွယ်တယ်...တစ်ခုတော့ရှိတယ် ကိုယ့် Skin ကနေလောင်ထားတာတို့ Skin က Exfloating လက်လွန်ကကြက်သွန်လုပ်ထားမိရင်တော့ အဲ့နေရာလေးတွေက စပ်သလိုရှိတယ်...Whitecast လုံးဝမကျန်ဘူး
Moisturizer ကတော့ ပုံမှန် Suncream ဘယ်လောက်ကောင်းကောင်း မSkip ပေမဲ့ တစ်ချို့ရက်ပူတဲ့အိုက်တဲ့ရက်မျိုး
ဆို ကျော်သွားလိုက်တယ်...လိမ်းပြီးပြီးချင်းတော့ Moisturizer လိမ်းထားသလို စိုစိုတင်းတင်းလေးဆိုပေမဲ့ နာရီဝက်လောက်နေတာနဲ့ တစ်သားထဲ ဝင်သွားတာ...Moisturizer ကို အပြင်ရာသီဥတုပူတာတို့ စိတ်လေးနေတာတို့ဆို ကျော်သွားဖို့ပဲနော်...Moisturizer က Moisturizer ပဲ❗
နောက်တစ်ခုက Hydrating ကောင်းကောင်းပေးနိုင်တော့ Makeup လိမ်းရင် ညက်နေစေတာ...Makeup base Sunscreen ဆိုလည်းဟုတ်တယ်...Dermatologist Tested လည်းဖြစ်တယ်
သူက Chemical Sunscreen ဖြစ်တော့ UVA UVB တွေကို absorb လုပ်ပြီးမှ Protect လုပ်ပေးတာ...ဒါကြောင့်နေပူတဲ့ရက်ဆိုရင်တော့ ပူလေ သူ့လုပ်နိုင်စွမ်းက အချိန်ကြာတာနဲ့ ကုန်ခမ်းသွားလို့ အရမ်းပူတဲ့နေနဲ့ ထိတွေ့ရတဲ့နေ့ဆို လက်နှစ်ချောင်းစာ တစ်ကြိမ်ပဲ လိမ်းလို့မရဘူး‼️
သူ့မှာ အသားကြည်ပြီး Skinbarriers အားပြန်ဖြည့်ပေးနိုင်တဲ့ Birch Juce (Birch Sap )ကို Main အနေနဲထုတ်ထားတာတွေ့ရတယ်...သဘာဝ သစ်ပင်ထဲက ထွက်တဲ့အရည် တစ်မျိုးလို့လည်းသိရတယ်...သူက Body ရဲ့ Detox လုပ်တဲ့နေရာမှာကောင်းတယ်... ဒါကတော့မျက်နှာလိမ်းတာပေါ့နော်...ဒါ့အပြင် Vitamin C တို့Mugwort တို့ Niacinamide... တို့လို Antioxidant များစွာပါဝင်တဲ့ Ingeridents တွေထည့်ထားတယ်💞
သောင်းရဲ့ Personlly အရပြောရရင် လက်တလော Normal to Combination skin ဘက်သွားနေတာမို့ တော်တော်လေးအဆင်ပြေတဲ့ Suncream မို့ Super Oily နဲ့ Sensitive ကလွဲရင် Highly Recommend ပါ 🖐🤍
သောင်းကို Skincare နဲ့ပတ်သတ်တာလေးတွေမေးချင်ရင် Commentနဲ့ Chat Box မှာမေးထားနိုင်ပါတယ် 💭
29/07/2026
‼️
ပုံမှန်တထုပ်7000လောက်ရှိတာကို အခုဆိုရင်
နှစ်ထုပ်ကိုမှ 9900ကျပ်ထဲပါ🥳📌
တထုပ်မှ 4950ပဲကျတော့တာ အရမ်းတန်ပဲ🤩
Cotton padကို Qကောင်းတာလေးမှသုံးချင်ရင်
KIYOI Cotton Padsလေးရမယ်နော်
100%ဝါဂွမ်းစစ်စစ်နဲ့ထုတ်လုပ်ထားလို့ all skin type အပြင်sensitive skin တွေပါ သုံးလို့ ရပါတယ်
Cotton pad 1ခုမှာအလွှာသုံးလွှာပါဝင်လို့ skincare အတွက် Toner အနေနဲ့ပဲ အသုံးပြုလို့ရတာ မဟုတ်ပဲ
double cleansingလုပ်ရာမှာလဲ မကြမ်းမရှလို့သုံးလို့ပြေပါတယ်🫶
တထုတ်မှာ အရွက်150ပါပါတယ်
26/07/2026
လက်ကျန်ဖြတ်🥳💗
Vaselin gluta-hya serum lotionထဲကဘာယူယူ
20000 ks📌
Dateမနီးပါ✔️
21/07/2026
Trendဖြစ်နေတဲ့ Chio2nd tote bagလေး မင်မင့်အတွက်ဝယ်ရင်း1လုံးပိုဝယ်လိုက်လို့ ပန်းရောင်လေးရမယ်နော်
မိုးတွင်းနဲ့လဲအဆင်ပြေတယ် မိုးစိုရေစိုခံအသားလေးပါ
ပစ္စည်းလဲတော်တော်ဆန့်တယ်နော်
68000နဲ့ instockရပါမယ်ရှင့်📌
Category
Telephone
Website
Address
Mandalay