Health Plus USA Products

Health Plus USA Products

Share

USAမှတိုက်ရိုက်တင်သွင်းသော vitamin supplement များ

25/09/2026

🌟ခန္ဓာကိုယ်၏ အမှီခံ

♥️အရိုး/ အသား/ အကြော တို့ဟာ အဓိက ဖြစ်ပါတယ်။

💥အမှီခံ အနေနဲ့ ကောင်းစွာ ဖြစ်နိုင်ရန် သဘာဝ အားဖြင့် အရိုးမှာ ငြမ်းအပျော့စားနဲ့ ငြမ်းအမာစားရယ်လို့ နှစ်မျိုးရှိပါတယ်။
Soft framework နဲ့ hard framework ကို ဆိုလိုပါတယ်။

💥အရိုးရဲ့ အခြေခံ ကျားကန်ငြမ်း အပျော့စားက Collagen ဖြစ်ပါတယ်။ Collagen ဆိုတာ ပရိုတင်းဓာတ်တစ်မျိုးပါ။
Soft framework.
Collagen ဆိုတာဟာလည်း ပရိုတင်းဓာတ် ဖြစ်ပါတယ်။
Proline,glycine and hydroxyproline.
ဒီ ပရိုတင်း၃ မျိုး ပေါင်းပြီး အပျော့စားငြမ်း ဖြစ်လာပါတယ်။
အခြားလိုအပ်တဲ့ ဓာတ်တွေကတော့ vitamin C, zinc,copper and manganese ဖြစ်ပါတယ်။

💥ဒီ soft framework ပေါ်မှာ calcium အပါအဝင် သတ္တုဓာတ်မျိုးစုံနဲ့ ဖုံးလိုက်တဲ့အခါ အရိုးဟာ မာလာပြီး ငြမ်းဟာ အမှီခံ အလုပ်ကို လုပ်ဖို့ အားရှိ လာပါတယ်။ သတ္တုဓာတ်အနည်းဆုံး ၁၂ မျိုးလောက် နဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

💥အမာခံငြမ်းဟာ အားရှိပြီး၊ အပျော့စား ငြမ်းကတော့ ကွေးနိုင်ဆန့်နိုင်တဲ့ သတ္တိတစ်မျိုး ရလာပါတယ်။ flexibility ပါပဲ။

၂.အရိုးဟာ အမှီခံအနေနဲ့ ကိစ္စကို ဆောင်ရွက်ဖို့ ကြွက်သား muscles/အကြော tendon တွေရဲ့ အကူအညီ လိုပြန်ပါတယ်။
Collagen ဟာ အဓိက building block ဖြစ်နေပြန်ပါတယ်။

💥အစားအသောက်မျိုးစုံဟာ ပေါင်းသတ်ဆေး ဒဏ်ကနေ မလွတ်နိုင်တာကြောင့် ခေတ်နှင့်အညီ Glycine ပြဿနာ ရှိနေတတ်ပါတယ်။
Glycine ဓာတ် လျော့နည်းနေပြန်ရင်လဲ Collagenမှာ ပြဿနာ တက်ပြီ ဖြစ်ပါတယ်။

💥အရိုးတွေ မသန်ဘူးဆိုရင် Collagen / Glycine/Vitamin C နှင့် သတ္တုဓာတ်များကို သတိရကြနော်။

💥အရိုးပြုတ်ရည် ဟာ သင့်တော်ပေမဲ့ မကြာခဏ သောက်နိုင်ကြရဲ့လားတော့ မသိပါ။ မှန်မှန် မသောက်နိုင်ကြသူတွေက များပါလိမ့်မယ်။

💥အမဲသား/ဝက်သား/ကြက်သား/ ငါး/ကလီစာ/ကြက်ဥ တို့ဟာ လည်း collagen rich foods တွေ ဖြစ်ပါတယ်။

💥Collagen ကို အခြေပြုပြီး တည်ဆောက်ထားတာတွေရဲ့ ဥပမာအချို့ဟာ ဆံပင်/သွား/လက်သည်းခြေသည်း/အတွင်းကလီစာများ( internal organs )/ သွေးကြောများ/အရွတ်/အရိုး/အရိုးနု စသည်ဖြင့် ဖြစ်ပါတယ်တဲ့။

💥ပထဝီကောဋ္ဌာသကို ချက်ခြင်းပဲ သတိရလိုက်မိပါတယ်။
၃၂ကောဋ္ဌာသကို နေ့စဉ် ပူဇော်နေသူမို့ သဘောကျမိတာ အမှန်ပါပဲ။

💥ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အဓိက ငြမ်းစင်ကြီးပါ။
Scaffold ပါပဲ။

💥အသက်ကြီးလာတာနဲ့အမျှ Collagen protein ဓာတ်ဟာ အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းလာနေပါတယ်။

💥အခုနောက်ပိုင်း ပတ်ဝန်းကျင် အကြောင်းတွေကြောင့်လဲ ငြမ်းစင် အင်အားဟာ ယုတ်လျော့လာနေပါတယ်။
( လူအများစု မသိကြသေးတဲ့အချက်ပါ )

💥အရေပြားမှာ ဆိုရင် အရေတွန့်ပြီ/ အရေ ပါးလာပြီပေါ့နော်။
Wrinkles and thinning of the skin.
သွားမှာဆိုရင် သွားကျိုး / သွားနဲ့
ဆံပင်ပါး/ ဆံပင်ကျွတ်
အရိုးပါး/ ခါးကုန်း
ကြွက်သား အားမရှိ
သွေးကြောနံရံတွေ ခိုင်ခန့်ခြင်း မရှိတော့
ပထဝီဓာတ် ချို့တဲ့လာခြင်းရဲ့ ဥပမာအချို့ ဖြစ်ပါတယ်။

ကျီးပေါင်း သမားတွေကိုလဲ သတိရမိပါရဲ့။

မြန်မြန် မအိုချင်ကြဘူးဆိုရင် ဘာလုပ်ကြမှာပါလဲ?

24/09/2026

♥️Now Super enzyme ပြန်ရောက်ပါပြီရှင့်♥️

☘️☘️စိတ်ရှုပ်ထွေး စိတ်တို ဒေါသထွက်
ရင်လဲ အစာမကြေဖြစ်တတ် ပါတယ် အအေးမိရင်လဲ အစာမကြေဖြစ်တတ်ပါတယ် ဗိုက်ထဲ မအီမလည်ဖြစ် ၊ဇက်ကြောတက် ၊ ခေါင်းတွေလဲ ကြည်ဘူး ဆိုရင် အစာမကြေလို့ပါ ၊ဗိုက်ကို ပရုပ်ဆီလိမ်းပြီးရေနွေးအိတ်ကပ်ပေးပါ

☘️☘️လည်ပင်း တစ်စို့စို့ ဖြစ်တာဟာ သွိုက်ရွိုက်ကြောင့် ဖြစ်နိုင်သလို အစာမကြေလို့လဲ ဖြစ်တတ်ပါတယ်

☘️☘️အစာမကြေတာ ရောဂါတွေရဲ့အစပါ သွိုင်းရွိုက်သမားတွေ ပိုသောက်သင့်ပါတယ်ရှင့်

☘️Probiotic ပါ ဖြည့်စွက်ပြီးသောက်ပေးရင် ပိုကောင်းပါတယ်ရှင့်
ကိုယ်နဲ့ အဆင်ပြေတဲ့ တံဆိပ် သောက်လို့ရပါတယ်
Now တံဆိပ်ကလဲ အဆင်ပြေကြပါတယ် ဝမ်းလဲပျော့တယ် လေလဲ လည်တယ်

💥စားချင့်ပြန်တတ်တဲ့ မိတ်ဆွေများ ( Probiotic / Digestive / magnesium glycinate) ထည့်သောက်ပေးပါ သက်သာ လာပါမယ် (လက်တွေ့ပါ )


❤️❤️Digestive Enzymes❤️❤️

လူအတော်များများမှာ ရင်ပူ၊ လေတက်၊ အစာမကျေ ဖြစ်နေကြပါတယ်။

အဲ့လို ဖြစ်လာကြတဲ့အခါ များသောအားဖြင့် အစာအိမ်ထဲမှ အက်စစ် မထွက်အောင် ဆိုပြီး
Acid blockers မျိုးစုံကို ပေးလေ့ ရှိပါတယ်။

ခေတ္တ ခဏ သက်သာသွားသလို ရှိပေမဲ့ ပြန်ဖြစ်တာကြောင့် ဆေးကို ရပ်လို့ မရတတ်ကြပါ။

ပြန်ဖြစ်ရင်လဲ rebound effect က ပိုဆိုးတာကြောင့် ဆေးဖြတ်လို့ မရပဲ ရောဂါ သံသရာမှာ ချာချာ လည်နေကြပါတယ်။

အက်စစ် ချဆေးတွေဟာ FDA ထောက်ခံချက်အရ
လေးပတ်ကနေ ရှစ်ပတ် အထိပဲ သောက်သင့်ပါတယ်။

အက်စစ် မရှိရင် သိပ်နည်းနေရင် အစာချေဖို့ ဒုက္ခတွေ့နိုင်ပါတယ်။

အစာမကျေရင် ရောဂါ မျိုးစုံ ဖြစ်ပါပြီ၊ Leaky gut (အူယိုစိမ့်ခြင်း)၊ IBS (irritable bowl syndrome ) အစာအိမ်ရောဂါ ဖြစ်တာကလဲ အစာ မကျေလို့ပါ။

အထူးသဖြင့် နာတာရှည် ရောဂါမျိုးစုံထဲမှာ ပါနေတဲ့
autoimmune diseases တွေ ဖြစ်ပါတယ်။

🌟thyroid gland ဖျက်ဆီး ခံကြရတယ် (Hashimoto Thyroiditis)၊
🌟အသည်း ဖျက်ဆီး ခံရတတ်ပါတယ် (Autoimmune liver disease)
🌟ကျီးပေါင်းရောဂါ
🌟သမင်ဖြူ
🌟ရာသီမမှန်
🌟အချိန်မတိုင်မီ သွေးဆုံး၊ ကလေး မရနိုင်
🌟သုပ် ပိုးကောင်ရေ နည်း၊ လုံးဝ မရှိ
🌟ထိပ်ပြောင်၊ ချွေးထွက်တဲ့ ဂလင်း၊ တံတွေး ထွက်တဲ့ ဂလင်း
🌟မျက်ရည် ထွက်တဲ့ ဂလင်းတွေ စိုစွတ်မှု မရှိ၊ ချောက်သွေ့ပြီး ရောဂါတွေ ဖြစ် (Sjogren’s syndrome)
🌟ကျောက်ကပ်ရောဂါ (Autoimmune nephritis)

အဓိက ဖြစ်ကြောင်းက တစ်ခုတည်းပေမဲ့ ရောဂါ မျိုးစုံဟာ ဖြစ်တဲ့ နေရာပေါ် မူတည်ပြီး နာမည် အမျိုးမျိုးနဲ့ အထူးကု အမျိုးမျိုးဆီမှာ အကု ခံကြရပါတယ်။

🌟All diseases begin in the gut. (ရောဂါတွေ အားလုံးဟာ အစာလမ်းကြောင်းက စတင်ဖြစ်တာပါတဲ့)။
ဝမ်းတလုံးကောင်း ခေါင်း မခဲ တဲ့၊

Digestive Enzymes (အစာချေ အင်ဇိုင်း) ကို ပုံမှန် သောက်ပေးရင် အဲဒီရောဂါတွေ ဖြစ်နိုင်ခြေ နည်းသွားမှာ ဖြစ်သလို ဖြစ်နေတဲ့ ရောဂါတွေလဲ သက်သာလာနိုင်ပါတယ်

Credit-To a better health

HtweHtwe

23/09/2026

ကျန်းမာရေး ဗဟုသုတကဏ္ဍ ——-

ခြေထောက် ခြေသည်း လက်သည်း ကျန်းမာရေး အခြေအနေနှင့် သိုင်းရွိုက် ပြဿနာများ

၁.အသားအရေခြောက်/ခြေဖနောင့်တွေကွဲ/အသားမာတွေလဲ တက်နေတတ်တဲ့ သင်္ကေတ
သိုင်းရွိုက်ဓာတ်နည်းနေရင် တွေ့ရတတ်သလို များနေတဲ့အခါမှာလည်း တွေ့ရတတ်ပါတယ်။
“အသက်ကြီးလာလို့ ဖြစ်တာပါ” ဆိုတဲ့ အသုံးအနှုံးကို ကြားရလေ့ ရှိပါတယ်။
“စိတ်ထင်နေလို့ပါ” ကလဲ ပါလိုက်ပါသေးတယ်။

၂.ယားယံနေတတ်ပါတယ်။
ခြေထောက်တွင်မကပါ။ တစ်ကိုယ်လုံးမှာ တစ်နေရာရာက ယားနေတတ်ပါတယ်။

၃.ခြေထောက်တွေ အေးစက်နေတတ်ပါတယ်။

၄.ခြေထောက်တွေ ရောင်နေတတ်ပါတယ်။
Mucin လို့ ခေါ်တဲ့ အချွဲဓာတ်တစ်မျိုးကြောင့်လဲ ရောင်နေတတ်ပါတယ်။ နှလုံးပြဿနာပါ ရှိရင်တော့လဲ ရောင်တဲ့နေရာမှာ ရေဓာတ်လဲ ပါနိုင်ပါတယ်။

၅.ခြေဖဝါးတွေနာ/ ခြေသလုံး ကြွက်တက်/ တစ်ကိုယ်လုံးအသားတွေနာ/ အရိုးအဆစ်တွေ အကြောတွေ နာနေတတ်ပါတယ်။

၆.ခြေထောက်တွေ ထုံကျင်ပြီး အပ်နဲ့ထိုးနေသလို ခံစားချက်လဲ ရှိနေတတ်ပါတယ်။

၇.ခြေထောက် / ခြေသည်း လက်သည်း တို့မှာ ပိုးဝင်တတ်ပါတယ်။
အထူးသဖြင့် ဟော်မုန်းဓာတ် အားနည်းနေသူများမှာ ခြေသည်း လက်သည်းမှာ မှိုစွဲ နေတတ်ပြီး ကုရခက်လှ ပါတယ်။
Fungal infections

၈.လက်ဖဝါး ခြေဖဝါး ရဲ့အရေပြားဟာ ဝါနေတတ်ခြင်း

၉ လက်သည်း ခြေသည်း ပုံပျက်သွားခြင်း တို့ ဖြစ်ပါသည်။

23/09/2026

🌟အသက် ၅၀ ကျော်လာတဲ့အခါ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေဟာ ငယ်စဉ်ကလို မဟုတ်တော့ဘဲ အပြောင်းအလဲတွေ ရှိလာပါတယ်။ အစားအသောက် လျော့စားမိတာ၊ အာဟာရ စုပ်ယူမှု အားနည်းလာတာတွေကြောင့် မကြာခဏ နွမ်းနယ်တာ၊ အရိုးအဆစ် အားနည်းတာနဲ့ ခန္ဓာကိုယ် ခုခံအား လျော့ကျတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ် ၊
Centrum Adult 50+ မှာ အသက် ၅၀ နှင့်အထက် အသက်အရွယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၄ မျိုး ကို စနစ်တကျ ပေါင်းစပ်ထုတ်လုပ်ထားတာပါ

အသက် ၅၀ နှင့်အထက် အမျိုးသား/အမျိုးသမီးများအတွက် အထူးထုတ်လုပ်ထားတဲ့ Centrum Adult 50+ Complete Multivitamin 💊✨ရဲ့ ကောင်းကျိုးများ

✅ နှလုံးကျန်းမာရေး - B-Vitamins နဲ့ Folic Acid ပါဝင်လို့ နှလုံးလုပ်ဆောင်ချက်ကို အထောက်အကူပြုသည်။
✅ မျက်စိအမြင်အာရုံ - Lutein, Vitamin A, C, E တို့ပါဝင်လို့ အသက်အရွယ်ကြောင့် အမြင်အာရုံ ချို့ယွင်းမှုကို ကာကွယ်ပေးသည်။
✅ ဦးနှောက်နှင့် မှတ်ဉာဏ် - Zinc နဲ့ B-Vitamins များက မှတ်ဉာဏ်နဲ့ စိတ်ကြည်လင်မှုကို ကူညီပေးသည်။
✅ အရိုးနှင့် ကြွက်သား - Calcium နဲ့ Vitamin D3 ပါဝင်လို့ အရိုးတွေကို သန်မာစေသည်

ကျန်းမာရွှင်လန်းတဲ့ သက်ကြီးပိုင်းဘဝကို ပိုင်ဆိုင်နိုင်ဖို့ Centrum Adult 50+ 💖

✨အညွှန်း -တရက် ၁ လုံး✨

+

23/09/2026

☘️☘️Hashimoto Thyroiditis (သွိုင်းရွိုက်ယောင်ခြင်းရောဂါ)
(အော်တိုအင်မြူးရောဂါတမျိုး)

💥Anti Thyroglobulin (Anti Tg ⬆️⬆️ )တက်နေ
💥Anti TPO (⬆️⬆️)တက်နေ
💥ကိုယ်ခုခံအားက သွိုင်းရွိုက်ကို ပြန်တိုက်ခိုက်လို့ antibodies များလာတာ
💥Anti Thyroglobulin high ➡️ Hashimoto Thyroiditis
💥Anti TPO high ➡️ Hashimoto Thyroiditis

☘️2 မျိူးစလုံး မြင့်နေရင် ဟာရှီမိုတိူသေချာပါပြီ

💥Anti TSHR high ဆိုရင် Free T4 ကိုကြည့်ပါ T4 high နေရင် -Grave’s disease
💥T4 normal (သို့) နည်းရင် -Hashimoto

☘️☘️Hashimoto Thyroiditis ဖြစ်တဲ့ လူနာဟာ ဟိုက်ပိုရော ဟိုက်ပါရော ဖြစ်နိူင်ပါတယ် ဟိုက်ပိုလက္ခဏာ လဲခံစားရနိင်သလို ဟိုက်ပါလက္ခဏာလဲ ခံစားရနိုင်ပါတယ် ပြောင်းလဲတတ်ပါတယ်

☘️☘️အဓိက အစာလမ်းကြောင်းကျန်းမာရေးပါ H pylori ပိုးရှိရင်လဲ antibodies ကျဖို့ခက်ပါတယ်
☘️ ဆောင်ရန် ရှောင်ရန်ကတော့ အော်တိုအင်မြူးရောဂါ ထဲက အတိုင်းပါ

💥💥သွိုင်းရွိုက်စစ်ရင်

free t3,free t4,TSH,Antibody 3 ခု AntiTPO,anti TSH, Anti thyroglobulin ကိုစစ်ပါ
🌟 (Vitamin D 3 ပါ ထည့်စစ်ရင် ပိုကောင်းပါတယ်)
🌟Antibody တွေများနေရင် Hashimoto thyroiditis ဖြစ်နေပါတယ်

Hashimoto ပထမအဆင့်မှာ သွိုင်းရွိုက်ဖျက်စီးခံရလို့ သွိုင်းရွိုက်ဟိုမုန်းတွေက သွေးထဲကိုရောက်လို့ သွေးစစ်ရင် သွိုင်းရွိုက်ဟိုမုန်းများနေတတ်ပါတယ် သွိုင်းရွိုက်ဟိုမုန်းများရင် ရင်တုန်မယ် ညအိပ်မပျော်ဖြစ်မယ် မျက်လုံးပြူးမယ် အကျိတ် ထွက်မယ် metabolic , TNG မသောက်ရပါဘူး အူလမ်းကြောင်းကောင်းဖို့ betaine Hcl , digestive , oxbile,probiotic , တွေ ထည့်သောက်မယ်

Hashimoto ဒုတိယအဆင့်မှာဖျက်စီးခံရတဲ့ သွိုင်းရွိုက်ဂလင်း ပျက်စီးသွားလို့ ဟိုမုန်းမထုတ်မထုတ်နိုင်တော့ လို့ ဟိုမုန်းနဲသွားပါပြီ ဝိတ်တက်မယ် တချို့ပိန်ပါတယ် ချမ်းမယ် နှူံးမယ် TNG (Thyroid Natural Glandular) .Thyroid Support (သွိုင်းရွိုက်ဆေး)ထပ်ဖြည့်သောက်ပါ
💥💥Selenium နဲ့ NAC က အရေးကြီးပါတယ် 💥💥
အခြေခံ ဖြည့်စွက်ဆေးကတော့ ဘယ်သွိုင်းရွိုက်ရောဂါ မဆို ထည့်သောက်သင့်ပါတယ်ရှင့်

ထွေး လေ့လာ နားလည်သမျှ ကို အကြမ်းဖျဉ်းရေးပေးထားတာပါရှင့် လိုအပ်တာများရှိရင် ဖြည့်ပေးကြပါရှင့်

21/09/2026

♥️Complete B Complex♥️

☘️အအေးမိလို့ အာရုံကြောရောင်ပြီး ခေါင်းကိုက် ဇက်ကြောတက် တဲ့အချိန် သောက်ကြည့်ပါ တကယ် ကောင်းပါတယ်ရှင့် ခေါင်းလဲကြည်တယ် အိပ်လို့လဲပျော်တယ်

☘️ဟိုက်ပို / ဟိုက်ပါ သွိုင်းရွိုက်ဖြစ်နေတဲ့သူတွေမနက် အိပ်ယာထ ခေါင်းမကြည်ရင် b complex သောက်ကြည့်ပါ
☘️ဟိုက်ပါဖြစ်နေတဲ့သူများ အထူးလိုအပ်ပါတယ်

☘️သွေးပေါင်ကျတတ် တဲ့ မိတ်ဆွေများလဲ သောက်ကြည့်ပါရှင့် ထွေး ကိုယ်တိုင် လက်တွေ့ ထူးခြားလို့ ပြောပြပေးတာပါရှင့်

☘️လေဖြတ်ထားသူများ ကွန်ပျူတာအကြည့်များ ဖုန်းအကြည့်များတဲ့သူများ နှလုံးကျန်းမာရေး ဦးနှောက်အာရုံကြော အတွက်လဲများစွာအထောက်အကူဖြစ်

အာရုံကြောအတွက် အသည်းအတွက် စိတ်အတွက် ကင်ဆာအတွက် Vitamin B တွေကို သောက်ဖို့ အရေးကြီးပါတယ်၊

-B Complex ဖြည့်စွက်စာကို ဦးနှောက်နှင့် အာရုံကြော အားနည်းသူ၊ သွေးအားနည်းသူ၊ ကိုယ်ခံအားနည်းသူ၊ သွေးတွင်းအဆီများသူ၊ ခြေလက်ထုံကျဉ်သူများ မှီဝဲပေးသင့်ပါတယ်။

-ဆဲလ်များကို ကျန်းမာစေပါတယ်
-သွေးနီဥထုတ်လုပ်ပေးရာတွင် ထောက်ပံ့ပေးပြီး သွေးအားနည်းရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်
-စွမ်းအင်ထုတ်လုပ်ပေးပါတယ်
-ဦးနှောက်ရဲ့လုပ်ဆောင်ချက်များကိုကောင်းမွန်စေပါတယ်
-အမြင်အာရုံ ကျန်းမာစေပါတယ်
-အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်
-အာရုံကြောသတင်းပို့ဆောင်သည့်လုပ်ငန်းများ ကောင်းမွန်စေသောကြောင့် အာရုံကြော အားနည်းသူများ သောက်သုံးနိုင်ပါတယ်
-ဟော်မုန်းထုတ်လုပ်ရာတွင် အရေးပါပြီး ဟော်မုန်းမျှတစေပါတယ်
-အဆီကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်
-နှလုံးကျန်းမာရေးကိုအထောက်အကူပြုနိုင်ပါတယ်
-အရက်သောက်သုံးသူများ၊ ဆီးချိုရောဂါရှိသူများနှင့် အသည်းရောဂါရှိသူများလည်း သောက်သုံးပေးသင့်ပါတယ်

Vitamin B တွေ စုံအောင် ထည့်ထားတဲ့ Life Extention က ထုတ်တဲ့ Complete B Complex ဆိုတဲ့ ဖြည့်စွက်ဆေး ကို သောက်လို့ ရပါတယ် ရှင့်

Serving size 2 ဆိုတော့ ဆေး၂ လုံးသောက်မှ အာနိသင်အပြညိ့အဝ ရမှာပါရှင့် ပါတာတွေက

1. Vitamin B1 (Thiamine) 100mg
2. Vitamin B2 (Riboflavin) 75mg
3. Vitamin B3 (Niacin) 100mg
4. Vitamin B6 (P5P) 100mg
5. Folate 400mcg
6. Vitamin B12 300mcg
7. Biotin 1000mcg
8. Vitamin B5 (Pantothenic acid) 500mg
9. Calcium 60mg
10. Insotil 100mg
11. PABA (para aminobenzoic acid) 50mg

မနက် ၁
နေ့ (သို့) ည ၁ အစာစားပြီး သောက်ကြပါတယ်

📌 Vitamin B3 နဲ့ တချို့ မတည့်သူများ ကမျက်နှာ / နားရွက် ထူအန်း နီရဲ ဖြစ်တတ်ပါတယ်ရှင့် ဖြစ်တဲ့သူတော့ ရှားပါတယ် သတိထားမိအောင်ပြောပြထားတာပါရှင့်📌

Htwe Htwe
84 လမ်း 24*25 ကြား Asahi Condo
မန်းတလေး

21/09/2026

📌Hyperthyroid မေးထားသူမိတ်ဆွေများ အတွက် 📌ဂရုစိုက်ကြပါရှင့်

ထွေး ကိုယ်တိုင်ကလဲ hyper ကနေ လည်ပင်း အကျိတ်ထွက် လည်ပင်းရောင် ရာကနေ hypo ဘက်ပြောင်းသွားတာပါ လည်ပင်းအကျိတ်မထွက်ပဲနဲ့ ဟိုက်ပါ ဖြစ်နေတဲ့ သူတွေလဲ ရှိပါတယ် စစ်ဆေး ကြည့်ကြပါရှင့် စောစောသိရင် ထိန်းရလွယ်ပါတယ် မိတ်ဆွေတွေအားလုံးလဲသတိထားကြရအောင်လို့ ထွေးတင်ပေးလိုက်ပါတယ်ရှင့်

သွိုင်းရွိုက်ရောဂါက အမှားမခံတော့ အကြောင်းအမျိုးမျိုးကြောင့်စိတ်ဖိစီးမှု စိတ်သောက ဖြစ်စရာတွေ ကြုံတွေ့ ခဲ့ ရတော့ ပျောက်ကင်းရာကနေ ပြန်ဖြစ်သွားပါတယ်ရှင့်😔😔 ဟိုမုန်းတွေညီဖို့ ကြိုးစားနေရတုန်းပါရှင့် 🦋မာယာများတဲ့ သွိုင်းရွိုက်ပါ ပျောက်ကင်းသွားပြီးဆိုပြီး ဂရုစိုက်မှု နည်းသွားရင် ပြန်ဖြစ်တတ်ပါတယ်ရှင့်

Hypo ဆိုသိပ်သတိမထားမိတတ်ကြပေမဲ့ Hyper ဖြစ်ရင် မျက်လုံးပြူး နှလုံးခုန်မြန် လည်ပင်းကြီး ဖြစ်လာပြီး ဆရာဝန်ထံရောက်လာကြပါတယ် တချို့က Hyperနဲ့ နှလူံးရောဂါ မှားနေလို့ မသက်သာတာတွေလဲတွေ့ရပါတယ် Hyper ဖြစ်လို့သွိုင်းရွိုက် ဟိုမုန်းအထွက်နဲတဲ့ဆေးသောက်ရင်းနဲ့ လိုအပ်တာထက်ပိုနဲသွားလို့ နေလို့မကောင်းတာ အနုမြူမြို (သ်ု့) သွိုင်းရွိုက်ခွဲထုတ်နည်းလမ်းနဲ့ သိုံင်းရ်ွုက်ကိုဖျက်စီးလိုက်ပြီး သွိုက်ရွိုက်ဟိုမုန်းဆေးသောက်နေရင်းhyper ကနေ hypo ဖြစ်လို့ နေလို့မကောင်းတာတွေ တွေ့ရပါတယ် ဆရာမကြီး ဒေါ်ခင်နွယ်ဝင်းက (Functional medicine )အရ သွိုင်းရွိုက်က ဟော်မုန်းတွေ အလွန်အကျွံထုတ်နေတာဟာ အူလမ်းကြောင်း မကောင်းတာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားတွေကမောက်ကမ ဖြစ်နေလို့ပါ အူလမ်းကြောင်းကောင်းအောင် အစွမ်းကုန် ပြုပြင်ရပါမယ် ၊သွိုင်းရွိုက်ဟိုမုန်း များတဲ့

☘️☘️hyperthyroid လက္ခာများ

၁_နှလုံးခုန်မြန်
၂_သွေးခုန်နှုန်းမြန်
၃_ချွေးထွက်များ
၄_အစားများပြီးကိုယ်အလေးချိန်မတက်
၅_စိတ်တိုစိတ်ရှုပ်နေတတ်
၆_လည်ပင်းရှေ့သွိုင်းရွိုက်ကြီးလာတတ်
၇_မျက်လုံးပြူးလာတတ်
၈_အိပ်မပျော်တတ်
၉_သွေးတိုးတတ်
၁၀_ရင်တုန်တတ်
☘️☘️စိတ်ပူပန်သောက များနေတတ်တယ်
ထိတ်လန့်နေတတ်တယ်/ စိတ်လှုပ်ရှားမှု အားကြီးနေတတ်တယ်
ကသိကအောက် ဖြစ်နေတတ်တယ်
စိတ် မတည်မငြိမ် ဖြစ်နေတတ်တယ်
စိတ်ခံစားချက် အပြောင်းအလဲ မြန်ဆန်ခြင်း

🌟🌟Hyperthyroid ( သွိုင်းရွိုက်ဟိုမုန်းများ)

အိုင်အိုဒင်းဆား ပင်လယ်စာ ငါး ခရု အိုင်အိုဒင်းဖြည့်စွက်ဆေး အနီရောင်အသား မတည့်လို့ သိရပါတယ် ပဲပိစပ်မျိုးစုံ ဂျုံနဲ့ပက်သက်တဲ့အစားအစာ ဘီစကစ် ကွတ်ကီး အချိုမှုန့် အချိုရည် သစ်သီးအချို အိုဗာတင်း မိုင်လို ဟော့လစ် ကောက်ညှင်း ဆီကြော် အစားအစာ ဖြူအောင်ချွတ်ထားတဲ့ဆား ဆန်ဖြူ ခေါက်ဆွဲခြောက် လိုတာရှည်ခံ ရယ်ဒီမိတ်အစားအစာ ငပိ ငါးခြောက် ငံပြာရည် အရက် နို့နှင့်နို့ထွက်ပစ္စည်း ကြေညက်ခဲသောအစားအစာ ပြောင်ဖူး ခရမ်းသီး ကလူတန်ရှောင်ပေးပါ ကော်ရည်လဲမတည့်ပါဘူးရှင့် ခရမ်းချဉ်သီးက အစေ့ထုတ် အခွံဖယ်စားပါ
ပဲမျိုးစုံက ညကတည်းက ရေစိမ်ပြီး ပြုပ်လဲရသလို presser cooker နဲ့ချက်ရင်တော့ နဲနဲစားလို့ရပါတယ် အာလူးလဲ presser cooker နဲ့ ချက်စားလို့ရပါတယ် ၊
အစာကြေခဲတဲ့ အစားအသောက်တွေ အတတ်နိုင်ဆုံးရှောင်ပေးပါ သွိုင်းရွိုက်သမားတွေက အစာကြေဖို့ခက်ခဲပါတယ်😔😔
ချိုတဲ့အသီးတွေစားတာများရင် ခန္ဓာကိုယ်နာကျင်ကိုက်ခဲပါတယ်

☘️☘️ဦးစားပေးဖြည့်စွက်

၁ -Vatamin d3 5000 iu +K2 100mcg
၂ -Probiotic 30 billion
၃ -Magnesium Malate (or) citrate 400 mg(or) Glycinate
၄ -Selenium 200mcg
၅ -Digestive enzymes
၆ -Zinc 50mg
၇ -L carnitine 500 mg
၈ - apple cider vinegar ဇွန်းသေးတဇွန်း ရေ တဖန်ခွက်နဲ့ရောပြီး ထမင်းမစားခင် ၂ ကြိမ်
📌Hyperthyroid (ဟိုမုန်းများတဲ့ သူများ B complex/ digestive ကိုမဖြစ်မနေ ပါအောင် အကူထည့်ပါ)

၁ -rock salt (or) sea salt (or) ဆားကြမ်း
၂ -အရိုးပြုတ်ရည်
၃ -ရှားစောင်းလက်ပက် ဂျလ်လီ
၄ -အိမ်လုပ်ချဉ်ဖတ်
၅ -ဟင်းသီးဟင်းရွက်များများစားမယ် (Oxalate ရွေးစား)

☘️လုပ်သင့်တာက

၁_ နေ့စဥ်မိနစ် ၃၀ ခန့်လေ့ကျင့်ခန်းလုပ်မယ်
၂_ နေပူစာလှုံမယ် မြေဓါတ်ယူမယ်
၃_အိပ်ရေးဝအောင်အိပ်မယ် စိတ်ဖိစီးမှုနည်းနိုင်သမျှနည်းအောင်နေမယ်

လည်ပင်းအကျိတ်ရှိပြီးရောင်နေတဲ့ မိတ်ဆွေများ အစပ်စားရင် / အညှော် မိရင်/ စိတ်ဖိစီး စိတ်ရှုပ်ထွေး ဒေါသထွက်ရင် လည်ပင်းပိုရောင်ပါတယ် ၊အေးတဲ့အစားအစာစားရင်လဲ ယောင်ပါတယ် ၊မတည့်တာစားမိရင်လဲ အကျိတ်ရောင် လာတတ်ပါတယ်ရှင့် ၊အစားအသောက်အရမ်းသတိထားပြီးစားရပါတယ်ရှင့်
ကစွန်းဥ (နဲနဲ)ဝဥကြာဇံ တွေ စားလို့ရပါတယ်(Oxalate ရွေးစား)

📌ထွေးသောက်နေတာကတော့ ၁၂ မျိုးလောက်ရှိပါတယ်ရှင့် ဖြည့်စွက်စာ အားလုံးမသောက်န်ုင်ရင် အနည်းဆုံး ၇/၈ မျိုးလောက်သောက်ပေးရပါမယ်ရှင့်

19/09/2026

♥️သတိထားသင့်တဲ့ Hypothyroid ♥️လူတိုင်းနီးပါးဖြစ်နေကြပါတယ် သတိမထားမိကြတာပါ😔😔

🌟ဟိုက်ပို သွိုင်းရွိုက်ဟိုမုန်းနဲရင် စိတ်တိုစိတ်ဆတ် ဒေါသထွက်လွယ်တယ် ဝမ်းနည်းလွယ်တယ် ငိုချင်တယ် အာရုံစုစည်းလို့မရတတ်ဘူး
အမျိုးသမီးမှာဖြစ်ရင် သွေးဆုံးကိုင်လို့ဆိုပြီး ထင်ကြတယ် ၊ ကိုယ်ဝန်ရဖို့လဲခက်ခဲတတ်ပါတယ်
အမျိုးသားတွေဆိုလဲ ကျားဟိုမုန်းတွေနဲပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိ စိတ်ဓါတ်ကျလာကြတယ်။
အဲလို လက္ခဏာတွေ ခံစားရရင် သွိုင်းရွိုက်ကို သက်ဆိုင်ရာ ဆရာဝန်နဲ့ ဟိုမုန်းစစ်ကြည့်ကြပါရှင့် သွိုင်းရွိုက် ဟိုမုန်းဆရာဝန်နဲ့ ပြပြီးစစ်ဆေးပါ😔😔 ဆရာဝန်နဲ့စစ်ဆေးပြီး လိုအပ်တဲ့ ဖြည့်စွက်ဆေး တွေ ကူပါ

☘️Hypothyroid☘️
တော်တော်များများ ဖြစ်မှန်းမသိဖြစ်နေကြတဲ့ ရောဂါပါ ၊ရောဂါတွေ ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းတခုပါ Hypothyroid ကို ကုလိုက်ရင် ရောဂါ တော်တော်များများ သက်သာသွားမှာဖြစ်ပြီး သူ့ကိုမကုဘဲ ရောဂါတွေကိုလိုက်ကုနေရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမှာပါ သွိုင်းရွိုက်ဟော်မုန်း နည်းနေရင် တချို့ ဟော်မုန်းတွေပါ လိုက်နည်း လာပြီး ကိုယ်အလေးချိန်တက် ထိုင်းမှိုင်းလေးလံ ကျားအားနည်း ခလေးရရန်ခက်ခဲ ကိုယ်ဝန်ပျက်နိုင်ခြေများ ဆီးချို သွေးတိုး ကင်ဆာ ဖြစ်နိုင်ခြေ များ ဖြစ်ရင် မထိန်းနိုင် ဖြစ်တတ်ပါတယ်

💥ဒီ ၂၃ ချက်ထဲက

၁- ခြေလက်အေးပြီး ချမ်းနေခြင်း အိပ်ယာထချိန် ချိုင်းကြားတွင် အပူချိန်တိုင်းပါက 97.8 F အောက်ရောက်နေခြင်း ချမ်းနေသဖြင့် ရေချိုးရမှာကြောက်နေခြင်း ပူအိုက်နေသောနွေရာသီမှာ ခြေစွတ်ဝတ် ထားရခြင်း

၂- အသားခြောက်ခြင်း တင်းတိတ်စွဲခြင်း သမင်ဖြူဖြစ်ခြင်း

၃-လက်သည်းမှာဒေါင်လိုက် အစင်းများ ဖြစ်ပေါ်ခြင်း လက်သဲမကျန်းမာခြင်း

၄- ဆံပင်ကျွတ်ခြင်း ဆံပင်ကြမ်းလာခြင်း

၅-မောပန်းပြီး အင်အားနည်းနေခြင်း နွမ်းလျနေခြင်း

၆- မျက်နှာဖောသွပ်သွပ်ဖြစ်နေခြင်း ပွနေခြင်း

၇-တချိန်လုံး အိပ်ငိုက်နေခြင်း အိပ်သည့်အခါ
အလွန်ဟောက်ခြင်း

၈- သွားကြိတ်ခြင်း

၉- ဝမ်းအလွန်ချုပ်ခြင်း

၁၀-ခြေတောက်ယောင်ခြင်း

၁၁-တစ်ကိုယ်လုံး အသားတွေ နာနေခြင်း အဆစ်တွေ နာနေခြင်း

၁၂-အစာမကြေခြင်း လေတက်ခြင်း လေပွခြင်း ရင်ပြည့်ခြင်း

၁၃-သည်းခြေကျောက်တည်ခြင်း

၁၄-အဆီကိုမခြေနိုင်သဖြင့် အဆီမှာပျော်ဝင်သော ဗီတာမင်ဓါတ်များ နည်းပါးသွားခြင်း Vitamin A,D,E,K

၁၅-နားလေထွက်ခြင်း ချာချာလည်သလိုခံစားရခြင်း vertiogo

၁၆-စိတ်ရောဂါဖြစိခြင်း သတိမေ့တတ်ခြင်း

၁၇-အမျိုးသမီးများ ရာသီမမှန်ခြင်း ရာသီ အလွန်များခြင်း သားအိမ်အဖုအလုံး ဖြစ်ခြင်း ရာသီလာသောအခါ အလွန်နာကျင်ခြင်း

၁၈-ဆီးချို ရောဂါ သွေးတိုးရောဂါ ထိန်းမနိုင်ခြင်း

၁၉-ကင်ဆာရောဂါသည် အတော်များများဟာလဲ တေဇောဓါတ် ချို့ယွင်းနေတတ်ပါတယ်

၂၀-ဆီးခနခန သွားချင်နေခြင်း

၂၁-ပိုးကောင်းများ ခန္ဓာကိုယ်မှာ တက်နေသကဲ့သို့ ခံစားနေရခြင်း

၂၂-မျက်ခုံးမွှေးကျွတ်ပြီး တခြမ်းသာ ကျန်ခြင်း

၂၃-Cholesterol level တက်နေခြင်း

🌟🌟Hypo (ဟိုမုန်းနည်း)

အချိုမှုန့် အချိုရည် ချိုလွန်းသောသစ်သီးရေခဲမုန့် မိုင်လို အိုဗာတင်း ဂျုံနဲ့ ပက်သက်တာ ကောက်ညှင်း ဆီကြော်အစားအစာ အရက် ဖြူအောင်ချွတ်ထားတဲ့ဆား ခေါက်ဆွဲခြောက် လိုတာရှည်ခံ ရယ်ဒီမိတ်အစားအစာ ငပိ ငါးခြောက် ငံပြာရည် နို့နှင့်နို့ထွက်ပစ္စည်း ကြေညက်ခဲသောအစားအစာ ပြောင်ဖူး ကလူတန်ရှောင်ပေးပါ ကော်ရည်လဲမတည့်ပါဘူးရှင့် ပဲမျိုးစုံနဲ့ က ညကတည်းက ရေစိမ်ပြီး ပြုပ်လဲရသလို presser cooker နဲ့ချက်ရင်တော့ နဲနဲစားလို့ရပါတယ် အားလူးလဲ pressure cooker နဲ့ ပြုတ်စားလို့ရပါတယ် ပန်းပွင့် မုန်လာထုပ်ကို ရေနွေးဖျော်ပြီး နဲနဲစားလို့ရပါတယ် ခရမ်းသီး ခရမ်းချဉ်သီး ရှောင်ပေးရင် ပိုကောင်းပါတယ်
လည်ပင်းအကျိတ်ရှိပြီးယောင်နေတဲ့ မိတ်ဆွေများ အစပ်စားရင် လည်ပင်းပိုယောင်ပါတယ် အေးတဲ့အစားအစာစားရင်လဲ ယောင်ပါတယ် စိတ်ရှုပ်ထွေး စိတ်ဖိစီးမှုများရင်လဲ ယောင်တတ်ပါတယ် ၊ အိပ်ရေးပျက်တာများရင်လဲ လည်ပင်းအကျိတ်ယောင်ပါတယ်
သွိုင်းရွိုက်သမားတွေက နည်းနည်းလေး မှ အမှားမခံပါဘူးရှင့်😔😔

ကစွန်းဥ (နဲနဲ)ဝဥကြာဇံ တွေ စားလို့ရပါတယ် (Oxalates များ)

၁-rock salt (or) sea salt (or) ဆားကြမ်း
၂- အရိုးပြုတ်ရည်
၃-ဟင်းသီးဟင်းရွက်များများစားမယ်

💥ဒါတွေလုပ်မယ်💥

၁-ချွေးထွက်အောင် နေ့စဉ် မိနစ်(၃၀) ခန့်လေ့ကျင့်ခန်းလုပ်မယ်
၂-နေပူစာလှုံမယ် မြေဓါတ်ယူမယ်
၃-အိပ်ရေးဝအောင် အိပ်မယ် စိတ်ဖိစီးမှုနည်းနိုင်သမျှ နည်းအောင်နေမယ်
၄-အိမ်လုပ်ချဉ်ဖတ်စားမယ်

☘️ဒါတွေသောက်မယ်☘️

💥Thyroid Natural Glandular ၁ လုံး မှ ၂ လုံး
💥၂-Vitami d3 5000iu +K2 100mcg
၃-cod liver oil နဲ့ဆနွင်း
💥၄-selenium 200mcg
💥၅-probiotic 30billion
💥၆-magnesium malate (or) citrate.(or) Glycinate -400 mg
💥၇-Zinc. 30mg (or) 15 mg
💥၈-Coq10 200mg
၉-N Acetyl L Cysteine. 600-1200mg
၁၀- Folate
၁၁-b12 2500mcg
💥၁၂-Digestive enzyme
💥၁၃-Ox bile. 500mg
၁၄-Betine HCL Pepsin
💥၁၅-apple cider vinegar ဇွန်းသေး တဇွန်း ရေ တဖန်ခွက်နဲ့ ရောပြီး ထမင်းမစားခင် ၂ ကြိမ်

📌ဖြည့်စွက်စာ အားလုံးမသောက်န်ုင်ရင် အနည်းဆုံး ၇/၈ မျိုးလောက်သောက်ပေးရပါမယ်ရှင့်📌

ထွေး နားလည်သလောက် သိသလောက် ရေးထားတဲ့အတွက် လိုအပ်ချက်တွေရှိရင် ဖြည့်စွက်ပေးကြပါရှင့် 🙏🙏🙏

Htwe Htwe

19/09/2026

☘️ပန်းသီးရှာလကာရည် သောက်နည်း / အကျိုးပြုပုံ
ရေ၈အောင်စ + ပန်းသီးရှာလကာရည် လဖက်စားဇွန်း ၁ (သို့)၂ ဇွန်း ဆိုရင် ရပါပြီ။ ထွေးကတော့ စားပွဲတင်ဇွန်းနဲ့ တဇွန်း ထည့်ပါတယ်
Organic apple cider vinegar with the mother ဖြစ်ရပါမယ်။

၈ အောင်စ = ရေတစ်ဖန်ခွက် (250/300 ml )လောက်ပါ
အနံ့နဲနဲပြင်းလို့ သံပုရာသီးနည်းနည်းညှစ်ထည့်ပါတယ် ပျားရည်နဲနဲထည့်သောက်ပါတယ် ပိုက်နဲ့သောက်ပါ

☘️☘️Apple cider vinegar ပန်းသီး ရှာလကာရည် ဗဟုသုတ----

Short Chain Fatty Acid လည်းဖြစ်ပါတယ်။
ရောင်ကိုင်းခြင်းကိုကျစေပြီး
အူသိမ်ကစုပ်ယူတယ်၊
သွေးထဲကိုလည်းရောက်ပြီး
ခန္ဓာကိုယ််တစ်ခုလုံးဆီရောက်ပါတယ်၊
အူလမ်းကြောင်းကိုလည်းအထောက်အကူ
ဖြစ်စေပါတယ်

ပန်းသီးရှာလကာရည် ဟာ ဘာကြောင့် ထူးခြား မှု ရှိ ရ တာ ပါ လဲ ?

၁. ဗီတာမင်ဓာတ် တွေ ပါ ရှိ ခြင်း
Vitamin A, C, E, B1, B2, B6,

၂. သတ္တုဓာတ် မျိုးစုံ ပါဝင် ခြင်း
Calcium, Chromium, Copper, Iron, Magnesium, Manganese, Phosphorus, Potassium, Selenium, Sodium,
Zinc

၃. အမြှင်ဓာတ် Fiber

၄. The Mother ဆို တာ pure unfiltered apple cider vinegar မှာ ပါ ပါ တယ်။
နည်းနည်း နောက် နေ တဲ့ ပုံ၊ အမှုံ တွေ ပါ သ လို ဖြစ် နေ တတ် ပါ တယ်။
ဒီ Mother ထဲ မှာ ပါ တာ တွေ က တော့ amino acids တွေ၊ digestive enzymes ( အစာချေဆေး ) နှင့် အာဟာရ ဓာတ် များ ပါ ပါ တယ်။ သူ တို့ တွေ ဟာ bacteria, fungus ပိုးမွှား တွေ ကို သုတ်သင် ပေး နိုင် သလို၊ ခန္ဓာကိုယ် ယောင် ကိုင်း ခြင်း ကို လဲ သက် သာ စေ နိုင် ပါ တယ်။

☘️ဘယ် လို မျိုး ပန်းသီး ရှာလကာရည် ကို ဝယ် သင့် ပါ သ လဲ?

Organic unfiltered with the Mother က တတ် နိုင် ရင် တော့ အကောင်းဆုံး ဖြစ် ပါ တယ်။

ဘယ် လောက် ပဲ ကောင်း တယ် ဆို စေကာ မူ၊ ကိုယ် နဲ့ မတည့် ဖူး ထင် ရင် တော့ မ သောက် ကြ ပါ နဲ့။
ကျွန်မ အတွက် က တော့ အလွန် ပင် ကောင်း ပါ တယ်။

☘️☘️လူ ဆို တာ တစ် ယောက် နဲ့ တစ် ယောက် မတူ ကြ တာ မို့၊ မိမိ နဲ့ သင့် တော် တယ်၊ မသင့် တော် ဖူး ဆို တာ သောက် ကြည့် ရင် သိ နိုင် ပါ တယ်။

ပြော လက်စ နဲ့ သူ အကျိုး ပြု နိုင် ပုံ လေး တွေ ကို ဗဟုသုတ အဖြစ် ဆက် ကြ ရ အောင် -----

၁. အစာကြေ စေ ခြင်း
အစာ မစား ခင် ၁၅ မိနစ် လောက် အလို မှာ သောက် ရင် သင့် တော် ပါ တယ်။
လဖက်ရည် ဇွန်း ၁ - ၂ ကို ရေ ၈ အောင်စ နဲ့ ရော ပြီး သောက် ပါ။

၂. အရိုးအဆစ် တွေ ကိုက် ခြင်း၊ အသားတွေ နာ ခြင်း ကို လည်း သက် သာ စေ ပါ တယ်။
ကိုယ် ချိုး မဲ့ ရေ ထဲ မှာ ရှာလကာရည် ကို 1 cup ကို bath tub ထဲ မှာ ထည့် ပြီး နာရီဝက် - ၄၅ မိနစ် လောက် စိမ် နိုင် မယ် ဆိုရင် ယောင် ကိုင်း ခြင်း တွေ မှ သက် သာ စေ နိုင် ပါ တယ် လို့ ဆို ပါ တယ်။

၃. ခန္ဓာကိုယ် ခုခံအား ကို လည်း အားရှိ စေ ပါ တယ်။
နေ မကောင်း တဲ့ အခါ တစ်နေ့ ကို သုံး ကြိမ် လောက် သောက် ပေး နိုင် ရင် ကောင်း ပါ တယ်။
ကျွန်မ တော့ မစမ်းသပ် ကြည့် ဖူး သေး ပါ။
သောက် တဲ့ အခါ ဖြေးဖြေး သောက် ပါ။

၄. လည်းပင်း အကြိတ် တွေ ယောင် တတ် သူ များ အတွက် လည်း ကောင်း တယ် လို့ ပြော ပါ တယ်။
swollen lymph nodes

၅. သည်းချေ ကျောက်တည် သူ များ ၊ ကျောက် ကြောင့် ဗိုက် နာ နေ သူ များ အတွက် ကောင်း တယ် လို့ ပြော ပါ တယ်။
1 tablespoon of cider vinegar into a glass of apple juice . ရောမွှေ ပြီး သောက် ကြည့် ပါ တဲ့။

သည်း ချေ ကျောက် ကြေ စေ ချင် ရင် ----
2 teaspoon of apple cider vinegar and 1 teaspoon of lemon juice in a glass of water.
မနက် အိပ်ယာ က နိုးနိုး ခြင်း၊ အစာ မစားမီ သောက် ရ မှာ ဖြစ် ပါ တယ်။
တစ်ပတ် ကို သုံး ကြိမ် သောက် နိုင် ပါ တယ်။
သည်းချေ ကျောက် ကြေ နိုင် တယ် လို့ ဆို ထား ပါ တယ်။
စမ်းကြည့် ချင် ရင် ရ အောင် ရေး ပေး တာ ဖြစ် ပါ တယ်။

၆. ထိတ် ခပ် နာ ရှိ သူ များ Sinus infections
Mix apple cider vinegar ½ cup with ½ cup of water. မီး ဖို ပေါ် မှာ ဆူ လာ တဲ့ အထိ တည် ပါ။
ဒီ ဆူ နေ တဲ့ ရေ ကို အဝကျယ် ဖန် ဖူး တစ် ခု ထဲ မှာ ထည့် ပြီး၊ ဖန်အိုးဝ မှာ မျက် နှာ ထား ပါ။ ခေါင်း မှာ မျက်နှာသုတ် ပုဝါ နဲ့ ပတ် ထား ပါ။ အငွေ့ တွေ ကို ရှူ လိုက် ပါ။ သိပ် ပူ နေ ရင် ခဏ စောင့် ပါ။

၇. ကြို့ ဆက် တိုက် ထိုး နေ တာ ကို လဲ ပျောက် စေ ပါ တယ် တဲ့ ( Hiccups )

၈. ပွေး ပေါက် နေ တဲ့ နေ ရာ ကိူ တို့ ရင် လဲ ပျောက် ကင်း နိုင် ပါ သတဲ့။

၉ . ကျောက်ကပ် မှာ ကျောက် တည် နေ တာ ကို ကျေ စေ နိုင် တယ် လို့ လဲ ပြော ပါ တယ်။

၁၀. အသည်း မှ အဆိပ် တွေ ထုတ် ရာ မှာ လည်း ကောင်း ပါ သ တဲ့။

အခြား သော အကျိုး တွေ လဲ အများ ကြီး ရှိ ပါ သေး တယ်။

☘️☘️အထူး သဖြင့် ကျွန်မ စိတ်ဝင်စား တာ က တော့ သည်းချေ ကျောက် တည် နေ သော သူ များ၊ ကျောက် ကြောင့် နာ နေ သူ များ အတွက် ဖြစ် ပါ တယ်။

Category

Telephone

Website

Address


24st . 83*84 Between Asahi Condo
Mandalay
05011

Alerts

Be the first to know and let us send you an email when Health Plus USA Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.