Phyu

Phyu

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyu, Beauty, cosmetic & personal care, Mandalay.

01/05/2024

နောက်အိမ်ထောင် --- !
----- ---- -- ----- --
နောက် အိမ်ထောင် ပြု တဲ့ ဖခင် တိုင်း လိုလို
အများစု ဘဝဇာတ်သိမ်း မကောင်းကြပါဘူး။

ကျန်ရစ်ခဲ့တဲ့ အမေ့ ကို အသနားပိုပြီး သားသမီးများက ပို ချစ်ကြတယ်။

အသိစိတ်က အဖေ ဆိုပေမယ့်

မသိစိတ် က ကြည်ညို လို့မရ တဲ့ ဖခင် ဖြစ်နေတာပါ။

အသိစိတ်က သွေးသား တော်စပ်ပေမယ့်

မသိစိတ် က သူစိမ်း တစ်ယောက် လို ဘာ ခံစားချက်မှ မရှိ သလောက် ဖြစ်နေတော့တာပါ။

အသက် အရွယ် ကြီး လာတာနဲ့ အမျှ

သား ရင်း သမီး ရင်း ဆိုတာ အနား မှာ ကပ်ကြမှာ မဟုတ်တော့ပါဘူး။

ကိုယ့်ကိုပစ်ထားခဲ့တဲ့ နာကြည်းချက် အနာဟောင်း က ပြန်ကုစား လို့ မရ နိုင်တော့လို့ပါ။

" အဖေ မှားပါပြီ " လို့ မျက်ရည် ကျ ပြ လည်း သားသမီး များ က ဒီ မျက်ရည် ကို ခံစား ပေးနိုင်မှာ မဟုတ်ပါဘူး။

-- ---- ---- ----- ------ ------ -----

နောက် အိမ်ထောင်ပြု တဲ့ ဖခင် တိုင်း လိုလို

အများစု အိုဇာတာ မကောင်း တတ်ကြပါဘူး။

ဖခင် ဆိုတဲ့ ဂုဏ်ထူး ဟာ လူ မှန် နေရာ မှန် တာဝန် ကျေခဲ့ရင်

အိမ်ဦးနတ် ဘဝ နဲ့ အိမ်ဦးခန်း မှာ ကျက်သရေ ရှိရှိ

တစ်သက်တာ တင့်တယ် နေတော့ မှာပါ။

အိမ်ထောင်ရေး ဖောက်ပြန် တတ် တဲ့ ဖခင် တိုင်း အတွက် တော့

ကံကြမ္မာ ရဲ့ တန်ရာ တန်ကြေး

သစ္စာမဲ့မှု့ဒဏ်တော့ အနည်း နဲ့ အများ ခံစား ရမှာ ပါပဲ။

----- ------ ------ ------ ------- ------- -------

စိတ်ဆန္ဒ ကို ဦးစားပေး ခဲ့တဲ့ ဖခင် တိုင်းဟာ

စိတ်ဒဏ်ရာ ရ သွားတဲ့ သားသမီး များရဲ့ လျစ်လှူရှု့ မှု့ အောက်မှာ မရှု့မလှ ကျဆုံး ရတော့ မှာပါ။

မျက်ရည် များရဲ့ ဝဋ် ကို လည်း

အချိန် ရ လာတာနဲ့ အမျှ ---

အရှိန် ရ လာတာနဲ့ အမျှ ---

ကိုယ်တိုင် ရှိုက်ကြီး တငင် ငိုကြွေး ဖို့

ကာလ ဟာ နီးနီး ကပ်ကပ် ရှိလာတော့မှာပါ။

ကိုယ်ကိုယ်တိုင် အားကိုးရာ မဲ့ တဲ့ ဘဝ ရောက်ချိန်မှာ

ကိုယ်ထားခဲ့တဲ့ ဇနီး က ကိုယ်တာဝန် မကျေခဲ့တဲ့

သားသမီး များ ဝန်းရံ လျက်

သာယာတဲ့ ဘဝ လေး ကို ပိုင်ဆိုင် နေတဲ့အချိန် ရောက်ရှိနေပါပြီ။

----- ------- ------- ------- ------- ------ ------

ဘဝ မှာ လမ်း မ မှန် တဲ့နည်း နဲ့ အပျော် ရှာ နေတဲ့

သူငယ်ချင်း ရေ -- !

မင်း ရော မင်း ဖန်တီး ခဲ့တဲ့ မိသားစု ရော

မျက်ရည် ကျ မယ့် အရာ အားလုံး ရပ်လိုက်ပါ။

ဆန္ဒ သစ် ရဲ့ နောက်အိမ်ထောင် ဆိုတာ ကို ကျောခိုင်း လိုက်ပါ။

မိသားစု ဂုဏ်သရေ ညှိုးနွမ်းစေမယ့် ဖောက်ပြန်မှု့ ကြီး ကို စွန့်လွှတ်လိုက်ပါ။

ကိုယ့် မိသားစု ကို ပြန်လည် မျက်နှာ မူ ဖို့ --

တစ်ဖန် လည်ပြန် နွေးထွေး ပေးဖို့ -- ကို

တိုက်တွန်းစကား ဆို လိုက်ရပါတယ် သူငယ်ချင်း။

မေတ္တာ ဖြင့် --

ဟန်သား ကင်းသား (ပုသိမ်)

ပြည်လည်မျှဝေသည်

21/04/2024

ဘဝမှာ ငွေကိုရေလိုသုံးနိုင်တဲ့အချိန်လဲရှိခဲ့သလို
ဗိုက်ဆာနေချိန် မုန့်လေးတစ်ခုတောင်
ဝယ်မစားနိုင်အောင် အဆင်မပြေခဲ့တဲ့အချိန်တွေရှိခဲ့ဖူးတယ်။

ဘာတွေ သင်ခန်းစာရလိုက်လဲဆိုတော့
ငွေဟာ စကားသိပ်ပြောလွန်းတဲ့ သက်မဲ့ဆိုတာရယ်
တချို့ လူတွေဟာ ငွေမျက်နှာမြင်ရင် ပြောင်းလဲတတ်တယ်ဆိုတာရယ်
ဘယ်သူတွေက ကိုယ့်အပေါ် စိတ်ရင်းအမှန်ရှိသလဲဆိုတာရယ်ပဲ။

ငွေဟာ အရာရာကို ဖန်တီးနိုင်စွမ်းမရှိပေမဲ့
အများဆုံးသော ကိစ္စတွေမှာ ငွေဟာ မရှိမဖြစ်လိုအပ်နေတာမျိုးပဲ။crd

05/12/2023

အကျိုးလိုလို့ ညောင်ရေသွန်းကြတဲ့ လူတွေချည်းပါပဲ။

ဘယ်ဆက်ဆံရေးမှ ရွှေရည်စိမ်နဲ့ မကင်းဘူး။

လူဆိုတာ ကိုယ့်အကျိုးလေးပါမှ စေတနာထားတတ်ကြတာ။

ဆီပေးလို့ ဆန်ရတာပါပဲ။
ဒါကိုပဲ စကားလုံးလှအောင်
တစ်ဦးကစေတနာ တစ်ဦးကမေတ္တာ လို့
သုံးနှုန်းပြောဆိုနေကြတာ။

တကယ်တမ်းကျတော့ လူတွေဟာ
ဆရာတာရာမင်းဝေရဲ့ ကဗျာထဲကလိုပဲ
လူတွေချစ်တယ်ဆိုတာက သူတို့ကို မထိခိုက်သရွေ့ပဲ မဟုတ်လား။

Crd

22/09/2023

စိတ်ဒုက္ခပေးတော့မည်ဟု တိုက်ရိုက်မရေးဘဲ

ချစ်တယ်ဟု ပလီပလာရေးဖွဲ့ထားသောကြောင့်

စောင်ကျိုးနည်းအလင်္ကာမြောက်ပါသည် ။😅

18/09/2023

ကူညီပေးချင်ရင်တောင်
မြို့သိပ့်ထားတယ်

ကျေးဇူးမတင် ဖင်လှန်ပြမှာဆိုးလို့🤭🤭

18/09/2023

....💚မိဘဆောက်ပေးပီးသား
လှေကားကနေ အမြင့်တတ်ရသူနဲ့

💙လှေကားတစ်ထစ်ချင်းစီတိုင်းကို
ကိုယ်တိုင်တည်ဆောက်ပီး အမြင့်တက်ရသူရဲ့

❤ပင်ပန်းမှုချင်းကလည်း ကွာပါတယ်....

©crd

17/09/2023

😍

16/09/2023

နှင့် Charm in Studio – သူ့ရဲ့ အမာခံပရိသတ်တစ်ဦးအဖြစ် ကျွန်ုပ် အခုပဲ အသိအမှတ်ပြုခံခဲ့ရပါတယ် 🎉

12/09/2023

Share တာနဲ့ ငွေဝင်မယ် ငွေဝင်မယ်နဲ့ ထိုင်သာ Share နေ ဘာအလုပ်မှလုပ်စားမနေနဲ့ 😒😒

12/09/2023

ဆံပင် အကောက်ကြိုက်တဲ့သူ Cb လာနော်

အကောက်နဲ့အဖြောင့် ချိန်းရအောင် 😆

12/09/2023

ဆံပင် အကောက်လေးနဲ့လှတယ်နော်တဲ့

ခေါင်းဖြီးတဲ့အချိန်လာကြည့် နွားသတ်တဲ့အတိုင်းပဲ 😂😂

Photos from Phyu's post 12/09/2023

🌺🌼🌹အင်ဒို ချည်ပါထိုင်းလုံချည်

2ကိုက်တစ်မိုက်ကွင်း Ws

လက်ကား 5300

အစင်စုံပါမည်မရွေးရ🌺🌼🌹

Website

Address


Mandalay