Oo Kyaw

Oo Kyaw

Share

no limit, no charges
If so, u need a limitless profit
contact me right now

Photos from အ လီ ဘာ ဘာ's post 06/08/2026
02/08/2026

📖 သစ္စာတော်ခံ လေးကျိပ်ခုနှစ်ယောက်
📖 47 RONIN
🖊 ထင်ဇော်မှူးသင်
🖊 John Allyn
🗒 စာမျက်နှာ - ၂၈၀
💸 တန်ဖိုး ၁၆၀၀၀ ကျပ်
🛒 အိမ်အရောက် (Door to Door) စနစ်ဖြင့် မှာယူလိုသူများအတွက် ဆက်သွယ်ရန် - 09450623383 ၊ 09450623384
📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌
ဂျပန်သမိုင်းကိုပြောရင် ဆာမူရိုင်းတွေရဲ့ သစ္စာစောင့်သိမှုနဲ့ သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်တွေကို ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ဒီဇာတ်လမ်းဟာ ဘူရှီဒိုရဲ့ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ် ၄၇ ဦးက သူတို့ရဲ့ တရားမျှတပြီးဖြောင့်မတ်တဲ့ စံပြပုဂ္ဂိုလ်အာဆာနိုရဲ့ ေ-သဆုံးမှုမှာ အကျင့်ပျက်ခြစားတဲ့ အရှင်ကီရာကို သ-တ်ပစ်လိုက်တဲ့ ဇာတ်လမ်းပါ။ ဂျပန်သမိုင်းမှာ အကျော်ကြားဆုံးဖြစ်တဲ့ ရိုနင် ၄၇ ဦးရဲ့ လက်စားချေမှုဖြစ်စဉ်မို့ လူကြိုက်များတဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်အဖြစ် ခုချိန်ထိတည်ရှိနေခဲ့ပြီး အဖြစ်မှန်အတွက်လဲ ရှုပ်ထွေးနေဆဲပါပဲ။

ကိုယ့်သခင်ကို ေ-သဒဏ်ပေးလိုက်တဲ့အခါ ကျန်ရစ်ခဲ့တဲ့ ဆာမူရိုင်းတွေဟာ အရှင်သခင်မရှိတော့တဲ့ ရိုနင်တွေ ဖြစ်သွားကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ အရှုံးပေးမသွားဘဲ သခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ဖို့နဲ့ လက်စားချေဖို့အတွက် နှစ်နဲ့ချီပြီး စနစ်တကျ လျှို့ဝှက်ကြံစည်ကြပုံတွေကို ဒီစာအုပ်ထဲမှာ ဖတ်ရှုရမှာပါ။

၁၈ ရာစုလောက်မှာ ဖြစ်ပျက်ခဲ့တဲ့ ဆာမူရိုင်းတွေရဲ့ လက်စားချေမှုကို ပြန်လည်ပြောပြထားသလို ဖြစ်တဲ့အတွက် အနည်းငယ်ရှုပ်ထွေးပြီး စိတ်ဝင်စားဖို့လဲကောင်းတဲ့ စာအုပ်တအုပ်ပါ။ တကယ့်လုပ်ကြံမှုနဲ့ ပတ်သက်တဲ့ သမိုင်းဆိုင်ရာ မမှန်ကန်မှုတွေကို ထောက်ပြတဲ့ ပညာရှင် Stephen Turnbull ရဲ့အမှာစာ၊ စာရေးသူ John Allyn ရဲ့အမှာစာတွေကို ထိပ်ဆုံးမှာ ဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်းရင်းကတော့ အာဆာနိုဟာ ရိုင်းစိုင်းတဲ့သူ၊ ကာမဂုဏ်ကိုလိုက်စားသူဖြစ်ပြီး ရိုနင်အဖြစ် မခန့်အပ်ခင်ကတည်းက အရက်သမားတစ်ယောက် ဖြစ်ခဲ့သူ။ ကီရာကတော့ အီဒိုခေတ်က သာမန်အရာရှိတစ်ယောက်ပါပဲ။ အာဆာနိုဆီကနေ လာဘ်ငွေအမြောက်အမြား တောင်းခံခဲ့ပြီး အာဆာနိုကမပေးတဲ့အတွက် ရန်ငြိုးဖွဲ့တယ်လို့သာ ဖော်ပြထားတယ်။

တွေ့ရှိလာရတဲ့ သမိုင်းအချက်အလက်တွေအရဆိုရင် ကီရာဟာ ဗီလိန်စစ်စစ် မဟုတ်ဘဲ စနစ်ဟောင်းရဲ့ သားကောင်တဦး ဖြစ်ခဲ့ရသူပါ။ ရိုနင် ၄၇ ဦးရဲ့ သစ္စာရှိမှုကို ပိုမိုပေါ်လွင်အောင်သာ ပြဇာတ်တွေထဲမှာ ကီရာ့ကို ပိုပြီးဆိုးသွမ်းတဲ့သူအဖြစ် ပုံကြီးချဲ့ ဖန်တီးခဲ့ကြပါတယ်။ ဒီ စာအုပ်ဟာ ဂျပန်ယဉ်ကျေးမှုမှာ ဒဏ္ဍာရီဆန်ဆန်ဖြစ်နေတဲ့ပုံပြင်တစ်ခုကို သမိုင်းကြောင်းအရ ဘယ်လောက်အထိ မှန်ကန်သလဲဆိုတာကို ဝေဖန်ပိုင်းခြားပြထားပါတယ်။ အချက်အလက်အမှားတွေကိုလဲ သမိုင်းအထောက်အထားတွေနဲ့ ပြန်လည်ပြင်ဆင်ပြသထားပါတယ်။

ဒီလို ကြီးကျယ်ခမ်းနားတဲ့ သမိုင်းဝင်ဇာတ်လမ်းကို စာရေးဆရာ John Allyn က 47 Ronin အမည်နဲ့ ရေးသားခဲ့ပြီး ဆရာထင်ဇော်မှူးသင်က သစ္စာတော်ခံ လေးကျိပ် ခုနှစ်ယောက် ဆိုတဲ့ အမည်နဲ့ မြန်မာဘာသာပြန်ဆိုထားပါတယ်။ ဒီ စာအုပ်ဟာ သာမန်သမိုင်းနောက်ခံ ဇာတ်လမ်းတပုဒ်သက်သက် မဟုတ်ဘဲ လူ့သဘာဝ၊ တာဝန်သိစိတ်နဲ့ သစ္စာတရားဆိုတာ ဘာလဲဆိုတာကို နက်နက်ရှိုင်းရှိုင်း တွေးတောစရာပေးစွမ်းနိုင်တဲ့ စာအုပ်ကောင်းတအုပ် ဖြစ်ပါတယ်။ ဂျပန်ယဉ်ကျေးမှုနဲ့ သူတို့ရဲ့ တွေးခေါ်ပုံတွေကို စိတ်ဝင်စားတဲ့သူတွေအတွက်ရော၊ ရသမြောက်တဲ့ ဘာသာပြန်စာပေကို ခုံမင်သူတွေအတွက်ပါ လက်မလွှတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ ဆိုလိုက်ပါရစေ ...
Sarpay
#သစ္စာတော်ခံ လေးကျိပ်ခုနှစ်ယောက်
#ထင်ဇော်မှူးသင်
မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက်
(၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner
(၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း
(၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library)
(၄) ဓမ္မဇောတိ စာကြည့်တိုက်၊ ဖောင်းကတာ၊ မုံရွာ
တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ် ခင်ဗျ

02/08/2026

ဘရိတ်ဆီ မလဲဘဲထားရင် အန္တရာယ်ရှိလား?

ကားပိုင်ရှင်အများစုက Engine Oil ကိုပုံမှန်လဲပေမယ့် Brake Fluid ကိုတော့ နှစ်ပေါင်းများစွာ မလဲဘဲ အသုံးပြုနေကြပါတယ်။
"Brake ကတော့ ကောင်းကောင်းအုပ်နေတာပဲ၊ မလဲလည်း ရတယ်" လို့ ထင်ကြပေမယ့် အဲဒီအတွေးက အန္တရာယ်ကြီးမားနိုင်ပါတယ်။
Brake Fluid ရဲ့ အလုပ်ကဘာလဲ?
Brake Pedal ကို နင်းလိုက်တဲ့ အားကို Hydraulic Pressure အဖြစ် ပြောင်းပြီး Brake Caliper (သို့) Wheel Cylinder ဆီကို ပို့ပေးပါတယ်။
အဲဒီဖိအားကြောင့် Brake Pad က Disc ကို ဖိပြီး ကားရပ်သွားတာ ဖြစ်ပါတယ်။
Brake Fluid မကောင်းတော့ရင် Hydraulic Pressure လည်း မပြည့်ဝတော့ဘဲ Brake စွမ်းဆောင်ရည် ကျဆင်းလာနိုင်ပါတယ်။
Brake Fluid က ဘာကြောင့် ယိုယွင်းလာတာလဲ?
Brake Fluid ဟာ လေထဲက အစိုဓာတ် (Moisture) ကို စုပ်ယူတတ်ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ...
- ရေပါဝင်မှု တိုးလာတယ်။
- အပူခံနိုင်ရည် လျော့ကျတယ်။
- Brake System အတွင်း သံချေးတက်လာတယ်။
- Hydraulic Pressure မတည်ငြိမ်တော့ဘူး။
ဒါကြောင့် အပြင်က မညစ်သေးပေမယ့် အရည်ရဲ့ အရည်အသွေးက ကျဆင်းနေပြီး ဖြစ်နိုင်ပါတယ်။
Brake Fluid မလဲဘဲထားရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်များ
၁။ Brake အုပ်အား လျော့လာခြင်း
Brake Pedal နင်းရတာ ပုံမှန်ထက် ပိုနက်လာနိုင်ပါတယ်။
ကားရပ်ဖို့ အကွာအဝေးလည်း ပိုရှည်လာပါတယ်။
အရေးပေါ် Brake အုပ်ရတဲ့အချိန်မှာ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
၂။ Brake Fade ဖြစ်နိုင်ခြင်း
တောင်ဆင်းလမ်း၊ အမြန်လမ်းတွေမှာ Brake ကို ဆက်တိုက်သုံးရင် Brake Fluid ပူလာပါတယ်။
ရေပါဝင်မှု များနေတဲ့ Fluid က စောစောပွက်လာပြီး V***r ဖြစ်သွားနိုင်ပါတယ်။
အဲဒီအချိန်မှာ Brake Pedal နင်းပေမယ့် Brake မဖမ်းသလို ဖြစ်နိုင်ပါတယ်။
၃။ ABS Module ပျက်စီးနိုင်ခြင်း
Brake Fluid ညစ်ပတ်လာရင်...
- ABS Pump
- ABS Solenoid Valve
- Hydraulic Control Unit
တွေထဲ ဝင်ရောက်ပြီး အလုပ်လုပ်နိုင်စွမ်း ကျဆင်းစေပါတယ်။
ABS Module က ဈေးကြီးတဲ့ အစိတ်အပိုင်းဖြစ်လို့ Brake Fluid လဲပေးတာက ပိုသက်သာပါတယ်။
၄။ Brake Master Cylinder ပျက်နိုင်ခြင်း
Brake Fluid ဟောင်းသွားရင် Seal တွေ အိုမင်းလာပြီး
- Brake Pressure မတက်တော့ခြင်း
- Internal Leak ဖြစ်ခြင်း
- Brake Pedal ကျသွားခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
၅။ Brake Caliper ပိတ်နေခြင်း
Brake Fluid အဟောင်းထဲက အညစ်အကြေးတွေကြောင့်
- Caliper Piston ကပ်နေခြင်း
- Brake မလွှတ်ခြင်း
- Brake Pad စားမြန်ခြင်း
- Disc ပူလွန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
၆။ သံချေးတက်ပြီး Brake Pipe ပျက်စီးနိုင်ခြင်း
ရေပါဝင်မှု များလာတာနဲ့ Brake Line အတွင်းမှာ သံချေးတက်လာနိုင်ပါတယ်။
အချိန်ကြာလာရင် Brake Pipe Leak ဖြစ်နိုင်ပြီး Brake Pressure ဆုံးရှုံးသွားနိုင်ပါတယ်။
Brake Fluid လဲသင့်တဲ့ လက္ခဏာများ
✅ Brake Pedal ပျော့လာတယ်။
✅ Brake အုပ်ရတာ ယခင်လို မကောင်းတော့ဘူး။
✅ Brake Fluid အရောင်က အဝါကြည် မဟုတ်ဘဲ အညိုရောင်၊ အမည်းရောင် ဖြစ်လာတယ်။
✅ Brake Warning Light ပေါ်လာတယ်။
✅ Brake System ပြုပြင်ပြီးတဲ့နောက်။

ဘယ်နှစ်နှစ်တစ်ခါ လဲသင့်လဲ?
ယေဘုယျအားဖြင့်...
- ၂ နှစ်တစ်ခါ သို့မဟုတ်
- ၄၀,၀၀၀ ကီလိုမီတာ ဝန်းကျင် တစ်ခါ
Brake Fluid အသစ်လဲပေးသင့်ပါတယ်။
ကားအသုံးပြုမှု အရမ်းများရင်လဲ ဒီထက်စောပြီး စစ်ဆေးလဲလှယ်သင့်ပါတယ်။
Brake Fluid လဲတဲ့အခါ သတိထားရမယ့် အချက်များ
- ကားထုတ်လုပ်သူ သတ်မှတ်ထားတဲ့ DOT အမျိုးအစား (DOT 3, DOT 4 စသည်) ကိုသာ အသုံးပြုပါ။
- Brake System ထဲ လေမကျန်အောင် Bleeding မှန်ကန်စွာ လုပ်ပေးရပါမယ်။
- Brake Fluid အဟောင်းနဲ့ အသစ်ကို မလိုအပ်ဘဲ ရောမသုံးသင့်ပါ။
- ဖွင့်ထားတဲ့ Brake Fluid ဘူးကို ကြာရှည်သိမ်းမထားသင့်ပါ၊ အစိုဓာတ်စုပ်ယူနိုင်ပါတယ်။
အသက်အန္တရာယ်ကို ကာကွယ်ပေးတဲ့ Brake System အတွက် Brake Fluid ကို အချိန်မှန် စစ်ဆေးပြီး လဲလှယ်ပေးတာက ကုန်ကျစရိတ်နည်းနည်းနဲ့ လုံခြုံမှုအများကြီး ရရှိစေတဲ့ ပြုပြင်ထိန်းသိမ်းမှု ဖြစ်ပါတယ်။
"Engine Oil ကို လဲသလို Brake Fluid ကိုလည်း မမေ့ပါနဲ့။ Brake ကောင်းမှ ခရီးလမ်းတိုင်း လုံခြုံမှာ ဖြစ်ပါတယ်။"
✍️ AutoMechanicBook Admin
စာဖတ်သူများကျန်းမာချမ်းသာဘေးကင်းကွာကြပါစေခင်ဗျာ🙏🙏🙏

ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️19000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားWiring&ECUစာအုပ်ကြီး
♦️20000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️18000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️19000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

02/08/2026

#ခုခေတ်က ဂရမ်တွေ ကီလိုတွေနဲ့ပြောရောင်းနေကြတော့ သိထားရအောင်ပါ။

kg နဲ့ ပိဿာ တွက်ချက်ပုံလေးပါ
ဥပမာ ကြက်သား 1 ပိဿာ ဝယ်ခဲ့ပါလို့--> မှာလိုက်ရင်ကိုယ်က kg နဲ့ ချိန်ရောင်းတဲ့ city mart တွေမှာဝယ်ဖြစ်မယ်ဆိုရင်ပေါ့

1 ပိဿာ လိုချင်ရင် kg နဲ့ ဆိုရင် 1.6 kg ပြည့်အောင် ဝယ် ရပါမယ်
g နဲ့ဆိုရင် 1600 g ဝယ် ရပါမယ်

50 ကျပ်သား လိုချင်ရင် 800 g ဝယ် ရပါမယ်

25 ကျပ်သား လိုချင်ရင် 400 g ဝယ်ရပါမယ်

10 ကျပ်သား လိုချင်ရင် 160 g ဝယ်ရပါမယ်

20 ကျပ်သား လိုချင်ရင် 320 g ဝယ်ရပါမယ်

30 ကျပ်သား လိုချင်ရင် 480 g ဝယ်ရပါမယ်

40 ကျပ်သား လိုချင်ရင် 640 g ဝယ်ရပါမယ် ရှင့်😍😍

ဖြည့်စွက်

1 kg ဟာ 63 ကျပ်သား နဲ့ ညီမျှပါတယ်

ဆော့ဝဲလ်နှင့်တွက်ချက်ရန် - https://clk.bz/AjdeH

02/08/2026
02/08/2026

EU အဖွဲ့ဝင် စပိန်နိုင်ငံပိုင် ဖြစ်တဲ့ Ceuta သို့ ရက်ပိုင်းအတွင်း ၆ သောင်း ဝင်ချလာခြင်း။ စပိန်နိုင်ငံထဲမှာ ရောက်ရှိနေတဲ့ စာရွက်စာတမ်းမဲ့တွကို စပိန်နိုင်ငံက နေထိုင်ခွင့်ပေးမယ်ဆိုတဲ့ သတင်းခေါင်းစဉ်တွေ ရောကုန်ပြီး၊ Morrocan တွေ ကြားသိသွားတဲ့အခါ သူတို့ကိုလည်း နေထိုင်ခွင့် ပေးမယ်ထင်ပြီး ရေကူး၊ တံတိုင်းတက် ဝင်ရောက်လာကြတာပါ။ နေထိုင်ခွင့်ပေးတာ အခု ရောက်လာသူတွေကို ပြောနေတာ မဟုတ်တာကို သူတို့ မသိကြတာပါ။

အီတလီဝန်ကြီးချုပ်ကလည်း စပိန်ကို သေချာ ကိုင်တွယ်ရင် ကိုင်တွယ်၊ မကိုင်တွယ်ရင် ရှင်ဂန်ဇုန်ကနေ ထုတ်မယ်လို့ အသိပေးပါတော့တယ်။ လက်ရှိမှာတော့ အီတလီနိုင်ငံမှ စပိန်နိုင်ငံအကြား လွတ်လပ်စွာ ကူးသန်းသွားလာမှုကို ရပ်ဆိုင်းထားပါတယ်။

လောကကြီးက ဇွန်ဘီ ရုပ်ရှင်ကားကြည့်နေရသလိုမျိုး ဖြစ်မနေဘူးလား။ ဒီမှာက တကယ့်ဖြစ်ပျက်နေတာ၊ ရုပ်ရှင် ရိုက်နေတာ မဟုတ်ဘူး။ လူတွေ လူတွေ ၊ ရေကူးရင် အသက်ဆုံးရှုံးသွားသူက ၅၇ ယောက် ရှိသေးတယ်။

ဒီလို ဖြစ်ပျက်နေကြတဲ့အချိန်မှာ တချို့တွေ ဒီအခွင့်အရေးတွေ ရရှိခဲ့ကြတယ်။ ကျေးဇူးကန်း စကားတွေ မပြောကြဘဲ၊ ရရှိနေတဲ့ အခွင့်အရေးကို ကြိုးစားကြဖို့ မှာချင်ပါတယ်။ သင်တို့ ရရှိခဲ့တဲ့ EU အခွင့်အရေးကို လက်ရှိ လူ ၆ သောင်း ရရှိနိုင်ဖို့ရန်၊ အသက်စွန့် ရေကူးလာခဲ့ကြတယ်ဆိုတာ လက်တွေ့ပေါ့။

သူများတွေ တံတိုင်းတက်၊ ရေကူးနေကြချိန် တချို့တွေ Finnair ကြီး ၁၂ နာရီ ငြိမ့်ငြိမ့်ကြီးစီးလို့ ဖင်လန်၊ EU မှာ နေထိုင်ခွင့်များ ရခဲ့ကြတယ်။ သိန်း ၆၀၀၀ ပညာရေးကို အခမဲ့ ရရှိခဲ့ကြတယ်။ နေ့လယ်စာ ညနေစာ မနက်စာ အခမဲ့ ကျွေးလို့ ၊ အဆောင် အခမဲ့ကလည်း ရခဲ့ကြသေးတယ်။ ဆရာ မင်း‌သောင်းပြောတဲ့ ဟိုဟာ အခမဲ့၊ ဒီဟာ အခမဲ့တွေပေါ့။

အခုတော့ အဲဒီ ဟိုဟာ အခမဲ့၊ ဒီဟာ အခမဲ့ တွေလည်း မရကြတော့ဘူးဟုတ်။ ကျမ ကျောင်းတက်နေရတဲ့ မြို့မှာ ဘတ်စကားမရှိလို့ ကွစိကွစိ ဆိုပေမဲ့၊ အခု အဲဒီ ဘတ်စကား မရှိတဲ့ ကျောင်းတော်ကြီးကို တက်ရောက်နိုင်ဖို့တောင် သင်ကြားခ ငွေကြေး မနိုင်ကြတော့ဘူးဟုတ်။

အခမဲ့ မရတော့လည်း ကျပ်သိန်း ၇၅၀/နှစ်စဉ် ၀၁.၀၈.၂၀၂၆ မှ စလို့ ကုန်ကြပြီပေါ့ဗျာ။ ဒါပေမဲ့ ရေမကူးရဘဲ၊ Finnair ကြီးစီး ဝင်လို့ ရနေသေးတာပဲ ကျေးဇူးတင်ကြရမှာ။ ရေကူးလာကြတဲ့ အုပ်စုကိုလည်း နေရပ် ပြန်ပို့နေပါပြီ၊ ဘယ်လိုလုပ်‌ နေထိုင်ခွင့် ပေးမှာလဲ။ ပေးလိုက်ရင် ထပ်ဝင်လာမယ်ဆိုတာ သိနေတာမို့။

ကျနော်တို့ အတွက်တော့ ကံကောင်းခဲ့ ကြသူတွေ ရှိခဲ့သလို၊ ကံ‌တော့ ဆက်လက် ကောင်းနေပါသေးတယ်။

FFMM

Want your business to be the top-listed Beauty Salon in Magway?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Aung Mingalar
Magway

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00