Perfect Beauty By Chaw Su
Perfect Brand Products
15/01/2026
အရိုးကျိုးသွားရင် တစ်ခဏပဲ ခံစားရမှာ၊ နောင်တရသွားရင်တော့ တစ်ဘဝလုံးပဲ။
နောင်တဆိုတာ "သွေးမထွက်ပေမဲ့ ဘယ်တော့မှ အနာမကျက်တဲ့ ဒဏ်ရာတစ်ခုလိုပဲ" သင်က အတိတ်က အမှားတွေကို ပြန်တွေးပြီး ပူဆွေးနေလား၊ ဒါမှမဟုတ် မဖြစ်လာသေးတဲ့ အနာဂတ်အတွက် ကြိုပူပြီး ကြောက်ရွံ့နေလား။
အနာဂတ်ကို ကြိုတွေးပြီး ကြောက်ရတာနဲ့၊ အရင်ကမှားခဲ့သလို မှားမှာကို ပြန်တွေးပြီးကြောက်ရတာနဲ့" သင့်ရဲ့ တန်ဖိုးရှိတဲ့ လက်ရှိအချိန်တွေကို ဖျက်စီးပစ်နေတာ သင်ကိုယ်တိုင်ပါပဲ။ ဒီလို "ကြောက်စိတ်တွေနဲ့ ကိုယ့်ဘာသာ ချောင်ပိတ်ပြီး လုပ်ချင်တာတွေ မလုပ်ဘဲနေ နေမယ်ဆိုရင် နောက်ဆုံးကျန်ခဲ့မယ့်အရာက နောင်တပါပဲ။
"လူတစ်ယောက်က တစ်ရက်ကို အချိန် ၂၄ နာရီပဲရတယ်၊ ဘယ်သူ့ကိုမှ အချိန်ပိုပေးရလည်း မရှိသလို လျှော့တာမျိုးလည်း မရှိဘူး" ဒါကြောင့် "အချိန်လွန်မှ နောင်တမရချင်ရင် အခုလက်ရှိအချိန်မှာ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာရှိရင် ကြောက်မနေဘဲ ရဲရဲလုပ်"၊ ဘာလို့လဲဆိုတော့ "မလုပ်လိုက်ရရင်လည်း ဆုံးရှုံးစရာတော့ မရှိပေမဲ့ ပြန်ရမှာကတော့ နောင်တပဲ" ဖြစ်နေလို့ပါပဲ။
နောင်တဆိုတာမျိုးက နောင်မှရတတ်တာဖြစ်လို့နောင်တမရချင်ရင် ဒီအချက်တွေရှိနေဖို့လိုတယ်။
(၁) ပထမဆုံးအချက်က "ကြောက်မနေဘဲ ရဲရဲလုပ်" ဖို့ပဲ။ တစ်ခုခုလုပ်ချင်ရင် "ငါ လုပ်နိုင်ပါ့မလား"၊ "မှားသွားရင် ဒုက္ခပဲ" ဆိုတဲ့ အကြောက်တရားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ချောင်ပိတ်မထားနဲ့ ။
(၂) ဒုတိယအချက်က "ရှိနေတုန်း တန်ဖိုးထား" ဖို့ပဲ။ ဘာတွေပဲလုပ်နေပါစေ ကိုယ်ဆုံးရှုံးသွားမှ တမ်းတနေရင် အပိုပဲ။ ဒီအရာတွေကို "သာမန်ပါပဲလေ" ဆိုပြီး ပစ်ထားလိုက်ရင် နောက်တစ်ချိန်ကျရင် နောင်တနဲ့ပဲ အဆုံးသတ်လိမ့်မယ်။
#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်
Category
Telephone
Website
Address
68A Street 116*117st
Madaya
Alerts
Be the first to know and let us send you an email when Perfect Beauty By Chaw Su posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.