Ladies' Comfort

Ladies' Comfort

Share

Where Ladies enjoy

29/08/2026

Tampons ထဲကဘာတံဆိပ်တွေ Instock ရှိလဲ ???

Sofy normal flow
Sofy heavy flow

Ob normal flow
Ob heavy flow

#တန်ပွန်

Photos from Ladies' Comfort's post 29/08/2026

စာဖတ်ရမှာပျင်းရင် ပုံဘဲကြည့် 🩷

27/08/2026

‎🌸 ဓမ္မတာလာတိုင်း သွေးအရောင်က အနီရောင်တစ်မျိုးတည်းပဲ ဖြစ်ရမယ်လို့ ထင်နေသလား? 🩷

‎တစ်ခါတလေ ဓမ္မတာသွေးက အနီရောင်၊ အနီရင့်ရောင်၊ အညိုရောင်၊ ပန်းရောင် စသဖြင့် အရောင်အမျိုးမျိုး ပြောင်းလဲနေတာကို တွေ့ရနိုင်ပါတယ်။ 💗
‎အရောင်ပြောင်းတာတိုင်း စိုးရိမ်စရာဖြစ်နေပြီလို့တော့ မဆိုလိုပါဘူးနော်။ 🌷

‎🌺 အနီတောက်တောက်
‎ဓမ္မတာစပိုင်းမှာ တွေ့ရများပြီး သွေးအသစ်ဖြစ်နိုင်ပါတယ်။

‎🌹 အနီရင့်ရောင်
‎ဓမ္မတာရက်အတွင်း ပုံမှန်တွေ့ရနိုင်တဲ့ အရောင်တစ်မျိုးပါ။

‎🤎 အညိုရောင် / အမည်းရောင်နီးပါး
‎သွေးက သားအိမ်ထဲမှာ အချိန်အနည်းငယ်ကြာပြီးမှ ထွက်လာတာကြောင့် ဓမ္မတာအစပိုင်းနဲ့ အဆုံးပိုင်းမှာ တွေ့ရတတ်ပါတယ်။

‎🌸 ပန်းရောင်
‎ဓမ္မတာသွေးနည်းတဲ့အချိန်မှာ အခြားအရည်တွေနဲ့ ရောသွားတာကြောင့် အရောင်ဖျော့လာနိုင်ပါတယ်။

‎🩷 အရေးကြီးတာက သွေးအရောင်တစ်ခုတည်းနဲ့ ကျန်းမာရေးအခြေအနေကို မဆုံးဖြတ်နိုင်တာပါ။

‎ဒါပေမယ့် ပုံမှန်နဲ့မတူဘဲ သွေးဆင်းပမာဏ၊ ဓမ္မတာကြာချိန် ဒါမှမဟုတ် နာကျင်မှုတွေ သိသိသာသာပြောင်းလဲလာရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာ ပိုကောင်းပါတယ်။ 🌷

‎💗 ကိုယ့်ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုလေးတွေကို သတိထားနားထောင်ပေးပါ။
‎ဓမ္မတာအကြောင်း သိထားလေလေ ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်နိုင်လေလေပါပဲ။ 🩷🌸

‎ #ဓမ္မတာ #အမျိုးသမီးကျန်းမာရေး #ကျန်းမာရေးအသိပညာ

24/08/2026

‎🩷 “ဓမ္မတာက ဒီနေ့လာရမှာ… အခုထိမလာသေးဘူး! ဘာဖြစ်တာလဲ?” 😟

‎တစ်ရက်၊ နှစ်ရက်နောက်ကျတာနဲ့ စိတ်မပူပါနဲ့နော်။
‎ဓမ္မတာနောက်ကျတာက ကိုယ်ခန္ဓာထဲမှာ တစ်ခုခု ပြောင်းလဲနေပြီဆိုတဲ့ အချက်ပြမှု ဖြစ်နိုင်ပါတယ်။

‎အထူးသဖြင့် ဒီလိုအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။
‎😴 အိပ်ရေးပျက်တာ
‎😣 စိတ်ဖိစီးမှုများတာ
‎⚖️ ကိုယ်အလေးချိန် ရုတ်တရက်တက်/ကျတာ
‎🏃‍♀️ လေ့ကျင့်ခန်းအလွန်အကျွံလုပ်တာ
‎🩺 PCOS လို ဟော်မုန်းမညီမျှမှုတွေ
‎💊 ဆေးအချို့သောက်နေရတာတွေကြောင့်လည်း ဓမ္မတာနောက်ကျနိုင်ပါတယ်။

‎အထူးသဖြင့် ဓမ္မတာက မကြာခဏနောက်ကျတာ၊ လပေါင်းများစွာ မလာတာ၊ ဒါမှမဟုတ် ဗိုက်နာတာလို လက္ခဏာတွေပါ တွဲလာတယ်ဆိုရင်တော့ ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။

‎🌷 ဓမ္မတာရက်ကို ပြက္ခဒိန်မှာ မှတ်ထားပြီး ကိုယ့်ရဲ့ ပုံမှန်စက်ဝန်းနဲ့ မတူတော့တဲ့အခါ သတိထားပေးပါနော်။

‎“ဒီလလည်း နောက်ကျပြန်ပြီ…” ဆိုတာတစ်လလောက်က ပြဿနာမဟုတ်ပေမယ့် ကြာလာရင်တော့ ဆရာဝန်နဲ့ဆွေးနွေးဖို့လို့ပြီနော်🩷


22/08/2026

🌸✨ အရွယ်ရောက်ပြီးတဲ့ မိန်းမပျိုများအတွက် ရာသီသွေးဆင်းခြင်းက ဓမ္မတာပါပဲ…🩸 ဒီနေ့တော့ ရာသီသွေးဆင်းချိန်မှာ အသုံးပြုရတဲ့ ပစ္စည်းအမျိုးအစားတွေ အကြောင်း“ဘာတွေ ကွာခြားလဲ?” “ဘယ်ဟာက ကိုယ်နဲ့ ပိုကိုက်ညီမလဲ?” ဆိုတာ ဝေခွဲမရမဖြစ်စေဖို့ အားနည်းချက်အားသာချက်တွေနှင့်တကွပြောပြပေးလိုက်ပါတယ် 🙋‍♀️

1️⃣ Pad ကတော့ ပျိုပျိုမေတို့ အားလုံးနဲ့ ရင်းနှီးပြီးသား ပစ္စည်းတစ်ခုဖြစ်ပါတယ်… ခန္ဓာကိုယ်ရဲ့ ပြင်ပမှာ အသုံးပြုရတာဖြစ်လို့ သုံးရတာလွယ်ကူပြီး အန္တရာယ်လဲ ကင်းပါတယ်… ဒါကြောင့်လဲ မွေးလမ်းကြောင်းထဲကို ပစ္စည်းမထည့်ချင်သူတွေနဲ့ ရာသီ စလာခါစ မီးငယ်တို့ အသုံးပြုဖို့ အသင့်တော်ဆုံးပါပဲ… ဒါပေမယ့် Pad သုံးထားတဲ့ ပျိုပျိုမေတို့အနေနဲ့ ရေကူးတာနှင့် အခြား အားကစားလုပ်ဖို့တော့ မဖြစ်နိုင်ပါဘူး… ပူအိုက်ပြီး အရေပြားပွန်းတာ၊ အနံ့ထွက်တာမျိုးတွေလဲ ၄ နာရီခြား တစ်ခုလဲလှယ်ပေးရလို့ ရေရှည်မှာ ငွေကုန်ကြေးကျလဲ ပိုများပါတယ်…

2️⃣ Tampon ကတော့ မွေးလမ်းကြောင်းထဲ ထည့်သွင်းရတဲ့ အလွန်သေးငယ်တဲ့ ဂွမ်းတောင့်လေးဖြစ်ပါတယ်… ဝတ်ဆင်ထားမှန်း မသိသာအောင် ပေါ့ပါးပြီး ရေကူးနှင့် အခြားအားကစားတွေပါ လုပ်နိုင်ပါတယ်… ဒါ့ကြောင့် ပေါ့ပေါ့ပါးပါး လှုပ်ရှားသွားလာလိုသူများအတွက် သင့်တော်ပါတယ်… စစဦး အသုံးပြုသူတွေအတွက် ထည့်သွင်းပုံကို လေ့ကျင့်ဖို့လိုအပ်ပါတယ်.. ဒါအပြင် ၆ နာရီ နီးပါးသာအသုံးပြုနိုင်ပြီး အသစ်တစ်ခုမလဲပေးရင် ဘက်တီးရီးယားပိုးဝင်နိုင်လို့ ညအိပ်ချိန်မှာလဲ အသုံးပြုလို့မရနိုင်ပါ..

လစဉ်သုံးပစ္စည်းရွေးချယ်ဝယ်ယူခြင်းနှင့် ပတ်သတ်ပြီး ပျိုပျိုမေတို့အသေးစိတ်သိလိုသမျှကို Ladies' Comfort မှာ လာရောက်မေးမြန်းစုံစမ်းဆွေးနွေးနိုင်ပါတယ်နော်… 💕

ပျိုပျိုမေတို့ ထပ်ပြီးသိထားသင့်တဲ့ ခေတ်ပေါ်လစဉ်သုံးပစ္စည်း နောက်ထပ် နှစ်မျိုးဖြစ်တဲ့ Menstrual Cups နဲ့ Menstrual Disc အကြောင်းကိုလဲ ထပ်ပြီး ရှင်းပြပေးမှာမို့လို့ Ladies' Comfort Page ကို Like & Follow လေး လုပ်ပေးထားပါဦးနော်…

20/08/2026

‎🩷 “ရာသီလာတိုင်း နာတာပဲ… ဘာမှမဖြစ်ဘူး” လို့ မတွေးလိုက်ပါနဲ့!

‎ အများအားဖြင့် ရာသီလာတဲ့အချိန်မှာ ဗိုက်အောင့်တာ၊ ခါးနာတာ၊ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်တတ်ပါတယ်။

‎ဒါပေမယ့် ဘာကြောင့် ဗိုက်အောင့်ရတာလဲ? 🤔

‎ရာသီလာချိန်မှာ သားအိမ်အတွင်းက သွေးနဲ့တစ်ရှူးတွေကို ခန္ဓာကိုယ်အပြင်ထုတ်ပေးဖို့ သားအိမ်ကြွက်သားတွေ ကျုံ့သွားပါတယ်။ ဒီလိုကျုံ့စေတဲ့ Prostaglandin ဆိုတဲ့ ဓာတ်ပစ္စည်းတွေ များလာတဲ့အခါ ဗိုက်အောင့်နာခြင်းကို ဖြစ်စေနိုင်ပါတယ်။

‎အနည်းငယ်နာတာက ပုံမှန်ဖြစ်နိုင်ပေမယ့် နာကျင်မှုကြောင့် အလုပ်တောင်မလုပ်နိုင်တော့ဘူးဆိုရင်တော့ “ပုံမှန်ပဲ” လို့ မသတ်မှတ်သင့်ပါဘူး။ 🚨

‎အထူးသဖြင့်—

‎🩷 ဗိုက်အောင့်နာတာ အရမ်းပြင်းပြီး နေ့စဉ်လုပ်ငန်းတွေ ထိခိုက်လာတယ်
‎🩷 အကိုက်အခဲပျောက်ဆေးသောက်တာတောင် မသက်သာဘူး
‎🩷 ရာသီသွေး အရမ်းများတယ်
‎🩷 လတိုင်း ရာသီနာကျင်မှုက ပိုပိုဆိုးလာတယ်
‎🩷 ရာသီမလာတဲ့အချိန်မှာပါ အောက်ဗိုက်နာနေတယ်

‎ဆိုရင်တော့ “ရာသီလာလို့ပါ” ဆိုပြီး မပေါ့ဆသင့်ပါဘူးနော်🩷

‎ဒီလိုလက္ခဏာတွေဟာ Endometriosis, Uterine Fibroids စတဲ့ အမျိုးသမီးကျန်းမာရေးပြဿနာတွေနဲ့လည်း ဆက်စပ်နိုင်တာကြောင့် ဆရာဝန်နဲ့ စောစောတိုင်ပင်စစ်ဆေးသင့်ပါတယ်။ 🩺

‎ရာသီလာတာက သဘာဝဖြစ်စဉ်တစ်ခုပါ။
‎ဒါပေမယ့် လတိုင်း ခံနိုင်ရုံနဲ့ သည်းခံနေဖို့ မလိုပါဘူး။ 💗

‎ကိုယ့်ခန္ဓာကိုယ်က ပေးနေတဲ့ Signal ကို နားထောင်ပေးလိုက်ပါနော်။ 🩷



28/07/2026

Tampax Tampon (with applicator)

Quality ကောင်း စျေးတန်တာလေးဆိုဒါရမယ်နော်
Singapore local use မလို့ စိတ်ချသုံးပါနော်
စျေးချထားတဲ့ချိန်မှာဘဲ ဒီစျေးလေးနဲ့ရမှာပါနော်
Preorder, half prepaid
35000 Ks (half prepaid - 15000)
စျေးချထားချိန်လေးမှီအောင် preorder မြန်မြန်လာတင်လိုက်တော့နော်
🇸🇬

19/07/2026

Tampax tampons လေးသုံးချင်တဲ့သူများ ရှိကြမလားနော်
ဒါလေးက applicator ပါပါတယ်
ဈေးက 30000 ဝန်းကျင်သွားပါမယ်
သုံးချင်တယ်ဆို preorder ရပါမယ်ရှင်

27/06/2026

Sofy Cooling Fresh Yuzu ပါတာလေးထပ်ရောက်ထားပါတယ်နော်

06/06/2026

🩷HeartFELT Menstrual cup🩷

ဒါလေးကလေ menstrual cup ဝယ်တာနဲ့ပိုးသတ်ခွက်လေးပါ ပါပြီးသားပါရှင်
Quality အရမ်းကောင်းတာလေးနော်






#အိမ်ရောက်ငွေချေရ

Want your business to be the top-listed Beauty Salon in Lashio?
Click here to claim your Sponsored Listing.

Website

Address


Lashio