Dr. Khin Sandar Ko
What makes me happy? Achieving perfect symmetry and balance—in my work and in life. Also, discovering a new skincare ingredient that actually works!
Obsessed with helping you age gracefully.
22/08/2026
ကိုယ့်စိတ်ကိုလည်း Skincare လုပ်ပေးပါ 🤍
အသားအရေကို-
နေ့တိုင်းသန့်စင်ပေးတယ်၊
moisturizer လိမ်းတယ်၊
sunscreen လိမ်းတယ်…
ဒါပေမယ့် ကိုယ့်စိတ်ကိုရော …
ဘယ်လောက်ဂရုစိုက်ဖြစ်လဲ?
တစ်ခါတလေမှာ-
အိပ်ရေးမဝတာ၊
အလုပ်တွေများတာ၊
အမြဲတမ်း “အဆင်ပြေရမယ်” လို့ ကိုယ့်ကိုယ်ကို ဖိအားပေးနေတာတွေက
ခန္ဓာကိုယ်နဲ့ အသားအရေပေါ်မှာပါ သက်ရောက်နိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ daily routine ထဲမှာ—
🤍 Rest — အနားယူဖို့အချိန်ပေးပါ
🤍 Disconnect — ဖုန်းနဲ့ social media ကနေ ခဏခွာပါ
🤍 Move — ကိုယ်လက်လှုပ်ရှားပါ
🤍 Connect — ကိုယ်ချစ်တဲ့သူတွေနဲ့ စကားပြောပါ
🤍 Be kind to yourself — ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့
Healthy skin starts with a healthy lifestyle.
And a healthy lifestyle includes a healthy mind.
လှပဖို့ဆိုတာ အသားအရေတစ်ခုတည်းကို ပြုပြင်တာမဟုတ်ပါဘူး။
ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်စိတ်နဲ့ ကိုယ့်ဘဝတစ်ခုလုံးကို ဂရုစိုက်ပေးတာပါ။ 🤍
That’s one of my favorites
20/08/2026
(🩷အသက်အရွယ်အလိုက် ကိုယ့်အသားအရေရဲ့
လိုအပ်ချက်ကို သိဖို့ပါ)
အသက်ကြီးလာတာနဲ့အမျှ Skin ရဲ့လိုအပ်ချက်တွေ
ပြောင်းလာပါတယ်။
ဒါကြောင့် အသက်အလိုက် ဘာကို Should Do,
Must Do, Good to Do လဲ သိထားရင် ပိုပြီး
ထိရောက်စေတာပဲဖြစ်ပါတယ်။
✨ 20s — Protect & Prevent
♥️Should Do: Sunscreen + Basic Skincare
💛Must Do: Skin Barrier ကိုထိန်းသိမ်းပါ
🩵Good to Do: Early prevention treatments, if needed
✨ 30s — Preserve & Stimulate
♥️Should Do: Sunscreen + Antioxidants + Retinoid
💛Must Do: Collagen loss ကိုစပြီးဂရုစိုက်ပါ
🩵Good to Do: Skin boosters / collagen-stimulating treatments
✨ 40s — Restore & Regenerate
♥️Should Do: Skin Quality + Hydration ကိုအာရုံစိုက်ပါ
💛Must Do: Collagen & Elasticity ကို support ပေးပါ
🩵Good to Do: Biostimulators / regenerative treatments + energy-based treatments
✨ 50s+ — Support & Maintain
♥️Should Do: Skin barrier + Hydration + Sun protection
💛Must Do: Skin quality နဲ့ facial structure ကို ထိန်းသိမ်းပေးပါ
🩵Good to Do: Personalized combination treatments တွေယူနိုင်ရင် ပိုကောင်းပါတယ်ရှင်
📝 Dr. Khin’s Note
အသက်ကို ရပ်တန့်လို့မရပေမယ့်
အသက်အရွယ်တိုင်းမှာ ကိုယ့်အသားအရေရဲ့ အကောင်းဆုံး version ကို ထိန်းသိမ်းလို့ရပါတယ်။ 🤍
20/08/2026
Small steps.
Healthy mind.
Healthy body.
Better you. ✨
Happy Thursday 🤍 and Be Good to yourself!
19/08/2026
🌙 Wednesday Myth Busters
MYTH ❌
“Skincare ကောင်းကောင်းသုံးရင်
အိပ်ရေးပျက်တာကို compensate လုပ်လို့ရတယ်”
FACT ✅
Skincare ကောင်းကောင်းသုံးတာက အသားအရေ
ကျန်းမာဖို့ အရေးကြီးပါတယ်။
ဒါပေမယ့် Skincareက အိပ်စက်ခြင်းကို အစားပြန်ထိုး
လို့မရပါဘူး။
အိပ်နေချိန်မှာ ခန္ဓာကိုယ်နဲ့ အသားအရေက
✨ Repair & Recovery
✨ Skin barrier maintenance
✨ Overall cellular restoration တို့အတွက်
အရေးကြီးတဲ့လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးနေပါတယ်။
ဒါကြောင့်…
အိပ်ရေးဝဝတစ်ညကလည်း သင့်အသားအရေ
အတွက် အရေးကြီးပါတယ်။ 🤍
🌙 Skin Longevity starts with your lifestyle — not just your skincare shelf.
19/08/2026
🤗 မနက်ခင်းရဲ့ အတွေးလေးတစ်ခု…😇
တာဝန်ဆိုတာ “မမှားဖို့” တစ်ခုတည်း မဟုတ်ပါဘူး။
မှားတာကို မလုပ်မိဖို့ ၊မလုပ်သင့်တာကို ရှောင်ဖို့က အရေးကြီးပါတယ်။
ဒါပေမယ့်…
လုပ်သင့်တာကို မလုပ်ခြင်း၊
ပြောသင့်တာကို မပြောခြင်း၊
တာဝန်ယူသင့်တဲ့နေရာမှာ တာဝန်မယူခြင်း
တွေကလည်း အမြဲတမ်း “အပြစ်မရှိဘူး” လို့ ပြောလို့ရတာ မဟုတ်ပါဘူး။
တစ်ခါတလေ
ကိုယ်လုပ်လိုက်တဲ့အရာထက်
ကိုယ်လုပ်နိုင်ပါလျက် မလုပ်ခဲ့တဲ့အရာ က ပိုပြီး အဓိပ္ပါယ်ရှိနေတတ်ပါတယ်။
Aristotle ရဲ့ အတွေးအခေါ်တစ်ခုမှာ
“လုပ်နိုင်တဲ့အရာကို လုပ်ဖို့ တာဝန်ရှိသလို၊ မလုပ်ခြင်းကိုလည်း ရွေးချယ်မှုတစ်ခုအနေနဲ့ တာဝန်ရှိနိုင်တယ်” ဆိုတဲ့သဘောကို တွေ့ရပါတယ်။
ဒါကြောင့် ဘဝမှာ—
မမှားဖို့ပဲ မကြိုးစားပါနဲ့။
မှန်တာကို လုပ်ဖို့၊
ပြောသင့်တာကို ပြောဖို့၊
တာဝန်ယူသင့်တဲ့နေရာမှာ တာဝန်ယူဖို့
လည်း ကိုယ့်ကိုယ်ကို တာဝန်ပေးပါ။
ဘာလို့လဲဆိုတော့…
Silence can be a choice.
Inaction can be a choice.
And sometimes, not doing the right thing is also a choice.
ကိုယ့်ဘဝမှာ
“မလုပ်ခဲ့တာတွေ” ကိုပါ
တစ်နေ့ ပြန်ကြည့်နိုင်အောင်
ကိုယ်လုပ်သင့်တာကို ဒီနေ့ကတည်းက လုပ်ထားကြရအောင်။ 🤍
18/08/2026
အခုခေတ်မှာ လူတွေက
❌ Overfilled
❌ Overdone
❌ စတဲ့ သိသာလွန်းတဲ့ Result တွေထက်
🤍 Fresh
🤍 Natural
🤍 Healthy-looking
ဖြစ်တာကို ပိုလိုချင်လာကြပါတယ်။
Aesthetic Treatment လုပ်ထားပေမယ့်
“ဘာလုပ်ထားတာလဲ?” မသိရဘဲ
“ဒီနေ့ ဘာလို့ ပိုလှနေတာလဲ?”
လို့ မေးခံရတာက ပိုလှပတဲ့ Result တစ်ခုပါ။
အလှအပဆိုတာ ကိုယ့်ရဲ့ပုံစံကို ပြောင်းလဲပစ်ဖို့
မဟုတ်ပါဘူး။
ကိုယ့်ရဲ့ Natural Beauty ကို ပိုကောင်းလာအောင်ပဲ
Highlight လုပ်ပေးဖို့ပါ။
🤍 Be Natural, Refreshed & Still You.
18/08/2026
🖊️ 🗒️ Dr. Khin’s Aesthetic Note
အခုခေတ် Aesthetic Medicine က
“အသက်ငယ်အောင် ဘယ်လိုလုပ်မလဲ?” ဆိုတာထက်
“အသက်ကြီးလာတဲ့အခါမှာတောင်
ဘယ်လိုကျန်းမာပြီး လှပအောင်နေမလဲ?”
ဆိုတဲ့ဘက်ကို တဖြည်းဖြည်း ပြောင်းလာပါတယ်။
ဒါကြောင့် အခု Aesthetic Clinics တွေမှာ—
✨ Skin Longevity
✨ Regenerative Aesthetics
✨ Natural Beauty
✨ Healthy Aging
ဆိုတဲ့ concept တွေကို ပိုအာရုံစိုက်လာကြပါတယ်။
အရေးအကြောင်းတစ်ကြောင်းကို
ပျောက်အောင်လုပ်တာထက်
အသားအရေရဲ့ Quality ကို
ရေရှည်ကောင်းမွန်နေအောင် ထိန်းသိမ်းခြင်း
မျက်နှာပုံစံကို ပြောင်းလဲပစ်တာထက်
ကိုယ့်ရဲ့ Natural Beauty ကို ပိုကောင်းလာအောင် Support ပေးခြင်း
ဒါက ကျမအမြင်မှာ
Modern Aesthetic Medicine ရဲ့ အလှဆုံး direction တစ်ခုပါ။ 🤍
အလှအပဆိုတာ အသက်ကို အကြီးစားကုသမှုတွေ
လုပ်ယူပြီး နောက်ပြန်ဆုတ်တာ မဟုတ်ပါဘူး❌
“ ကိုယ့်အသက်အရွယ်နဲ့ ကိုယ် “ရှိသင့်တဲ့
အကောင်းဆုံး version ကို ထိန်းသိမ်းသွားတာပါ။
— Dr. Khin
18/08/2026
နေ့တိုင်းကြည့်နေတဲ့ Content တွေ၊
နားထောင်နေတဲ့စကားတွေ၊
အတူရှိနေတဲ့လူတွေရဲ့ Energy တွေက
ကိုယ့်ရဲ့အတွေးအခေါ်နဲ့ စိတ်ခံစားချက်တွေကို တဖြည်းဖြည်း သက်ရောက်စေနိုင်ပါတယ်။
ခန္ဓာကိုယ်အတွက် Healthy Food ရွေးသလို
စိတ်အတွက်လည်း Healthy Content ကို ရွေးဖို့လိုပါတယ်။ 🌿
နေ့တိုင်း Negative News တွေ၊
ကိုယ့်ကိုယ်ကို မယုံကြည်စေတဲ့ Content တွေ၊
စိတ်ပင်ပန်းစေတဲ့ Conversation တွေထဲမှာပဲ
အချိန်ကုန်နေမယ်ဆိုရင်
ကိုယ့်စိတ်ကလည်း တဖြည်းဖြည်း အဲ့ဒီအတိုင်း လိုက်လာတတ်ပါတယ်။
ဒါကြောင့် ဒီနေ့ကစပြီး
ကိုယ့်ရဲ့ “Mental Diet” ကိုလည်း ဂရုစိုက်ကြည့်ပါ။
ကိုယ့်ကို ပိုကောင်းလာစေတဲ့အရာတွေကို ရွေးပါ။
ကိုယ့်ကို တိုးတက်စေတဲ့လူတွေနဲ့ နေပါ။
ကိုယ့်စိတ်ကို ငြိမ်းချမ်းစေတဲ့ Content တွေကို ကြည့်ပါ။ 🤍
— Dr. Khin
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Dagon