Life Explorer by KHUN
I'm trying to be healthy and happy and I'm looking for my dream✨
29/07/2026
ဂျပန်နိုင်ငံရဲ့ အလှဆုံး တောင်တန်းတွေထဲမှ တစ်ခုဖြစ်တဲ့ တောင်ပိုင်းတောင်တန်းတွေရဲ့ ဘုရင်မတောင်လို့ တင်စားခေါ်ကြတဲ့ Mt.Senjogatake 仙丈ヶ岳 တောင်ကို မိတ်ဆက်ပေးပါရစေ🥾🏔️✨
Mt. Senjōgatake (仙丈ヶ岳) 🥾🏔️🇯🇵 တောင်သည် Yamanashi နဲ့ Nagano နယ်စပ်ရှိ Minami Alps တောင်တန်းထဲက အလှဆုံးတောင်တွေထဲက တစ်လုံးဖြစ်ပြီး အမြင့် 3,033 m ရှိပါတယ်။
"South Alps ရဲ့ Queen (南アルプスの女王)"
တောင်ပိုင်းတောင်တန်းတွေရဲ့ ဘုရင်မတောင် လို့ လူသိများပြီး တောင်ပုံစံက အရမ်းလှပသလို တောင်ထိပ်ကနေ Mt. Fuji၊ Kita-dake၊ Kaikoma-dake နဲ့ South Alps တောင်တန်းတွေကို 360° မြင်တွေ့နိုင်ပါတယ်။
🚆 Tokyo ကနေ ဘယ်လိုသွားမလဲ?
(နေ့ချင်းပြန် အကြံမပြု)
ကိုယ်ပိုင်ကားနဲ့ဆိုရင် အဆင်ပြေပါတယ်
1️⃣ Shinjuku Station 🚆 > Chino Station 🚉 ( Limited Express / 💴 5760 / 2:10 မိနစ်ကြာ )
or
( JC Chuo Line / 💴 3520 / 4 နာရီကျော်ကြာ )
Chino Station 🚉 > 戸台パーク( バス )
West Exit ကနေထွက်ပြီး ရဲစခန်းရှေ့က မှတ်တိုင်မှာစီး
( 🚌 ဖြင့် / 💴 1800 / 1:06 မိနစ်ကြာ )
⚠️ Bus 1 ရက် 1 စီးဘဲ ရှိတယ် / Bus ချိန် မနက် 10:40 တစ်စီးဘဲ ရှိပါတယ်
Bus ပြေးဆွဲတဲ့ရာသီ - 7/17 ~ 10/12
Bus ပြေးဆွဲတဲ့ရက် - သောကြာ/စနေ/တနင်္ဂနွေ
⁉️မှတ်ချက် - နေ့တိုင်းပြေးဆွဲတဲ့ရက်
Obon ကာလ - 7/31 ~ 8/16
Silver Week - 9/18 ~ 9/27
⚠️ 戸台パーク( バス ) ကနေ Chino Station 🚉 ကို ပြန်တဲ့ Bus ညနေ 16:00 တစ်စီးဘဲ ရှိပါတယ်
2️⃣ 🚌 Bus ဖြင့် ( နေ့တိုင်းနီးပါးပြေးဆွဲတယ် )
Shinjuku Busta > Ina Bus Terminal > 高遠駅 ( バス ) > 戸台パーク( バス )
( Bus တွေ သုံးဆင့် ပြောင်းစီးရ / 💴 5400 / ⏱️ 5 နာရီကြာ )
戸台パーク( バス ) နေရာဆိုတာက
တောင်လာတက်တဲ့သူတွေ / ကားပါကင်အကျယ်ကြီး ရှိတဲ့နေရာပါ
အရမ်းကြီးတဲ့ တည်းခိုဆောင်တွေလည်း ရှိပါတယ်
အဲနေရာကနေမှ တောင်ပေါ်ကို ပြေးဆွဲတဲ့ Bus 🚎 ကို အကုန် မဖြစ်မနေ စပြီး စီးရတဲ့နေရာပါ
戸台パーク(バス) > 北沢峠 ထိကို တောင်ပေါ်တက်တဲ့ Bus 🚎 ဖြင့် ⏱️ 50 မိနစ်ကြာ 💴 2750 ယန်း ( အသွားအပြန် )
😵💫 ကားမူးတက်ပါတယ်
Bus ထွက်ခွါချိန်များ
🚌 行き:戸台パーク ⇒ 北沢峠(上り)
5:45 / 6:30 / 8:05 / 10:05 / 12:10 / 14:20
တောင်လာတက်တဲ့သူများရင်များသလို ဆက်တိုက် ထွက်ပေးပါတယ်
🚌 帰り:北沢峠 ⇒ 戸台パーク(下り)
6:45 / 8:30 / 11:00 / 13:10 / 15:00 / 16:00
တောင်အောက်ပြန်ဆင်းတဲ့ Bus ကို သေချာလေးသတိထားဖို့လိုပါတယ်
( မဟုက်ရင် တောင်ပေါ်မှာ တစ်ညထပ်အိပ်ရပါလိမ့်မယ် )
Kitazawa Pass ( 北沢峠 ) က တောင်စတက်တဲ့နေရာပါ
ဘယ်ဖက်ဆိုရင် 甲斐駒ヶ岳
ညာဖက်ဆိုရင် 仙丈ヶ岳 ဆိုပြီး နာမည်ကြီးတောင် 2 လုံးရှိပါတယ်
နောက်ပို့စ်တစ်ခုကြရင် 甲斐駒ヶ岳 🏔️ တောင်အကြောင်း တင်ပေးပါ့မယ်
ဒီတစ်ခေါက်တော့ 仙丈ヶ岳 🏔️ တောင်ကို တက်ကြပါမယ်
Kitazawa Pass ( 北沢峠 ) ↔ Mt. Senjōgatake
၁၀–၁၁ km (အသွားအပြန်)
⏱️ တောင်တက်ကြာချိန်
⬆️ တက်ချိန် : ၄–၅ နာရီ
⬇️ ဆင်းချိန် : ၃–၄ နာရီ
စုစုပေါင်း
➡️ ၇–၉ နာရီ
အများစုက ၁ ညအိပ် ၂ ရက် 🏔️🏕️🛖ခရီးစဉ်နဲ့ လာတက်ကြပါတယ်
Tent 🏕️ ခရီးစဉ်နဲ့ လာမယ့်သူတွေအတွက်က 北沢峠 ကနေ လမ်းလျှောက် 10 လောက်မှာ 長衛小屋テント場 ဆိုတဲ့ နေရာလေးရှိပါတယ်
ချောင်းဘေးမှာ ရှိတော့ အရမ်းမိုက်ပါတယ်
ရေလည်း ပေါသလို အိမ်သာတွေလည်း သန့်ပါတယ်
山小屋 လည်းရှိတော့ စားစရာ၊သောက်စရာလည်း ဝယ်လို့ရပါတယ်
အဲမှာ Tent ထိုးပြီး တောင်တွေ သွားတက်လို့ရပါတယ် ( ၁ ညအိပ် ၂ ရက် ခရီးစဉ်နဲ့ လာမယ်ဆိုရင် 仙丈ヶ岳 နဲ့ 甲斐駒ヶ岳 တောင် ၂ လုံးကို တစ်ခါတည်း ရောက်နိုင်ပါတယ် )
ကျွန်တော်တို့က လူစုကားငှါးကြပြီးတော့ Tokyo က စနေနေ့ညကတည်းက ထွက်လာကြပြီးတော့ တနင်္ဂနွေနေ့ တက်ကြပါတယ်
တနင်္ဂနွေနေ့ည Tokyo ကို အေးဆေးပြန်ရောက်ပါတယ်
✅ အားသာချက်
🏔️ 3,000 m ကျော်တောင်တွေထဲမှာ မတ်စောက်ပေမယ့် တက်ရလွယ်တဲ့တောင်တစ်လုံး
🌸 နွေရာသီ Alpine ပန်းများ လှပစွာမြင်နိုင်
🍁 ဆောင်ဦးလည်း အရမ်းလှ
🌄 Mt. Fuji နဲ့ South Alps ရှုခင်းအလွန်လှ
📸 ဓာတ်ပုံရိုက်ဖို့ အလွန်ကောင်း
⛺ Mountain Hut နဲ့ Camp Site ရှိ
❌ အားနည်းချက်
🚆 Tokyo ကနေ သွားရတဲ့အချိန်ရှည်
🚌 Bus အချိန်ဇယားနည်းပြီး နောက်ကျရင် ခက်ခဲနိုင်
⚠️ မသွားခင် လမ်းကြောင်းအခြေနေ၊ Bus အချိန်ဇယားတွေ မဖြစ်မနေ ကြည့်သွားဖို့လို
💡 အကြံပေးချက်
✅ ဇူလိုင် – အောက်တိုဘာအစ က အကောင်းဆုံးရာသီ
✅ ၁ ညအိပ် ၂ ရက် 🏕️🛖 စီစဉ်တာ ပိုအဆင်ပြေပါတယ်
✅ Bus အချိန်ဇယားကို ကြိုစစ်ပြီး စောစောထွက်ပါ
✅ တောင်တက်ဖိနပ် 🥾 မဖြစ်မနေ စီးသွားပါ
✅ မိုးကာ၊ အနွေးထည်၊ Headlamp နဲ့ အစားအစာ၊ ရေ ၁.၅–၂ လီတာ ယူသွားပါ
✅ တောင်တက်တုတ်၊ တောင်တက်ဦးထုပ် ပါရင်ပိုကောင်း
✅ နွေရာသီတောင်ပေမယ့် 3,000 m အမြင့်မှာ အေးနိုင်လို့ အနွေးထည် မဖြစ်မနေဆောင်ပါ
🥾 ခက်ခဲမှု : ⭐⭐⭐☆☆ (အလယ်အလတ်)
🌄 ရှုခင်း : ⭐⭐⭐⭐⭐
📸 ဓာတ်ပုံရိုက်ရန် : ⭐⭐⭐⭐⭐
🚉 သွားလာလွယ်ကူမှု : ⭐⭐⭐☆☆
Mt. Senjōgatake 🏔️ တောင်ဟာ ဂျပန်နိုင်ငံရဲ့ 3,000 m ကျော်တောင်တွေထဲမှာ ရှုခင်းအလှဆုံးနဲ့ ပထမဆုံး South Alps အတွေ့အကြုံအတွက် အလွန်သင့်တော်တဲ့တောင် လို့ တောင်တက်သမားများစွာက သတ်မှတ်ကြလို့ တောင်တက်ဝါသနာပါတဲ့သူတိုင်း သွားတက်သင့်ပါတယ်။
⚠️ တောင်တွေက အရမ်းလည်းလှသလို အရမ်းလည်း အန္တရာယ်များပါတယ်
တောင်တန်းတွေဆီသွားရင် ကိုယ်သွားတက်မယ့်တောင်အကြောင်းကို သေချာကြိုတင်လေ့လာပြီးမှ တောင်တက်အင်္ဂါရပ်ပြည့်ပြည့်စုံစုံနဲ့ သွားတက်ကြဖို့ အကြံပေးပါတယ်
အားလုံးအဆင်ပြေကြပါစေ
နောက်တောင်တွေမှာ ထပ်တွေ့ကြပါမယ်🥾🏔️✨
video vlog လေးပါ - https://www.facebook.com/share/v/1DodvmusfP/?mibextid=wwXIfr
ကျွန်တော် 2 ခါရောက်ဖူးပါတယ် နောက်တစ်ခေါက်ရဲ့ video လေးလည်း ထပ်တင်ပေးပါမယ်
ဂျပန်နိုင်ငံရဲ့ အရမ်းလှသော မြောက်ပိုင်းတောင်တန်းတွေရဲ့ ဘုရင်မတောင် လို့ တင်စားခေါ်ကြတဲ့ Mt.Tsubakurodake 燕岳🏔️ တောင်အကြောင်း > https://www.facebook.com/share/1BTgpPVUGu/?mibextid=wwXIfr
video vlog - https://www.facebook.com/share/v/19ZdcMdR3i/?mibextid=wwXIfr
#仙丈ヶ岳 #甲斐駒ヶ岳
28/07/2026
Tokyo ကနေ ၁ နာရီခွဲလောက်ဘဲ သွားရတဲ့ အကောင်းဆုံး Camping Ground တွေထဲက တစ်ခု 🏕️🍖✨
Kawai Camping Ground (川井キャンプ場) က Tokyo ရဲ့ Okutama မှာရှိပြီး လူကြိုက်များတဲ့ မြစ်ဘေး Camping Ground တစ်ခုပါ
Shinjuku ကနေ ရထားနဲ့ ၂ နာရီလောက်အတွင်း ရောက်နိုင်တာကြောင့် Day Trip နဲ့ Camping နှစ်မျိုးလုံးအတွက် အရမ်းနာမည်ကြီးပါတယ်
သန့်ရှင်းပြီး နေရာအရမ်းကျယ်သလို Tama River ဘေးမှာရှိတာကြောင့် ရေကစား၊ BBQ၊ Camping နဲ့ အပန်းဖြေဖို့ အရမ်းသင့်တော်ပါတယ်
🚉 Shinjuku Station ကနေ ဘယ်လိုသွားမလဲ?
- Shinjuku Station 🚉 > Ōme Station (青梅駅) 🚉 ( JC Chūō Line / 💴 902 / 58 မိနစ်ကြာ )
- Ōme Station 🚉 > Kawai Station (川井駅) 🚉 ( JC Ōme Line ပြောင်းစီး / 💴 253 / 25 မိနစ်ကြာ )
Kawai Station 🚉 ကနေ လမ်းလျှောက် 5 မိနစ် လောက်ဆို Campground ရောက်ပါတယ်
ကိုယ်ပိုင်ကားနဲ့ လာမယ့်သူတွေအတွက်လည်း အဆင်ပြေပါတယ်
🏕️နေ့ချင်းပြန် Camping
- ဝင်ကြေး - 1800 ( 1 ယောက် )
- အချိန် - 8:30 ~ 16:00
- မြေကြီးပေါ် တိုက်ရိုက်မီးမွှေးလို့ရ ✅
နေ့ချင်းပြန် Camping အတွက်က ကြိုတင်ဘိုကင်ယူစရာမလိုပေမယ့် ကိုယ်မသွားခင် တစ်ရက်အလို ဖုန်းကြိုပြီးဆက်တာ အကောင်းဆုံးပါ
🥩🍗🍖Bbq Camp ပစ္စည်းတွေ မရှိလို့လည်း စိတ်မပူပါနဲ့ ဟိုမှာလိုအပ်တာမှန်သမျှအကုန် ငှါးလို့ရပါတယ်
ပစ္စည်းငှါးရမ်းခလည်း စျေးသိပ်မများလို့ အဆင်ပြေတယ်
စားစရာတွေ သောက်စရာတွေဘဲ အဓိကယူသွားပါ ဟိုမှာက သိပ်မစုံသလို စျေးနည်းနည်းများလို့
ငှါးလို့ရတဲ့ ပစ္စည်းများနဲ့ စျေးနှုန်းများ
https://www.okutamas.co.jp/kawai/bbq-equipment-fishing
🏕️ ညအိပ် Camping
ကိုယ်ပိုင် Tent ⛺️ ယူလာသူများအတွက်
( Tent ⛺️ တွေတော့ ငှါးလို့မရပါ )
- ဝင်ကြေး - 2300 ( 1 ယောက် )
- အချိန် - 8:30 ~ နောက်တစ်နေ့ 12:00 ထိ
- မြေကြီးပေါ် တိုက်ရိုက်မီးမွှေးလို့ရ ✅
🏠🛖 Bungalow (バンガロー) နဲ့ တည်းခိုချင်တဲ့သူတွေအတွက်
2 ယောက် – ¥5,500–6,000
3 ယောက် – ¥8,400–9,200
5 ယောက် – ¥14,000–21,000
6 ယောက် Log House – ¥25,800–28,400
ကိုယ်တည်းခိုမယ့် バンガロー ပေါ်မူတည်ပြီး စျေးနှုန်းအနည်းငယ်ကွာခြားနိုင်ပါတယ်
သူငယ်ချင်းတွေနဲ့ စုပြီးသွားရင် အရမ်းတန်တယ်✅
📅 Booking ကြိုယူရလား?
⚠️ မဖြစ်မနေ ယူရပါတယ်
Reservation ကို Website ကနေ ကြိုတင် Booking လုပ်ရပါတယ်။
အထူးသဖြင့် Weekend၊ Holiday နဲ့ Summer Season တွေမှာ ကြိုပြည့်လေ့ရှိပါတယ်။
ဘိုကင်ကြိုယူဖို့အတွက်
https://www.okutamas.co.jp/kawai/use-of-accommodation
✅ အားသာချက်
🚉 Tokyo ကနေ သွားရလွယ်
🏞️ Tama River ဘေး သဘာဝလှ
🏕️ Day Camp၊ Tent၊ Bungalow အကုန်ရှိ
🍖 BBQ လုပ်လို့ရ
🔥 မြေကြီးပေါ်တိုက်ရိုက်မီးဖိုလို့ရ
🚻 Toilet၊ Shower စတဲ့ Facilities ကောင်း
🎣 ရေကစား၊ ငါးဖမ်း၊ အပန်းဖြေဖို့ အရမ်းသင့်တော်
❌ အားနည်းချက်
Weekend မှာ လူများတတ်
Summer မှာ အလွန်ပူနိုင်
⚠️ သွားမယ့်သူတွေအတွက် အကြုံပြုချက်
- ရေကစားမယ်ဆို အဝတ်စားအပိုပါယူသွားပါ
- နွေရာသီဆို စောစောသွားရင် ပိုကောင်း
- Suncream/ နေကာမျက်မှန်/ ဦးထုပ် ယူသွားပါ
- ကိုယ်သွားမယ့်ရက် မိုးလေဝသ ကြိုကြည့်ပါ
ကျွန်တော်တို့သွားခဲ့တုန်းက မိုးလည်းဖွဲဖွဲလေးရွာနေတော့ လူအရမ်းရှင်းတယ်
ကြားရက်ဖြစ်တာလည်းပါပါတယ်
တိတ်ဆိတ်တာကို ကြိုက်တဲ့ကျွန်တော်ကတော့ ကွက်တိပေါ့
Location 📍 187 Umezawa, Okutama, Nish*tama District, Tokyo, Tokyo 198-0103
〒198-0103 東京都西多摩郡奥多摩町梅澤187
Kawai Camping Ground အသေးစိတ်ဝင်ကြည့်ချင်တဲ့သူတွေအတွက်
https://www.okutamas.co.jp/kawai/
အရင်နှစ်က ကျွန်တော်သွားခဲ့တဲ့ video လေးပါ - https://www.facebook.com/share/v/19D4aQxtgY/?mibextid=wwXIfr
အားလုံးအဆင်ပြေကြပါစေ✨
#川井キャンプ場
တိုကျိုကနေ ၁ နာရီခွဲလောက်ဘဲ သွားရတဲ့ Kawai Camping Ground 🏕️
တိတ်ဆိတ်ပြီး အရမ်းသန့်ရှင်းသလို
နေရာကလည်း အရမ်းကျယ်တယ်
စမ်းချောင်းဘေးမှာဘဲ Tent 🏕️ ထိုးပြီး Bbq ကင်စား အေးဆေးအနားယူ ရှယ်ဘဲ✨
နေ့ချင်းပြန် သွားမယ့်သူတွေဆို လိုအပ်တဲ့ ပစ္စည်းမှန်သမျှ အကုန်ဌားလို့ရပါတယ်
ညအိပ်သွားမယ့်သူတွေကတော့ Tent ⛺️ တွေ ငှါးလို့မရပါဘူး
バンガロー 🛖 တွေတော့ အမျိုးမျိုးရှိလို့ Booking ကြိုယူဖို့တော့လိုအပ်ပါတယ်
Location 📍 187 Umezawa, Okutama, Nish*tama District, Tokyo, Tokyo 198-0103
〒198-0103 東京都西多摩郡奥多摩町梅澤187
အသေးစိတ်ဝင်ကြည့်လို့လည်း ရပါတယ် https://www.okutamas.co.jp/kawai/link/
#川井キャンプ場
တောင်မတက်ရင် Camping ဆိုတော့လည်း အသားရေက လည်ပင်းဂုတ်ကိုဘဲ ကြည့်လိုက်တော့🏕️🍉✨
#川井キャンプ場
Kawai ချောင်းဘေးမှာ Camping 🏕️
ကျွန်တော်တို့ဘဲ ရှိတယ်🌙💫
လှလိုက်တဲ့ရှုခင်း ဘာမှကိုမတွေ့ရဘူး😂🏔️
#日向山
19/07/2026
Mt.Fuji🗻 View လည်းလှ ၊ Tokyo ကနေ နေ့ချင်းပြန်လည်းရ ၊ ခုမှတောင်စတက်မယ့်သူတွေအတွက်လည်းလွယ် ၊ ဓာတ်ပုံရိုက်လည်းလှ အဲလိုတောင်ရှာနေတယ်ဆိုရင်တော့ Momokurayama တောင်ကို ညွှန်းပေးပါရစေ✨
Momokurayama (百蔵山) 🏔️တောင်ဟာ Yamanashi Prefecture မှာရှိပြီး အမြင့် 1,003 မီတာ ရှိတဲ့ တောင်ဖြစ်ပါတယ်။
"Ōtsuki 12 Famous Mountains (秀麗富嶽十二景)" ထဲက တောင်တစ်လုံးဖြစ်ပြီး
Mt. Fuji 🗻ကို အလှဆုံးမြင်ရတဲ့ View Point တွေထဲက တစ်ခုအဖြစ် နာမည်ကြီးပါတယ်။
Tokyo ကနေ ရထားနဲ့ အလွယ်တကူ သွားနိုင်တာကြောင့် နေ့ချင်းပြန် (Day Hiking) အတွက် အလွန်သင့်တော်တဲ့ တောင်တစ်လုံးလည်းဖြစ်ပါတယ်။
တောင်တက်လမ်းအစမှာ Otsuki မြို့ခံလူတွေက တောင်လာတက်တဲ့သူတွေကို ပျော်ရွှင်အောင် / Instagram အတွက်လည်း ဓာတ်ပုံရိုက်လို့ကောင်းအောင် ပန်းပင်နဲ့Totoro ဇာတ်ကောင်ရုပ် ပုံဖော်ထားတဲ့ အရုပ်ကိုလည်း ထားထားပေးတယ်
ထီးလည်း စောင်းထားပေးသေးတယ်
ရာသီအလိုက်လည်း အလှဆင်ထားတက်လို့ သိထားရတယ်
နောက်တစ်ခုက Bus Stop Sign ဘဲ
Totoro anime ဇာတ်ကားထဲက
အဲတာလည်း အလှဆင်ထားတာ သက်သက်ဘဲ😂
Tokyo (Shinjuku) ကနေ ဘယ်လိုသွားမလဲ?
Shinjuku Station🚉 > Saruhashi Station 🚉 ( JC Chuo Line / 💴 1408 / 1 နာရီခွဲကြာ )
South Exit ကနေထွက်ပြီး Bus 🚌 ဖြင့်
Saruhashi Station 🚉 > Momokurayama Tozanguchi ထိကိုသွားတဲ့Bus🚌 စီး ( 💴 180 / 8 မိနစ်ကြာ )
လမ်းလျှောက်ရင် 35 မိနစ်လောက်
ကျွန်တော်တို့က လမ်းဘဲလျှောက်သွားလိုက်တယ်
အဲဒိုခေတ်ကတည်းက ဆောက်ခဲ့တဲ့ Saruhashi တံတားကိုလည်း ရောက်ချင်လို့
Bus 🚌 စီးရင်လည်း လမ်းတစ်ဝက်မှာ အဲတံတားကိုလည်း ဖြတ်သွားတယ်
ဆင်းခဲ့ပြီး ဝင်လည်လည်းရတယ်
တံတား သုံးခု ကို တစ်နေရာထဲ မြင်ရတော့ တော်တော်လေးလှတယ်လို့ ပြောလို့ရတယ်
Saruhashi တံတားကနေ Momokurayama Tozanguchi တောင်စတက်ပေါက်ဝထိကို နာရီဝက်လောက် လျှောက်သွားရသေးတယ်
Momokurayama Tozanguchi ကနေ Momokurayama 🏔️တောင်ထိပ်ထိ 1:30 / 2 နာရီလောက်ဘဲ တက်ရပါတယ်
တောင်တက်ပေါက်ဝကနေ တောင်စတက်ပြီး 10 မိနစ်လောက်မှာ လမ်းခွဲလေးရှိတယ်
ဘယ်ဖက်ကနေ တက်သွားမှ ひろば前ထိ Totoro ဆိုတဲ့ နေရာလေးရောက်မှာနော်
တောင်ထိပ်မှာ အေးဆေးအနားယူပြီးရင် တက်ခဲ့တဲ့လမ်းအတိုင်း ပြန်ဆင်းရုံပါဘဲ
တောင်ထိပ်မှာ ခုံကတစ်ခုဘဲရှိတော့ အခင်းလေးယူသွားမှ အဆင်ပြေမယ်
မိုးအုံ့နေရင်တော့ Mt.Fuji 🗻 မမြင်ရဘူး
ဒါမှမဟုက်
တချို့လူတွေက Momokurayama တောင်ကနေ Mt.Ogi Ogiyama တောင်ထိ
ဆက်သွားကြပြီး 2 နာရီလောက်ကြာပါတယ်
အဆင်းလမ်းကို Torisawa Station 🚉 ဖက်ထိ 2 နာရီလောက်ထပ်ဆင်းပြီး Tokyo ပြန်
( 🏔️🏔️တောင်နှစ်လုံးတစ်ခါတည်း တက်ချင်သူများအတွက် )
ကျွန်တော်တို့က တက်ခဲ့တဲ့လမ်းအတိုင်းဘဲ ပြန်ဆင်း 1 နာရီကျော်ကြာ
✅ အားသာချက်
🗻 Mt. Fuji View အရမ်းလှတယ်။
🚉 Tokyo ကနေ နေ့ချင်းပြန် သွားလို့ရတယ်။
🌸 နွေဦးနဲ့ ဆောင်းဦးမှာ ရှုခင်းအရမ်းလှတယ်။
🌲 အရိပ်ထဲမှာဘဲ တောက်လျှောက်တက်သွားရတယ်။
👨👩👧 လူမများလွန်းဘဲ သဘာဝကို အေးအေးဆေးဆေးခံစားနိုင်တယ်။
📸 ဓာတ်ပုံရိုက်ဖို့ အရမ်းကောင်းတယ်။
❌ အားနည်းချက်
💧 တောင်ပေါ်မှာ ရေဖြည့်တဲ့နေရာ မရှိလို့ ရေလုံလောက်အောင် ယူသွားရမယ်။
🌧️ မိုးရွာပြီးရင် လမ်းချော်နိုင်တယ်။
🍱 ဆိုင်တွေ မရှိလို့ အစားအသောက်ကို ကြိုယူသွားသင့်တယ်။
🚌 အပြန် Bus ချိန် စောတယ် ( လမ်းလျှောက်ပြန်တာ ပိုကောင်း )
Momokurayama တောင်က အခက်အခဲ မများဘဲ Mt.Fuji 🗻 View အပါ ရှုခင်းလှပြီး သွားလာရလည်း လွယ်ကူတဲ့အတွက် Beginner နဲ့ Intermediate တောင်တက်သမားတွေအတွက် အထူးသင့်တော်တဲ့တောင်ဖြစ်ပါတယ်။
ခုကနွေရာသီဆိုတော့ အရမ်းပူလို့ ရေဓာတ်ပြည့်ဝအောင် ရေလုံလုံလောက်လောက် ယူသွားဖို့အကြံပေးပါရစေ
အားလုံးအဆင်ပြေကြပါစေ
နောက်တောင်တွေမှာ ထပ်တွေ့ကြပါမယ်🥾🏔️✨
#百蔵山
18/07/2026
ပင်ပင်ပန်းပန်းနဲ့ တက်ရတဲ့တောင်မျိုး မဟုက်ဘဲ 🗻Mt.Fuji view ကို အနီးကပ် ခံစားနိုင်ပြီး Tokyo ကနေ နေ့ချင်းပြန် ပေါ့ပေါ့ပါးပါး သွားတက်လို့ကောင်းတဲ့ 足和田山( Ashiwadayama ) တောင်နဲ့ မိတ်ဆက်ပေးပါရစေ✨
足和田山 (Ashiwadayama) 🏔️တောင်က Yamanashi ခရိုင်၊ Kawaguchiko (河口湖) အနီးမှာရှိတဲ့ တောင်ဖြစ်ပြီး Mt. Fuji 🗻ကို နီးကပ်ပြီး လှပစွာမြင်နိုင်တဲ့ View Point တစ်ခုအဖြစ် လူသိများပါတယ်
အမြင့် 1,355 m ရှိပြီး သစ်တောအရိပ်ထဲမှာဘဲ တောက်လျှောက်တက်ရတော့ 🔰ခုမှတောင်စတက်တဲ့သူတွေအဆင်ပြေလို့ လူကြိုက်များပါတယ်
Tokyo ကနေ နေ့ချင်းပြန် ဘယ်လိုသွားမလဲ?
ဒီလမ်းကြောင်းက အများသုံးယာဉ်တွေကိုသုံးပြီး သွားမယ့်သူတွေအတွက် / ကိုယ်ပိုင်ကားနဲ့ ဒီတောင်ကို လာတက်ကြတဲ့သူတွေရော အသုံးများတဲ့ လမ်းကြောင်းဖြစ်ပါတယ်
Shinjuku Station 🚉 > Ōtsuki Station 🚉 ( Chūō line / 💴 1408 / 1 နာရီခွဲကြာ )
Ōtsuki Station 🚉 > Kawaguchiko Station 🚉 ( Fujikyuko line / 💴 1161 / 55 မိနစ်ကြာ )
Kawaguchiko Station 🚉 > Koyodai Ent. 🚌 Bus ဖြင့် Blue line 🔵 ( 💴 680 / 30 မိနစ်ကြာ )
Koyodai Ent. ကနေ
Koyodai Kiso horse ranch ထိ 10 မိနစ်လောက် လမ်းလျောက် ( ကိုယ်ပိုင်ကားနဲ့လာမယ့်သူတွေ ရပ်လို့ရတဲ့ ကားပါကင် )
တောင်စတက်လို့ရပါပြီ🥾🏔️✨
ဒါမှမဟုက် Koyodai Kiso horse ranch ကနေ Koyodai Observatory ထိလည်း ကိုယ်ပိုင်ကားမောင်းတက်လို့ရပါသေးတယ် / ကျောက်လမ်းပါ
🥾🚶🏼🏔️တောင်တက်ကြာချိန် - 2 နာရီ ( အတက် )
1 နာရီ ( အဆင်း )
တောင်တက်လမ်းမှာရှိတဲ့
Sankodai (三湖台) ကနေ
Saiko, Shojiko, Motosuko lake ၃ ခုနဲ့
🗻Mt.Fuji တောင်ကြီးကို တစ်ခါတည်းမြင်ရတဲ့ view က တကယ်အရမ်းလှပါတယ်
✅ အားသာချက်
🗻 Mt. Fuji View အရမ်းလှတယ်
🚶 Beginner မှ Intermediate အထိ တက်လို့ရတယ်
🌳 သစ်တောလမ်းကြောင်း သာယာတယ်
📸 ဓာတ်ပုံရိုက်ဖို့ အရမ်းကောင်းတယ်
🚉 Tokyo ကနေ နေ့ချင်းပြန် သွားလို့ရတယ်
❌ အားနည်းချက်
🚌 Bus အချိန်ကို ကြိုစစ်ထားဖို့လိုတယ်
🍱 Trail ပေါ်မှာ ဆိုင်မရှိလို့ ရေ၊ အစားအသောက် ကိုယ်တိုင်ယူသွားသင့်တယ်
⚠️သတိပေးချက် 2 ချက်
1. 🚌 Bus ကို Blue line 🔵 မှာဘဲ စီးရမှာပါ
- တစ်နာရီကြာ စီးရတဲ့ ဘတ်စ်လည်း ရှိတယ်
- နာရီဝက်ဘဲ စီးရတဲ့ ဘတ်စ်လည်းရှိတယ်
( ဘတ်စ်ကား မတက်စီးခင် သေချာကြည့်ပါ )
- Kawaguchiko Station 🚉 မှာရောက်တာနဲ့ Guide map/Timetable ကိုကြိုယူထားပါ
2. နောက်ဆုံး 🚌 Bus ညနေ 5 နာရီနောက်ပိုင်းဆို ဘတ်စ်နည်းသွားတယ်။ တောင်တက်ပြီး အပြန်ဘတ်စ်ကား လွတ်မှာစိုးရင် တောင်ထိပ်ကနေ စောစောဆင်းပါ
3. Tokyo ကနေ မနက်အစောထွက်နိုင်ရင် နေ့ချင်းပြန် အေးအေးဆေးဆေး သွားတက်နိုင်ပါတယ်
🚌 Bus အချိန်ဇယားကို comment မှာ ထည့်ထားပေးပါတယ်
အားလုံးအဆင်ပြေကြပါစေ
နောက်တောင်မှာ ထပ်တွေ့ကြပါမယ်✨
#足和田山
18/07/2026
Our kind of camping 🏔️⛺️✅
17/07/2026
ကော်ဖီကြိုက်တဲ့ တောင်တက်သမားတွေအတွက် ခွက်ရွှေးနည်း?
တောင်ထိပ်ပေါ်ရောက်ရင် ကော်ဖီပူပူလေးတစ်ခွက်ကို သောက်ရင်းနဲ့ အရမ်းလှတဲ့ ရှုခင်းတွေကို ကြည့်ပြီးခံစားချင်ကြတာ တောင်တက်ဝါသနာပါသူတိုင်းရဲ့ အလုပ်ချင်ဆုံး အရာဘဲမဟုက်လား?
အဲလိုဆိုရင်တော့ တောင်သွားတက်တိုင်း ကျောပိုးအိတ်ထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ သယ်သွားလို့ လွယ်ကူတဲ့ Wildo Fold-A-Cup ခွက်လေးနဲ့ မိတ်ဆက်ပေးပါရစေ✨
Wildo Fold-A-Cup ကို တောင်တက်၊ Camping နဲ့ Outdoor သမားတွေကြားမှာ သယ်ဆောင်ရလွယ်ကူပြီး ခေါက်သိမ်းလို့ရတဲ့ ခွက် တစ်ခုအဖြစ် အလွန်နာမည်ကြီး လူသိများပါတယ်။
နိုင်ငံ – ဆွီဒင် (Sweden)🇸🇪
ကုမ္ပဏီ – Wildo
Made in Sweden အဖြစ် ထုတ်လုပ်ထားပြီး အရည်အသွေးကောင်းတဲ့ Outdoor ပစ္စည်းတွေထုတ်လုပ်တဲ့ Brand ဖြစ်ပါတယ်။
Wildo Fold-A-Cup ကို 1979 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး
အခုဆို နှစ် ၄၀ ကျော် အသုံးပြုလာကြပြီးတော့ ကမ္ဘာတစ်ဝှမ်းက Outdoor သမားတွေကြားမှာ အခုထက်ထိ လူကြိုက်များနေဆဲ ဖြစ်ပါတယ်။
Size 2 မျိုးနဲ့လာပါတယ်
၁ - Fold-A-Cup☕️
ပမာဏ – 250 ml
အလေးချိန် – 25 g
အရွယ်အစား - 9.5x7x2.5 cm
ကာလာ - 9 ရောင်
၂ - Fold-A-Cup Big🥣
ပမာဏ – 600 ml
အလေးချိန် – 46 g
အရွယ်အစား - 12x10.5x4 cm
ကာလာ - 6 ရောင်
✅ ဘာတွေအတွက် အသုံးဝင်လဲ?
-☕🍵 ကော်ဖီ၊ လက်ဖက်ရည် သောက်ရန်
-💧 ရေသောက်ရန်
-🍜 Instant Noodle၊ Soup သောက်ရန်
-🥣 အစားအစာအနည်းငယ်ထည့်စားရန်
-🏕️ Camp နဲ့ 🥾🏔️တောင်တက်ခရီးမှာ နေရာမယူဘဲ သယ်ဆောင်ရလွယ်ကူ
👍 အားသာချက်
- အလွန်ပေါ့ပါး (25–46 g) Titanium ခွက်ထက်တောင်ပေါ့တယ်
- ခေါက်သိမ်းနိုင် ( 3 cm လောက်ဘဲရှိလို့ နေရာမယူ )
- BPA Free Plastic ( အစားအသောက်အတွက် Safe ဖြစ်တဲ့ ပလတ်စတစ် )
- အပူခံနိုင်ပြီး အအေး - 20ိ C / အပူ 120ိC ထိ အချိုရည်များ အသုံးပြုနိုင်
- သန့်ရှင်းရလွယ်ကူ
- ကိုင်လို့ရ ( လက်မလောင်ဘူး )
- စျေးသင့်တယ် ( 💴 1000-1500 )ဝန်းကျင်
- ရှာရလွယ်တယ် ( အရောင်တောက်လို့ )
👎 အားနည်းချက်
- မီးပေါ် တိုက်ရိုက်တင်မသုံးနိုင်
- အနံ့ပြင်းတဲ့အစားစာတွေ ထည့်စားပြီး သေချာပြန်မဆေးရင် အနံ့စွဲတက်တယ်
ကျွန်တော်က ကော်ဖီ ၊ Soup တွေလောက်ဘဲ ထည့်သောက်လို့ 25 g ခွက်လေးက အရမ်းအဆင်ပြေတယ်
အကယ်၍ အစားအစာတွေပါ ထည့်စားချင်တယ်ဆိုရင်တော့ 46 g ခွက်ကိုဝယ်ဖို့ အကြံပေးချင်ပါတယ်
အလေးချိန်နည်း၊ နေရာမယူ၊ သယ်ဆောင်ရလွယ်ကူ၊ ခေါက်သိမ်းနိုင်ပြီး ရေ၊ ကော်ဖီ၊ Soup စတာတွေ သောက်ဖို့ လုံလောက်တာကြောင့် UL (Ultralight) Hiking သမားတွေအကြား အလွန်ရေပန်းစားတဲ့ ပစ္စည်းတစ်ခုဖြစ်လို့ စျေးလည်းအရမ်းသက်သာတာကြောင့် တစ်ခုလောက်တော့ ဝယ်ထားသင့်ပါတယ်
ဒီလိုခွက်မျိုးနဲ့ ဆင်တူတဲ့ တခြား Brand တွေလည်းအများကြီးရှိပါတယ်
Wildo brand က 🇸🇪ဆွီဒင်နိုင်ငံထုတ်လည်းဖြစ်၊ စျေးလည်းသက်သာ၊ လက်ကိုင်လေးလည်း ပါလို့ ကျွန်တော် ဒီ Brand ကိုဘဲညွှန်းပါတယ်
အားလုံးအဆင်ပြေကြပါစေ✨
ခင်ဗျားတို့ရော ဘယ်လိုခွက်သုံးလဲ?
Comment မှာပြောသွားခဲ့အုံး🤗
ここをクリックしてあなたのスポンサー付きリスティングを獲得。
カテゴリー
事業に問い合わせをする
住所
Ikebukuro 4-28/1
Toshima, Tokyo
1710014