The Poems 88 Tarot

The Poems 88 Tarot

共有する

The Poems 88 Tarot, 健康・美容, Chiyoda-kuの連絡先、地図と道順、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

06/09/2026

‎* သင့်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ဒီလူက သင့်ကို အလွန်တရာမှ စွဲလမ်းနေပြီး၊
‎ဆိုရှယ်မီဒီယာတွေကနေ (သို့) သင်နဲ့ တူတူရှိတဲ့ နေရာတွေမှာ တိတ်တဆိတ်
‎လိုက်ကြည့်နေပါတယ်။ သင့်ရဲ့ တုံ့ပြန်မှုတိုင်းကို အရမ်းကြီး စိတ်ထဲထည့်ပြီး
‎တွေးတောနေတတ်ပါတယ်။
‎
‎* သူ့ရဲ့ ဘဝမှာ တခြားလူတစ်ယောက် (သို့) သူ့ကို ငွေကြေး၊
‎အခွင့်အရေးစတာတွေနဲ့ ဖိအားပေး ချယ်လှယ်နေတဲ့ အခြေအနေတစ်ခု
‎ရှိနေပါတယ်။ အဲ့ဒါကြောင့် သူကိုယ်တိုင်လည်း ရုန်းမထွက်နိုင်ဘဲ
‎ပိတ်မိနေသလို ခံစားနေရပါတယ်။
‎
‎* သင်ကတော့ သူ့ကို လုံးဝ အရေးမလုပ်တော့ဘူး၊ စိတ်မဝင်စားတော့ဘူးလို့
‎သူက ထင်နေပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ သင့်ကို
‎အရမ်းချောတယ်၊ ဆွဲဆောင်မှုရှိတယ်လို့ မြင်နေပြီး ရူးမတတ်
‎ဖြစ်နေကြပါတော့တယ်။
‎
‎* သင်ြဘဝကို သူ့ရဲ့ ပြဿနာတွေနဲ့ ဒရွတ်မတိုက်မိစေချင်တာကြောင့်၊
‎အခုချိန်မှာတော့ သင့်ဆီ တိုက်ရိုက် မလာရဲသေးဘဲ ခေတ္တခဏ
‎အဝေးမှာပဲ နေနေရပါတယ်။
‎
‎* အချိန်တန်တဲ့အခါ ကျရင်တော့ သူက အဲ့ဒီရှုပ်ထွေးနေတဲ့ အခြေအနေတွေ၊
‎တတိယလူ့ ဖိအားတွေကို ဖြတ်ကျော်ပြီး သင့်ဆီကို တည့်တည့်မတ်မတ်
‎ပြန်လာဖို့ ဆုံးဖြတ်ချက်ချလာပါလိမ့်မယ်။
‎
‎* အတိတ်က ရှုပ်ထွေးမှုတွေ အားလုံး ပြီးဆုံးသွားတဲ့အခါ
‎သင်နဲ့ သူနဲ့က သီးသန့် အေးချမ်းပျော်ရွှင်ရမယ့် ဘဝသစ်တစ်ခုကို
‎အတူတူ တည်ဆောက်နိုင်မယ့် အခွင့်အလမ်းတွေ ရှိလာပါမယ်။
‎
‎* သူပြန်လာတဲ့အခါ သင်က သူ့ကို ပြန်လက်ခံမလား၊ ဒါမှမဟုတ် သင့်လမ်းသင်
‎ဆက်လျှောက်မလားဆိုတာကတော့ သင့်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ
‎ဖြစ်လာမှာပါ။
‎ Poems 88 Tarot

05/09/2026

‎* အရင်က အားအင်တွေ ဖြည့်တင်းပြီး သင့်ဘဝနဲ့သင် တည်ငြိမ်နေခဲ့ရာကနေ
‎အခုဆိုရင် အပြင်ထွက်ဖို့၊ လူအများနဲ့ ရောနှောဖို့ အချိန်တန်လာပါပြီ။
‎
‎* မထင်မှတ်ထားတဲ့ အချိန်မှာ ရဲရင့်ပြီး ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်က
‎သင့်ဆီကို ရောက်လာပါမယ်။ အိမ်မှာပဲ ချိန်းတွေ့တာမျိုး မဟုတ်ဘဲ အပြင်ကို
‎ခေါ်ထုတ်သွားချင်တဲ့ (ဥပမာ- ကခုန်ဖို့၊ လည်ပတ်ဖို့) စွမ်းအင်မျိုးနဲ့ ဝင်လာမှာ
‎ဖြစ်ပါတယ်။
‎
‎* သူနဲ့ တွေ့ဆုံမှုက သင့်ရဲ့ ငိုက်မျဉ်းနေတဲ့ စွမ်းအင်တွေကို နိုးထစေပြီး၊
‎တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ရင်ခုန်စရာ ခံစားချက်တွေကို ပြန်လည်
‎ယူဆောင်လာပေးပါလိမ့်မယ်။
‎
‎* သူနဲ့ ဆက်ဆံရေးကို ရှေ့ဆက်တိုးသင့်လား၊ သင့်ရဲ့ လွတ်လပ်တဲ့
‎ဘဝလေးကိုပဲ ဆက်ထိန်းထားသင့်လားဆိုတာကို သေချာ
‎စဉ်းစားဆုံးဖြတ်ရမယ့် အနေအထား ရှိလာပါမယ်။
‎
‎* တစ်ခါတလေ သင့်ဘက်က အရမ်း ရင့်ကျက်ပြီး အလိုလိုနေရင်း
‎အကြောင်းပြချက်တွေ ရှာပြီး တွန့်ဆုတ်နေတတ်တာမျိုး (သို့) တဖက်လူရဲ့
‎ရိုးသားမှုကို သံသယဝင်တာမျိုး ရှိနိုင်ပေမဲ့၊ သင့်ရဲ့ အတွင်းစိတ် က အရာရာကို
‎အမှန်အတိုင်း သိမြင်နေပါတယ်။
‎
‎* အမြဲတမ်း တစ်ယောက်တည်း ရပ်တည်နေရတာကို ကျင့်သားရနေပေမဲ့၊
‎သင့်ဆီ ရောက်လာမယ့် ဒီအခွင့်အရေးသစ်နဲ့ စွမ်းအင်ကောင်းတွေကို
‎ဖွင့်ဟလက်ခံဖို့ ဝန်မလေးပါနဲ့။
‎
‎* အိမ်ထဲမှာပဲ ပိတ်မိနေမယ့်အစား အပြင်ထွက်တာ၊ အသစ်အဆန်းတွေကို
‎စူးစမ်းတာက ကိုယ့်ရဲ့ စိတ်ဓာတ်ကို ပိုပြီး တောက်ပစေပါလိမ့်မယ်။
Poems 88 Tarot
‎

04/09/2026

‎* လူတစ်ယောက်တည်းကို လွမ်းနေတာထက် သင်ကိုယ်တိုင်
‎ဖန်တီးထားခဲ့ဖူးတဲ့ အနာဂတ်၊ အတူတူ ဖြတ်သန်းချင်ခဲ့တဲ့ ပုံရိပ်တွေကို
‎မစွန့်လွှတ်နိုင်သေးတာကြောင့် ဝမ်းနည်းပူဆွေးနေရတဲ့ အခြေအနေကို
‎ပိုပြနေပါတယ်။
‎
‎* တဖက်လူရဲ့ အမှားတွေအတွက် သင့်ဘက်ကနေ အလကားနေရင်း
‎တာဝန်ယူပေးမိနေတာ၊ သင့်ကိုယ်သင် အပြစ်တင်နေတာတွေကို
‎ရပ်တန့်ရမယ့်အချိန် ရောက်လာပါပြီ။
‎
‎* အရင်က အဆင့်ကနေ အခုဆိုရင် အတွေ့အကြုံတွေ ရလာပြီး ပိုပြီး
‎ရင့်ကျက် သန်မာလာပါပြီ။ ဒီအခန်းကဏ္ဍက ပြီးဆုံးသွားပြီဖြစ်ပြီး
‎အသစ်စက်စက် အနာဂတ်ဆီကို တက်လှမ်းတော့မှာ ဖြစ်ပါတယ်။
‎
‎* အတိတ်ရဲ့ လွမ်းဆွတ်မှုတွေ၊ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေကို
‎ဖယ်ရှားပြီး လက်ရှိ သင့်ရှေ့မှာ ရှိနေတဲ့ အချိန်နဲ့ သင့်ရဲ့ တန်ဖိုးတွေကို
‎အဓိကထားပါ။
‎
‎* တစ်ယောက်တည်း ရပ်တည်တတ်ဖို့ သင်ယူပါ၊ သင့်ကိုယ်သင် ပြန်လည်
‎ချစ်ခင်အားပေးတတ်ဖို့ လိုအပ်ပါတယ်။ စာရေးသားတာ ၊ အနုပညာ
‎လုပ်ငန်းလေးတွေ လုပ်တာက စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးပါလိမ့်မယ်။
‎
‎* တစ်ယောက်တည်း ဖြစ်နေတယ်လို့ ခံစားရပေမဲ့ သင်ဟာ တစ်ကမ္ဘာလုံးနဲ့
‎ချိတ်ဆက်နေပြီး အမြဲတမ်း စောင့်ရှောက်မှု ခံနေရသူဆိုတာကို ယုံကြည်ထားပါ။
‎
‎* သင်ခံစားနေရတာတွေကို မဖုံးကွယ်ဘဲ ရိုးသားစွာ ရင်ဆိုင်ပါ။
‎စာရေးပြီး ဖျက်ဆီးပစ်တာမျိုး၊ သင့်ရဲ့ ခံစားချက်တွေကို လွတ်လပ်စွာ
‎ထုတ်ဖော်တာက အကောင်းဆုံး ကုသမှုပါပဲ။
‎
‎* အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး သင့်ရဲ့ ကိုယ်ပိုင် စံနှုန်းတွေနဲ့
‎ရှေ့ဆက် ခြေလှမ်းသစ် စတင်လိုက်ပါ။
‎ Poems 88 Tarot
‎

03/09/2026

‎* အရင်တုန်းက ဘာမှ အရှင်းမပြောဘဲ ထွက်သွားခဲ့တဲ့၊ သို့မဟုတ်
‎တခြားရွေးချယ်စရာတွေဘက် လှည့်သွားခဲ့တဲ့ အတိတ်ကလူတစ်‌ယောက်က
‎အခုချိန်မှာ အရင်အကြောင်းတွေကို ထိုင်ပြီး လွမ်းဆွတ်နေတယ်။
‎သင့်ရဲ့ ဟောင်းနွမ်းနေတဲ့ စာသားဟောင်းတွေကို ပြန်ဖတ်နေပြီး
‎ပြန်လာချင်တဲ့ စွမ်းအင်တွေ ဖြစ်ပေါ်နေပါတယ်။
‎
‎* သူက အချိုသတ်စကားတွေနဲ့ ဝင်လာဖို့ ကြိုးစားပေမဲ့
‎သင့်ဘက်ကတော့ လုံးဝ မယုံကြည်ဘဲ သံသယမျက်လုံးနဲ့ပဲ
‎ကြည့်နေပါတယ်။ ဒါဟာ အလွန်တရာမှ မှန်ကန်တဲ့ ရပ်တည်ချက်
‎ဖြစ်ပြီး၊ သင့်ရဲ့ ခံစားချက်ကို ထပ်ပြီး အလွယ်တကူ ထိခိုက်မခံတော့ပါဘူး။
‎
‎* သူက ပြန်လာပြီး အချိုသတ်ပြောတာတွေ၊ ကတိကဝတ်တွေ
‎ပေးလာတာမျိုး လုပ်လိမ့်မယ်။ ဒါပေမဲ့ အတိတ်က ပုံစံအတိုင်းပဲ
‎တခြားလူတွေနဲ့ ရှုပ်ထွေးနေတာ၊ သို့မဟုတ် သင့်ကို ရွေးချယ်မှုတစ်ခုအနေနဲ့ပဲ
‎ဆက်ဆံချင်နေတာမျိုး ဖြစ်နိုင်တဲ့အတွက် သတိထားဖို့ လိုပါတယ်။
‎
‎* သင်ကသင့်အလုပ်နဲ့သင်သ အလုပ်များနေချိန်မှာ သူနဲ့ မထင်မှတ်ဘဲ
‎ရုတ်တရက် လမ်းမှာ ဆုံဖြစ်တာမျိုး၊ ဒါမှမဟုတ် မက်ဆေ့ခ်ျတွေ
‎ရောက်လာတာမျိုး ဖြစ်လာပါမယ်။
‎
‎* သူ့ရဲ့ လှည့်စားတဲ့ စွမ်းအင်တွေ၊ ပြန်လာချင်တဲ့ ဆန္ဒတွေကို
‎ဇာတ်လမ်းဟောင်းအတိုင်း ဆက်မသွားစေဘဲ သင့်ရဲ့ တည်ငြိမ်တဲ့
‎စွမ်းအင်နဲ့ သင့်ဘဝကိုပဲ အဓိက ဦးစားပေးသွားဖို့ လိုပါတယ်။
‎
‎*အတိတ်ရဲ့ ထောင်ချောက်ထဲ ပြန်မဝင်ပါနဲ့: အရင်တုန်းက
‎သင့်ကို တန်ဖိုးမထားဘဲ ထွက်သွားခဲ့တဲ့သူကို ဒုတိယအခွင့်အရေး
‎ပေးမိဖို့ မလိုပါဘူး။ သငရဲ့ တန်ဖိုးကို ကိုယ်တိုင်သိပြီး သူ့ရဲ့
‎ချိုသာတဲ့ စကားလုံးတွေကို မယုံဖို့ အရေးကြီးပါတယ်။
‎
‎သင့်ရဲ့ ငြိမ်းချမ်းမှုကိုပဲ ရွေးချယ်ပါ: ရင်ဆိုင်ရမယ့် ပြဿနာတွေ၊
‎ရှုပ်ထွေးမှုတွေထက် သင့်ရဲ့ စိတ်ချမ်းသာမှုနဲ့ သင့်ရဲ့ကိုယ်ပိုင်
‎ရပ်တည်နိုင်စွမ်းကိုသာ အမြဲတမ်း ဦးစားပေးပါ။
‎ Poems 88 Tarot

03/09/2026

သင်က အရင်ကလို မဟုတ်တော့ဘဲ သင့်ရဲ့ ကျန်းမာရေး၊ လှပမှု၊
‎စိတ်ချမ်းသာမှုကို ဦးစားပေးနေပြီး သင့်ဘဝနဲ့သင် တည်ငြိမ်အေးချမ်း
‎နေပါတယ်။
‎
‎* တဖက်လူရဲ့ တွေးတောမှုနဲ့ ဆက်သွယ်ချင်စိတ်: သူက သင့်ကို
‎အလွန်တရာမှ သဘောကျပြီး စွဲလမ်းနေပေမဲ့၊ သင်က သူ့ကို လုံးဝ
‎အရေးမလုပ်တော့ဘူး၊ စိတ်မဝင်စားဘူးလို့ ထင်နေတဲ့အတွက် ကြောင့်
‎ဘယ်လိုစကားစရမယ်မှန်း မသိဘဲ တုံ့ဆိုင်းနေပါတယ်။
‎
‎* သူ့မှာ တခြား ရွေးချယ်စရာတွေ ရှိနေခဲ့တာကြောင့် ဒါမှမဟုတ်
‎တခြားအရာတွေကို ဦးစားပေးခဲ့မိတာကြောင့် အခုချိန်မှာ မှားယွင်းသွားပြီ
‎ဆိုတာကို သိလာပြီး အကြီးအကျယ် နောင်တရနေပါတယ်။
‎
‎* အလွန်တရာ ဆွဲဆောင်မှုရှိနေခြင်း: သင်က သူ့အတွက်
‎သာမန်လူတစ်ယောက် မဟုတ်ဘဲ အလွန်တရာမှ ထူးခြားပြီး
‎ရင်ခုန်စရာကောင်းတဲ့သူ လို့ မြင်နေပါတယ်။
‎
‎* သင်က သူနဲ့ ဝေးရာကို ထွက်သွားတာမျိုး၊ ဒါမှမဟုတ် လုံးဝ
‎လစ်လျူရှုထားတာမျိုး လုပ်တဲ့အခါကျရင် သူ့ရဲ့ စိတ်တွေ လေကုန်ပြီး
‎အကြီးအကျယ် စိုးရိမ်ပူပန်လာကြပါတယ်။
‎
‎* သူအနေနဲ့ တိုက်ရိုက် မလာရဲသေးပေမဲ့ ဆိုရှယ်မီဒီယာကနေ ဖြစ်စေ၊
‎ပတ်ဝန်းကျင်ကနေ ဖြစ်စေ သင့်ရဲ့ လှုပ်ရှားမှုတွေကို တိတ်တဆိတ်
‎လိုက်ကြည့်နေဆဲပါပဲ။
‎
‎* သင်က သူ့ကို လိုချင်တပ်မက်နေတာမျိုး မပြဘဲ သင့်ရဲ့ တန်ဖိုးကို
‎မြှင့်တင်ထားလေလေ၊ သူက ပိုပြီး ရူးမတတ် ဖြစ်လေလေပါပဲ။
‎သင့်ရဲ့ ပျော်ရွှင်မှုနဲ့ တည်ငြိမ်မှုကိုသာ အဓိကထားပြီး ရှေ့ဆက်ပါ။
Poems 88 Tarot


‎

31/08/2026

* လူတိုင်းက အကောင်းအတိုင်းပဲလို့ ထင်နေခဲ့ပေမဲ့ သင့်ဘဝကို
‎နေ့စဉ်ရက်ဆက် ပင်ပန်းစေခဲ့တဲ့၊ စွမ်းအင်တွေ စုပ်ယူခံနေရတဲ့
‎အခြေအနေတစ်ခုကနေ သင်က ရဲရဲရင့်ရင့် ထွက်ခွာလာခဲ့ပါပြီ။
‎အဲ့ဒါက အလုပ်ပဲဖြစ်ဖြစ်၊ ဆက်ဆံရေးပဲဖြစ်ဖြစ်၊ နေရာဒေသပဲဖြစ်ဖြစ်ပေါ့။
‎
‎* မပြီးပြတ်သေးတာတွေကို ရှင်းလင်းခြင်း: အတိတ်က ကာလတွေတုန်းက
‎မပြီးပြတ်ခဲ့တဲ့ ဘေလ်တွေ၊ စာချုပ်တွေ၊ ရှယ်ယာအကောင့်တွေ ဒါမှမဟုတ်
‎မပိတ်ရသေးတဲ့ ကိစ္စလေးတွေအတွက် လာမယ့်ရက်ပိုင်းအတွင်း
‎အကြောင်းကြားစာတွေ ရောက်လာနိုင်ပါတယ်။ ဒီတစ်ခါတော့
‎အားလုံးကို အပြီးတိုင် ရှင်းလင်းပစ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။
‎
‎* ကိုယ့်ကိုယ်ကိုယ် တည်ဆောက်နိုင်ခြင်း: ဘယ်သူ့ရဲ့ အကူအညီမှ မပါဘဲ
‎သင့်ဘဝကို ကိုယ်တိုင် တည်ဆောက်ခဲ့ပြီးပါပြီ။ အခုဆိုရင် သင့်ရဲ့
‎စံနှုန်းတွေ မြင့်လာပြီး အရည်အသွေးမရှိတဲ့ အရာတွေထက်
‎တကယ့်တန်ဖိုးရှိတဲ့ အရာတွေကိုပဲ ရွေးချယ်တတ်လာပါပြီ။
‎
‎* ဘဝကို ပိုင်ဆိုင်လာခြင်း: လက်ရှိမှာတော့ သာမန်အလုပ်နဲ့
‎ရပ်တည်နေရပေမဲ့ မကြာခင်မှာ ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင်နေရာနဲ့
‎ကိုယ်ပိုင်ဖွဲ့စည်းပုံတစ်ခုကို ပိုင်ဆိုင်လာရတော့မှာ ဖြစ်ပါတယ်။
‎
‎* အတိတ်က နေရာဟောင်းဆီ ခေတ္တပြန်သွားရခြင်း: မထင်မှတ်ဘဲ အရင်က
‎ရပ်တည်ခဲ့ဖူးတဲ့ နေရာဟောင်း၊ မြို့ဟောင်းကို သွားရမယ့်
‎အကြောင်းဖန်လာပါမယ်။ အဲ့ဒီအချိန်မှာ အရင်က သင့်ကို
‎ခြိမ်းခြောက်နိုင်ခဲ့တဲ့ အရာတွေက အခုဆိုရင် ဘယ်လိုမှ သက်ရောက်မှု
‎မရှိတော့တာကို သင် ကိုယ်တိုင် အံ့သြစွာ တွေ့ရပါလိမ့်မယ်။
‎
‎* စကြာဝဠာရဲ့ ကောင်းချီးမင်္ဂလာများ: လာမယ့် ၆ လအတွင်းမှာ
‎စကြာဝဠာကြီးကနေ ပေးအပ်မယ့် ကောင်းချီးမင်္ဂလာတွေ၊
‎ငွေကြေးဆိုင်ရာ အဆင်ပြေမှုတွေနဲ့ အောင်မြင်မှုတွေကို
‎ဆင့်ပွားခံစားရတော့မှာ ဖြစ်ပါတယ်။
‎
‎* စိတ်ဆန္ဒတွေကို နှိမ်နှိပ်မထားပါနဲ့: တစ်ခါတလေ ဘဝကို
‎အနားပေးချင်တာ၊ အကုန်စွန့်ခွာပြီး ထွက်သွားချင်တာတွေက
‎သင့်ရဲ့ အားနည်းချက် မဟုတ်ပါဘူး။ အဲ့ဒီဆန္ဒတွေကို နားထောင်ပေးပါ၊
‎ဉာဏ်ဆင်ပြီး ဟန်ချက်ညီညီ ဖြေရှင်းပါ။
‎
‎* မြေအောက်မှာ ကြီးထွားနေတဲ့ အပင်လေးလိုပါ: အပြင်မှာ
‎ဘာမှမဖြစ်သေးဘူးလို့ ထင်ရပေမဲ့ သင့်ရဲ့ ကြိုးစားမှုတွေ၊ တိုးတက်မှုတွေက
‎အတွင်းပိုင်းမှာ အမြစ်တွယ် ကြီးထွားနေပါပြီ။ အချိန်တန်ရင် အလွန်တရာ
‎လှပတဲ့ အောင်မြင်မှုတွေ ပွင့်လန်းလာပါလိမ့်မယ်။
‎ Poems 88 Tarot

30/08/2026

‎* အတိတ်ကလူက သင့်ကို လွယ်လွယ်နဲ့ လက်လွှတ်ခဲ့တဲ့၊ ဒါမှမဟုတ်
‎တတိယလူ ပြဿနာတွေနဲ့ ရှုပ်ထွေးခဲ့တဲ့ အတိတ်ကလူက
‎အခုချိန်မှာ သင့်ကို ဆိုရှယ်မီဒီယာကနေ တိတ်တဆိတ် ချောင်းကြည့်နေတယ်။

* ‎သင်က သူကို လုံးဝ အရေးမလုပ်တော့ဘဲ သင့်ဘဝနဲ့သင်
‎တောက်ပနေတာကို မြင်ရလေ ပိုပြီး ရင်ကျပ်လေ ဖြစ်နေပါတယ်။

‎* ဟိုလူဒီလူတွေနဲ့ ရှုပ်နေခဲ့တဲ့ အတိတ်ကလူက တစ်နေ့ကျရင်
‎လုံးဝ မထင်မှတ်ထားတဲ့ အချိန်မှာ ရုတ်တရက်ကြီး ဆက်သွယ်လာတာမျိုး၊
‎ဒါမှမဟုတ် သင့်ရှေ့ကို ရောက်လာတာမျိုး ဖြစ်လာနိုင်ပါတယ်။
‎ဒါပေမဲ့ သင့်ဘက်ကတော့ ဇာတ်လမ်းဟောင်းထဲကို ပြန်မဝင်ဘဲ
‎ခိုင်မာတဲ့ ရပ်တည်ချက်ကို ဆက်ထိန်းထားဖို့ လိုပါတယ်။

‎* အတိတ်က ကစားကွက်တွေ၊ လိမ်ညာမှုတွေကို ကျော်လွန်ပြီး
‎သင့်ရဲ့ စစ်မှန်တဲ့ တန်ဖိုးကို သိလာမယ့်သူ၊ ဒါမှမဟုတ် သင့်ဘဝထဲကို
‎အမှန်တကယ် သစ္စာရှိရှိနဲ့ ဝင်လာမယ့် မေတ္တာစွမ်းအင်သစ်တစ်ခုက
‎တံခါးခေါက်တော့မှာ ဖြစ်ပါတယ်။
‎
‎* အတိတ်ကို နောက်မှာပဲ ထားခဲ့ပါ: အလကားနေရင်း သင့်စွမ်းအင်တွေကို
‎စုပ်ယူနေတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ လူတွေနဲ့
‎အတိတ်ဇာတ်လမ်းဟောင်းတွေကို ဆက်ပြီး အချိန်မပေးပါနဲ့တော့။
‎
‎* သင့်ဘဝသင် အရင် တည်ဆောက်ပါ: သင့်ရဲ့ ရည်မှန်းချက်တွေ၊
‎ကိုယ်ပိုင် အလုပ်တွေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာရော အပြင်မှာပါ
‎လှပတောက်ပနေဖို့ပဲ အဓိကထားပါ။ သင်ကိုယ်တိုင် ရပ်တည်နိုင်စွမ်း (Independence) ရှိတာက အကောင်းဆုံး ဆွဲဆောင်မှုပါပဲ။
‎
‎* လာဘ်လာဘလိုလို၊ ကရုဏာယောင်လိုလိုနဲ့ သင့်ဆီ အလွယ်တကျ
‎ပြန်ဝင်လာချင်တဲ့သူတွေကို နေရာမပေးပါနဲ့။ သင့်ရဲ့ တန်ဖိုးကို
‎သိတဲ့သူတွေကိုပဲ အနားမှာ လက်ခံပါ။
Poems 88 Tarot

29/08/2026

‎* သင်နဲ့သူ လမ်းခွဲထားကြတယ်၊ အဆက်အသွယ်ပြတ်နေတယ်
‎သူနဲ့ သင့်နဲ့ကြားမှာ ဘာမှန်းမသိတာတွေ ခြားနေတယ်။
‎ဆက်သွယ်လို့ လုံးဝမရဘူး။ အဆက်အသွယ်ပြတ်နေတဲ့
‎No Contact အနေအထားပါ။ သူတို့ဘက်ကလည်း ဘာသတင်းမှ ပို့မလာဘူး။
‎
* ‎တကယ်တော့ သူလုပ်ခဲ့တာတွေအတွက် သူကိုယ်တိုင် ရှက်နေကြတယ်။
‎"ငါကတော့ ကောင်မလေး/ကောင်လေးရှေ့မှာ ရဲစွမ်းသတ္တိမရှိတဲ့
‎လူ coward တစ်ယောက်လို ဖြစ်သွားပါလား" ဆိုပြီး နောင်တရနေတယ်။
‎သင်က သူကို ဘယ်လိုမြင်နေမလဲဆိုပြီး တော်တော်လေး စိတ်ပူနေကြတာ။
‎
* ‎ဒီနေရာမှာ အဓိက ကွက်တိကျတာက - သူ ကိုယ်တိုင်က
‎အဆက်ဖြတ်ထားပြီး သင်ကလည်း ငိုယိုပြီး သူနောက်ကို
‎လိုက်တောင်းပန်မယ်၊ တောင်းဆိုမယ်လို့ သူက ထင်ထားတာ။
‎ဒါပေမဲ့ သင်က အဲ့လိုမလုပ်ဘဲ "အေး... ပြီးတာပဲ၊ သွားစမ်းပါ" ဆိုပြီး
‎သင့်ဘဝနဲ့သင် အေးဆေးရှေ့ဆက်နေတယ်။ သင့်မှာ
‎တည်ငြိမ်ထက်မြက်မှုစွမ်းအင်တွေကိုပိုင်ဆိုင်ထားပြီး
‎ဉာဏ်ကောင်းကောင်းနဲ့ တည်တည်ငြိမ်ငြိမ် ဖြစ်နေတယ်။
‎
* ‎သူက မျှော်လင့်ထားသလို ဖြစ်မလာတော့ -
‎"ဟင်... သူတကယ်ပဲ ငါ့ကို မလိုတော့တာလား၊
‎ဂရုတောင်မစိုက်တော့ဘူးလား" ဆိုပြီး အံ့သြပြီး ရူးချင်သလို ဖြစ်နေကြတာ။
‎
* ‎သူဘက်က ဒါကို မယုံနိုင်ဘူး ဖြစ်နေတယ်။ သင်တကယ်ပဲ
‎လှည့်ထွက်သွားပြီလားဆိုပြီး ဟိုတွေးဒီတွေးနဲ့ ခွဲခြမ်းစိတ်ဖြာနေတယ်။
‎နောက်ဆုံးတော့ သူကိုယ်တိုင်ပဲ ပြန်ဆက်သွယ်လာဖို့၊
‎ပြန်တွေ့ဖို့ လုပ်လာလိမ့်မယ်။
‎
* ‎နောက်တစ်ကြိမ် သူနဲ့ တကယ် လူချင်းပြန်တွေ့တဲ့အခါကျရင်တော့ -
‎သင်က သူ့အပေါ် ဘာခံစားချက်မှ မရှိတော့ဘူးဆိုတာကို
‎သဘောပေါက်သွားလိမ့်မယ်။ တစ်ချိန်က ရင်ခုန်ခဲ့ပေမဲ့ လူကိုယ်တိုင်
‎ပြန်တွေ့တဲ့အခါ အေးစက်သွားပြီး "သံယောဇဉ် လုံးဝဖြတ်နိုင်သွားပြီ" ဆိုတာ
‎ဖြစ်လာမယ်။ အဲ့ဒီနောက်မှာ သင့်ဘဝထဲကို ပိုမိုအောင်မြင်ပြီး တန်ဖိုးရှိတဲ့,
‎သင့်ကို တကယ်လေးစားမယ့် လူသစ်တွေ ရောက်လာပါလိမ့်မယ်။
Poems 88 Tarot

‎

28/08/2026

‎* သူက သင့်ရဲ့ ဆိုရှယ်မီဒီယာတွေကို တိတ်တဆိတ် ဝင်ကြည့်နေတယ်။
‎သင် ဘာတွေလုပ်နေလဲ၊ ဘယ်သူတွေနဲ့ ရှိနေလဲ၊ နေ့စဉ်ဘဝမှာ
‎ ဘယ်လို ဖြတ်သန်းနေလဲဆိုတာကို အရမ်းသိချင်နေပြီး
‎ မကြာခင်မှာ တောင်းဆိုမှုတွေ (Request) ပို့လာတာမျိုး၊
‎စကားစမြည် ပြောလာတာမျိုး ဖြစ်လာနိုင်ပါတယ်။
‎
‎* သင်က တခြားသူနဲ့များ ပတ်သက်နေမလား၊ သို့မဟုတ်
‎ အဆင်ပြေနေပြီလားဆိုပြီး သူက သေချာ အချက်အလက်
‎ စုဆောင်းနေပါတယ်။ သင့်ကို မနှောင့်ယှက်ချင်ဘူး၊ အနှောက်အယှက်
‎မဖြစ်စေချင်ဘူး၊ ငြင်းပယ်ခံရမှာကိုလည်း အရမ်းစိုးရိမ်လို့
‎ ချက်ချင်းမဝင်လာဘဲ သေချာချိန်ဆနေတာ ဖြစ်ပါတယ်။
‎
‎* လူချင်း မျက်နှာချင်းဆိုင်မိတဲ့အခါကျရင်တောင်
‎ သင့်ကို တကယ်သဘောကျလွန်းအားကြီးလို့ ရှက်ပြီး
‎ မျက်လုံးချင်း တိုက်ရိုက် မဆုံရဲဘဲ ရှောင်ဖယ်နေတတ်ပါတယ်။
‎
‎* ဒီလောက်ထိ စွဲဆောင်မှုရှိပြီး ထူးခြားတဲ့သူ ဒီကမ္ဘာပေါ်မှာ
‎မရှိတော့ဘူးလို့ သူ ခံစားနေရပါတယ်။ သင့်ကို တကယ်
‎ ရိုမန်တစ်ဆန်ဆန် သဘောကျနေပြီး တန်ဖိုးထားပါတယ်။
‎
‎* သူက သင့်ကို အပေါ်ယံ သဘောကျတာမျိုး မဟုတ်ဘဲ
‎ သင့်ရဲ့ ရပ်တည်ချက်၊ ခံစားချက်နဲ့ အတွေးအခေါ်တွေကို
‎အလွန်တရာမှ လေးစားမှု (Respect) အပြည့် ထားရှိပါတယ်။
‎
‎* သူက တစ်နေ့ကျရင် သင်လုံးဝ မထင်မှတ်ထားတဲ့ အချိန်မှာ
‎ ရုတ်တရက်ကြီး ရောက်လာပြီး စကားပြောလာတာမျိုး၊
‎ဆက်သွယ်လာတာမျိုး အံ့သြစရာကောင်းလောက်အောင် ဖြစ်လာပါလိမ့်မယ်။
Poems 88 Tarot


‎

27/08/2026

* ဗီဒီယိုကို စမကြည့်ခင် သင့်စိတ်ထဲ အရင်ဆုံး ပေါ်လာတဲ့သူက
‎ဒီစာဖတ်ပြချက်နဲ့ တိုက်ရိုက်ဆိုင်နေပါတယ်။ အရာရာ ပြီးဆုံးသွားပြီလို့
‎သင်က ထင်ထားခဲ့ပေမဲ့ တကယ်တော့ မပြီးသေးပါဘူး။
‎သူနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ခုက သင့်ဆီ
‎အမြန်ဆုံး ရောက်လာတော့မှာပါ။
‎
‎* နှစ်ဖက်စလုံးမှာ ရင်ထဲက စကားတွေ မပြောရသေးတာတွေ
‎ရှိနေပြီး၊ ခံစားချက်တွေကလည်း လွယ်လွယ်နဲ့ ပျောက်ကွယ်သွားတာမျိုး
‎မရှိပါဘူး။ ဒါပေမဲ့ ဒါက ရွေးချယ်မှုတစ်ခု လုပ်ရမယ့်
‎အချိန်လည်း ဖြစ်ပါတယ်။
‎
‎* သူ့မှာ တခြား တာဝန်ဝတ္တရားတွေ၊ ငွေကြေးဆိုင်ရာ ကိစ္စတွေ၊
‎သို့မဟုတ် လွယ်လွယ်နဲ့ ထွက်မရနိုင်တဲ့ အခြေအနေတစ်ခုခုကြောင့်
‎ဟန်ချက်မညီဘဲ ကပ်ငြိနေတာ ဖြစ်ပါတယ်။ ဒါက သင့်ကို
‎မချစ်လို့မဟုတ်ဘဲ သူ့ရဲ့ အခြေအနေကြောင့်ပါ။
‎
‎* အရင်တုန်းက ဘယ်သူ့ရဲ့ အကူအညီမှ မပါဘဲ သင့်ဘဝကို သင်ကိုယ်တိုင်
‎တည်ဆောက်ခဲ့ပြီးပါပြီ။ သင့်ရဲ့ တိုက်ခန်း၊ သင့်ဘေလ်၊ သင့်စံနှုန်းတွေနဲ့
‎သင် ရပ်တည်နေပါပြီ။
‎
‎* : သင်က အခုဆိုရင် အရင်ကလို တစ်ယောက်ယောက်ကို
‎စောင့်နေတဲ့သူ မဟုတ်တော့ဘဲ သင့်ဘဝနဲ့သင် ပြည့်စုံနေပါပြီ။
‎ဒီလို သင်ကိုယ်တိုင် ရပ်တည်နိုင်စွမ်း (Independence) ကပဲ
‎တစ်ဖက်လူရဲ့ အပြုအမူတွေကို ပြောင်းလဲသွားစေမယ့်
‎အဓိက အချက်ဖြစ်ပါတယ်။
‎
‎*: သုံးပတ်အတွင်းမှာ မထင်မှတ်ဘဲ လူချင်းပြန်တွေ့ရမယ့်
‎အခြေအနေတစ်ခု (ပါတီပွဲ၊ မင်္ဂလာပွဲ သို့မဟုတ် အလုပ်ကိစ္စမျိုး)
‎ဖန်လာပါမယ်။ အဲ့ဒီအချိန်မှာ သူ ရောက်လာတော့မယ်ဆိုတာကို
‎သင်အရင် ကြားသိရပါလိမ့်မယ်။
‎
‎* တစ်ယောက်ယောက်ကြောင့်၊ သို့မဟုတ် အလုပ်တစ်ခုကြောင့်
‎သင့်ရဲ့ စွမ်းအင်တွေ ကုန်ခမ်းခဲ့ရပေမဲ့ မကြာခင်မှာ အဲဒီလေးလံတဲ့
‎ဖိအားတွေ ကင်းစင်သွားပြီး ပေါ့ပါးသွားတာကို ခံစားရပါလိမ့်မယ်။
‎
‎* သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ပုံတွေပျောက်သွားတာ၊ bio ပြောင်းသွားတာမျိုး
‎တစ်ခုခု အပြောင်းအလဲ ရှိလာပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ ဘာမှ သွားမတုံ့ပြန်ပါနဲ့၊
‎သင့်ဘဝနဲ့သင်ပဲ ဆက်နေပါ။
‎
‎* ခံစားချက်နောက်ကိုပဲ လိုက်မနေဘဲ ဦးနှောက်နဲ့ ဆင်ခြင်တုံတရားကို
‎သုံးပြီး ဆုံးဖြတ်ပါ။ သူက သင့်ဆီ ပြန်လာပြီး အာရုံဖမ်းစားဖို့
‎ကြိုးစားလိမ့်မယ်၊ ဒါပေမဲ့ သင့်ရဲ့ ခိုင်မာတဲ့ နယ်နိမိတ် (Boundaries) ကို
‎ဆက်ထိန်းထားပါ။
‎
‎* တိတ်ဆိတ်အေးချမ်းပြီး နွေးထွေးတဲ့ အိမ်လေးတစ်လုံး၊
‎တည်ငြိမ်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် သင့်ရဲ့ ပျော်ရွှင်မှုကို
‎သင် ကိုယ်တိုင် တည်ဆောက်ပါ။ မကြာခင်မှာ ကောင်းမွန်တဲ့
‎အခွင့်အရေးတွေနဲ့ အောင်မြင်မှုတွေ သင့်ဆီ ရောက်လာပါတော့မယ်။
Poems 88 Tarot

‎

あなたの事業をChiyoda-kuのビューティーサロンのトップに掲載しませんか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

カテゴリー

ウェブサイト

住所


Chiyoda-ku, Tokyo

アラート

The Poems 88 Tarotが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

メール登録

Chiyoda-kuに新しい情報があればお知らせします。