Nay Twe Aung
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nay Twe Aung, Tanning salon, Bogor.
02/05/2020
မိန်းမလုပ်သူက သူ့ယောက်ျားကိုပြောတယ်
ယောက်ျားရေ ကျွန်မဆံပင်တွေရှည်နေပြီ
ကျွန်မကို ဆံပင်တွေညှပ်ထားဖို့ကလစ်တစ်ခုလောက်ဝယ်ပေးနော်တဲ့။
ယောက်ျားက ပြန်ပြောတယ်
မိန်းမရယ်ငါတို့ကတစ်နေ့လုပ်မှတစ်နေ့စားရတာလေ
ငါ့နာရီလေးတောင် ကြိုးစုတ်နေတာခုထိဝယ်မတပ်ရသေးဘူး
ဒီတိုင်းပဲ အိပ်ကပ်ထဲထည့်ပြီး ကြည့်ရတာလေကွာတဲ့။
ယောက်ျားလုပ်သူဟာ အလုပ်ကပြန်လာတော့
စဉ်းစားမိသွားတယ် သူ့နာရီလေးရောင်းပြီး
သူ့ဇနီးအတွက် ကလစ်လေးတစ်ခုဝယ်ပေးဖို့လေ။
သူ့နာရီလေးကိုဈေးနည်းနည်းနဲ့နာရီဆိုင်တစ်ဆိုင်မှာရောင်းလိုက်ပြီး
သူ့ဇနီးအတွက် ကလစ်တစ်ခုကို ၀ယ်လာခဲ့တယ်
သူသာဝယ်လာခဲ့တာကိုသိရင် သူ့ဇနီးပျော်နေမှာကို တွေးပြီး
သူ့ခြေလှမ်းတွေဟာ တက်ကြွနေခဲ့တယ်။
ဒါပေမယ့် သူအိမ်ပြန်ရောက်တော့ သူ့အတွေးလေးလွဲသွားတယ်
သူ့မိန်းမဟာ ဆံပင်တိုနဲ့ဖြစ်နေပြီ ။
သူ့မိန်းမက သူ့ကိုပြောတယ်။
ယောက်ျား ကျွန်မ လေ ဆံပင်တွေကို ဖြတ်ပြီးရောင်းလိုက်တယ်
ရတဲ့ပိုက်ဆံနဲ့ ရှင့်အတွက် နာရီလေးတစ်လုံးဝယ်ထားတယ်တဲ့။
သူ သူ့မိန်းမကို ဖက်လိုက်တယ်
သူ့မျက်ဝန်းမှာလည်းမျက်ရည်တွေ ၀ဲနေတယ်
ပြီးတော့ သူ သူ့မိန်းမကို ပြောလိုက်တယ်.
ငါလေ ငါ့နာရီ အစုတ်လေးကို ရောင်းပြီး
နင့်အတွက် ကလစ်လေးတစ်ခု ၀ယ်လာခဲ့တယ်တဲ့ ။
ပိုက်ဆံငွေကြွေးများစွာမရှိပေမယ့် သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတယ်။
အချစ်ဆိုတာက ချစ်နေရုံနဲ့မပြီးသေးပါဘူး
တစ်ယောက်ရဲ့လိုအပ်ချက်တစ်ယောက် ဖြည့်ဆည်းပေးဖို့လိုတယ်
တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်အ၀ရှိဖို့လိုတယ်။
တစ်ယောက်အပေါ်တစ်ယောက်သစ္စာမပျက်ဖို့လိုပါတယ်။
#♥ #
02/05/2020
သွေး လိုအပ်သူများ...သွေလျူဖို့...အသင့်ပါ.......😊😊😊
Click here to claim your Sponsored Listing.
Category
Website
Address
Bogor
16127
Alerts
Be the first to know and let us send you an email when Nay Twe Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.