BEX Beauty
Farm Stay , Veraclara , Dereslab & Ohara Brand
Retail & Wholesale 📍
20/09/2026
(Skincare Knowledge) ဝက်ခြံရှိတဲ့သူတွေ Skincare ဘယ်လိုရွေးမလဲ?
ဝက်ခြံရှိတဲ့သူတွေ Skincare ရွေးတဲ့အခါ “ဝက်ခြံကို ပိုမဆိုးစေဘဲ အရေပြားကို မထိခိုက်စေဖို့” က အဓိကပါ။
ဝက်ခြံရှိရင် Skincare ဘယ်လိုရွေးမလဲ?
1. Cleanser — နူးညံ့တာရွေးပါ
• Gentle cleanser ဖြစ်ရမယ်
• အဆီနဲ့အညစ်အကြေးကို သန့်စင်ပေးနိုင်ပေမယ့် အသားအရေကို အရမ်းခြောက်မသွားစေတာကလည်းအရေးကြီးပါတယ်
• Scrub ပါတဲ့ cleanser တွေ၊ အရမ်းပြင်းတဲ့ cleanser တွေကို ရှောင်ပါ
2. Toner — Hydrating & Soothing ဖြစ်တာရွေးပါ
ဝက်ခြံရှိလို့ Toner ကို အရမ်းခြောက်စေတဲ့ Alcohol-heavy formula မျိုးရွေးဖို့ မလိုပါဘူး။
Panthenol, Centella Asiatica (Cica), Heartleaf, Hyaluronic Acid စတဲ့ soothing/hydrating ingredients တွေပါတာတွေကို စဉ်းစားနိုင်ပါတယ်။
3. Serum — ပြဿနာနဲ့ကိုက်ညီတာရွေးပါ
ဝက်ခြံနဲ့ ပိတ်ဆို့နေတဲ့ချွေးပေါက်တွေရှိရင် Salicylic Acid (BHA) ပါတဲ့ product တွေက အသုံးဝင်နိုင်ပါတယ်။
ဝက်ခြံပြီးနောက် အမဲစက်ရှိရင် Niacinamide လို ingredients တွေကိုလည်း စဉ်းစားနိုင်ပါတယ်။
4. Moisturizer — မမေ့ပါနဲ့!
“ဝက်ခြံရှိလို့ Moisturizer မလိမ်းဘူး” ဆိုတာ မကောင်းပါဘူး။
Lightweight, non-comedogenic moisturizer ကိုရွေးပြီး Skin Barrier ကို ထိန်းပေးသင့်ပါတယ်။
5. Sunscreen — နေ့တိုင်း
ဝက်ခြံပြီးနောက်ကျန်တဲ့ အမဲစက် (PIH) တွေ ပိုမည်းမလာအောင် Sunscreen က အရေးကြီးပါတယ်။
Broad-spectrum SPF 30+ ကို ရွေးနိုင်ပါတယ်။
ဝက်ခြံရှိရင် သတိထားရမယ့်အရာတွေ
• အရမ်းကြမ်းတဲ့ Facial Scrub
• ဝက်ခြံကို ဖိညှစ်ခြင်း
• Product အသစ်တွေ အများကြီးကို တစ်ခါတည်းစမ်းခြင်း
• အသားအရေကို အလွန်ခြောက်အောင်လုပ်ခြင်း
• ကိုယ့်အသားအရေနဲ့ မကိုက်တဲ့ heavy/oily products တွေအသုံးပြုခြင်း
📌 အရေးကြီးတာက ဝက်ခြံရှိတိုင်း Product အများကြီးသုံးစရာမလိုပါဘူး။ Simple routine နဲ့စပြီး ကိုယ့်အသားအရေတုံ့ပြန်မှုကိုကြည့်တာ ပိုကောင်းပါတယ်။
ဝက်ခြံက အရမ်းရောင်ရမ်းတာ၊ နာကျင်တဲ့အဖုကြီးတွေဖြစ်တာ၊ အမာရွတ်တွေကျန်လာတာ ဆိုရင်တော့ Skincare တစ်ခုတည်းနဲ့ မလုံလောက်နိုင်လို့ အရေပြားဆရာဝန်နဲ့ တိုင်ပင်တာကတော့ အကောင်းဆုံးပါပဲ။
19/09/2026
(Pomegranate All In One Ampoule)
အသားရည်ခြောက်သွေ့ပြီး အမဲစက်နဲ့ တင်းတိတ်တွေရှိနေတဲ့အပြင် Skin Barrier ပါအားနည်းလို့ စိတ်ညစ်နေပြီလား 😪
ဒါဆိုရင်တော့ နေ့စဥ် ကိုယ့်ရဲ့ Skincare တွေထဲမှာ ကိုယ်နဲ့ကိုက်ညီတဲ့ Ampoule ကိုလိမ်းပေးဖို့လိုအပ်နေပါပြီ🤔
Active Ingredients တွေပါဝင်တာကြောင့် အသားရည်အတွက် လိုအပ်ချက်များကို ပြုပြင်ထိန်းသိမ်းပေးပြီး အသားရည်ကိုလည်း ညီညာကာဖြူဝင်းလာစေမှာပဲ ဖြစ်ပါတယ် 💁♀️
မင်မင်တို့စီမှာလည်း In Stock လေးတွေနည်းနေတာကြောင့် မှာမယ်ဆိုရင်တော့ ခဏတော့ စောင့်ပေးရပါမယ်ရှင် 🙆♀️
📩 Order မှာယူလိုပါက BEX Beauty Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
17/09/2026
(Farm Stay Rice& Bifida Cream Mask)
မင်မင်တို့စီမှာ တင်းတိတ်နဲ့ အရေးအကြောင်းတွေကို သက်သာစေနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုရှိနေပြီဆို စိတ်ဝင်စားကြလား 🤫
Farm Stay ကနေထွက်ရှိထားပြီး Rice Series မှာပါဝင်တဲ့ Rice & Bifida Cream Mask လေးဟာဆိုရင် အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အမဲစက် တင်းတိတ်နဲ့ အရေးကြောင်းတွေကို သက်သာပျောက်ကင်းနိုင်အောင် အပြည့်အဝကူညီပေးမှာပဲ ဖြစ်ပါတယ် 🙆♀️
အမဲစက်နဲ့ တင်းတိတ်ပြဿနာတွေအတွက် အခုပဲ Rice & Bifida Cream Mask လေးကိုကပ်လိုက်ကြရအောင် 🖇️
📩 Order မှာယူလိုပါက BEX Beauty Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
အပတ်စဉ်ကြာသပတေးရဲ့ live လေးလာပါပီ
အပတ်စဉ် ကြာသပတေးနေ့တိုင်း မင်တို့ BEX BEAUTY Page မှာ Live Sale အစီအစဉ်လေး ရှိပါတယ်နော်
⏰ Live စတင်မည့်အချိန် - ညနေ ၃:၀၀ နာရီ
Live ထဲမှာဆိုရင်တော့ DERESLAB Product များ, OHARA Product များ, FARMSTAY Product များနဲ့အတူ Promotion တွေ Discount တွေနဲ့အတူ Skin Care Knowledge လေးတွေကို တစ်နေရာတည်းမှာ ရရှိနိုင်မှာဖြစ်ပါတယ်ရှင့် 🥰
ကိုယ်နဲ့ သင့်တော်မယ့် Product တွေကိုလည်း မင်တို့ Team က စိတ်ရှည်လက်ရှည် အကြံပေးပေးမှာဖြစ်လို့ Live လေးကို မလွတ်တမ်း စောင့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့် 💖
📌 ကြာသပတေးနေ့တိုင်း 📌 ညနေ ၃:၀၀ နာရီ 📌 BEX BEAUTY Page
Skin Goals တွေကို အတူတူ ဖန်တီးကြဖို့အတွက် Live မှာဆုံကြရအောင်
15/09/2026
(Collagen Water Full Moist Toner & Emulsion)
အသားရည်ကို နူးညံ့စိုပြေပြီး ကျန်းမာလန်းဆန်းတဲ့ Glow Skin လေးရချင်နေပြီလား🤔
သဘာဝကော်လဂျင်ကြောင့် အသားရည်ကို အစိုဓာတ်ပေးနိုင်တဲ့ အပြင် အရွယ်မတိုင်ခင်ဖြစ်ပေါ်နိုင်သော အရေးအကြောင်းများကိုလည်း သက်သာစေနိုင်ပါတယ်📌
တနေ့တာလုံး အသားရည်ကို စိုပြေပြီး နူးညံ့နေစေဖို့အတွက် Skincare Step တွေမှာ Collagen Water Full Moist Toner & Emulsion လေးကို နေ့စဥ်သုံးလိုက်ကြရအောင် 💁♀️
မင်မင်တို့စီမှာလည်း In Stock လေးတွေနည်းနေတာကြောင့် မှာမယ်ဆိုရင်တော့ ခဏတော့ စောင့်ပေးရပါမယ်ရှင်
📩 Order မှာယူလိုပါက BEX Beauty Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
13/09/2026
(Skincare Knowledge) Sunscreen ဘာကြောင့် မဖြစ်မနေသုံးသင့်လဲ?
Sunscreen ကို နေ့တိုင်း မဖြစ်မနေသုံးသင့်တာက နေရောင်ခြည်ထဲက UVA နဲ့ UVB rays တွေက အသားအရေကို ရေရှည်ထိခိုက်စေနိုင်လို့ပါ။
Sunscreen ကိုဘာကြောင့်သုံးသင့်တာလဲ?🤔
1. အသားအရေ မညိုမဲအောင် ကာကွယ်ပေးတယ်
UV rays ကြောင့် Melanin ပိုထွက်လာပြီး အသားအရေညိုမဲခြင်း၊ Sun Tan ဖြစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
2. အမဲစက်နဲ့ တင်းတိပ်တွေကို ကာကွယ်ပေးတယ်
နေရောင်ခြည်ထိတွေ့မှုများရင် Dark Spots, Freckles, Melasma တွေ ပိုမိုသိသာလာနိုင်ပါတယ်။
3. အသားအရေ အိုမင်းခြင်းကို နှေးစေတယ်
UVA က အရေပြားအတွင်းပိုင်းထိ ရောက်နိုင်ပြီး Collagen နဲ့ Elastin ကို ထိခိုက်စေတဲ့အတွက် အရေးအကြောင်း၊ အသားအရေ လျော့ရဲခြင်း ဖြစ်စေနိုင်ပါတယ်။
4. Skincare ရဲ့ ရလဒ်ကို ထိန်းပေးတယ်
Brightening serum တွေ၊ Dark spot care တွေ သုံးနေပေမယ့် Sunscreen မသုံးရင် UV rays ကြောင့် ရလဒ်ကောင်းရဖို့ ပိုခက်နိုင်ပါတယ်။
ဘယ်လို Sunscreen ရွေးမလဲ?
နေ့စဉ်အသုံးပြုဖို့ဆိုရင် Broad-spectrum SPF 30+ ကို ရွေးတာကောင်းပါတယ်။
📌 အရေးကြီးဆုံးကတော့ အိမ်ထဲမှာပဲနေရင်တောင် ပြတင်းပေါက်ကနေ UV Rays တွေထိတွေ့နိုင်တာကြောင့် နေ့ဘက်မှာ Sunscreen သုံးတာက ပိုအကျိုးရှိပါတယ်။
Skincare က အသားအရေကို ပြုပြင်ပေးတယ်။
Sunscreen က နေရောင်ကြောင့် အသားအရည်ထပ်မံပျက်စီးတာကို ကာကွယ်ပေးတယ်။💁♀️
10/09/2026
(Real Essence Mask & Visible Difference Mask)
မျက်နှာအသားရည်ကို ပိုပြီး ကြည်လင်လာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Real Essence Mask & Visible Difference Mask တွေမင်မင်တို့ Farm Stay မှာထွက်ရှိနေပါပြီ💁♀️
Real Essence Mask မှာဆိုရင်တော့
Lychee, Carrot, Tomato, Mango, Olive, Oatmeal, Blueberry, Manuka Honey, Calamansi, Bamboo ဆိုပြီး ရွေးချယ်စရာတွေအများကြီးရှိပါတယ်နော်👀
Visible Difference Mask မှာဆိုရင်တော့
Char Coal, Cucumber, Green Tea Seed, Pomegranate, Collagen ဆိုပြီး ၅ မျိုးထွက်ရှိထားပါတယ်🤗
အသားရည်အတွက် အစိုဓာတ်နဲ့အတူ ကြည်လင်မှုကိုပါ ခံစားနိုင်မယ့် Mask ပဲဖြစ်ပါတယ် မင်မင်တို့စီမှာ Instock ရှိတုန်းလေး အမြန်ဝယ်ထားလိုက်တော့နော်
📩 Order မှာယူလိုပါက BEX Beauty Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 104, First Floor, Aye Yate Tar (1) Street, Shwe Than Lwin Condo, Bahan
Ranchi
NO.104,AYEYATETAR(1)STREET,SHWETHANLWINCONDO,BAHAN