My Hope

My Hope

Share

Life in Australia 🇦🇺 | Daily Vlogs | Family | Sharing my journey one day at a time 💛

03/08/2026

အခုရက်ပိုင်း အိပ်ရေးပျတ်တယ် အိပ်မရတော့မအိပ်ရဘူး လူလည်းပိန်နေပီ အစကဝနေတာပဲ သည်းခံရမာပေါ့လေ 💔😐🥹
゚viralシ #𝕤𝕠𝕤𝕒𝕕

31/07/2026

Good morning beautiful Day
Happy National Girlfriend day 🩷🙆💃

30/07/2026

သဘောပေါက်စေ🥺ဒါဘဲလေ

゚viralシ

29/07/2026

"အေးချမ်းတဲ့ အခိုက်အတန့်လေးမှာ... ကိုယ့်စိတ်ကိုယ် ပြန်နားထောင်နေမိတယ်။

18/07/2026

မရှိတာကို အရှိလုပ်ပြီး……. ဟန်ဆောင် ပျော်ရွှင်နေမယ်ဆိုရင် အချိန်တစ်ခုထိသာ ပျော်ရွှင်နိုင်မှာဖြစ်ပါတယ်………
ဘဝတလျောက်လုံးပျော်အောင်နေလိုပါက ကိုယ့်မှာ အမှန်တကယ်ရှိအောင် ကြိုတင်ကြိုးစားပြီး ပြင်ဆင်ထားဖို့ လိုပါတယ်……….

16/07/2026

England 1-2 Argentina 🇦🇷 🩵
Koko Messi🫶
゚viralシ

15/07/2026

🌿ကိုယ့်ရဲ့ခိုလှုံရာဟာ ကိုကိုယ်တိုင်ဖြစ်လာတဲ့တစ်နေ့ကျ...

တစ်ချိန်က…

ဝမ်းနည်းတဲ့အခါ နားထောင်ပေးမယ့်သူကို ရှာခဲ့ဖူးတယ်…

အထီးကျန်တဲ့အခါ လက်တွဲပေးမယ့်သူကို မျှော်လင့်ခဲ့ဖူးတယ်…

ပင်ပန်းတဲ့အခါ နားလည်ပေးမယ့်သူကို တောင့်တခဲ့ဖူးတယ်…

ဒါပေမဲ့…

လောကမှာ လူတိုင်းက ကိုယ့်ဘေးမှာ အမြဲရှိနေပေးနိုင်တာ မဟုတ်ဘူး…

တချို့လူတွေက ခဏပဲ ဝင်လာတာ..

တချို့လူတွေက သင်ခန်းစာပဲ ပေးသွားတာ..

နောက်ဆုံးမှာ နားလည်လိုက်ရတာက…

ကိုယ်အလိုအပ်ဆုံး အချိန်တိုင်း

ကိုယ့်ဘေးမှာ ရှိနေပေးရမယ့်သူက

တခြားဘယ်သူ မဟုတ်ဘူး…

ကိုယ်တိုင်ပဲဆိုတာ...

စိတ်ပင်ပန်းတဲ့နေ့မှာ ကိုယ့်ကိုယ်ကို နားလည်ပေးပါ…

ဝမ်းနည်းတဲ့နေ့မှာ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေးပါ…

လဲကျတဲ့နေ့မှာ ကိုယ့်ကိုယ်ကို ပြန်ထူပေးပါ…

လောကကြီးက အမြဲတမ်း ကိုယ်စိတ်ကြိုက် ဖြစ်မလာနိုင်ဘူး…

ဒါပေမဲ့…

ကိုယ့်စိတ်ကို ကိုယ်စောင့်ရှောက်တတ်တဲ့နေ့ကစပြီး

ဘယ်သူ့ကိုမှ မတောင်းဆိုရတဲ့ ငြိမ်းချမ်းမှုကို ရလာလိမ့်မယ်…

နောက်ဆုံးမှာ…

ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့သူဟာ

ဘယ်သူထွက်သွားသွား

မပြိုလဲတော့ဘူး… 🤍

#ရတနာတောရဆရာတော်

14/07/2026

သင့်ရဲ့အပြစ်တွေကိုလက်ခံနိုင်တဲ့ဘုရားဖြစ်တယ်🤝

13/07/2026

🥺လင်လည်းရနေပြီ အတော်လေးနောင်တာတွေလည်းရကုန်ပြီ 💔
ရစရာဆိုတာမရှိတော့ဘူးရေ🫪
゚viralシ
#ဟဟ

09/07/2026

ဘဝမှာ လူတိုင်းဟာ ချစ်ခြင်းမေတ္တာကို လိုအပ်ကြတယ်။ ဒါပေမယ့် ချစ်ခြင်းမေတ္တာထက်တောင် ပိုလိုအပ်တဲ့ အရာတစ်ခု ရှိတယ်။
အဲဒါကတော့ စိတ်လုံခြုံမှု ပါပဲ။
စိတ်လုံခြုံမှုရှိတဲ့ လူတစ်ယောက်ရဲ့ အနားမှာ ရှိနေရတာဟာ အိမ်ပြန်ရောက်သလို ခံစားရတယ်။ စကားလုံးတိုင်းကို ချိန်ဆပြီး ပြောစရာ မလိုဘူး။
ကိုယ့်ရဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားစရာ မလိုဘူး။ အားနည်းချက်တွေကို လျှို့ဝှက်ထားစရာ မလိုဘူး။
သူ့အနားမှာ ရယ်ချင်ရင် ရယ်လို့ရတယ်။
ငိုချင်ရင် ငိုလို့ရတယ်။
မပျော်ရွှင်တဲ့ နေ့တွေကိုလည်း ရင်ဖွင့်လို့ရတယ်။
အကြောင်းကတော့ သူဟာ ကိုယ့်ကို အကဲဖြတ်ဖို့ မဟုတ်ဘဲ နားလည်ပေးဖို့ ရှိနေလို့ပါ။
လူအများစုက ကိုယ့်ရဲ့ ကောင်းတဲ့ဘက်ကိုပဲ ချစ်တတ်ကြတယ်။ အောင်မြင်နေတဲ့အချိန်၊ လှပနေတဲ့အချိန်၊ တောက်ပနေတဲ့အချိန်တွေမှာ အနားမှာ ရှိတတ်ကြတယ်။
ဒါပေမယ့် စိတ်လုံခြုံမှု ပေးနိုင်တဲ့ လူကတော့ ကိုယ့်ရဲ့ မပြည့်စုံမှုတွေကို မြင်ပြီးသား၊ အားနည်းချက်တွေကို သိပြီးသား ဖြစ်ပေမယ့် မစွန့်လွှတ်သွားတဲ့သူ ဖြစ်တယ်။
သူ့အတွက် ကိုယ်ဟာ ပြီးပြည့်စုံနေလို့ မဟုတ်ဘူး။
မပြည့်စုံတဲ့ ကိုယ့်ကို လက်ခံပေးနိုင်လို့ ဖြစ်တယ်။
တကယ်တော့ လူတွေ ရှာဖွေနေတာ ပြီးပြည့်စုံတဲ့ လူတစ်ယောက် မဟုတ်ဘူး။ မပြည့်စုံတဲ့ ကိုယ့်ကို နားလည်ပေးနိုင်မယ့် လူတစ်ယောက်ကို ဖြစ်တယ်။
ဘဝမှာ အရာအားလုံးကို ပိုင်ဆိုင်ဖို့ မလိုပါဘူး။ ဒါပေမယ့် ကိုယ်ဖြစ်ချင်သလို ဖြစ်ခွင့်ပေးတယ်။
ကိုယ်ရဲ့ မျက်ရည်နဲ့ အပြုံးနှစ်မျိုးစလုံးကို နေရာပေးနိုင်တဲ့ လူတစ်ယောက်တော့ ရှိဖို့ လိုတယ်။
အဲဒီလို လူတစ်ယောက်ကို တွေ့ရရင်…
အဲဒါဟာ ကံကောင်းခြင်းတစ်မျိုး ဖြစ်တယ်။
အဲဒီလို လူတစ်ယောက် ဖြစ်နိုင်ရင်တော့…
အဲဒါဟာ မေတ္တာရဲ့ အမြင့်ဆုံး ပုံစံတစ်မျိုး ဖြစ်တယ်။
“လူတစ်ယောက်ကို အချစ်ဆုံးဆိုတာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ချစ်တာမဟုတ်ဘူး။ သူ့ရဲ့ အားနည်းဆုံးအချိန်မှာတောင် လက်မလွှတ်ဘဲ ရပ်တည်ပေးနိုင်တာ ဖြစ်တယ်။

Want your business to be the top-listed Hair Salon in Melbourne?
Click here to claim your Sponsored Listing.

Category

Website

Address


Melbourne, VIC
3338