Dr Neo Online Clinic
Family doctor
25/03/2025
🚨ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံချင်သူများအတွက် 💉Influvac tetra 2025💉ကို Dr Neo online Clinic တွင် ကြိုတင် booking တင်ပြီး ထိုးနိုင်ပါပြီ။
🤩ဆေးဆိုင် ဆေးခန်းများအတွက်လဲ လက်ကား order မှာယူနိုင်ပါသည်။🤩
⏰နွေရာသီကုန်ဆုံးခါနီး မိုးစပြီဆိုတာနဲ့ သတိပြုရမည့် ကျန်းမာရေးပြဿနာကတော့ ရာသီတုပ်ကွေး ဖြစ်ပါတယ်။ ရာသီတုပ်ကွေးရဲ့ လက္ခဏာတွေကတော့ အဖျားကြီးတာ၊ နှာစေးချောင်းဆိုး၊ ခန္ဓာကိုယ်ကိုက်ခဲတာ၊ ဝမ်းပျက်ဝမ်းလျော ခြင်း အစရှိသဖြင့် ရှိနိုင်ပါတယ်။ နောက်ဆက်တွဲပြသနာတွေအနေနဲ့ ပြင်းထန် အဆုတ်ရောင် ရောဂါ ရကာ ဆေးရုံတတ်ရနိုင်ခြေ နှင့် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်တာမို့ အထူးဂရုစိုက်သင့်ပါတယ်။
⭐ အသက် (၆)လအောက် ကလေးများ တုပ်ကွေးကာကွယ်ဆေးထိုးနှံရန်မလိုအပ်ပါ။
🗞️(၁) မေး- ရာသီတုပ်ကွေးကာကွယ်ဆေးဆိုတာဘာလဲ?
📑. ဖြေ - နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က ဒေသဆိုင်ရာ အသီးသီးတွင် ဖြစ်ပွားလေ့ရှိသော ဖြစ်ပွားနိုင်တဲ့ H1 N1 Inflenza virus strain ကို ကာကွယ်ဆေးတီထွင်စေကာ ထိုးနှံပေးသော ကာကွယ်ဆေးဖြစ်ပါတယ်၊၊
🗞️(၂) မေး-ထိုးနှံထား လျှင်ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ ?
📑. ဖြေ - မြန်မာနိုင်ငံတွင် မုတ်သုံမိုးဦးကျ ကာလတွင် ရာသီတုပ်ကွေးအဖြစ်များပြီး၊တုပ်ကွေးကြောင့် ပြင်းထန်သောအဆုပ်ရောင်ရော ဂါဖြစ်ပွားခြင်း၊ အသက်သေဆုံးခြင်း များဖြစ်ပွားနိုင်ပါတယ်၊၊ကာကွယ်ဆေး ကိုမုတ်သုံရာသီမဝင် ခင် (၁၄) ရက်ကြိုတင်ထိုးထားခြင်းသည် အကောင်းဆုံးဖြစ်ကာ၊ထိုးနှံထားသူ များအနေဖြင့် အသက်သေဆုံးခြင်း၊နောက်ဆက်တွဲရောဂါများဖြစ်ပွားခြင်းမှ ၈၅% ကာကွယ်ပေးနိုင်ပါတယ်၊၊
🗞️(၃)မေး - ဘယ်လိုလူများထိုးနှံသင့်ပြီး၊ဘယ်လိုလူများမထိုးနှံသင့်ပါ သလဲ၊၊
📑. ဖြေ -လူတိုင်းထိုးသင့်ပါတယ်။ မဖြစ်မနေထိုးသင့်သူများက
(၁) အသက် (၆၅)နှစ်အထက် လူကြီးများ
(၂) ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် (၆)လ အထက် ကလေးသူငယ်များ
(၃) နာတာရှည်ရောဂါ အခံရှိသူများ။
(၄) covid ရောဂါဖြစ်ပွားထား၍ အဆုတ် ထိခိုက် ဖူးသူများ။
(၅)ကျောက်ကပ်ရောဂါဖြစ်နေသူများ၊သွေးတိုးဆီးချို ရောဂါဖြစ်နေသူများ၊
WHO ကျန်းမာရေးအဖွဲ့ကြီး ကထုတ်ပြန်ချက်အရ အရင်နှစ် ထိုးခြင်းတွင် severe allergic reaction ဖြစ်ဖူးသူများမှ လွဲ၍ ကျန်သူများအားလုံးထိုးသင့်ပါတယ် ၊၊
🗞️(၄)မေး-ဒီနှစ်အတွက် အသိအမှတ်ပြု ကာကွယ်ဆေးတံဆိပ်တွေ နှင့် ပါဝင်မယ့် strain က?
📑 ဖြေ - WHO က မြန်မာနိုင်ငံကို southern Hemisphere နယ်မြေအဖြစ် သတ်မှတ်ကာ မုတ်သုန်ရာသီအတွင်း ဖြစ်ပွားနိုင်မည့် Virus strain များအဖြစ်
✅A/Victoria/4897/2022 (H1N1)pdm09-like strain (A/Victoria/4897/2022, IVR-238)
✅A/Croatia/10136RV/2023(H3N2)-like strain (A/Croatia/10136RV/2023,X -425A)
✅B/Austria/1359417/2021-like strain (B/Austria/01/2021,BVR -26)
✅B/Phuket/3073/2013-like strain (B/Phuket/3073/2013, wild type)
စတဲ့အဖြစ်များတဲ့ ဗိုင်းရပ်စ်မျိုးစိတ်တွေကို ကာကွယ်ပေးပါတယ်။
📌ရာသီတုပ်ကွေး၊ရိုးရိုးတုပ်ကွေး နှင့် COVID 19 ရောဂါ လဏ္ခာများ မှာ အနည်းငယ်ဆင်တူခြင်း၊ အသက်ရှူလမ်းကြောင်း မှကူးစက်ခြင်း စသော အချက်များကြောင့် နာတာရှည်ရောဂါအခံရှိသူများ၊ ကလေးသူငယ် များကို ကြိုတင်ကာကွယ် နိုင်သော seasonal flu vaccine 💉 ကိုတနှစ်တခါ ပုံမှန်ထိုးထားသင့်ပါသည်။
⏰WHO အသိအမှတ်ပြု Abbott company ထုတ်ကာကွယ်ဆေးဖြစ်ပြီး Cold chain (100%) အာမခံပါတယ်။
⏰အိမ်တိုင်ရာရောက် ဆေးထိုးပေးသည့် (Home Service) ဝန်ဆောင်မှုရနိုင်ပါတယ်။
✅စက်ရုံ၊အလုပ်ရုံများ၊Company များ၊စာသင်ကျောင်းများ အတွက် အထူးသီးသန့်စျေးနှုန်း ရှိပါတယ်ရှင်.။
✅လက်လီ၊လက်ကားပြန်ယူချင်သော ဆေးခန်းများ၊ဆေးဆိုင် များအတွက်လဲ အထူးစျေး သီးသန့်ရှိပါတယ်။
-ကာကွယ်ဆေးထိုးနှံ လိုသူများ အနေနှင့်
💁♂️vaccine အမျိုးမျိုးကို cold chain စိတ်ချစွာ အိမ်တိုင်ရာရောက် ထိုးနှံခြင်း၊စသော Home Visit medical treatment and services အမျိုးမျိုးအတွက် ကျွန်တော် တို့ Dr Neo online clinic ကိုယုံကြည်စိတ်ချစွာ appointment လုပ်နိုင်ပါတယ်ခင်ဗျာ။
👨🏼⚕️Family Physician ကိုယ်တိုင် ဦးဆောင်သော team ဖြင့် Home visit service များကို နေ့စဉ် ဝန်ဆောင်မှု ပေးနေပါတယ်ခင်ဗျာ။
▶️vaccine ထိုးနှံလိုသူများအတွက် လဲ
အပတ်စဉ် ဗုဒ္ဓဟူး ၊ စနေ နှင့်တနင်္ဂနွေနေ့တိုင်း home service လိုက်လံထိုးနှံပေးမှာဖြစ်ပြီး ကြိုတင်၍ စာရင်းပေးသွင်းရန်လိုအပ်ပါမည်ရှင့်။
▶️ကြားရက်ထိုးနှံချင်သူများအတွက်လည်း ထိုးမယ့်လူဦးရေပေါ်မူတည်၍ ရက်ညှိနှိုင်းထိုးနှံပေးပါသည်ရှင့်။
▶️Dr.Neo Clinic ၏ ကိုယ်ပိုင် website QR ပါသော certificate card ကို ဆေးထိုးပြီးသည်နှင့် တစ်ခါတည်း ရရှိမှာဖြစ်ပြီး နိုင်ငံခြားခရီးသွားအဆင်ပြေစေရန် English version QR card ထုတ်ပေးမှာဖြစ်ပါတယ်ရှင့်။
⛑Hot Line 09-958252134
#ကာကွယ်ဆေးမျိုးစုံထိုးနှံပေးခြင်းဝန်ဆောင်မှု
#အပိုဆောင်းထိုးနှံခြင်း
#အိမ်တိုင်ရာရောက်ဆေးထိုးဝန်ဆောင်မှု
#အလုပ်အကိုင်ရှာဖွေရေး
#သင်္ဘောသား
#ဆေးစစ်ဝန်ဆောင်မှု
#ပြည်ပအလုပ်အကိုင်ရှာဖွေရေး
#ကလေးများကျန်းမာရေး
#ကလေးများအတွက်vaccine
13/04/2024
💦 🎉မြန်မာ့နှစ်သစ်ကူး သင်္ကြန်အချိန်အခါသာမယမှာ မြန်မာပြည်သူ၊မြန်မာပြည်သားတို့အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေလို့ Dr Neo online clinic ဆေးခန်းမိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။🎉 💦
Telephone
Website
Alerts
Be the first to know and let us send you an email when Dr Neo Online Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.