T T Naing

T T Naing

Share

Healthy life, healthy style🥰

09/25/2026

ဒီနေ့ဟင်းမချက်ပါ
အိမ်ကကြမ်းတိုက်တံလေးမကောင်းတော့လို့
ဈေးသွားရင်းဝယ်လိုက်တာ
လေးသောင်းငါးထောင် 45000.ပေးခဲ့ရပါတယ်။

စားသောက်ကုန်တင်မဟုတ်ဘူးနော်
အကုန်ဈေးကြီးတာ
ဘာပစ္စည်းမှမဝယ်မိအောင်နေမှရမယ်
ဒီနေ့တော့လက်ဖက်သုပ်နဲ့ထမင်းစားရတော့မယ်။
#ကုန်ပစ္စည်း

09/19/2026

နှလုံးရောဂါမဖြစ်စေရန်

ရင်ဘတ်အောင့်ပြီးတင်းကျပ်လာပြီး
အသက်ရူကျပ်ခြင်း
သွေးတိုးရောဂါဖြစ်လာခြင်း
အမောခံနိုင်စွမ်းနည်းလာခြင်း
ဝမ်းဗိုက်အဆီများတက်လာခြင်း
သွေးပေါင်ချိန်ကြည့်လိုက်တိုင်းအောက်သွေးများခြင်း
သွေးသွင်းအဆီများနေခြင်း
ညဖက်ဟောက်သံကျယ်ကျယ်ဟောက်တတ်လာခြင်း
ဒီလိုပုံစံတွေမိမိစီမှာဖြစ်နေပြီဆိုရင်ကြိုတင်ပြီးဆရာဝန်နှင့်ပြဆေးစစ်သင့်ပါတယ်။

အသက်အရွယ်တစ်ခုရလာလျှင်အစားအသောက်များကိုလည်းကျန်းမာရေးနှင့်ညီစေရန်အစာအဟာရများကိုသင့်တော်ရာရွေးချယ်စားသုံးပါ။
ထမင်းကိုနဲနိုင်သမျှနဲပြီး ငါးများများစားပေးပါ။
#ကျန်းမာရေး #နှလုံးရောဂါ

09/14/2026

လေ့ကျင့်ခန်း
ကျမပါလို့မဝတတ်တာလဲဆိုတော့ အိပ်ချိန်နည်းတယ် လမ်းတွေလျှောက် ကော်‌ဖီတစ်သုံးကြိမ်သောက်တယ်။
#လေ့ကျင့်ခန်း

Photos from T T Naing's post 09/12/2026

လိုင်းသုံးချင်း၏အကျိုးကျေးဇူးများ
ဟင်းအိုးခနခနတူးချင်း
ထမင်းအိုးတည်ပြီးမီးခလုပ်အောက်ချဖို့မေ့ချင်း
ဖုန်းသုံးရင်းမီးပူတိုက်လို့အဝတ်တွေခနခနမီးကျွမ်းချင်း
ကျမလိုဘဝတူတွေရှိလား
ဒီအချက်တွေထဲမှာတစ်ခုခုတော့ညိနိုင်ပါတယ်

09/11/2026

ဘယ်အချိန်စားကျန်းမာရေးနဲ့ညီတဲ့မြန်မာမုန်လေးတွေပါ ဒီမုန့်တွေကတာရှည်ခံဆေးတွေမသုံးတော့ စားသုံးသူတွေအတွက်ကျန်းမာရေးနဲ့ညီပါတယ်။
#အစားအစာ #မုန့်

09/09/2026

အနဲရဲ့အကြော်စုံ
အဆာပြေစား‌ဖို့အကြော်အကြော်စုံပူပူးလေးစားကြပါဦးရှင်။
#အစားအစာ #အကြော်စုံ

09/05/2026

အသားအရည်တစ်ယောက်နဲ့တစ်ယောက်အသားအရည်ကမတူဘူးနော်
ကျမတို့အသားအရည်ကနဲနဲပါးတဲ့အထဲမှာပါတယ်။
ရေချိုးပြီးချိန် မနက်မျက်နာသစ်ပြီးချိန်တွေမှာ ရေသုပ်သဘက်နဲ့ဖွဖွလေးသုပ်မှ
အရှိန်နဲနဲများသွားရင် အသားကနီရဲသွားတယ်။
အခုလဲငါးခြောက်အသားများလို့ မေးကြည့်တော့ငါးရောင်ခြောက်လို့တော့ပြောတာဘဲ
ဈေးသည်ကသူတို့စားနေကြကောင်းတယ်ဆိုလို့ဝယ်လာပြီး စာကြည့်တာ မတဲ့လို့ထင်တယ် အရေပြားတွေယားတော့တာဘဲ။
#အစားအစာ #ငါးခြောက်

09/03/2026

သူမသည်တစ်ချိန်ကမင်းသမီးလေးပါ
မိန်းကလေးတွေရဲ့ဘဝက
မိဘအိမ်မှာနေတုန်းကရွှေမင်းသမီးလေးပါ
မိဘတွေရဲ့အရိပ်အောက်မှာရှိနေချိန်
သူအတိုင်းသူအထွာနဲ့တော့
အားလုံးလိုတရခဲ့တဲ့မင်းသမီးလေးတွေပါ
အချိန်တန်အရွယ်ရောက်တော့
ချစ်သူရလိုပျော်မဆုံးမော်မဆုံး
ချစ်သူစကားကဒီကမ္ဘာမှာမင်းသာအလှဆုံးဆိုဘဲ
ချစ်သူစကားနားယောင်လို့နှစ်ယောက်တစ်ဘဝလဲဖြစ်ရော
အိမ်ရှင်မအဖြစ်အလှတွေမပြင်အားဘဲ
အိမ်အလုပ်မှာနစ်မွန်းနေရင်း
တစ်ခါကမင်သမီးလေးက
မင်းကိုချစ်လို့ဘဝကိုပေးအပ်ရင်း
သူအလှတွေကုန်ကာပျောက်နေ
အလှတွေမပြင်အားတဲ့
ကိုယ့်ချစ်သူအိမ်ရှင်မကို
ဖေးမကူလက်တွဲရင်း
ပျော်စရာဘဝလေးကို
ဖန်တီးလို့ပေးလိုက်ပါ
အိမ်ရှင်ထီးကိုကိုတို့........
#အိမ်ရှင်မ #အချစ်

09/01/2026

စာအုပ်စာပေလူ့မိတ်ဆွေ
ဒီဆောင်ပုဒ်လေးအတိုင်းဘဲ
ကျမတို့တွေတစ်ခါတစ်လေ
စိတ်မပျော်ရွှင်တဲ့အချိန်
စိတ်အားငယ်ချိန်
အထီးကျန်နေတဲ့အချိန်တွေ
ဒီလိုအချိန်တွေရှိလာခဲ့ပြီဆိုရင်
ကျမတို့အားလုံးအတွက်ခွန်အားတွေ
အသိဉာဏ်ဗဟုသုတတွေ
လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးတာ
စာအုပ်တွေပါ
အချိန်တိုင်းအတွက်
ဘဝအတွက်
အကောင်းဆုံးသောအဖော်မွန်......
゚ #စာအုပ်

08/27/2026

ငွေလိုချင်ရင်မြေကြီးကိုပြောပါ
ဖိအားများလာရင်ရေကိုကြည့်ပြီးပြောပြပါ
စိတ်ညစ်စရာရှိရင်ကောင်းကင်ကိုမော့ကြည့်ပါ
အားနည်းနေရင်နေရောင်ခံပါ
စိတ်မငြိမ်ရင်လေတိုက်တဲ့အသံနားထောင်ပါ
သဘာဝနဲ့ဆက်စပ်ပြီး
လူတစ်ယောက်ရဲ့ကံကောင်းခြင်းတွေကို
ဖုန်းရွှေပညာအရ ရယူနိုင်တယ်လို့သိရပါတယ်
ဒီလိုရေကန်လေးနားဒီလိုလေး
လေ့ကျင်းခန်းပုံမှန်လုပ်ပြီး
အပေါ်ကအချက်အလက်တွေကို
နေ့စဉ်ရွတ်ဆိုနေရင်
နေရောင်ခြည်လေးရယ်
လေကောင်းလေသန့်တွေရယ်နဲ့
လူကကျန်းမာရေးပိုကောင်းလာမှာတော့အမှန်ဘဲ။
#ဖုန်းရွှေ #ကျန်းမာရေး

Want your business to be the top-listed Beauty Salon in Omaha?
Click here to claim your Sponsored Listing.

Category

Telephone

Address

Omaha, NE

Alerts

Be the first to know and let us send you an email when T T Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Omaha.