Omaha life
Daily life in Omaha
08/05/2025
US interview အောင်တဲ့နေ့ကပေါ့။
အမေနဲ့သမီးကတစ်ရက်တည်းတူတူဝင်ရပေမယ့်ဟိန်းက၁၄နှစ်ကျော်နေတော့သူတယောက်တည်းသပ်သပ်ဝင်ရမှာကို သေချာပြင်ဆင်ပြီး၃ယောက်တူတူဝင်ချင်ပါတယ်ဆိုပြီးဝင်ခွင့်ရခဲ့တဲ့နေ့ပေါ့။အမှန်ဟိန်းရဲ့appointment ကAugust မှဝင်ရမှာ။
ကိုယ်တွေကJune လထဲဝင်ရတာ။၁လ ကျော်လောက်ကွာနေတာကိုတူတူဝင်ခွင့်ပြုခဲ့တယ်။
တခါတလေ unexpected saturation တွေကဖြစ်လာတတ်တယ်။အဲ့အခါကြရင်ဘယ်လိုစီစဉ်မလဲဆိုတာကိုအမြဲပြင်ဆင်ထားသင့်ပါတယ်။ညထဲက ဟိန်းရေမာမားတို့တူတူသွားကြည့်ရအောင် ပေးဝင်တော့လည်း ကိုယ့်အတွက်ကောင်းတာပေါ့။ပေးမဝင်ရင်လည်း ဟိန်းအလှည့်စောင့်ရမှာပေါ့ဆိုပြီး သွားကြတာပေါ့ဆိုပြီးဝင်ခဲ့ကြတာ။အပြ
င်ဂိတ်မှာconfirmation letter ကိုစစ်တဲ့security ကိုပြောတော့ပေးဝင်တာနဲ့ရင်ထဲမှာမျှော်လင့်ချက်ရောင်နီကသန်းလာပြီ။ကလေးနှစ်ယောက်လက်ကိုတွဲပြီးယုံကြည်ချက်တွေရှိလာတယ်။အဆောက်အအုံအတွင်းထဲကပစ္စည်းတွေစစ်တဲ့counterရောက်တော့ဟိန်းကရက်လိုသေးလို့အထဲကိုဖုန်း
ဆက်လှမ်းမေးတာကလေးနှစ်ယောက်လုံးကိုအပြင်ဂိတ်မှာပြန်စောင့်ပါဆိုလို့ ကလေးတွေအပြင်ပြန်ထွက်သွားရတယ်။ရင်ထဲမှဒိန်းကနဲပဲ။
အဲဒီ့အချိိန်ရင်ထဲမှာရှိတာကကလေးတွေနဲ့အတူတူဝင်ခွင့်ရဖို့ပဲ။သူ့အဖေကတော့ဂိတ်ဝမှာစောင့်ပြီးကလေးတွေကိုဘာဖြစ်တာလဲမေးနေရောပေါ့။ကိုယ်ကတော့အားလုံးကိုမေတ္တာပို့ပြီးစိတ်က လေထဲမှာလွင့်နေသလိုပဲ။
နောက်တော့ကလေးတွေပြန်လာပါလို့အထဲကခေါ်ခိုင်းလိုက်တယ်။အဲ့အချိန်မှာ တစ်ဆင့်တော့ထပ်အဆင်ပြေပြီပေါ့။ဟိန်းပါအတူတူဝင်ခွင့်ရပြီဆိုတော့အားရှိသွားတာအရမ်း။အဲ့အချိန်ထဲက ဒီအမေသူ့ကိုအားကိုးတာလေ။ကိုယ့်အလှည်ရောက်တော့၃ယောက်စာငွေသွင်းပြီး officerနဲ့တွေ့ရဖို့စောင့်ပြီး ရှေ့ကလူတွေရဲ့အခြေအနေကိုကြည့်နေတာပေါ့။ကောင်တာ၂ခုဖွင့်ထားတော့ ဘယ်ကောင်တာအောင်ကြလဲရင်တုန်နေတာပေါ့။ကိုယ့်အလှည့်ကျတဲ့officerကတော့ ရောက်တာနဲ့ကလေးတွေကိုေကျာင်းဘယ်မှာတက်မလဲ။ဘယ်နိုင်ငံသွားဖူးလဲ။ပြန်လာမှာလားအရင်မေးပြီး ကိုယ့်ကိုတော့အမျိုးသားကဘယ်မှာလဲ။ဘယ်နိုင်ငံသွားဖူးလဲပမေးပြီးဘာမှမမေးတော့ပဲcomputer ပဲကြည့်ပြီးစာရိုက်နေတော့ရင်ကပိုတုန်လာရော။စာအုပ်၃အုပ်ကိုပေါင်းပြီးသားရေကွင်းချည်လိုက်တော့မှငါတို့အောင်ပြီထင်တယ်ဆိုပြီးကြိတ်ပျော်တာပေါ့။နောက်မှ approved စာရွက်ထုတ်ပေးတော့ဝမ်းသာတယ်ဆို
တာလေ…
အပြန်ကောင်တာကထွက်တော့နောက်ကလူတွေအကုန်လုံးကိုရမှာဆိုပြီးအားပေးခဲ့သေးတယ်။
ကလေးနဲ့မိသားစုကိုတွေ့တော့
လည်းရမှာသေချာတယ်လို့အားပေးရတာပေါ့။
အပြန်လမ်းမှာခြေထောက်နဲ့မြေကြီးထိရဲ့လားတောင်မသိတော့ဘူး။ဟိန်းရေမားမား
တို့လုပ်နိုင်ခဲ့ပြီဆိုပြီး….
ပြန်တွေးကြည့်ရင်လတ်လတ်ဆတ်ဆတ်ခံစားနေရတုန်းပါ….
08/03/2025
ဒီနေ့USကိုရောက်လာတာ၂နှစ်တင်းတင်းပြည့်တဲ့နေ့ပေါ့။
အခက်အခဲတွေကျော်ဖြတ်ပြီးဘဝသစ်ကိုစရတော့မယ့်အချိန်လို့မထင်ခဲ့မိဘူး။
အဓိကကတော့ကလေးတွေရဲ့ရှေ့ရေးပါ။သူတို့လေးတွေရဲ့အနာဂတ်ကြောင့် ကိုယ်ပါလိုက်လာရတာ။ကိုယ့်အခြေအနေနဲ့ဆို ယောကျာ်းလုပ်စာထိုင်စားပြီး အေးအေးလူလူနေနိုင်တဲ့ဘဝလေး။မိသားစုမခွဲပဲ ဟိုသွားဒီသွားနဲ့သာယာနိုင်တဲ့ဘဝလေး။ခုတော့အသက်၄၀ကျော်မှ ဘဝတစ်ဆစ်ချိုးတဲ့လား…
ကိုယ့်သူငယ်ချင်းလေးနဲ့လည်းတွေ့ချင်တာပါတာပေါ့လေ။သူ့ကျေးဇူးကြောင့် USမှာခြေချတာနဲ့လာကြိုမယ့်သူနဲ့နေစရာအိမ်ရှိခဲ့တာလေ။ဒုက္ခမရောက်ခဲ့ဘူးပေါ့။ခုထိကျေးဇူးတင်နေတုန်းပါ…
07/27/2025
သူလွမ်းမနေတာကို ကိုယ်ကလွမ်းနေတာလေ❤️🩹
lowa 🇺🇸
Omaha Nebraska 🇺🇸
အိမ်အပြန်လမ်း💙
12/09/2023
Never stop learning ❣️
State လိုင်စင်ရတဲ့မျက်နှာ🤩
တတိယအကြိမ်မှာအောင်မြင်ခဲ့ပါပြီ။ဒီမှာကကျတာ/အောင်တာ ကားမောင်းကျွမ်းကျင်တာနဲ့မဆိုင်ပါဘူး။America ရဲ့driver license ကလည်းမှတ်ပုံတင်တစ်ခုလိုအသုံးဝင်တာမို့လွယ်လွယ်လေးတော့မရဘူးပေါ့။သူတို့lawကိုအတိအကျလိုက်နာပြီးဖြေရတာပါ။
ပထမဆုံးwritten testing အရင်ဖြေရပါတယ်။စာတွေ့ကိုState dmv https://dmv.nebraska.gov/ ထဲကDriver manual ကိုတစ်ပတ်လောက်ကြည့်ပြီးသွားဖြေခဲ့တာfirst time နဲ့အောင်ပါတယ်။အောင်ပြီး၁၀ရက်အတွင်းIDရောက်လာပြီးdriving test အတွက်appointment တင်တာ၁လလောက်ကြာမှရပါတယ်။Examiner နဲ့ကိုယ်နဲ့နှစ်ယောက်တည်းလမ်းပေါ်တက်ပြီးဖြေရတာ။ပထမဆုံးအကြိမ်ဖြေတော့Roundabout မတိုင်ခင်ရပ်လို့နဲ့ကြောက်နေလို့ဆိုပြီးကျပါတယ်။(အမှန်ကကြောက်ချင်ယောင်ဆောင်တာ😆)၃ပတ်လောက်ထပ်စောင့်ပြီးဒုတိယအကြိမ်ထပ်ဖြေတော့stop signမှာ completely stop မဖြစ်တာ၊speed limit ကျော်တာနဲ့ကျပြန်ရော။Lawအတိုင်းအတိအကျဖြေရတာမို့လို့သေးသေးလေးမှားရင်လည်းကျတာပဲ။တတိယအကြိမ်မှာတော့မောင်းမယ့်လမ်းကို မဖြေခင်၁၀ရက်အလိုလောက်ထဲကတနေ့ကို၃ခေါက်လောက်သွားလေ့ကျင့်ခဲ့ပါတယ်။ယောကျာ်းကဘေးကနေထိုင်ပြီးလိုက်အိပ်ပေးတာ အဲ့လေ လိုက်အားပေးတာပေါ့🤭။အဓိကအရေးကြီးတာspeed limit,completely stop,blind spot,lane change,roundabout တွေအတိအကျစစ်တာပါ။
နောက်ဆုံးအခွင့်အရေးမို့အမှားမခံချင်တော့ဘူး။တတိယအကြိမ်မှာကျရင် written testing ပြန်ဖြေရတော့မှာ။စာလုပ်ရမယ်ဆိုတာစဉ်းစားမိတိုင်း ဝမ်းနည်းတာလေ🥲ဒီအရွယ်မှာစာလုပ်နေရမယ်လို့မထင်ထားမိဘူးလေ🤭ဘာပဲဖြစ်ဖြစ်ကြိုးစားမှုရဲ့ရလဒ်ကနောက်ဆုံးမှာ ကိုယ့်ကိုစောင့်နေခဲ့တယ်။အဲ့လိုchallenge တွေကြုံလာတိုင်းလုပ်နိုင်ခဲ့တဲ့ကိုယ့်ကိုကိုယ်ကျေးဇူးတင်ပါတယ်။
ကိုယ်ကတော့ဘယ်တော့မှရပ်မနေဘူး။တစ်လှမ်းရရင်တစ်လှမ်းသွားကြည့်နေမှာပါ။
#မဖြစ်နိုင်တာမရှိဘူးမဖြစ်သေးတာပဲရှိတယ်
11/05/2023
ဘဝကဂီတာနဲ့အသက်ဆက်နေတာ
Rကြီးကိုလွမ်းနေသူများအတွက်❣️
Click here to claim your Sponsored Listing.