Nourish by Kenneth
The place for your daily lifestyle tips, mental and physical well being
30/08/2026
ဆူးပုတ်လက်ဆောင်
“စာဂံ” ကို စလုပ်တုန်းက မီလိုက်တဲ့သူတွေဆို စာဂံ လို့ ဘာကြောင့် နာမည်ပေးဖြစ်တာလဲဆိုတာကို မှတ်မိကြမယ်ထင်တယ်။
( ဂံ ဆိုတာက ပုဂံ က ဂံကိုယူသုံးထားတာပါ၊ စာရှည်သွားမှာစိုးလို့ အကျယ်တော့ ပြန်မပြောတော့ပါဘူး)
ခုတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ “စာဂံနဲ့အတူ ဒို့ဖေးကူ” Project မှာ ပုဂံမြေနောက်ခံ ဝတ္ထုတစ်ခုဖြစ်တဲ့ ပုညခင်ရဲ့ “မြကျေးရုံတို့ ပုဂံရွှေပြည်” ဆိုတဲ့ စာအုပ်လေးကို Htet Myat ဆိုတဲ့ အကောင့်ပိုင်ရှင် အစ်ကိုက Supporting Gift အဖြစ် ပေးပို့လာပါတယ် 💛
ဒါ့အပြင် စာကြည့်တိုက်တွေအတွက် Eng+မြန်မာ ကာတွန်းစာအုပ်အချို့ကိုလည်း လှူဒါန်းထားပါသေးတယ်ခင်ဗျာ။
Supporting Gift စာအုပ်လက်ဆောင်လေးကတော့ အကုန်သိပြီးသားဖြစ်လောက်မှာမို့ ဘာမှထပ်မပြောတော့ပါဘူး။
စာအုပ်လက်ဆောင်လေးကို ရရှိဖို့ စိတ်ပါဝင်စားလို့ပဲဖြစ်ဖြစ် ကလေးတွေအတွက် စာအုပ်လှူချင်လို့ပဲဖြစ်ဖြစ် မပါဝင်ရသေးဘူးဆို အခုပဲ page messenger မှာ မြန်မာငွေ ၅၀၀၀ ကနေ စတင်ပြီး ကလေးတွေအတွက် ပါဝင်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။
၅၀၀၀ ကျပ်စီတိုင်းမှာ လက်ဆောင်အတွက် Coupon Number တစ်ခုရမှာဖြစ်ပြီး ပိုမိုပါဝင်လှူဒါန်းလေ Coupon Number ပိုမိုရရှိလေဖြစ်မှာပါ။
Project အကြောင်း အသေးစိတ် ဖတ်ရန် 👉🏻
https://www.facebook.com/share/p/1EnkPc9Q4G/?mibextid=wwXIfr
#စာဂံ #စာဂံနဲ့အတူဒို့ဖေးကူ #စာကြည့်တိုက် #စာအုပ်အလှူ #မြကျေးရုံတို့ပုဂံရွှေပြည် #ပုညခင်
30/08/2026
ဒီနေ့တော့ အချစ်အကြောင်းပြောကြရအောင်..💌
ကိုယ်ချစ်ရတဲ့သူကို စာတွေသီကုံးဖွဲ့နွဲ့ပြီး ချစ်ခြင်းကို ခံစားဖော်ပြတတ်သူတွေအတွက် Author နေညိုသွေး က “စာဂံနဲ့အတူ ဒို့ဖေးကူ” Project မှာ Collaborating Author အဖြစ် ပါဝင်လာပါပြီ။
Project မှာ ပါဝင်လှူဒါန်းသူတွေထဲက နှစ်ဦးကို Author ရဲ့ “ပန်းပွင့်တွေ ကြွေကျသွားတဲ့အခါ” ဆိုတဲ့ ခံစားချက် ကဗျာစာအုပ် (၂)အုပ်ကို လက်ဆောင်ပြန်လည်
ပေးအပ်သွားမှာဖြစ်ပါတယ် 🤍
စာအုပ်လက်ဆောင်လေးတွေကို ရရှိဖို့ စိတ်ပါဝင်စားလို့ပဲဖြစ်ဖြစ် ကလေးတွေအတွက် စာအုပ်လှူချင်လို့ပဲဖြစ်ဖြစ် မပါဝင်ရသေးဘူးဆို အခုပဲ page messenger မှာ မြန်မာငွေ ၅၀၀၀ ကနေ စတင်ပြီး ကလေးတွေအတွက် ပါဝင်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။
၅၀၀၀ ကျပ်စီတိုင်းမှာ လက်ဆောင်အတွက် Coupon Number တစ်ခုရမှာဖြစ်ပြီး ပိုမိုပါဝင်လှူဒါန်းလေ Coupon Number ပိုမိုရရှိလေဖြစ်မှာပါ။
Project အကြောင်း အသေးစိတ် ဖတ်ရန် 👉🏻
https://www.facebook.com/share/p/1EnkPc9Q4G/?mibextid=wwXIfr
#စာဂံ #စာဂံနဲ့အတူဒို့ဖေးကူ #စာကြည့်တိုက် #စာအုပ်အလှူ #ပန်းပွင့်တွေကြွေကျသွားတဲ့အခါ
29/08/2026
Supporting Partner Announcement 📣
“စာဂံနဲ့အတူ ဒို့ဖေးကူ” Project ရဲ့ Official Supporting Partner အဖြစ် ထပ်မံပါဝင်လာတာကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ “Third Story Children’s Books” ပဲ ဖြစ်ပါတယ်ခင်ဗျာ 🥳
Third Story ကနေ စာကြည့်တိုက် (၁၀) နေရာအတွက်
📚စံပယ်ပန်းကလေးများ၊
📚လင်းပိုင်မင်းသားလေး နှင့် မိဘမဲ့ကောင်မလေး၊
📚ဧရာမငလျင်နှင့် မယ်ချိုထွေး၏ သူငယ်ချင်းများ၊
📚မယ်ချိုထွေး၏ စိတ်ခံစားချက်များ၊
📚အရွယ်ရောက်ကြမယ်
စတဲ့ ကလေးစာအုပ်လေးတွေကို ၂စုံစီနဲ့ စုစုပေါင်း စာအုပ် (၁၀၀) ပေးပို့ လှူဒါန်းထားပါတယ်ခင်ဗျာ 🤍
ဒါ့အပြင် နောက်ပိုင်း Project တွေမှာ ကလေးတွေ စာပေဖတ်ရှုတာနဲ့ ပတ်သက်ပြီး အခန်းကဏ္ဍမျိုးစုံကနေ ကူညီထောက်ပံ့ပေးဖို့လည်း ပြောကြားထားပါတယ်။
ကလေးတွေအတွက် တကယ့်ကို မရှိမဖြစ် “Third Story” ကို ကလေးတွေကိုယ်စား ကျေးဇူးတင်ကြောင်း ကြိုတင်ပြောကြားချင်ပါတယ်။
Community အတွက် အကျိုးကျေးဇူးတွေ ပိုမိုများစွာ
ထောက်ပံ့ပေးနိုင်ရင်း ဒီ့ထက်မက အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်
ခင်ဗျာ 🙏🏻🤍
(Project မှာ ပါဝင်ဖို့ စိတ်ဝင်စားတဲ့သူတွေအနေနဲ့ အောက်က post မှာ အသေးစိတ်ဖတ်ပြီး ပါဝင်နိုင်ပါတယ် 👉🏻)
https://www.facebook.com/share/p/1EnkPc9Q4G/?mibextid=wwXIfr
#စာဂံ #စာဂံနဲ့အတူဒို့ဖေးကူ #စာကြည့်တိုက် #စာအုပ်အလှူ
Facebook က Noti လေးတက်လာတာ၊ ဒီနေ့ Nourish by Kenneth page လေး ဖွင့်ခဲ့တာ ၃ နှစ်ပြည့်ပါပြီတဲ့ 🤍
Page စကတည်းကနေ ခုထိ လမ်းကြောင်းအသီးသီးမှာ အတူတူပါဝင်ပေးခဲ့တဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ 🥳🥳💕
Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
26/08/2026
လစဉ် စာအုပ်ဖတ်ဖို့ ထောက်ပံ့ပေးနေတဲ့ ‘စာဂံမျိုးဆက်’ ရဲ့ အစီအစဉ်မှာ
ထူးထူးခြားခြား ညီအစ်မ နှစ်ယောက်ပါ ပါတယ်။
အခုဆို သူတို့လေးတွေကို ထောက်ပံ့ပေးနေတာ ၅ လတိုင်တိုင်ရှိပါပြီ။
(သူတို့နဲ့အတူတူပဲ စာဂံမျိုးဆက်မှာပါတဲ့ ကလေးမလေး တစ်ယောက်လည်း ရှိသေးတယ်၊ သူ့ပုံလေးတွေတော့ နောက်မှ တင်ပါတော့မယ်)
ပြောချင်တာက သူတို့ရဲ့ အုပ်ထိန်းသူလို့ပြောရမလား၊ ဆရာမလို့ပြောရမလား (အသုံးအနှုန်းမှားသွားရင် တောင်းပန်ပါတယ်) အဲ့ဒီ အမက တစ်လချင်းစီကို ကျွန်တော်ပို့ပေးတဲ့ငွေပမာဏနည်းနည်းလေးနဲ့ အဆင်ပြေအောင် စာအုပ်တွေကို သေချာဝယ်ပေးတယ်။
တွေ့ရသလောက်ဆို ကလေးနဲ့ သက်ဆိုင်တဲ့စာအုပ်တွေ၊ English စာနဲ့ ပတ်သက်တာတွေအစုံပဲ။
“စာဂံမျိုးဆက်” မှာ တစ်ခု တူညီတာတွေ့ရတာက ခု အစီအစဉ်မှာပါဝင်တဲ့ ကလေးတွေရဲ့အုပ်ထိန်းသူအားလုံးက ကိုယ့်ရဲ့ကလေးတွေ စာဖတ်ဖြစ်ဖို့ကို တကယ် စိတ်အားထက်သန်စွာနဲ့ ပါဝင်ပေးကြတာပဲ။
ဒီလို အုပ်ထိန်းသူတွေသာ မရှိရင် “စာဂံမျိုးဆက်” က ရပ်တည်ဖို့ မလွယ်ပါဘူး။
ခုတော့”စာဂံနဲ့အတူ ဒို့ဖေးကူ” ဆိုတဲ့ Project လေးလုပ်နေတာကြောင့် “စာဂံမျိုးဆက်” ကို ခဏ ရပ်ထားပါတယ်။
“စာဂံမျိုးဆက်” က ကလေးတစ်ယောက်ချင်းစီကို focus လုပ်တာဆိုရင် ”စာဂံနဲ့အတူ ဒို့ဖေးကူ” ကတော့ မြန်မာနိုင်ငံအနှံ့အပြားက ပိုမိုများပြားတဲ့ ကလေးတွေကို ရည်ရွယ်ထားတာဖြစ်ပါတယ်။
သူတို့ဆီမှာ စာဖတ်လိုတဲ့ စိတ်ဆန္ဒက အပြည့်ရှိပါတယ်။ ကျွန်တော်တို့က ဒီအတွက် “စာအုပ်” ဆိုတဲ့ မီးစာလေးတွေဖြည့်ပေးဖို့ပဲ လိုတာပါ။
မြန်မာက ကလေးငယ်တွေအားလုံးဟာလည်း ကျွန်တော်တို့ရဲ့ မျိုးဆက်ကလေးငယ်တွေဖြစ်တာကြောင့် ကျွန်တော်တို့က အုပ်ထိန်းသူတွေပါပဲ။
ဒီအတွက် သူတို့ကို စာဖတ်ဖို့ လမ်းကြောင်းပေါ်ကို အတူတွန်းတင်ပေးဖို့လိုပါတယ် 💪🏻
(ခုဆို စာကြည့်တိုက် ၂နေရာစာအတွက် စာအုပ်တွေလှူဒါန်းနိုင်ဖို့ ပမာဏအနည်းငယ်သာလိုပါတော့တယ်၊ ဒါဆို project ရဲ့ ခြေလှမ်းအစက အားအပြည့်နဲ့ စတင်တော့မှာဖြစ်ပါတယ်)
#စာဂံ #စာဂံနဲ့အတူဒို့ဖေးကူ #စာကြည့်တိုက် #စာအုပ်အလှူ
24/08/2026
🧀💛
ကျွန်တော်တို့က လူငယ်တွေကို စာဖတ်ဖို့
တိုက်တွန်းနေတဲ့အချိန်မှာ စာဖတ်ဖို့
အလှမ်းဝေးအကူညီလိုနေတဲ့
ကလေးငယ်တွေများစွာရှိသလို
စာဖတ်ဖို့ဆိုတာကလည်းစာသင်ရမှ
စာဖတ်နိုင်မှာကိုး စာသင်ဖို့
အခက်အခဲဖြစ်နေတဲ့ ကလေးငယ်များစွာလည်း
မြန်မာနိုင်ငံ အနှံ့အပြားမှာရှိနေပါတယ်။
ကျွန်တော့်ရဲ့ ဒုတိယစာအုပ် comfort zoneထွက်တုန်းက
စာရေးဆရာမ မမေဇူး ရဲ့ အကူအညီနဲ့
ဖျာပုံဘက်က စာသင်တစ်ကျောင်းအတွက်
ကလေးတွေစာသင်ဖို့အတွက်
လိုအပ်တဲ့ အကူညီလေးတွေကို
ကူပေးနိုင်ခဲ့ဖူးပါတယ်။
ဒီတစ်ခေါက်မှာလည်း
Nourish by Kenneth နဲ့
ကျွန်တော် Collaboration လုပ်ပြီး
Ko Kenneth ရဲ့ "စာဂံနဲ့အတူ တို့ဖေးကူ"ဆိုတဲ့
Project လေးမှာ ပါဝင်ထားပါတယ်
ဒီလို Project လေးတွေ လုပ်ပေးကူပေးနေတဲ့
သူတွေရှိတာ ကလေးတွေအတွက်
အများကြီး အထောက်အကူပြုပါတယ်။
"စာဂံနဲ့အတူ တို့ဖေးကူ" ဆိုတဲ့ projectရဲ့
အဓိက Main Theme က စာကြည့်တိုက်
Culture ကို ပျောက်ပျက်မသွားအောင်
တဖက်တလမ်းကနေ အကူအညီပေးတာမျိုးပါ
ကျွန်တော်တို့ တိုင်းပြည်မှာ
စာကြည့်တိုက်မှာ စာသွားဖတ်တဲ့အလေ့အထ
မှေးမှိန်နေပေမယ့် သူများနိုင်ငံတွေမှာ
စာကြည့်တိုက် culture က
နေ့စဉ်လူနေမှုဘဝမှာ အများကြီး
ပါဝင်ပတ်သက်မှုရှိနေပါတယ်
ကျောင်းသားလူငယ်တွေက
စာကြည့်တိုက်မှာ စာဖတ်ကြတယ်
စာလုပ်ကြတယ် ကိုယ့်နဲ့ကိုက်ညီတဲ့
စာအုပ်တွေကို စာကြည့်တိုက်မှာရှာဖတ်ကြတယ်။
ကျွန်တော်တို့ဒီမှာက စာကြည့်တိုက်အရေအတွက်
တော်တော်လေးနည်းပါးပါတယ်။
ဒီအတွက်လည်း ကျွန်တော်တို့တွေက
နိုင်တဲ့ဘက် လက်လှမ်းမှီရာကနေ
ကူဖို့ လုပ်ကြရပါတယ်။
Nourish By Kenneth Page ရဲ့
"စာဂံနဲ့အတူ တို့ဖေးကူ" Project မှာ
မြန်မာနိုင်ငံအနှံ့အပြားက စာကြည့်တိုက်တွေအတွက်
ကိုယ်နိုင်သလောက် မြန်မာငွေ "၅၀၀၀" ကျပ်ကနေစလို့
ဝင်ကူလို့ရပါတယ် ဝင်ကူတဲ့သူတွေကို
Coupon လေးတွေ ပြန်ပေးပြီး
စာအုပ်လက်ဆောင် ပြန်ပေးမယ့်
အစီအစဉ်လေးလည်းရှိနေပါတယ်။
ကျွန်တော့်ရဲ့ ထွက်ပြီးသား စာအုပ်နှစ်အုပ်နဲ့
အခု အသစ်ထွက်မယ့် စာအုပ်ကိုပါ
စာအုပ်လက်ဆောင် အစီအစဉ်အတွက်
ထည့်ပေးထားလို့ ကုသိုလ်လည်းရ
စာအုပ်လက်ဆောင်တွေလည်းရပါတယ်။
တခြားစာရေးဆရာတွေလည်း အများကြီးပါပါတယ်။
"စာဂံနဲ့အတူ တို့ဖေးလှူ" အကြောင်းကို
Nourish By Kenneth ရဲ့ pageမှာ
အသေးစိတ် ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်နော်။
#စာဂံနဲ့အတူတို့ဖေးကူ
24/08/2026
စာဂံနဲ့အတူ ဒိန်ခဲလေးလည်း ရောက်လာပါပြီ 🧀💛
“စာဂံနဲ့အတူ ဒို့ဖေးကူ” မှာ Collaborating Author အဖြစ် နောက်ထပ်ပါဝင်လာတာကတော့ Min's Beauty Book ရဲ့ Founder ကိုမင်းသန့် ပဲဖြစ်ပါတယ် 🥳
ကိုမင်းသန့်ရဲ့ Lifestyle tips တွေ၊ Mental Well Being အတွက် ရည်ညွှန်းတဲ့ Article လေးတွေကိုတော့ အတော်များများဖတ်ဖူးကြမယ်ထင်ပါတယ်။
ခု Project မှာတော့ ကိုမင်းသန့်က ကလေးတွေအတွက် လာလှူတဲ့သူတွေကို ထွက်ရှိထားတဲ့ စာအုပ် ၂အုပ်အပြင် September မှာ အသစ်စက်စက်ထွက်ရှိလာမယ့် Cheese & Change ဆိုတဲ့ စာအုပ်ကိုပါ လက်ဆောင် ပြန်လည် မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် စာဂံက လှူဒါန်းသွားမယ့် အနယ်နယ်အရပ်ရပ်က စာကြည့်တိုက်တွေအတွက်ပါ တစ်မျိုး ဆယ်အုပ်နှုန်းနဲ့ အုပ် ၃၀ လှူဒါန်းထားပါတယ်ခင်ဗျာ 💛
အခုဆို “စာဂံနဲ့အတူ ဒို့ဖေးကူ” မှာ ပါဝင်လှူဒါန်းတာနဲ့ စာအုပ်တွေတစ်မျိုးပြီးတစ်မျိုး လက်ဆောင်ပြန်ရဖို့ အခွင့်အရေးတွေ ပိုများလာပါပြီနော်🥳
စာအုပ်လက်ဆောင်လေးတွေကို ရရှိဖို့ စိတ်ပါဝင်စားလို့ပဲဖြစ်ဖြစ် ကလေးတွေအတွက် စာအုပ်လှူချင်လို့ပဲဖြစ်ဖြစ် မပါဝင်ရသေးဘူးဆို အခုပဲ page messenger မှာ မြန်မာငွေ ၅၀၀၀ ကနေ စတင်ပြီး ကလေးတွေအတွက် ပါဝင်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။
၅၀၀၀ ကျပ်စီတိုင်းမှာ လက်ဆောင်အတွက် Coupon Number တစ်ခုရမှာဖြစ်ပြီး ပိုမိုပါဝင်လှူဒါန်းလေ Coupon Number ပိုမိုရရှိလေဖြစ်မှာပါ။
Project အကြောင်း အသေးစိတ် ဖတ်ရန် 👉🏻
https://www.facebook.com/share/p/1EnkPc9Q4G/?mibextid=wwXIfr
#စာဂံ #စာဂံနဲ့အတူဒို့ဖေးကူ #စာကြည့်တိုက် #စာအုပ်အလှူ &change
“စာဂံနဲ့အတူ ဒို့ဖေးကူ” မှာ နောက်ထပ် Collaborator တွေ ထပ်ရှိပါသေးတယ် 🫶🏻
ကလေးတွေအတွက် အလှူငွေလည်းရ၊ လှူတဲ့သူတွေလည်း လက်ဆောင်တွေအများကြီးပြန်ရအောင်ကြိုးစားထားတာမို့ တစ်ယောက်ကို တတ်နိုင်သမျှ ပါဝင်ပေးကြပါဦးဗျာ 🤍
#စာဂံနဲ့အတူဒို့ဖေးကူ