SAUNG
pageမှကြိုဆိုပါတယ်
26/07/2026
ပိုက်ဆံ ရှာတတ်တဲ့ ကောင်လေးကို ချစ်ပါ
အားနေရင် Morning Goodnight /
အရမ်းချစ်တယ် လောက်နဲ့ မသာယာချင်နဲ့
ဘဝကြီးက မအေးအေးဝင်း စီစဉ်တာ မဟုတ်သလို
Morning Goodnight နဲ့ ဘဝတစ်ခုလုံး
ပြီးသွားမှာမဟုတ်ဘူး။
ရေရှည်မှာ လက်တွေ့ လုပ်ပြ
စွမ်းဆောင်နိုင်တဲ့သူကို ရွေးချယ်ပါ
ခဏတာအပျော်သက်သက် လက်တွေ့မကျတဲ့ အပြောတွေကို စိတ်ထဲ မထားပါနဲ့ ... ။🖤
25/07/2026
တချို့လူတွေက ချစ်ပဲ ချစ်ချင်တာ
တာဝန်မယူချင်ကြဘူး
ပိုင်ဆိုင်ဖို့ မကြိုးစားချင်ကြဘူး
အိမ်ထောင်ပြုဖို့အထိ မချစ်ရဲကြဘူး
အဲလောက်အထိတွေးတဲ့ plan လည်း မရှိကြဘူး
ချစ်တာပဲ ဘာတွေးစရာ လိုလို့လဲ ဆိုတဲ့
အပေါစား မေတ္တာအတုတွေကို
အချစ်လို့ခေါင်းစဉ်တပ်ပြီး ချစ်ပါတယ် .. လုပ်နေကြတာ
တကယ်တမ်း ကိုယ့်အပိုင်လေးဖြစ်အောင်
လူတန်းစေ့ထားနိုင်အောင်
စိတ်လုံခြုံမှုတွေပေးနိုင်အောင်
ကာကွယ်မှု မပေးနိုင်ဘဲနဲ့
စကားအရ ချစ်ပြနေကြတဲ့ အချစ်တု
အချစ်ယောင်တွေဆိုတာ
ဒီဘက်ခေတ်မှာ အတော်လေး တွေ့နေရတယ်
တကယ့်အချစ်စစ်က အနာဂတ်ရှိတယ်
နှစ်ယောက်အတူတူဆိုတဲ့ အိမ်မက်တွေရှိသလို
တစ်နေ့နေ့ဆိုတဲ့ အတွေးတွေနဲ့
အမှန်တကယ် လက်တွေ့ပြနေကြတဲ့
ခြေလှမ်းတွေရှိတယ် ..
သူ့ရဲ့ ကြိုးစားနေမှုကိုလည်း
မြင်သာအောင်ပြတယ် ။
လက်တွဲဖော်ရွေးကြတဲ့အခါ
ကတိတွေ အများကြီးပေးတဲ့သူထက်
စကားနည်းနည်းပဲပြောပြီး
လုပ်ရပ်နဲ့ သက်သေပြနေတဲ့လူကိုပဲ ရွေးပါ ။
တကယ်ချစ်တဲ့သူက
ချစ်နေတာကို သိသာထင်ရှားအောင်ပြပေးပါတယ် .. ။
အချစ်ဟာ မမြင်ရပေမယ့်
သိသာအောင်ဖော်ပြလို့ရပါတယ် .. ။🌻🤎
25/07/2026
လောကကြီးမှာ "အိမ်ထောင်ရေး ကံကောင်းတယ်" ဆိုတဲ့
စံနှုန်းက လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။
တချို့က ငွေကြေးပြည့်စုံမှ၊ တချို့က ရာထူးဂုဏ်သိမ် ကြီးမားမှလို့
ထင်တတ်ကြတယ်။
ဒါပေမဲ့ တကယ့် လက်တွေ့ဘဝမှာတော့
တစ်နေကုန် ပင်ပန်းလာသမျှကို နားလည်ပေးနိုင်တဲ့သူ၊
ကိုယ့်ရဲ့ အားနည်းချက်တွေကို အပြစ်မတင်ဘဲ ဖေးမပေးတတ်တဲ့သူ၊
ပြီးတော့ "လူသားဆန်ဆန်" ကိုယ်ချင်းစာတရားနဲ့ ချစ်တတ်တဲ့ အိမ်ထောင်ဖက်မျိုး ရထားတာကမှ
တကယ့် အစစ်အမှန် ကံကောင်းခြင်းပါ။
ပိုက်ဆံဆိုတာ အတူတူ ကြိုးစားရှာဖွေလို့ ရနိုင်ပေမယ့်
နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ နွေးထွေးတဲ့ အိမ်ကလေးတစ်လုံးကတော့ ဘယ်အရာနဲ့မှ လဲလှယ်လို့ မရနိုင်ပါဘူး။ 🖤
24/07/2026
မညာပါနဲ့ ရှိတယ်မလား ထုတ်ပြောလို့မရတဲ့ စိတ်ပင်ပန်းမှုတွေ😔💔
24/07/2026
စည်းစောင့်နိုင်စွမ်းရှိသလို
သစ္စာထားနိုင်စွမ်းလည်း ရှိတာမို့🌹
ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင်
တစ်ဦးတစ်ယောက်ထဲနဲ့ပဲ
အဆုံးထိသွားဖို့ စိတ်ဆန္ဒရှိတယ် ။🌻
24/07/2026
ပြောရမှာ ပျင်းတယ်😌
24/07/2026
19/07/2026
🙂🙂🙂
19/07/2026
😇😇😇
19/07/2026
😊😊😊
คลิกที่นี่เพื่อเป็นสมาชิก?