ShwePhyu Accessories

ShwePhyu Accessories

แชร์

ကြော့ရှင်းလှပသော အမျိုးသမီးဖက်ရှင် ✨
ဘန်ကောက် / ထိုင်း 🇹🇭
နေ့စဉ်ဝတ်စားဆင်ယင်မှုပုံစံ

07/08/2026

ကလေးရှိတဲ့မေ‌မေတွေအတွက်အမျှဝေပါတယ်ရှင် 🏪ကျွန်မရဲ့မီးဖိုချောင်ထဲကမုန့်ဆိုင်လေးပါ။


#မီးဖိုချောင်

07/08/2026

....

Photos from 𝐒𝐡𝐰𝐞 𝐏𝐡𝐲𝐮 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞's post 03/08/2026
02/08/2026

သင့်ဘဝရှိနေသ၍ အသက်ရှူနေသ၍ ငွေကလိုအပ်တယ်

ကျွန်မဘဝမှာ ချမ်းသာတယ်ဆိုလို့
မေတ္တာတရားနဲ့ ကိုယ်ခြင်းစာစိတ်လေးပဲချမ်းသာပါတယ်။

ကျွန်မ ရွှေတွေငွေတွေအများကြီးရှိချင်တာပေါ့၊ ကျွန်မမှာမရှိရင် လူတွေကျွန်မကို ဘယ်လို ဆက်ဆံတယ်ဆိုတာလည်းသိနေတာပဲလေ။

ဒါပေမဲ့ ကျွန်မက ကိုယ့်မှာရှိတာလေးနဲ့ ရောင့်ရဲနေနိုင်တဲ့သူတစ်ယောက်ပါ။ လောဘနည်းရင် ဒေါသမဖြစ်ကြတော့
အမုန်းမပွားကြရတော့ဘူးပေါ့။ဒါ‌ကြောင့်လောဘမဖြစ်မိအောင်နေပါတယ်။

ဒါဆိုရင် နင်ကငွေကမလိုတော့ဘူးလား ငွေမရှိပဲနေနိုင်သလားလို့မေးလာရင်၊ ကျွန်မ ဘဝမှာ ငွေမရှိပဲကျွန်မ
မနေနိုင်ပါဘူး။ လူ့ဘဝကြီးမှာ မစားမသောက်ပဲအသက်ရှင်လို့မှမရတာလေ..အတင်သင့်သလောက်‌ တော့ငွေကအမြဲရှိနေဖို့လိုအပ်တယ်။
ငွေက ဘယ်လောက်ရှိဖို့လိုသလဲ.. ဘယ်အချိန်ထိလိုအပ်နေမလဲဆိုရင် ကျွန်မတို့ သေဆုံးအချိန်ထိပါပဲ။

" #သင့်ဘဝရှိနေသ၍အသက်ရူနေသ၍ #ငွေကလိုအပ်ပါတယ်"💸

#ငွေရဲ့တန်ဖိုး

27/07/2026

☘️

26/07/2026

အိမ်ရှင်မတစ်ယောက်ရဲ့ အားလပ်ချိန်ဆိုတာ… 🤍

သူများတွေအတွက် အားလပ်ရက်ဆိုတာ
ခရီးထွက်တာ၊ အပန်းဖြေတာ၊ ပျော်ပွဲစားထွက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အိမ်ရှင်မတစ်ယောက်ရဲ့ အားလပ်ရက်ကတော့…
မနက်စာချက်ပြီးတာနဲ့ နေ့လယ်စာအတွက် စဉ်းစားရတယ်။
အဝတ်လျှော်ပြီးတာနဲ့ အိမ်သန့်ရှင်းရေးလုပ်ရတယ်။
တစ်ခုလုပ်ပြီးတိုင်း နောက်ထပ်လုပ်စရာတစ်ခုက အသင့်စောင့်နေတတ်ပါတယ်။

တစ်ခါတလေ ကော်ဖီတစ်ခွက်ဖျော်ပြီး
အေးအေးဆေးဆေးထိုင်မယ်လို့ စိတ်ကူးထားပေမယ့်…
ကော်ဖီအေးသွားတဲ့အထိ မသောက်ဖြစ်သေးတဲ့နေ့တွေလည်း ရှိပါတယ်။ ☕️😄

အိမ်ရှင်မတစ်ယောက်ရဲ့ အားလပ်ချိန်ဆိုတာ
ဘာမှမလုပ်ဘဲ နားနေရတဲ့အချိန်မဟုတ်ဘူး။
ကိုယ့်အတွက် ခဏလေးကော်ဖီတစ်ခွက်နဲ့ စိတ်ကိုအနားပေးရတဲ့တန်ဖိုးရှိတဲ့ အချိန်လေးပါ။

#အိမ်ရှင်မ

26/07/2026

အိမ်ထောင်ရေးတွေ တော်တော်များများ ဘာကြောင့်ပြိုကွဲနေကြတာလဲ?

အိမ်ထောင်တစ်ခု ပြိုကွဲသွားတာဟာ တစ်ရက်တည်း
နဲ့ဖြစ်ပျက်သွားကြတာ မဟုတ်ပါဘူး။

ဘာမှမဟုတ်ပါဘူးဆိုတဲ့ သေးသေးလေးတွေကို
" ငါမပြောလည်း ရတယ်" ဆိုပြီးတစ်ယောက်တည်းစိတ်ထဲ ကြိတ်မှိတ်သီးခံ ပြီးစုထားရာကနေ တစ်နေ့မှာ အဲ့ဒီ သေးသေးလေးတွေကပဲအကြီးကြီး ဖြစ်လာကြတာပါ။

တော်တော်များများ ပြိုကွဲရတဲ့ အကြောင်းရင်းတွေ
တွေ့ရ‌သလောက်ကတော့

! တစ်ယောက်နဲ့တစ်ယောက်စကားမပြောတော့တာ
! တစ်ယောက်ကိုတစ်ယောက် နားမလည်ပေးတော့တာ
! တယောက်ကိုတစ်ယောက် လေးစားမှု လျော့လာတာ
! ယုံကြည်မှု တွေမရှိကြတော့တာ
! အလုပ်များတာကို အကြောင်းပြပြီး တစ်ယောက်ကိုတစ်ယောက်မေ့လာတာ ကိုယ်နေချင်သလိုမျိုးနေသွားကြတာပါ

တချို့အိမ်ထောင်ရေးတွေကျတော့
ရန်ဖြစ်လို့ ပြိုကွဲသွားတာမျိုး မဟုတ်ပဲ

တိတ်ဆိတ်လွန်းလို့ ခံစားချက်တွေကို မျှဝေမယ့်သူ နားထောင်ပေးမယ့်သူ မရှိတော့လို့."အဆင်ပြေပါတယ်" ဆိုတဲ့ စကားရဲ့အနောက်က တိတ်တဆိတ် နဲ့နာကျင်မှုကို မမြင်ပေးတတ်ကြတော့လို့ပါ။

အချစ်တစ်ခုကိုပြတယ်ဆိုတာ ငါကနင့်ကိုဘယ်လောက်ထိချစ်တာပါဆိုပြီး အမြဲတမ်း ကြီးကြီးမားမားတွေနဲ့ အပေါ်ယံတမင်တကာ လုပ်ယူပြီးသက်သေပြနေဖို့ မလိုပါဘူး။

ဒါပေမယ့်...တကယ်လုပ်ဖို့လိုတာတွေက
အပြန်အလှန် လေးစားမှုရှိပေးတာမျိုးပါ
သူပြောချင်တဲ့စကားကို သေချာနားထောင်ပေးလိုက်တာမျိုး
သူ့ရဲ့ယုံကြည်မှုတွေအပေါ် တန်ဖိုးထားပေးတာမျိုး
အဲဒါတွေကို အမြဲတမ်းထိန်းသိမ်းပေးတတ်ကြဖို့လိုပါတယ်။

အိမ်ထောင်တစ်ခု"ကံကောင်းတယ်"ဆိုတာထက်
နှစ်ယောက်လုံးက အပြန်အလှန်နားလည်မှုနဲ့ ကြိုးစားပြီထိန်းသိမ်းထားကြလို့တည်မြဲကြတာ ပိုများပါတယ်။

#အိမ်ထောင်ရှင်တိုင်းထာဝရလက်တွဲမြဲနိုင်ကြပါစေ..
#ရွှေဖြူ

25/07/2026

စိတ်လေးကိုအနားပေးပါ ခရီးထွက်ပါ

ရွှေဖြူ တို့ရဲ့ဘဝမှာ စိတ်‌တွေပင်ပန်းလာတဲ့အခါ
အားလုံးကို စွန့်လွှတ်ဖို့ ထားခဲ့ဖို့အထိ မလိုပါဘူး။
နေရာလေးတစ်ခု ပြောင်းပြီး ခဏအနားယူကြည့်လိုက်ပါ။

တောင်တန်းလေးတွေဆီသွားပါ။
လေ‌ပြေအေးအေးလေးတွေကို တဝကြီးရှူပါ။
သစ်ပင်အရိပ်အောက်နားလေးမှာ အေးဆေးထိုင်ကြည့်ပါ။ ကိုယ်ကြိုက်တဲ့ကော်ဖီလေးတစ်ခွက် စာအုပ်လေးတစ်အုပ်နဲ့ လှပတဲ့မြင်ကွင်းလေးတွေကို ငေးကြည့်ပါ။

ခရီးထွက်ခြင်းဟာ ဘဝထဲကပြဿနာတွေကိုရင်မဆိုင်ချင်တော့လို့ ရှောင်ထွက်ခိုင်းတာမျိုးမဟုတ်ပါဘူး။
မောပန်းနေတဲ့ကိုယ်စိတ်‌လေးကို အားပြန်ဖြည့်ပေးလိုက်တာပါ။ကိုယ်မရောက်ဖူးသေးတဲ့ နေရာလေးတစ်ခု
ကို သွားလိုက်ရတာကလည်း ခရီးထွက်တာပါပဲ။

တချို့ခရီးတွေက အမှတ်တရ‌လေးတွေ ရစေတယ်။တချို့ခရီးတွေက တန်ဖိုးရှိတဲ့ဘဝသင်္ခန်းစာတွေ ပေးတယ်။တချို့ခရီးတွေကတော့ မေ့နေခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်တွေ့စေတယ်။

ငါတော့ အချိန်တခုရမှ ခရီးထွက်မယ်လို့ မစောင့်နေပါနဲ့။
ကိုယ့်အတွက် အချိန်ဖယ်ထားပြီး အရွယ်ရှိတုန်းမှာ သွားလာနိုင်တုန်းလေးမှာ ခရီးထွက်ပါ။
🤍

စိတ်‌လေးကိုအနားပေးပါ။
အမှတ်တရအသစ်လေးတွေဖန်တီးပါ။
ခရီးထွက်ပါ။

#ခရီးထွက်ပါ #စိတ်အေးချမ်းမှု #သဘာဝအလှ #ဘဝနေထိုင်မှု

25/07/2026
05/07/2026

ချစ်သဲလေးဝတ်လိုက်ရင်အရမ်းလှသော🤍✨
My heart 😍



#ဖန်စီနားကပ်

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด ร้านเสริมสวย ที่ Bangkok หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ ShwePhyu Accessories โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Bangkok