Yoga on the Mat

Yoga on the Mat

แชร์

🍀Where breath meets movement_one mat,one moment 🍀

🧘‍♀️Mind in stillness-find balance-Yoga on the Mat


📍A passionate yoga practioner in Bangkok 📍

21/08/2026

🤔Crow Pose ကျင့်ချင်ပေမယ့် ပခုံးမထိန်းနိုင်မှာ၊ဟန်ချက်မထိန်းနိုင်မှာ စိတ်ပူနေလား?

✨စိတ်မပူပါနဲ့။

🤗ဒီနေ့မှာတော့ Crow Pose ကို အောင်အောင်မြင်မြင်နဲ့ အလွယ်တကူ လုပ်နိုင်ဖို့ အထောက်အကူပြုမယ့် Warm-up Exercises လေးတွေကို မျှဝေပေးချင်ပါတယ်။

🍃Wrist Warm-up
Table Top Position ကနေ လက်ကောက်ဝတ်လေးတွေကို ညာဘက်ကနေ ဘယ်ဘက်၊ ဘယ်ဘက်ကနေ ညာဘက်ကို ၃ ကြိမ်စီ ဝိုင်းပြီး လှည့်ပေးပါ။(Crow Pose မှာ လက်ကောက်ဝတ် အားသုံးရလို့ ဒီအဆင့်က အရမ်းအရေးကြီးပါတယ်!)

🍃Shoulder Taps in Hovering Table Top
Table Top ပုံစံကနေပဲ ဒူးခေါင်းကို ကြမ်းပြင်ကနေ စင်တီမီတာ အနည်းငယ်လောက်ပဲ ကြွထားပါ။ပခုံးကို အပေါ်တွန်းတင် ဝမ်းဗိုက်ကြွက်သားတင်းနေအောင် ညှစ်ပြီး ဆန့်ကျင်ဘက် ပခုံးကို ဆန့်ကျင်ဘက်လက်နဲ့ လှမ်းထိပေးပါ။ (ဘယ်လက်နဲ့ ညာပခုံး၊ ညာလက်နဲ့ ဘယ်ပခုံး ထိပေးရမှာပါ)။

🍃Plank to Tricep Knee Taps
Table Top ကနေ ခြေထောက်ကို နောက်သို့ ဆွဲဆန့်ပြီး Plank Position ယူလိုက်ပါ။ပြီးရင် ဒူးကို ကွေးပြီး ကိုယ့်ရဲ့ Tricep နဲ့ ထိစပ်အောင် တစ်ဖက်စီ အလှည့်ကျ တိုက်ပေးပါ။

🍃Dolphin Pose Hold
တံတောင်ကို ကြမ်းပြင်ပေါ်ချ၊ တင်ပါးကို အပေါ်မြှောက်ပြီး Dolphin Pose ပုံစံနဲ့ စက္ကန့်အနည်းငယ် ငြိမ်ပြီး ထိန်းထားပေးပါ။ (ပခုံးနဲ့ ဗိုက်ကြွက်သားတွေ သန်မာစေပါတယ်)။ဒီနေရာမှာ ပခုံးကို အောက်သို့ မနိမ့်ကျလာအောင် အပေါ်ကို တွန်းတင်ပြီးထိန်းနိုင်ဖို့ အရေးကြီးပါတယ် ။

🍃Reverse Crow Pose Hold
ကျောပြင်ကို ကြမ်းပြင်ပေါ်ချပြီး ပက်လက်လှန်ပါ။ပြီးရင် လေထဲမှာ Crow Pose လုပ်မယ့် ပုံစံအတိုင်း ဒူးကို လက်မောင်းတွေနဲ့ ကပ်ပြီး ဗိုက်ကြွက်သား အားသုံးကာ ထိန်းထားကြည့်ပါ။

🍃Crow Pose Attempt
အပေါ်က အဆင့်တွေပြီးရင်တော့ တကယ့် Crow Pose ကို စမ်းသပ် ကျင့်ကြံကြည့်လို့ ရပါပြီ။

‼️သတိထားရမှာက လက်ချောင်းလေးတွေကို ဖျာပေါ်မှာချဲပြီးလက်ဖျားထိပ်လေးတွေနဲ့ ဖိထားပေးပါ။လိုအပ်ရင် ရှေ့သို့ မလဲကျစေရန် break အနေနဲ့ support ပေးပါတယ်။ ပခုံးကို တွန်းတင်ပြီး ကျောကို ခုံးထားရင်း ဝမ်းဗိုက်ကြွက်သားများကိုလည်း ညှစ်ထားပေးပါ။

🤩ပထမဆုံး ခြေဖျားတစ်ဖက်ချင်းစီ အရင်ကြွကြည့်ပြီးမှ နှစ်ဖက်လုံး ကြွဖို့ ကြိုးစားကြည့်ပါနော်။

🤩ဖြည်းဖြည်းချင်းစီ ပုံမှန်လေး လေ့ကျင့်သွားရင် မကြာခင်မှာ အမိုက်စား Crow Pose လေးကို ပိုင်ဆိုင်
နိုင်မှာ သေချာပါတယ်။

🤍အားလုံးပဲ အဆင်ပြေပြေ လေ့ကျင့်နိုင်ကြပါစေရှင်။

In person training : Book Your Spot!
✨Private 1-on-1 sessions and mini-classes are now available

18/08/2026

🧘‍♀️ ခန္ဓာကိုယ် တည်ငြိမ်ဖို့ဆိုတာ စိတ်တည်ငြိမ်ဖို့လည်း လိုအပ်ပါတယ်။

✨ စိတ်ရှုပ်ထွေးစရာတွေ ပြည့်နှက်နေတဲ့ လောကကြီးထဲမှာ ခန္ဓာကိုယ်ရဲ့ တည်ငြိမ်မှုနဲ့ ပျော့ပျောင်းမှုကို အတူတူ ရှာဖွေကြရအောင်။

💫 ဒီနေ့တော့ ခန္ဓာကိုယ်ကို အတင်းအကျပ် မခိုင်းစေဘဲ ညင်သာတဲ့ ယောဂကျင့်စဉ်လေးနဲ့ အားပြန်ဖြည့်ဖြစ်တယ်။

🍃 ကိုယ့်ရဲ့ အသက်ရှူသံအလိုက် စီးမျောရင်း ခွန်အားအသစ်တွေ ရရှိစေမယ့် ဒီနေ့ရဲ့ Yoga Flow လေးကို အတူတူ လေ့ကျင့်လိုက်ရအောင်နော်။

In person training : Book Your Spot!
✨Private 1-on-1 sessions and mini-classes are now available

14/08/2026

🕊️ Practicing on flying pigeon

11/08/2026

HIIT ဆော့အပြီး လက်ကျန်အားလေးနဲ့ Headstand ကို Core Strength သီးသန့်သုံးပြီး လေ့ကျင့်ဖြစ်ခဲ့တယ် 🤩

Yoga Block နဲ့ ကျင့်ရတာ တစ်ခုခု လွတ်လပ်မှုမရှိသလို ခံစားရလို့ အလွတ်ပဲ ဆွဲတင်လိုက်တယ်

အတတ်အဆင်း ၅ ခေါက်လောက် လုပ်မယ်လို့ တွေးထားတာ...

တကယ့်လက်တွေ့မှာတော့ ၃ ခေါက်နဲ့တင် အားကုန်ပြီး လက်လျှော့လိုက်ရပါပြီ 😅

ပင်ပန်းပေမယ့် အားရဖို့တော့ ကောင်းသားပဲ ✨

Join me on the mat Yoga on the Mat

🧘‍♀️In person practice : Book Your Spot!

✨Private 1-on-1 sessions and mini-classes are now available

Photos from Yoga on the Mat's post 09/08/2026

မိတ်ဆွေသူငယ်ချင်းတွေအားလုံးကို ကျန်းမာရေးအတွက် Gym | Pilates ဒါမှမဟုတ် Yoga တစ်ခုခုကို နေ့စဉ်ဘဝထဲမှာ စတင်လေ့ကျင့်စေချင်ပါတယ်။

တကယ်လို့ မိမိက အဆီကျကျစ်လစ်စေမယ့် ပြင်းထန်တဲ့ workouts တွေ မလုပ်ချင်ဘူး၊ မလုပ်နိုင်ဘူး ၊ Posture ပြုပြင်ဖို့လည်း အထူးတလည်မလိုဘူးဆိုရင်တော့ ကျန်းမာရေးအတွက် "Yoga" ကို ရွေးချယ်ဖို့ အကြံပြုပါရစေ။

Yoga ရဲ့ ကျင့်စဉ်တွေဟာ လေးနက်မှုရှိသလို ခန္ဓာကိုယ်အတွက်လည်း အကျိုးကျေးဇူး အများကြီးရှိပါတယ်။

🧘‍♀️တစ်နေ့ မိနစ် ၃၀ ခန့် လေ့ကျင့်ရုံနဲ့တင် အညောင်းအညာပြေပြီး နေထိုင်ရတာ ပေါ့ပါးလန်းဆန်းလာပါလိမ့်မယ်။

🧘‍♀️ရေရှည်မှာ ဇာတ်ကြောတက်တာ၊ ခါးနဲ့ကျောရိုး တောင့်တင်းတာ၊ ကိုယ်လက်လေးလံတာတွေကို ဖြည်းဖြည်းချင်း သက်သာလာစေပါတယ်။

တကယ်လို့ Yoga Pose ကို အများကြီးမလုပ်ချင်ဘူး၊ ပေါ့ပေါ့ပါးပါးပဲ လေ့ကျင့်ချင်တယ်ဆိုရင်တောင် Suryanamaskar A နဲ့ B ကို တစ်ခုကို ၅ ကျော့စီ လေ့ကျင့်ပေးရုံနဲ့တင် တစ်နေ့တာအတွက် လုံလောက်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို ရရှိစေမှာ ဖြစ်ပါတယ်။

ဒီအလေ့အကျင့်ကနေပြီးမှ yoga ကို ဆက်ပြီး yoga လို လေ့ကျင့်လာချင်စိတ်ရှိအောင် ဆွဲခေါ်ပေးပါလိမ့်မယ် 🤩

Join me on the mat Yoga on the Mat

🧘‍♀️In person training : Book Your Spot!

✨Private 1-on-1 sessions and mini-classes are now available

06/08/2026

Hip opening exercises ✨

တင်ပါးဆုံကွင်း တောင့်တင်းလို့ စိတ်ညစ်နေပါသလား❓

အထိုင်များပြီးအလုပ်လုပ်ရသူတွေ အတွက်တင်ပါးဆုံ ပျော့ပျောင်းပွင့်လင်းစေဖို့ (Hip Opening) အိမ်မှာတင် အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်း (၅) ခုကို မျှဝေပေးလိုက်ပါတယ်။

💫Low lunge: တင်ပါးဆုံအရှေ့ပိုင်း ကြွက်သားများကို ဆွဲဆန့်ပေးပါတယ်

🦎Lizard: တင်ပါးဆုံနှင့် ပေါင်အတွင်းပိုင်းကို နက်ရှိုင်းစွာ ပွင့်စေပါတယ်

🕊️Open pigeon: တင်ပါးဆုံအနောက်ဘက်နှင့် အကြောများကို ပြေလျော့စေတယ်

⚛️Side lunges: တင်ပါးဆုံ ဘေးဘက်ကြွက်သားများကို သန်မာပျော့ပျောင်းစေပါတယ်

🍃Wide leg forward fold: တင်ပါးဆုံအောက်ပိုင်းနှင့် ခြေသလုံးကြွက်သားများကို ဆွဲဆန့်ပေးတယ်

Video ထဲကအတိုင်းလေး လိုက်လုပ်ကြည့်ပါ 🧘‍♀️

Join me on the mat Yoga on the Mat

In person private class and and mini group class available 🧘‍♀️

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok