Hlwan Bhone Sett
Mystic Insights
သက်ရောက်အဟော
အပိုင်း (၂)
အင်္ဂဝိဇ္ဇာအခြေခံသိပြီးသားသူများအတွက်သာ
ဆရာလွှမ်းဘုန်းဆက် Tin Aung Swe Win
ကိုယ်ရည်မှန်းထားတဲ့ကိစ္စ ဖြစ်မြောက်မလားဆိုတာ မေးကြည့်ကြမယ်။ဤ Post ကိုမြင်သောသူများပြုလုပ်၍ရနိုင်ပါစေသား
သနပ်ခါးလိမ်းတဲ့ ကျောက်ပြင်ကိုယူပါ။
လက်နှစ်ဖက်ဖြင့် ဆွဲ၍ မ ကြည့်လိုက်ပါ။
လွယ်လွယ်ကူကူပင် မ၍ ရပါလိမ့်မည်။
ထို့နောက် ဤအဓိဌာန်ကို စလုပ်ပါ။
ကျွန်ုပ်၏အစောင့်အရှောက်ပုဂ္ဂိုလ်များကိုယ်စိတ်နှစ်ပါးချမ်းသာကြပါစေ။ကျွနုပ်မှာသိုက်ဆက်ပုဂ္ဂိုလ်များရှိပါက
ဤ ကျောက်ပြင်သည် လေးသွားပါစေ ဟုစိတ်ထဲမှတိုင်တည်ပါ။
ထို့နောက် မ ကြည့်ပါ။ သိုက်ဆက်ရှိပါက လေးသွားတာ
လုံး၀မလို့မရအောင်ကပ်သွားတာ ကြုံပါလိမ့်မယ်။ ထို့နောက် ကိုယ်သိချင်တာတစ်ခုကို ဆက်မေးပါ။ ပြီးရင် မေတ္တာပို့ပါ။
မေးလို့ရသောသူများ နှင်းဆီပန်း လှူပေးဖို့လိုပါသည်။
ဆရာလွှမ်းဘုန်းဆက် Tin Aung Swe Win
မရဏဖွားများသည် ကိုယ့်ဒူး ကိုယ်ချွန် ကိုယ်ထူ ကိုယ်ထ ပြီး တိုးတက်မှုရှိအောင် လုပ်ဆောင်တတ်ကြလေသည်။
ငယ်ရွယ်စဉ် လှုပ်ရှားတတ်သည့် အရွယ်မှစ၍ ငြိမ်ငြိမ်မနေပဲ ဇိုးဇိုးဇက်ဇက် သွားလာလှုပ်ရှားတတ်သူတွေ ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာ အနာတရ ရလွယ်တတ်သည်။သို့ဖြစ်၍ မရဏဖွား ကလေးငယ်များသည် ဖေဖေမေမေတို့က ကရုတစိုက် အရိပ်တကြည့်ကြည့် ကြည့်ရတတ်သည်။ကိုယ်ရဲ့ယူဆချက်ကို အမှန်ထင်ပြီး ဇွဲရှိရှိနဲ့ ဘယ်သူတားတား ဇွတ်လုပ်တတ်ကြသည်။ သူတို့အပေါ် တားဆီး လွှမ်းမိုးတတ်သောသူများနှင့် အဆင်မပြေဖြစ်တတ်ကြသည်။
ဆုံးဖြတ်ချက် ပြတ်သား ခိုင်မာပြီး ဒေါသ ထွက်လွယ်တတ်ကြသည်။ ဆုံးဖြတ်ချက် ခိုင်မာသည့်အလျောက် တာဝန်ယူစိတ်လည်း ရှိကြသည်။
သူတို့လေးတွေရဲ့ အလိုလိုက် အကြိုက်ဆောင်သူတွေအတွက်ဆို စွန့်လွှတ်အနစ်နာခံတတ်ကြသည်။
စိတ်သဘောထား နူးညံ့ကြပြီး ကူညီတတ်ကြသည်။
ငယ်ရွယ်စဉ် စီးပွားတိုးတက် ငွေအဝင်များပါက ကျန်းမာရေး ညံ့တတ်သည်။
မိခင်ကို အပျောက်မခံတတ်ကြပေမယ့် စိတ်နဲ့အခန့်မသင့်ရင် ပြန်အော်တတ်သည်။သို့သော် မိခင်ကို တပါးသူ အသံမာမာနဲ့ ပြောတာကိုတောင် လက်သင့်မခံတတ်ပါ။
အမိအဘကို သိတတ်စွာ လုပ်ကိုင် ကျွေးမွေးတတ်သော ဇာတာပင်ဖြစ်သည်။
အသက်အရွယ်တခု ရလာလျှင် မိဘ ကျေးဇူး သိတတ်နားလည်ပြီး မိဘစိတ်ချမ်းသာအောင် ထားတတ်ကြသည်။
ပညာသင်ချိန်တွင် ဖြတ်ထိုးဉာဏ်ကောင်းကြသည့်အလျောက် မနာလိုသူ ပေါတတ်သည်။
မချမ်းသာရင် နေပါစေ စိတ်ထားမြင့်မြတ် မှန်ကန်ကြသည်။
အရာရာကို ကြောက်ရွံ့စိတ် မရှိကြပေမယ့် အမှတ်မထင်တဲ့အရာ သေးနုပ်ပါစေ ကြောက်တတ်ပြန်ရော.....
အပေါ်ယံကြည့်လျှင် သန်မာကြပေမယ့် သူချစ်တဲ့သူတွေအပေါ် နူးနူး ညံ့ညံ့ ဆက်ဆံတတ်ကြသည်။အသံက ဆွဲဆောင်မှု ကောင်းနေတတ်ကြသည်။
ချစ်သူခင်သူ ပေါတတ်ပြီး အနစ်နာခံသလောက် အချစ်ရေး ကံခေတတ်ပေမယ့် အိမ်ထောင်ဖက်ကောင်းကောင်းနဲ့ ဆုံစည်းရတတ်သည်။
ရည်ရွယ်ချက်ကြီးသူအဖို့ မမျှော်လင့်သော ကံအခွင့်အလမ်းကြောင့် ဘဝမှာ ထင်မှတ်မထားလောက်အောင် တိုးတက်မှု မြန်ဆန်တတ်သည်။
ကံအထောက်အပံ့ ရကြသူများ ဖြစ်သည့်အလျောက် အကြီးအကဲ မစသည့်ကံ၊ အတိတ်ကုသိုလ်ကံ အားကြောင့် ဘဝပြောင်းပြီး တလက်လက် တောက်ပလယတတ်သည်။
အလုပ်တစ်ခုကို ဇွဲရှိရှိ အတည်တကျ ဇောက်ချ လုပ်ကိုင်တတ်သော မရဏ ဖွားများအဖို့ နာမည် ဂုဏ်သတင်း ကျော်ဇောမှု ရရှိအောင်မြင်ပါလိမ့်မည်။
ဆရာလွှမ်းဘုန်းဆက် Tin Aung Swe Win
07/09/2026
Q...နင့်ကောင်လေးကိုအလျော့ပေးဖို့စိတ်ကူးရှိမရှိ...
ကျွနုပ်၏ကာစတန်မာ be like ...
အင်္ဂါသားသမီးများအတွက်
ဓာတ်တူနာမ်တူဆေးကိုယူ
မလှူရဘူး တက်နင်းသွားရတာ
ဆောင်ပန်း နင်းကြမ်း ဥပဒေသ
ယတြာ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
แจ้งเตือน
รับทราบข่าวสารและโปรโมชั่นของ Hlwan Bhone Settผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา