FunnyFunny

FunnyFunny

แชร์

funny

18/07/2026

Red Bull ပိုင်ရှင်မိသားစု ၃ နှစ်ဆက်တိုက် ထိုင်းမှာ အချမ်းသာဆုံး ဖြစ်လာ

Forbes မဂ္ဂဇင်းရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ Red Bull အားဖြည့်ဖျော်ရည်နဲ့ နာမည်ကြီးတဲ့ Yoovidhya မိသားစုဟာ အမေရိကန်ဒေါ်လာ ၄၇ ဘီလီယံ (ထိုင်းဘတ်ငွေ ၁.၆ ထရီလီယံခန့်) နဲ့ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးနေရာကို ၃ နှစ်ဆက်တိုက် ဆက်ပြီးရရှိသွားပါတယ်။ သူတို့ရဲ့နောက်မှာတော့ CP Group ပိုင်ရှင် Chearavanont ညီအစ်ကိုတွေက ဒေါ်လာ ၃၆.၆ ဘီလီယံနဲ့ ဒုတိယနေရာမှာ ရှိနေတာပါ။
ဒီနှစ်မှာတော့ ထိုင်းသူဌေးကြီးတွေရဲ့ စုစုပေါင်းကြွယ်ဝမှုဟာ စတော့စျေးကွက်တက်လာတာကြောင့် ပြီးခဲ့တဲ့နှစ်ကထက် ၁၀ ရာခိုင်နှုန်းလောက် တိုးလာပြီး ဒေါ်လာ ၁၈၇ ဘီလီယံအထိ ရှိလာတယ်လို့ ဆိုပါတယ်။
ရက်ဘူးလ်ပိုင်ရှင် Chalerm Yoovidhya နဲ့ သူ့မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ဒေါ်လာ ၂.၅ ဘီလီယံလောက် ပိုများလာတာပါ။ ဒါဟာ တစ်ကမ္ဘာလုံးမှာ ရက်ဘူးလ်အချိုရည် ဘူး ၁၄ ဘီလီယံနီးပါးအထိ စံချိန်တင်ရောင်းချခဲ့ရပြီး ဝင်ငွေ ၈ ရာခိုင်နှုန်းကျော် တက်လာလို့ဖြစ်ကြောင်း သိရပါတယ်။ ဒီလုပ်ငန်းကိုတော့ Chaleo က ၁၉၇၆ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာပါ။
တတိယနေရာမှာတော့ စွမ်းအင်နဲ့ ဆက်သွယ်ရေးသူဌေးကြီး Sarath Ratanavadi ရှိနေပြီး သူ့ရဲ့ Gulf Development ကုမ္ပဏီ အောင်မြင်နေတာကြောင့် ချမ်းသာမှုက ဒေါ်လာ ၅.၆ ဘီလီယံအထိ အများဆုံး ခုန်တက်သွားပြီး စုစုပေါင်း ၁၇.၆ ဘီလီယံ ရှိလာပါတယ်။
စတုတ္ထနေရာကတော့ Central ကုန်တိုက်ကြီးတွေရဲ့ ပိုင်ရှင် Chirathivat မိသားစုဖြစ်ပြီး၊ ပိုင်ဆိုင်မှု ဒေါ်လာ ၁၁.၇ ဘီလီယံ ရှိပါတယ်။ ပဉ္စမနေရာမှာတော့ Charoen Sirivadhanabhakdi က ဒေါ်လာ ၁၁.၅ ဘီလီယံနဲ့ ရှိနေပါတယ်။
ထူးခြားတာကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ကတော့ ပြီးခဲ့တဲ့နှစ်ကထက် ၄ ဆင့်လောက် လျှောကျသွားပြီး ဒေါ်လာ ၁.၈ ဘီလီယံနဲ့ အဆင့် ၁၄ နေရာကို ရောက်သွားပါတယ်။
ဒီနှစ်မှာတော့ နိုင်ငံတကာက ထိုင်းနိုင်ငံမှာ AI ဒေတာစင်တာ တွေ လာရောက်ရင်းနှီးမြှုပ်နှံမှု များပြားလာတဲ့အတွက် စက်မှုဇုန် အမျိုးသမီးသူဌေးကြီး Jareeporn Jarukornsakul ရဲ့ ကြွယ်ဝမှုဟာ ၆၉ ရာခိုင်နှုန်းအထိ ထိုးတက်သွားပြီး အဆင့် ၂၈ နေရာကို ရောက်ရှိလာတယ်လို့ ဖော်ပြထားပါတယ်။

18/07/2026

ကမ္ဘာမှာ အကြီးဆုံး ရထားလမ်း ကွန်ရက်ကြီးတခုကို ခေတ်မီအောင် ပြောင်းလဲဖို့ အိန္ဒိယရဲ့ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထားကို စတင်ခဲ့ပါတယ်။

ကာဗွန်ထုတ်လွှတ်မှု လျော့ကျအောင် ဒီနည်းပညာနဲ့ ကြိုးစားနေတဲ့ နိုင်ငံအနည်းစုထဲမှာ အိန္ဒိယလည်း ပါလာပြီ ဖြစ်ပါတယ်။

အိန္ဒိယ မြောက်ပိုင်းက ၅၅ မိုင်ကျော် ရှည်လျားတဲ့ ခရီးမှာ ရထားတွဲ ဆယ်တွဲနဲ့ ခုတ်မောင်းမှာ ဖြစ်ပါတယ်။

ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်ကို ပေါင်းပြီး လျှပ်စစ် ထုတ်တာ ဖြစ်လို့ ရေနဲ့ ရေနွေးငွေ့ပဲ အပို ထုတ်လွှတ်တာ ဖြစ်ပါတယ်။

18/07/2026

ဘန်ကောက်မီးလောင်မှုတစ်ခုမှာ ကြောင်အကောင် ၃၀ ကျော်နဲ့ လူနှစ်ဦးသေဆုံး

သုံးထပ်တိုက်နေအိမ် မီးလောင်မှုကြောင့် လူနှစ်ယောက်နဲ့ ကြောင်အကောင် ၃၀ ကျော် သေဆုံးတဲ့ဖြစ်စဉ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ဒီမနက် ဖြစ်ပွါးခဲ့ပါတယ်။

သေဆုံးသူတွေဟာ အသက် ၆၂ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်ပြီး အိမ်ထဲမှာ မွေးမြူထားတဲ့ ကြောင် ၃၀ ကျော်လည်း မီးလောင်သေဆုံးခဲ့တယ်လို့ Matichon နဲ့ Khaosod သတင်းဌာနတွေက ရေးသားထားပါတယ်။

အိမ်ရှင်နဲ့ အိမ်ငှား လွဲချော်မှုတွေကြားက အချစ်ဇာတ်လမ်း #movielocation #recaps 26/06/2026

အိမ်ရှင်နဲ့ အိမ်ငှား လွဲချော်မှုတွေကြားက အချစ်ဇာတ်လမ်း

အိမ်ရှင်နဲ့ အိမ်ငှား လွဲချော်မှုတွေကြားက အချစ်ဇာတ်လမ်း #movielocation #recaps Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.

14/06/2026

ဆွဲလိုက်သမျှ အစစ်ဖြစ်လာတဲ့ မှော်စုတ်တံလေး

27/05/2026

အိုးတွေမှာ ကပ်နေတဲ့ အဆီတွေကို အလွယ်ဆုံး ဖယ်ရှားနည်း

25/05/2026

ဥယျာဉ်အလှဆင်နည်းများ | အိမ်နောက်ဖေးကို အပန်းဖြေစခန်းအဖြစ် ပြောင်းလဲခြင်း

24/05/2026

အိမ်တွင်းအလှဆင်ခြင်း - အဆင့်မြင့် DIY စိတ်ကူးများ

22/05/2026

ညစ်ပတ်နေတဲ့ ဒယ်အိုးတွေကို ၅ မိနစ်အတွင်း အသစ်လို ပြန်ဖြစ်စေမယ်

18/05/2026

တန် ၃၀ ရှိတဲ့ ကွန်ကရစ်ခဲတွေကို ဖယ်ရှားရတဲ့ ငရဲခန်း

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

9, 20 Soi Thian Thale 22, Tha Kham, Bang Khun Thian, Bangkok 10150, Thailand
Bangkok
10150