Mel Phyu

Mel Phyu

Share

ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုဦးစားပေးနေရသူမို့နည်းနည်းတော့ပင်ပန်းတယ်ရှင် 23294

Photos from Mel Phyu's post 24/08/2026

မနေ့ကဖြစ်သည်

ကြက်ပဲသုပ်လေးစားချင်နေတာ ရောင်းသူမရှိ

စနေညဘက်ကစတုဒီသာရှိတာသွားမယ်စိတ်ကူးထားပြီး

မနက်ခင်းမှာစိတ်ပြောင်း ကိုယ်သွားချိန်များကုန်သွားရင်သွားမောကြီးမို့မသွားတော့ဘူးစိတ်ပိုင်းဖြတ်လို့

ငါးချဥ်ပေါင်စားချင်နေတာကြာနေပြီဖြစ်သောစိတ်ကိုဦးစားပေးလို့ Clementi က ရွှေကံကော်မှာ ညီမ နှစ်ယောက် ထမင်းသွားစားကြ

စားချင်တာကအစုံဗိုက်ကမဆန့်ဆိုတော့ ကြာဇံချက် ထမင်းနှစ်ပွဲ ငါးချဥ်ပေင် သရက်ချဥ် သုပ် ခရမ်းသီး နှပ် ကြ က်သဲမြစ် နဲ့ အစုံသုပ်မှာစားတာ

အစုံသုပ်ကျန်လူများဘယ်လိုစားကြလဲမသိကိုယ်တွေညီမနှစ်ယောက် တစ်ခါလေးစစားကြည့်ပူစပ်မွှန်လာလို့ အသုပ်ပန်းကန်ဒီတိုင်းပစ်ခဲ့ရဘယ်လိုမှမစားနိုင်...🥵

ဗိုက်ထဲကအစပ်ပြေဖို့ကော်ဖီအအေးနဲ့ဆေးကြောလိုက်ရ...🤣☕🍹

ညနေကျ ပီဇာစားရအောင်မမတဲ့ငါမစားချင်ပြောတာမရသူကစားချင် ၆ခုဝယ်မယ်မမတဲ့ဟဲ့ ဒီပီဇာက ၁ခုဆိုအကြီးကြီး ၃ ခုတောင် များလှ

၂ခုနဲ့၃ခု သာဝယ်လို့ပြောတော့၃ ခုဝယ်ပြီးသူစား မမအများကြီးမကုန်လောက်ဘူးတဲ့ဖြစ်ရော မစားချင်လည်း မပစ်ရက်လို့၁ခု ကျမ စားရ ညစာပါလွတ်ရော

မနေ့ကနေ့စာညစာပီဇာအအေးကော်ဖီအကုန်သူရှင်းပြီးသကာလ

စားသောက်ပြီးစျေးပတ်ကြည့် ရင် အင်္ကျီလေးဝယ်တာ သူ့ကဒ်နဲ့ရှင်းခဲ့တာခုကျမမကို ညီမလေး ဝယ်ပေးတာထားလိုက်မလွှဲနဲ့တော့ဆိုတော့ ဒီအစ်မစိတ်တောင်မကောင်းဘူး...🤭

ကျေးဇူးအများကြီးတင်ပါတယ်တော်...😘😘😘

ရောက်ကတည်းကဒီအစ်မပေးဟိုးအရင်မြန်မာတုန်း
ကလည်းအိမ်ကပြန်တယ်မရှိဆိုတော့ ခုချိန်သူပြန်သိတတ်

အလုပ်များအမြဲအဆင်ပြေလို့ စိတ်ချမ်းသာကိုယ်ကျမ္မာလိုအင်ဆန္ဒဟူသမျှပြည့်ပါစေ...🙏🙏🙏🍀

Photos from Mel Phyu's post 23/08/2026

မပျော်ဘူးနော် big နဲ့ small က ၂ကွက်လုံးတူတူထိုးတာထိုးကြေးက

ibet မှာ တစ်ကွက်က $20တစ်ကွက်က$တစ်ကွက်က10 ထိုးတာ

$10 ထိုးတာထဲက ပါလာတယ် ibet

4523ဖြစ်ပါရော့လား 4527တဲ့လားအေ

အရင်ကဂဏန်းတွေတူပြီးအထိုင်ကမတူ

အမြဲလွဲလို့ဒီတစ်ခါ ibetထိုးတာ တော်ပါသေးထိုးကြေးတော့ပြန်ရလို့

တစ်ခါလောက် ပထမဆုကြီးထဲကပေါက်ပေးပါကံတရားရေ လာပါဦးမယ်ဖြူ့အလှည့်

#ကံကောင်းခြင်းများဆက်၍လာပေးပါ

Photos from Mel Phyu's post 12/08/2026

တစ်ချို့အချဥ်မကြိုက်သူကဒီဒိန်ချဥ်အစိမ်းဗူးကိုချဥ်လို့မစားကြဘူး

မယ်ဖြူကတော့ထန်းလျက်ရည်ကျိုပြီးငှက်ပျောသီးမှည့်လေးထည့်မွှေစားလိုက်တာစားလို့ကောင်းသော

အစကဝယ်စားတာအရမ်းမချဥ်သလိုစားပါများချဥ်လာလို့ Chobaniဝယ်စားတာ သူတစ်ဗူးက အစိမ်း၃ဗူးရစျေးကရှယ်ကွာနေလို့ Chobaniကအဖေစားပြီးမယ်ဖြူကအစိမ်းဝယ်စားလိုက်တော့မယ် အဖေ့အားနာလို့​

အစိမ်း $5.50
Chobani $16.50

ထန်းလျက်ထဲ သစ်ဂျပိုးခေါက် လေးထည့်ကျိုမွှေးနေရောရှင်ကျိုပြီးအေးရင်ခုလိုပုလင်းထဲထည့်းသိမ်းလိုက်ရော...😊

08/08/2026

ဝယ်ချင်တာဝယ်ဖို့4Dထိုးလာတဲ့နှစ်လည်းကြာပြီ

4Dမထိုးဘဲဝယ်ချင်တာဝယ်ခဲ့ရင်လိုချင်တာတွေအတော်စုမိလောပြီ...😁

ကဲ ဒီနေ့တော့ကံကောင်းသူကျမ မယ်ဖြူဖြစ်ချင်မိ ပထမဆုကြီးဆုတောင်းပါတယ်...🙏🙏🙏🍀

#ခေတ္တစင်္ကာပူ
#ကံစမ်းမယ်
#ပထမဆုကြီးပေါက်ပါစေ


#ရောက်ချင်ရာရောက်

05/08/2026

😋ဒီနေ့လုပ်တာကပုံမရိုက်လိုက်ရအရင်ပုံလေး😋

Photos from Mel Phyu's post 05/08/2026

နေ့လယ်စာလေး...😋

ဆယ်မွန်ငါးကို ဆားအနည်းငယ်ငရုပ်ကောင်းအမဲနဲ့အရသာနယ်ကြော်ပြီး ငရုပ်ကောင်းအမဲ သံပုရာသီး ညှစ် ပဲငံပြာရည် ပျားရည်နဲ့အရသာစပ်ပြီး ထောပတ်ဆီအနည်းငယ်ထည့်ရေထည့်ပွက်လာရင်ငါးကြော်လေးထည့်ရေခမ်းလာရင် အရသာလေးကရှယ်...😋

Photos from Mel Phyu's post 05/08/2026

မစားရတာကြာလို့ငှက်ပျောသီး Oats နွားနို့ ကြ က်ဥမုန့်လေးလုပ်စားမလို့

နေ့လယ်ခင်းချိန် tea time လေးပေါ့နော်...☕🥧🍌🥛🥚

ခုစပြီးကင်နေပါပြီ ...😍

03/08/2026

စားချင်တာကမျှစ်ချဥ်ပေါင် ကြော်နဲ့ထမင်းငရုပ်သီးမှုန့်နဲ့နယ်စားချင်တာ

ရောကြော်ဖို့လည်းအချိန်မပေးနိုင် ကြော်ပြီး နောက်နေ့ပြန်နွှေစားရင် မျှစ်အနံ့ကနံမှာစိုးတာလည်းကြောက်တော့

ချဥ်ပေါင် တွေကိုအရသာထည့်အဖုံးအုပ်ထားဆီပြန်တော့အအေးခံပုလင်းထဲထည့်ရေခဲသေတ္တာထဲသိမ်း

မျှစ်အသင့်စားဗူးလေးဝယ်ပြီးစားခါနီးချဥ်ပေါင်နဲ့ထမင်းကိုပူနေအောင်နွှေးလို့မျှစ်ထည့်ငရုပ်သီးကြော်ထောင်းမှုန့်ထည့်လို့စိတ်ကြိုက်နယ်စားရသောသကာလပေါ့ရှင်...😋

မယ်ဖြူလိုအိမ်ထဲအနံ့နံမှာစိုးသူတွေဒီလိုလေးလုပ်စားကြည့်မျှစ်ကတော့ချိုတယ်ကိုယ့်မြန်မာအရသာတော့မရဘူး...😁

Photos from Mel Phyu's post 26/07/2026

Ipoh ရောက်ရှိခဏ...🥰

Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Website

Address

Singapore

Alerts

Be the first to know and let us send you an email when Mel Phyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Singapore.