Pyae Phyo Khine

Pyae Phyo Khine

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Phyo Khine, Makeup artist, Singapore.

31/07/2026

အသားအရေက အတိတ်က ကြုံတွေ့ခဲ့တဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို အချိန်ကြာကြီး မှတ်သား ထား နိုင်တယ်ဆိုတာ သိလား?
နေရောင်ခြည်၊ လေထုညစ်ညမ်းမှု၊ စိတ်ဖိစီးမှုနဲ့ အိပ်ရေးမဝတာလို နေ့စဉ်ဘဝရဲ့ အချက်အလက်တွေကို သိမ်းထား လို့ အသားအရေရဲ့ လန်းဆန်း တောက်ပမှုကို ထိခိုက်စေနိုင်ပါတယ်။
အဲဒီလို ပြောင်းလဲလာတဲ့ အသားအရေကို ဂရုစိုက်ချင်သူတွေအတွက်

Dior Prestige Rose-Powered Serums ရှိပါတယ်။

Dior ရဲ့ နာမည်ကြီး Prestige Collection ထဲက လူကြိုက်များတဲ့ skincare icon တစ်ခုပါ။ 🌹

အသားအရေ စိုပြေတင်းရင်း‌ ပြီး ချောမွေ့ဝင်းလက်လာ‌ဖို့ နေ့စဉ် ပြည့်ဖြိုးသုံးပါတယ်။

အသားအရေက နေ့စဉ်ဘဝရဲ့ အမှတ်အသားတွေကို တိတ်တဆိတ် သိမ်းဆည်းထားတာကို မေ့ပျောက်နိုင်အောင် ပြည့်ဖြိုး တို့ လုပ်ကြည့် ရအောင်ပါ။ 🌹

Luxury skincare ကို ရွေးချယ်တဲ့အခါ Dior Prestige က ဘာကြောင့် လူကြိုက်များနေလဲဆိုတာ ကိုယ်တိုင်ခံစားကြည့်ကြမယ်။

La Micro-Huile de Rose Activated Serum 🌹
• ဆဲလ်အနက်ပိုင်းအထိ စိမ့်ဝင်ပြီး အသားအရေ မှတ်တမ်းတွေကို ပြုပြင်ပေးပါတယ်။ Skin Recovery ကို ၂ ဆ ပိုမြန်စေပါတယ်။
• Formula အသစ်က Rose de Granville ရဲ့ Micronutrients အဟာရ ၂၂ မျိုး ကို ၆ ဆ ပိုမြန်မြန် အသားထဲ စိမ့်ဝင်အောင် လုပ်ထားပြီး အသားအရေကို နုပျိုစေတဲ့ Omega ၁၄ ဆ ပိုမို ပါဝင်ပါတယ်။ ဒါ့ကြောင့် အသားအရေကို ကလေးငယ်တစ်ဦးလို Fresh & Youthful ဖြစ်စေတာ တွေ့ရပါတယ်။
ပြည့်ဖြိုးလက်တွေ့ သုံးပြီးအသားအရေ ကြည်တင်းလာပြီး အရေးကြောင်းကင်းလာတာ အရမ်း smooth ဖြစ်သွားတာကို ကိုယ်တိုင် ခံစားနေရပါတယ်။
ဘယ်နိုင်ငံမှာဘဲရှိရှိ Dior နဲ့ ပတ်သတ်ပြီးသိချင်တာများရှိရင် လှမ်းသာ messenger ကနေ မေးလိုက်ပါ နော် ၊ ကိုယ့်အသားအရည်အတွက် ရွေးရခက် နေလား ? ဘယ်ပစ္စည်နဲ့ တွဲသုံးရင် အဆင်ပြေမလဲ? စသည်ဖြင့် သံ သ ယတွေ အားလုံးကို ကူညီဖြေရှင်းပေးနိုင်ပါတယ် ခုဆို စာ လည်း နေ့တိုင်းပြန် ပါတယ်။

တစ်ကယ်လို့အလုပ်မှာ မအားတဲ့ peak season အချိန်များဆို တစ်ပတ်အတွင်း စာပြန်ပေးပါတယ်
ချစ်တဲ့ ပြည့် ဖြိုး

27/07/2026

🌹 "တင်းတိပ်၊ ဝက်ခြံ၊ အမာရွတ်ကျန်-အသားအရေ ညစ်လာရင်.." The Magic of Rose & Sugar 🌹အသားအရေ ကြည်လင်ဖို့ နှင်းဆီနဲ့ သကြားကို မှော်ဆန်ဆန်ပေါင်းစပ်ထားတဲ့ Scrub ကိုမိတ်ဆက်ပေးမယ်။

ဒါပေမယ့် Scrub တွေက အသားကျိန်းမှာ၊ အသားခြောက်သွားမှာ သုံးရင်းစိတ်ပူတယ်မလား?
လုံးဝပူစရာမလိုတဲ့ Dior Prestige Le Sucre de Gommage လေးအကြောင်း ပြောပြမယ်နော်။ 😍
မျက်နှာသစ်ပြီးတိုင်း အသား တင်းတာ၊ ခြောက်သွေ့တာမျိုး လုံးဝမရှိဘဲ ရေဆေးချလိုက်တာနဲ့ "အသားလေးက အိဖတ်ပြီး ဝင်းခနဲ ဖြစ်သွားတာမျိုး" ကို ချက်ချင်းခံစားရမှာမို့ပါ! 😍

မျက်နှာရဲ့ အသားမနာတဲ့ Sugar Crystals (သကြားအမှုန့်လက်လက်လေးများ): မျက်နှာပေါ်တင်ပြီး ညင်သာစွာ နှိပ်နယ်ပေးလိုက်တာနဲ့ ဒီသကြားပွင့်လေးတွေက ခန္ဓာကိုယ်အပူချိန်ကြောင့် အရည်ပျော်သွားပြီး Nourishing Mask (အာဟာရမျက်နှာဖုံးခရမ်မ်) အဖြစ် ပြောင်းလဲသွားပါတယ်။ သာမန် Scrub တွေလို အမှုန်တွေခဲနေပြီး အသားကို ကျိန်းစပ်တာမျိုး မဖြစ်စေဘဲ ဆဲလ်သေ (Dead Cells) နဲ့ အညစ်အကြေးတွေကို လုံးဝ (လုံးဝ) မပွန်းပဲ့ဘဲ ဖယ်ရှားပေးပါတယ်။
🌹 Dior ရဲ့ သုတေသနခြံမှာ အထူးစိုက်ပျိုးထားတဲ့ နှင်းဆီရဲ့ အဖိုးတန် Micro-nutrients (အာဟာရဓာတ်စွမ်းအင်) တွေ ပါဝင်လို့ ဆဲလ်သေတွေကို ဖယ်ရှားနေရင်းနဲ့တစ်ပြိုင်နက် အရေပြားကို အပြည့်အဝ အာဟာရဖြည့်ပေးပါတယ်။
🤔 ရိုးရိုးမျက်နှာသစ်ဆေးနဲ့ တင်မလုံလောက်ဘူးလား?
ပြည့်ဖြိုးတို့ အရေပြားက (၂၈) ရက်တစ်ခါ ဆဲလ်အသစ်လဲလေ့ရှိပါတယ်။ ဒါပေမယ့် အသက်ရလာတဲ့အခါ ဒါမှမဟုတ် စိတ်ဖိစီးမှုများတဲ့အခါ အဲဒီဆဲလ်သေတွေက အလိုအလျောက်မကွာကျဘဲ မျက်နှာပေါ်မှာ ပိတ်ဆို့ပြီး ထပ်နေတတ်ပါတယ်။
နေ့စဉ်သုံးတဲ့ ရိုးရိုးမျက်နှာသစ်ဆေးက အဆီပို၊ ဖုန်မှုန့်နဲ့ မိတ်ကပ်တွေကိုပဲ သန့်စင်ပေးနိုင်တာမို့ အဲဒီကပ်တွဲနေတဲ့ ဆဲလ်သေဟောင်းတွေကို မဖယ်ရှားနိုင်ပါဘူး။ အဲဒီအခါ -မျက်နှာအသားအရေ ညိုညစ်ပြီး မွဲခြောက်လာတယ်။
ဒါကြောင့် နေ့စဉ်သန့်ရှင်းရေးအပြင်၊ မျက်နှာလေး ကြည်လင်ချောမွေ့ပြီး Skincare လိမ်းရင် အာနိသင် နှစ်ဆပိုထိရောက်ဖို့အတွက် Dior Prestige Gommage ကို တစ်ပတ် (၁-၂) ကြိမ် တွဲသုံးကြည့်ပါ။ 🥰
သကြားရဲ့ အာနိသင်ကြောင့် ဆဲလ်သေတွေကို ဖယ်ရှားပေးရုံတင်မကဘဲ အရေပြားထဲက အစိုဓာတ် (Moisture) ကိုပါ တစ်ပါတည်း ထိန်းညှိပေးလို့ အသားခြောက်တဲ့သူနဲ့ အသားအရေပါးတဲ့သူတွေပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ သုံးပြီးရင် အသားလေးက
နူးညံ့အိစက်ပြီး ဝင်းပကြည်လင်နေတာလက်တွေ့ပါ. Dior Prestige Le Sucre de Gommage လေးကို သုံးကြည့်ပါဦး။

သူ က Dior skin care ရဲ့ 7 icons product မဟုတ်ပေမယ့် တစ်ကယ်လူကြိုက်များတဲ့ Dior ရဲ့ star product ပါ

ဘယ်နိုင်ငံမှာဘဲရှိရှိ Dior နဲ့ပတ်သတ်ပြီးသိချင်တာများရှိရင် လှမ်းသာ messenger ကနေ မေးလိုက်ပါ နော် ၊ ကိုယ့်အသားအရည်အတွက် ရွေးရခက် နေလား ? ဘယ်ပစ္စည်းနဲ့ တွဲသုံးရင် အဆင်ပြေမလဲ? စသည်ဖြင့် သံ သ ယတွေ အားလုံးကို ကူညီဖြေရှင်းပေးနိုင်ပါတယ် ခုဆို စာလည်း နေ့တိုင်းပြန် ပါတယ်။
တစ်ကယ်လို့အလုပ်မှာ မအားတဲ့ peak season အချိန်များဆို တစ်ပတ်အတွင်း စာပြန်ပေးပါတယ်
ချစ်တဲ့ ပြည့် ဖြိုး

26/07/2026

မဂ်လာပါ
ဒီ ရက် ပိုင်းအတွင်း Dior skin care ရဲ့ 7 icons products လေးတွေ အကြောင်း လေး တွေ တင်ပါမယ်

7 icons products ထဲ က Dior La mousse OFF /ON တော့ တင်ထား ပြီးပါပြီ
နောက် ၆ မျိုး ကျန်တယ် အကုန် မှန်တဲ့သူ ထဲ က ပထမဆံုး ဖြေတဲ့ မှန်တဲ့ သူ တစ်ယောက်ကို မေတာလက်ဆောင် လေး ပို့ ပေးပါမယ်

ဖြေ ကြည့် ပါ အံုး နော် Tuesday 28th ,Tuesday နောက်ဆံုး ဖြေပေးနော်

Dior ရဲ့ powerful ဖြစ်တဲ့ 7 icons products လေး တွေ က ဘာလေးတွေ ဖြစ်မလဲ စိတ်ဝင်စားတယ်ဟုတ် ?

20/07/2026

New 💕
တစ်နေ့တာလုံး မိတ်ကပ်ကွက်မှာ မစိုးရိမ်ရတဲ့ လျှို့ဝှက်ချက်! ကို ဒီတစ်ခါပြောပြမယ်။ Top Fan (၃) ယောက် ကိုလည်း Giveaway ပြန်ပေးသွားပါမယ်နော်! 💕
အမြဲတမ်း Page ကို အားပေးနေကြတဲ့ ချစ်မမ/ညီမလေးတို့အတွက် တစ်နေ့လုံး မိတ်ကပ်မကွက်တဲ့ Dior Backstage Airflash Mist လေးကို Top Fan (၃) ယောက် ကို Giveaway ပြန်ပေးသွားပါမယ် 💕

မိတ်ကပ်လိမ်းပြီးတိုင်း Glow နေတဲ့ အသားအရေလေး လည်း ရချင်တယ်၊ တစ်နေကုန် ပျက်မသွားဘဲ ကြာရှည်ခံ စေချင်တယ်ဆိုရင်တော့ Dior Backstage ရဲ့ အသစ်ထွက် Airflash Mist လေးက မရှိမဖြစ် ဆောင်ထားရမယ့် အလှအပလက်နက်ပါပဲ။ 💖
Dior Backstage Airflash Mist ဆိုတာ မိတ်ကပ်လိမ်းရာမှာ မိတ်ကပ် ပျက်တာ၊ ကွက်တာ၊ ချွေး/အပူဒဏ်ကြောင့် ပေကျံတာမျိုးမဖြစ်အောင် ၂၄ နာရီအထိ ထိန်းပေးထားနိုင်
တဲ့ 4-in-1 Multitasking Face Mist & Setting Spray တစ်မျိုးပါ။
နာမည်ကြီးပြီး လူကြိုက်များရတဲ့ အဓိက အကျိုးကျေးဇူးတွေကတော့ အစိုဓာတ်နှင့် ရေဓာတ်ဖြည့်ပေးခြင်း၊ မိတ်ကပ် ကြာရှည်ခံစေခြင်းပါ။
Hyaluronic Acid ပါဝင်လို့ အသားအရေကို ၂၄ နာရီပတ်လုံး ရေဓာတ်ပြည့်ဝ စိုစွတ်နေစေပါတယ်။ အသားအရေကို ပြောင်ပြောင်တင်းတင်းလေးနဲ့ သဘာဝကျကျ ဝင်းပစေတဲ့(Natural Glow Finish Look ကို ပေးစွမ်းပါတယ်။
ရာသီဥတု ပူနေချိန်မှာ မိတ်ကပ်လိမ်းပြီး ပေါ့ပါးအေးမြခြင်း အရသာကို ခံစားချင်တယ်ဆိုရင် အလွန်သေးငယ်တဲ့ အမှုန်အမွှားလေးတွေ ဖြစ်အောင်ဖန်တီးထားတဲ့ စပရေးနဲ့ ဖြန်းလိုက်ပါ။ ကပ်စေးစေး ဖြစ်မနေဘဲ ညက်ညက်လေးနဲ့ လှသွား စေပါတယ်။
အသုံးပြုနိုင်သည့် နည်းလမ်း (၄) မျိုးရှိပါတယ်
1. Primer အဖြစ် သုံးပါ မိတ်ကပ်မလိမ်းခင် ဖြန်းပေးရင် အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး မိတ်ကပ် ပိုညီစေပါတယ်။
2. မိတ်ကပ်လိမ်းနေစဉ် မိတ်ကပ် အဆင့်တစ်ခုစီကြားမှာ ဖြန်းပေးရင် ပိုပြီး မိတ်ကပ်ကြာရှည်ခံ စေပါတယ်။
3. Setting Spray အဖြစ်သုံးပါ မိတ်ကပ် လိမ်းပြီးသွားချိန်မှာ ဖြန်းပေးရင် မိတ်ကပ်ကို တစ်နေကုန် ပျက်မသွားအောင် ထိန်းပေးပြီး (Fix လုပ်ပေး) ပါတယ်။
4. Refresher အဖြစ်လည်း သုံးနိုင်ပါတယ် တစ်နေ့လုံး မိတ်ကပ်နဲ့ပင်ပန်းပြီး လန်းဆန်းချင်ရင် မိတ်ကပ်ပေါ်ကနေ ထပ်ဖြန်း ပါ။
💖မနက်ကမှ မိတ်ကပ်အသစ်စလိမ်းထားသလိုမျိုး တစ်နေကုန် လန်းဆန်းပြီး သဘာဝအတိုင်း ဝင်းပတဲ့ Look ဖြစ်နေချင်ရင် ပြည့်ဖြိုး Dior Backstage Airflash Mist ကိုသုံးပါတယ်။

🎁 Top Fan များအတွက် အထူး Giveaway အစီအစဉ်လည်း ရှိပါတယ်။
Page ကို Follow & Share လုပ်ထားတဲ့သူတွေအပြင် တာဝန်ကျေကျေ အားပေးပြီး Top Fan Badge လေး ရထားတဲ့သူတွေထဲကမှ ကံထူးရှင် ၃ ယောက်ကို ရွေးချယ်ပေးသွားမှာမို့ အခုပဲ Like, Follow & Share လေးလုပ်ထားလိုက်ကြရအောင်နော်!
💘ကံထူးရှင် အတွက် လက်ဆောင်ကို ဩဂုတ်လကုန် မှာ လက်ဆောင်ပို့ပေးမှာပါ။

🌟🌟🌟🌟🌟
ဘယ်နိုင်ငံမှာဘဲရှိရှိ Dior နဲ့ ပတ်သတ်ပြီးသိချင်တာများရှိရင် လှမ်းသာ messenger ကနေ မေးလိုက်ပါ နော် ၊
ကိုယ့်အသားအရည်အတွက် ရွေးရခက် နေလား ?
ဘယ်ပစ္စည်းနဲ့ တွဲသုံးရင်ကောင်းလဲ? အဆင်ပြေရဲ့လား စသည်ဖြင့် သံ သ ယတွေ အားလုံးကို ကူညီပြီးဖြေရှင်းပေးနိုင်ပါတယ်
ခုဆို စာ လည်း နေ့တိုင်းပြန် ပါတယ်
တစ်ကယ်လို့အလုပ်မှာ မအားတဲ့ peak season အချိန်များဆို တစ်ပတ်အတွင်း စာပြန်ပေးပါတယ် ၊
Singapore ရောက် ခဲ့ရင်လည်း message ပို့ထားပြီး Takashimaya Dior cosmetics counter ကို လာဖို့ဖိတ်ခေါ်ပါတယ် ၊
ပြည့်ဖြိုးက ဒီ page ကနေ Dior အကြောင်းကို သီးသန့် share လုပ်တဲ့ page လေးပါ ၊
Like & Share လုပ်ဖို့ မမေ့နဲ့နော်
ချစ်တဲ့
ပြည့် ဖြိုး

💘ကံထူးရှင် အတွက် လက်ဆောင်ကို ဩဂုတ်လကုန် မှာ လက်ဆောင်ပို့ပေးမှာပါ။

18/07/2026

New 😍
မိတ်ကပ်လိမ်းပြီး ခဏနေရင် ကွက်တာ၊ ပြာတာ၊ အဆီပြန်ပြီး အရည်ပျော်ကျတာမျိုးတွေ ကြုံဖူးလား?
🤍 တကယ်တော့ ဖောင်ဒေးရှင်း မတင်ခင် Makeup Base အမှန်ကန်ဆုံး မရွေးချယ်တတ်လို့ ဖြစ်သွားတာပါ။ Makeup Base အသက်ပဲ။ အဲဒီအသက်လေးက ကမ္ဘာကျော် Dior Foreverဆိုတာ ပြည့်ဖြိုးက အခု ပိုသိသွားပြီ။ ဒါ့ကြောင့် အားလုံးနဲ့ ရှယ်ချင်ပါတယ်။
"Glow တောက်တောက်လေးလား? Matte လေးလား? ကိုယ့်အသားအရေအတွက် ဘယ် Dior Makeup Base က အသင့်တော်ဆုံးလဲ?" ပြည့်ဖြိုး အကြံပေးပါမယ်။
အခု Dior က အသားအရေ လိုအပ်ချက်အလိုက် လုံးဝ Perfect ဖြစ်သွားစေမယ့် Luxury Makeup Base နှစ်မျိုးကို ထုတ်လုပ်ပေးထားပါတယ်။

🌸 Option နံပါတ် ၁- Dior Forever Skin Veil သူက ကျန်းမာရေးကောင်းတဲ့ အသားအရေမျိုး Healthy Glow Look ဖြစ်စေတယ်
အသားအရေကခြောက်သွေ့ပြီးနေတယ်ဆိုရင် အသားအရေကို ချက်ချင်း Glow စေဖို့သုံးကြည့်ပါ။
လိမ်းလိုက်တာနဲ့ အသားအရေက ကျန်းမာတဲ့အသားအရေးပုံစံမျိုးမြင်ရတဲ့ Healthy Glow Finish ဖြစ်ရုံတင်မကဘူး အသားအရေ ကြည်လင်တောက်ပသွားအောင် အတွင်းကနေ လည်းရေဓာတ်ဖြည့်ပေးပါတယ်။ ဘာလို့လဲဆိုတော့ Hyaluronic Acid အပြည့်အဝပါဝင်လို့ပါ။ ဒါလိမ်းထားရုံနဲ့ ၂၄ နာရီပတ်လုံး ရေဓာတ်ဖြည့်ပေးပြီး အသားအရေကို အိစက်ပြည့်တင်း စေနိုင်ပါတယ်။
ဟုတ်လို့လား? ပြည့်ဖြိုးက လျှောက်ပြောနေပြန်ပြီလို့ ထင်နေတယ်မဟုတ်လား?
Hyaluronic Acid ဆိုတာရဲ့ အံ့ဩစရာအကောင်းဆုံး အစွမ်းကို ပြည့်ဖြိုးပြောပြမယ်။ သူက လေထဲက ရေဓာတ်ကို သံလိုက်လို စုပ်ယူထိန်းညှိပေးနိုင်တဲ့ Moisture Magnet အစွမ်းရှိတယ်။ အဲဒါကြောင့် အသားအရေပေါ်ကို လိမ်းလိုက်တဲ့အခါ ပတ်ဝန်းကျင် လေထုထဲက ရေဓာတ်နဲ့ ခန္ဓာကိုယ်ထဲက ရေဓာတ်တွေကို အရေပြားဆဲလ်တွေဆီ ဆွဲခေါ်လာပြီး အငွေ့ပျံမသွားအောင် သော့ခတ် Lockထားပေးတာ။ မထူးဆန်းဘူးလား?
အသားအရေကို ပြည့်တင်းအိစက်စေတာကတော့ အသားအရေထဲမှာ ရေဓာတ်တွေ ပြည့်ဝသွားတဲ့အတွက် ဆဲလ်တစ်ခုချင်းစီက ဖောင်းကြွပြီး ကျန်းမာလာလို့ လိမ်းပြီးတာနဲ့ ချက်ချင်း အသားအရေက ကိတ်မုန့်အိအိလေးလို ပြည့်တင်းပြီး နူးညံ့ချောမွေ့သွားတာပါ။
SPF 50 PA+++ တောင်ပါဝင်လို့ နေရောင်ခြည်ဒဏ်ကိုလည်း အပြည့်အဝ ကာကွယ်ပေး ပါတယ်။
Dior Forever Skin Veil နဲ့သင့်တော်သူတွေက- ပုံမှန်အသားအရေ၊ ခြောက်သွေ့အသားအရေနဲ့ Glow Look ကို ရူးသွပ်သူများအတွက် မရှိမဖြစ်ပါ။

🤍 Option နံပါတ်၂: Dior Forever Velvet Veil က Flawless Matte Look ကိုပေးပါမယ်
"ချွေးပေါက်ကျယ်ပြီး အဆီပြန်နေရင်၊ တစ်နေ့လုံး အိအိလေး မျက်နှာကို ဖြစ်နေစေချင်ရင် သုံးပါ"
Dior Forever Velvet Veil မှာတော့ Pore Blur Effect ရှိပါတယ်။ ချွေးပေါက်တွေကို လုံးဝ မမြင်ရအောင် ဖုံးအုပ် ပေးပြီး Skin Texture ကို ကတ္တီပါသားလို နူးညံ့ချောမွေ့ သွားစေပါတယ်။
အဆီပြန်ခြင်းကို ထိန်းပေးပြီး ပြောင်ပြောင်ကြီး ဖြစ်မနေဘဲ သဘာဝကျကျ အိအိညက်ညက်လေး ဖြစ်စေ‌အောင် Oil-Control လုပ်ထားပါတယ်။ သူ့ရဲ့ ဖော်စပ်မှုထဲမှာ အလွန်သေးငယ်ပြီး ပေါ့ပါးတဲ့ Micro-powders သဘာဝဓာတ်ပစ္စည်းတွေပါဝင်ပါတယ်။ အရေပြားပေါ်က ထွက်လာတဲ့ အဆီပို တွေကိုပဲ ရွေးချယ်ပြီး သံလိုက်လို စုပ်ယူ ဖယ်ရှားပေးထားတာကြောင့် မိတ်ကပ်သား အရည်ပျော်ကျတာနဲ့ ပြောင်လက်တာကို မဖြစ်အောင်တားဆီးပေးတာပါ။
SPF 15 PA++ ပါဝင်ပြီး မိတ်ကပ်ကို တစ်နေ့လုံး ပေါ့ပေါ့ပါးပါးလေးပဲလိမ်းချင်သုံးပါ။
သင့်တော်သူတွေကတော့ အဆီပြန်အသားအရေ၊ Combination Skin နဲ့ ခန့်ညားတဲ့ Matte Finish ကို ကြိုက်သူများအတွက် Essential ပါပဲ။

🤍 အသားအိအိ စိုစို Glow လေးလိုချင်ရင် ➜ Dior Forever Skin Veil
🤍 ချွေးပေါက်ပျောက်ပြီး Matte ချောချောလေးလိုချင်ရင် ➜ Dior Forever Velvet Veil
ကိုယ့်အသားအရေနဲ့ အကိုက်ညီဆုံး ကို မရွေးချယ်တတ်ရင် ပြည့်ဖြိုးကို လှမ်းမေးပါ။ Dior Forever Foundation လိမ်းထားရင် ဘယ်လောက်ပဲ ပူအိုက်ပါစေ မိတ်ကပ်မကွက်ဘူး။ တစ်နေ့လုံး ပျက်မသွားဘဲ Luxury ဆန်ဆန် လှပနေမယ့် Makeup Look ကို ပိုင်ဆိုင်ရမှာပါ။
အသားအရေက ဘယ်လိုမျိုးလဲ?အဆီပြန်လား? ချွေးပေါက်ကျယ်လား? ပြည့်ဖြိုးနဲ့ လာတိုင်ပင်လို့ရတယ်နော်။

❤️🌟🌟🌟🌟🌟
ဘယ်နိုင်ငံမှာဘဲရှိရှိ Dior နဲ့ ပတ်သတ်ပြီးသိချင်တာများရှိရင် လှမ်းသာ messenger ကနေ မေးလိုက်ပါ နော် ၊
ကိုယ့်အသားအရည်အတွက် ရွေးရခက် နေလား ?
ဘယ်ပစ္စည်းနဲ့ တွဲသုံးရင်ကောင်းလဲ? အဆင်ပြေရဲ့လား စသည်ဖြင့် သံ သ ယတွေ အားလုံးကို ကူညီပြီးဖြေရှင်းပေးနိုင်ပါတယ်
ခုဆို စာ လည်း နေ့တိုင်းပြန် ပါတယ်
တစ်ကယ်လို့အလုပ်မှာ မအားတဲ့ peak season အချိန်များဆို တစ်ပတ်အတွင်း စာပြန်ပေးပါတယ် ၊
Singapore ရောက် ခဲ့ရင်လည်း message ပို့ထားပြီး Takashimaya Dior cosmetics counter ကို လာဖို့ဖိတ်ခေါ်ပါတယ် ၊
ပြည့်ဖြိုးက ဒီ page ကနေ Dior အကြောင်းကို သီးသန့် share လုပ်တဲ့ page လေးပါ ၊
Like & Share လုပ်ဖို့ မမေ့နဲ့နော်
ချစ်တဲ့
ပြည့် ဖြိုး

16/07/2026

New La Baume Demaquillant 😍
🌹 “မျက်နှာလေးအေးပြီး အသားခြောက်တာကို ကာကွယ်ချင်တယ်။ Healthy Glow ဖြစ်မနေဘူး... အသားအရေ ပျက်စီးနေပြီ” ဆိုရင်...
ဒါကတော့ Dior Prestige Le Baume Démaquillant (မိတ်ကပ်ဖျက်ဆေး) ပဲ ဖြစ်ပါတယ်။ မျက်နှာသစ်နေရင်းနဲ့တင် ၆ နာရီကြာ ရေဓာတ်ဖြည့်ပေးပြီး နှင်းဆီအဆီအနှစ် ၄ ဆနဲ့ အသားအရေကို နုပျိုတောက်ပစေပါတယ်။
🫧 မိတ်ကပ်အမြဲလိမ်းပေမဲ့ အသားအရေ ကြည်လင်တောက်ပချင်ရင်
မိတ်ကပ်ဖျက်ဆေးနဲ့ မျက်နှာသစ်ဆေး နှစ်ဗူးကို တွဲသုံးပေးဖို့ တိုက်တွန်းပါရစေရှင်။
အရင်ဆုံး Dior Prestige Le Baume (Balm) အဆီလေးနဲးညင်သာစွာ မိတ်ကပ်ဖျက်ပြီး ပထမအဆင့် အသားအရေကို အာဟာရဖြည့်မယ်။
မိတ်ကပ်ဖျက်ပြီးရင် Dior Prestige La Mousse (Foam)က အမြုပ်အိအိလေးနဲ့ မျက်နှာသစ်လိုက်မယ်။ မျက်နှာပေါ်က အညစ်အကြေးတွေ ပြောင်စင်သွားပြီး အသားအရေက ပိုမိုနူးအိပြီး ကြည်တောက်သွားစေပါတယ်။
⚠️ ဗူးပုံစံတူလို့ ဝယ်ယူတဲ့အခါ သတိပြုပါ
Baume (Balm - မိတ်ကပ်ဖျက်ဆေး) ဗူးနဲ့ La Mousse (မျက်နှာသစ်ဆပ်ပြာ) ဝယ်ယူတဲ့အခါ စာလုံးလေးတွေကို သေချာဖတ်ပြီးမှ မှန်ကန်အောင် ဝယ်ယူပါနော်။

🌹သာမန် Cleanser တွေနဲ့မတူဘဲ Dior ကတော့ ကိုယ်တိုင်သုတေသနပြု စိုက်ပျိုးထားတဲ့ Rose de Granville ကနေရရှိတဲ့ နှင်းဆီအဆီအနှစ်ကို ၄ ဆထဲမှာ ဗီတာမင် C စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ အသားအရေ မွဲခြောက်နေရင် သဘာဝအတိုင်း ဝင်းပတဲ့အသားအရေဖြစ်လာစေပါတယ်။
✨ ပြည့်ဖြိုး အကြိုက်ဆုံး အချက်လေးတွေကိုလည်း မိတ်ဆက်ပေးချင်ပါတယ်။
• မျက်နှာပေါ်တင်လိုက်တာနဲ့ နူးညံ့အိစက်ပြီဂ Massage လုပ်ပေးတဲ့အခါ Silk Oil အဖြစ် ပြောင်းလဲသွားပြီး Waterproof မိတ်ကပ်တွေနဲ့ Sunscreen တွေကိုပါ အကြွင်းအကျန်မရှိ ဖယ်ရှားပေးတယ်။
• နို့ရည်အသွင်သို့ ပြောင်းလဲသွားရင် မအံ့သြနဲ့နော်။ တခြား Cleanser တွေနဲ့မတူဘဲ ရေနဲ့ထိလိုက်တာနဲ့ Milky (နို့ရည်) အသွင် ပြောင်းလဲသွားပြီး မျက်နှာပေါ်မှာ အဆီကျန်ရစ်ခြင်း လုံးဝမရှိဘဲ ပြောင်စင်သွားစေပါတယ်။
• 🌟 အကြိုက်ဆုံး ကတော့ ၆ နာရီကြာ ရေဓာတ်ဖြည့်တင်းမှုပါ။ မိတ်ကပ်ဖျက် မျက်နှာသစ်လုပ်ပြီးရင် အသားခြောက်ကပ်ပြီး တင်းသွားတတ်တဲ့ ပြဿနာကို ဖြေရှင်းပေးလို့ပါ။

🌟🌟🌟🌟🌟
ဘယ်နိုင်ငံမှာဘဲရှိရှိ Dior နဲ့ ပတ်သတ်ပြီးသိချင်တာများရှိရင် လှမ်းသာ messenger ကနေ မေးလိုက်ပါ နော် ၊

ကိုယ့်အသားအရည်အတွက် ရွေးရခက် နေလား ?
ဘယ်ပစည်းနဲ့ တွဲသံုးရင် အဆင်ပြေရဲ့လား စသည်ဖြင့် သံ သ ယတွေ အားလံုး ကို ကူညီပြီးဖြေရှင်းပေးနိုင်ပါတယ်
ခုဆို စာ လည်း နေ့တိုင်းပြန် ပါတယ်
တစ်ကယ်လို့အလုပ်မှာ မအားတဲ့ peak season အချိန်များဆို တစ်ပတ်အတွင်း စာပြန်ပေးပါတယ် ၊
Singapore 🇸🇬 ရောက် ခဲ ့လျှင်လည်း message ပို့ထားပြီး Takashimaya Dior cosmetics counter ကို လာဖို့ဖိတ်ခေါ်ပါတယ် ၊
ပြည့်ဖြိုးက ဒီ page ကနေ Dior အကြောင်းကို သီးသန့် share လုပ်တဲ့ page လေးပါ ၊
Like & Share လုပ်ဖို့ မမေ့နဲ့နော် 🥰
ချစ်တဲ့
ပြည့် ဖြိုး 🫶🏻

15/07/2026

New 💖🤍🩵
Dior ရဲ့ အိတ်တွေ Cushion ဗူးခွံတွေနဲ့ မိတ်ကပ်ဗူးခွံတွေ၊ နှုတ်ခမ်းနီ ဗူးခွံတွေရဲ့ ဒီဇိုင်းတွေမှာ တွေ့ရလေ့ရှိတဲ့ "ယှက်တင်နေတဲ့ စိန်ပုံစံ ကွက်ဆန်းချုပ်ရိုးလိုင်း" လေးတွေ အကြောင်းသိလား။
သူ့ရဲ့ သမိုင်းကြောင်းက စိတ်ဝင်စားဖို့ကောင်းတယ်။
၁၉၄၇ ခုနှစ်၊ Brand တည်ထောင်သူ Christian Dior ရဲ့ ပထမဆုံး ဖက်ရှင်ရှိုးပွဲကြီးမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေကို ထိုင်စေဖို့အတွက် ၁၈ ရာစု ပြင်သစ်စတိုင် ကြိမ်ကုလားထိုင် လေးတွေကို အသုံးပြုခဲ့ပါတယ်တဲ့။ အဲဒီ ကြိမ်ကုလားထိုင်ရဲ့ နောက်မှီမှာ ယှက်ဖြာနေတဲ့ ကြိမ်ရက်လုပ်မှု ပုံသဏ္ဌာန် ကိုChristian Dior က အရမ်းသဘောကျသွားခဲ့ပြီး သူ့ကိုယ်ပိုင် ဖက်ရှင်ဒီဇိုင်းအဖြစ် ပြောင်းလဲဖန်တီးခဲ့ရာကနေ "Cannage" ဆိုပြီး ဖြစ်လာခဲ့တာတဲ့။ "Cannage" ဆိုတာကို မြန်မာလို တိုက်ရိုက် အဓိပ္ပာယ် ပြန်ရရင်တော့ "ကြိမ်ရက်လုပ်မှု ပုံသဏ္ဌာန်" လို့ အဓိပ္ပာယ်ရပါတယ်ရှင်။
Cannage ဒီဇိုင်းက စိတ်ကူးပေါက်ရာ ဆွဲထားတဲ့ ဒီဇိုင်းမဟုတ်ဘဲ ၁၈ ရာစု ပြင်သစ်ဧကရာဇ် Napoleon III ခေတ်က တော်ဝင်ကြိမ်ကုလားထိုင်တွေရဲ့ ရက်လုပ်ပုံလိုင်းတွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။
Dior မှာတော့ ရိုးရိုးကြိမ်ရက်တာထက် ပိုမြင့်မားတဲ့ Luxury အဆင့်အတန်းတစ်ခုအနေနဲ့ "Dior ရဲ့ ဂန္ထဝင်မြောက် စိန်ပွင့်ပုံသဏ္ဌာန် ယှက်တင်နေတဲ့ ကွက်ဆန်းချုပ်ရိုးဒီဇိုင်း" ကို "Classic Cannage" လို့ ခေါ်ပါတယ်။
Classic Cannage (ကန်နာ့ဂ်ျ) ဒီဇိုင်းဟာ ကမ္ဘာ့ဖက်ရှင်လောကမှာ Luxury သင်္ကေတ အနေနဲ့ နာမည်ကြီးလာရတဲ့ အဓိကအကြောင်းရင်းထဲက တစ်ခုက ဒိုင်ယာနာ မင်းသမီးကနေ စခဲ့တာပါ။
၁၉၉၅ ခုနှစ်မှာ ပြင်သစ်သမ္မတကတော်က မင်းသမီး Lady Diana ကို Dior ရဲ့ အိတ်အသစ်လေးတစ်လုံး လက်ဆောင်ပေးခဲ့ပါတယ်။ အဲဒီအိတ်ကတော့ Cannage ချုပ်ရိုးဒီဇိုင်းနဲ့ ပြုလုပ်ထားတဲ့ သားရေအိတ်လေးပါ။ မင်းသမီး Diana က ဒီဒီဇိုင်းကို အရမ်းသဘောကျလွန်းလို့ ဘယ်သွားသွား မပြတ်ကိုင်ဆောင်ခဲ့ရာကနေ ကမ္ဘာ့မီဒီယာတွေရဲ့ ထိပ်စီးမှာ Cannage ဒီဇိုင်းဟာ ချက်ချင်းကျော်ကြားသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မင်းသမီးကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီအိတ်ကို "Lady Dior" လို့ အမည်ပြောင်းလဲခေါ်ဆိုခဲ့တာပါ။
အိတ်တွေ ဒါမှမဟုတ် Cushion ဗူးခွံတွေမှာ ဒီဇိုင်းဖော်တဲ့အခါ သားရေသားကို ဖောင်းကြွ ဖြစ်အောင် အနုစိတ် ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေက ချုပ်ထားလို့ ကိုင်လိုက်တာနဲ့ အိစက်ပြီး Luxury ဆန်တဲ့ ခံစားချက်ကို ချက်ချင်းပေးစွမ်းနိုင်ပါတယ်။
Dior Forever Cushion Case နဲ့ Dior Couture Case ထဲက Classic Cannage
Cushion Case တွေထဲမှာမှ Classic Cannage ဗူးခွံ ဆိုတာ သားရေသားအမည်းပေါ်မှာ ဒီအထင်ကရ ချုပ်ရိုးလိုင်းလေးတွေကို ဖောင်းကြွဒီဇိုင်းဖော်ပြီး အလယ်မှာ CD လိုဂိုလေး ထည့်ထားတဲ့ ဗူးခွံမျိုး ဖြစ်ပါတယ်။ "အဆင့်မြင့် အချုပ်အလုပ် ဒီဇိုင်းတွေနဲ့ ဖန်တီးထားတဲ့ တန်ဖိုးကြီး အလှဆင်ဗူးခွံ" Luxury Couture Caseပါ။

★Fashion Accessory တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်း
သာမန်မိတ်ကပ်ဗူးတွေ၊ နှုတ်ခမ်းနီ ဗူးတွေလို ပလတ်စတစ်ဗူးရိုးရိုး မဟုတ်ဘဲ Dior ရဲ့ နာမည်ကြီး အိတ်တွေ၊ အဝတ်အစားတွေမှာ သုံးလေ့ရှိတဲ့ စိန်ကွက်ပုံ ကွက်ဆန်းချုပ်ရိုးလိုင်းနဲ့ သားရေသား ၊ ကတ္တီပါသား ၊ ဂျင်းသား၊ ပန်းထိုး တွေနဲ့ ဗူးရဲ့ အပြင်ဘက်ကို အနုစိတ်လုပ်ထားတာ ဖြစ်ပါတယ်။ Dior Couture Case နှုတ်ခမ်းနီဗူးခွံ ရဲ့ အခေါ် အဝေါ်လေးထဲက "Couture" (ကူတူးဝါး) ဆိုတဲ့ ပြင်သစ်စကားလုံးက အဆင့်မြင့် အနုစိတ်ချုပ်လုပ်မှုလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် မိတ်ကပ်ဗူးဖြစ်စေ၊နှုတ်ခမ်းနီဗူးဖြစ်စေ ကိုင်ထားရုံနဲ့တင် တန်ဖိုးကြီး စိန်ထည်ရွှေထည် ပစ္စည်းတစ်ခုကို ကိုင်ထားသလို စွဲဆောင်မှုရှိပါတယ်။
★ စိတ်ကြိုက်လဲလှယ်နိုင်တဲ့ အဓိက အားသာချက်
ဒီ Couture Case လေးတွေကို သီးသန့် အလှဝယ်ထားပြီးရင် အထဲက နှုတ်ခမ်းနီတောင့် Refill ဒါမှမဟုတ် Cushion မိတ်ကပ်အကွက် Refill တွေကို မိမိစိတ်ကြိုက် အရောင်တွေ ပြောင်းလဲတပ်ဆင်နိုင်ပါတယ်။ ဥပမာ - ဒီနေ့ဝတ်တဲ့ Outfit က Pink ဘက်သွားရင် Pink Oblique Case လေးထဲ နှုတ်ခမ်းနီထည့်သွားပြီး၊ နောက်နေ့ အထာကျကျ သွားချင်ရင် Denim Case ထဲ ပြောင်းထည့်သွားရုံပါပဲ။
★ရေရှည်ခံပါတယ်
ဗူးခွံက အရည်အသွေးမြင့်ပြီးသားမို့ တစ်ခါဝယ်ထားရင် နှစ်ပေါင်းများစွာ အသုံးခံပါတယ်။ မိတ်ကပ်ရည် ဒါမှမဟုတ် နှုတ်ခမ်းနီ ကုန်သွားတဲ့အခါ Case ကြီးတစ်ခုလုံး ထပ်ဝယ်စရာမလိုတော့ဘဲ အထဲက Refill သီးသန့်လေးပဲ ထပ်ဝယ်လဲရုံမို့ ရေရှည်မှာ ပိုက်ဆံလည်း ပိုသက်သာစေပါတယ်ရှင်။
Dior ကနေ ရာသီအလိုက် Outfit တွေနဲ့ တွဲသုံးလို့ရအောင် ဖန်တီးပေးလို့ Exclusive Cases ဒီဇိုင်းတွေလည်း ထွက်တိုင်း ပြည့်ဖြိုးမိတ်ဆက်ပေးမယ်နော်။ Dior ကတော့ တကယ့်ကို ရင်ခုန်စရာကောင်းတယ်နော်။
လူကြားထဲမှာ ပိုပြီး ကျော့ရှင်းဖက်ရှင်ကျချင်ရင် မိန်းကလေးတစ်ယောက်က Dior က ပစ္စည်းလေးတစ်ခုခု ကိုင်ထားလိုက်ရုံနဲ့ ပေါ်လွင်သွားစေမယ်လို့ 🌟🌟🌟🌟🌟
ဘယ်နိုင်ငံမှာဘဲရှိရှိ Dior နဲ့ ပတ်သတ်ပြီးသိချင်တာများရှိရင် လှမ်းသာ messenger ကနေ မေးလိုက်ပါ နော် ၊

ကိုယ့်အသားအရည်အတွက် ရွေးရခက် နေလား ?
ဘယ်ပစည်းနဲ့ တွဲသံုးရင် အဆင်ပြေရဲ့လား စသည်ဖြင့် သံ သ ယတွေ အားလံုး ကို ကူညီပြီးဖြေရှင်းပေးနိုင်ပါတယ်
ခုဆို စာ လည်း နေ့တိုင်းပြန် ပါတယ်
တစ်ကယ်လို့အလုပ်မှာ မအားတဲ့ peak season အချိန်များဆို တစ်ပတ်အတွင်း စာပြန်ပေးပါတယ် ၊
Singapore 🇸🇬 ရောက် ခဲ ့လျှင်လည်း message ပို့ထားပြီး Takashimaya Dior cosmetics counter ကို လာဖို့ဖိတ်ခေါ်ပါတယ် ၊
ပြည့်ဖြိုးက ဒီ page ကနေ Dior အကြောင်းကို သီးသန့် share လုပ်တဲ့ page လေးပါ ၊
Like & Share လုပ်ဖို့ မမေ့နဲ့နော် 🥰
ချစ်တဲ့
ပြည့် ဖြိုး 🫶🏻

ပြည့်ဖြိုးထင်ပါတယ်။

12/07/2026

မျက်နှာသစ်တာ ဘာမျက်နှာသစ်ဆေးနဲ့ပဲဖြစ်ဖြစ် ကောင်းတယ်ထင်တုန်းပဲလား?"
သာမန်မျက်နှာသစ်ဆေးတွေက မျက်နှာကို သန့်စင်ပြီးရင် အသားအရေကို ခြောက်သွေ့ပြောင်တင်းသွားစေတာသိမှာပါနော်။
အခု မှ အသစ်packaging နဲ့ ထွက်လာတဲ့ Dior Prestige La Mousse (New Arrival) နဲ့ မျက်နှာသစ် ခရင်မ်က မျက်နှာပေါ်က အညစ်အကြေးတွေ ပြောင်စင်သွားဖို့တင်မကဘဲ အသားအရေ နုပျိုအောင်
Cleansing Routine တစ်ခုလုံးကို လုပ်ပေးပါတယ်။
💖 ဘာကြောင့် Dior Prestige La Mousse က တခြားမျက်နှာသစ်ဆေးတွေနဲ့ လုံးဝမတူတာလဲ?
နှင်းဆီအဆီအနှစ် အာနိသင် ၄ ဆအထိ ပိုမိုမြှင့်တင်ထားလို့ပါ။ ပြင်သစ်နာမည်နဲ့တော့ Rose de Granville Micronutrients ၄ ဆ ပိုပါဝင်လို့ပါ။
ဒါဆိုရင် Rose de Granville Micronutrients ဆိုတာဘာလဲ? ကမ္ဘာကျော် Luxury အမှတ်တံဆိပ် Dior ကနေ Skin Care Line (အထူးသဖြင့် Dior Prestige Series) အတွက် သီးသန့်စိုက်ပျိုးထားတဲ့ နှင်းဆီရိုင်းကနေ ထုတ်လုပ်ထားတဲ့ အဆင့်မြင့် အာဟာရ ဓာတ်ပေါင်းစုပါ။
သာမန်နှင်းဆီမျိုးမဟုတ်ဘဲ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး ပြန်လည် ရှင်သန်နိုင်စွမ်း အလွန်မြင့်မားတဲ့ Granville ဒေသထွက် တောရိုင်းနှင်းဆီရိုင်းတစ်မျိုးကို ခေါ်ပါတယ်။ Dior က နှစ်ပေါင်းများစွာ သုတေသနပြုပြီးမှ ရရှိလာတဲ့ အဆီအနှစ် ဖြစ်ပါတယ်။
ဒီနှင်းဆီ အဆီအနှစ်က အသားအရေအတွက် ဘာတွေကောင်းလဲ?.
အသားအရေကို ဆဲလ်အဆင့်အထိ ပြန်လည်ပြုပြင်ပေးခြင်း စွမ်းပါတယ်။ Deep Regeneration လို့ပြောရမယ်ထင်တယ်။
ဒီ Micronutrients ထဲမှာ အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်Mineralsနဲ့ Lipid အမိုင်နိုအက်ဆစ်ပါပါတယ်။ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်ပေးတဲ့ Antioxidants စုစုပေါင်း ၂၂ မျိုးကျော်တောင် ထည့်သွင်းပြီး လုပ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာခရင်မ်ပါ။ ဒါ့ကြောင့် ပျက်စီးနေတဲ့ အရေပြားဆဲလ်တွေကို အတွင်းပိုင်းအထိ အာဟာရဖြည့်ပေးပြီး ဆဲလ်သစ်ဖြစ်ပေါ်မှုကို မြန်ဆန်စေပါတယ်။
Skin Barrier ကို အစွမ်းကုန် ခိုင်မာစေပါတယ်။ Skin Barrier ဆိုတာ အရေပြားရဲ့ အပြင်ဘက်ဆုံး အလွှာကို ခေါ်တာပါ။ အရေပြားက တစ်ယောက်နဲ့ တစ်ယောက် တည်ဆောက်ပုံချင်း မတူညီပေမယ့်Micronutrients တွေနဲ့ အားဖြည့်ပေးတဲ့အတွက် အရေပြားရဲ့ တားဆီးကာကွယ်နိုင်စွမ်းကို ပိုမိုခိုင်မာလာစေပါတယ်။ ဒါကြောင့် အသားအရေက အလွယ်တကူ ထိခိုက်တာ နီမြန်းတာမရှိဘဲ အသားအရေကို ကြံ့ခိုင်ကျန်းမာလာစေပါတယ်။
နှင်းဆီအဆီအနှစ်ရဲ့ အစွမ်းကAnti-Agingပါ။ အရေပြားကို တင်းရင်းစေပြီး အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ အရေးအကြောင်းလေးတွေကို လျော့ပါးသက်သာစေပြီးအသားအရေကို ပိုမိုနုပျို လန်းဆန်းအောင်အားဖြည့်ပေးပါတယ်။
မျက်နှာလေးကို Glow ချင်တယ်ဆိုရင် ဒီမျက်နှာသစ်ဆပ်ပြာမှာ အစွမ်းရှိပါတယ်
အိပ်ရေးပျက်တာ၊ Stress များတာကြောင့် အသားအရေ ညှိုးပြီး ခြောက်ကပ်နေတာဖြစ်ဖူးတယ်မလား ? နှင်းဆီအဆီက Revitalizing & Radiance လုပ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ မျက်နှာက ပင်ပန်းနေတဲ့ အသွင်အပြင်ကို ချက်ချင်းပျောက်ကွယ်သွားစေပါလိမ့်မယ် ။ ပြည့်ဖြိုးလည်း အလုပ်များလို့ ပင်ပန်းရင် ဒီမျက်နှာသစ်ဆပ်ပြာလေးနဲ့ သစ်လိုက်တာနဲ့ လန်းဆန်းပြီး သန့်သွားတယ်။
ဒါ့ကြောင့် Revitalize & Regenerate အာနိသင်ကို ပြည့်ဖြိုးအထူးသဖြင့် ကြိုက်ပါတယ်။ မျက်နှာပေါ်က မိတ်ကပ်၊ Sunscreen နဲ့ ဖုန်မှုန့်တွေကို သန့်စင်ပေးရုံတင်မကဘဲ အသားအရေကို တစ်ပြိုင်နက်တည်း အားဖြည့်ပေးပြီး ဆဲလ်သစ်ဖြစ်ပေါ်မှုကိုပါ ကူညီပေးလို့ပါ။
နောက်တစ်ခု ဒီမျက်နှာသစ်ဆပ်ပြာက ဆပ်ပြာအမြုပ်လည်း ထွက်အားကောင်းလို့ Spaတွေမှာ မျက်နှာသစ်ပေးတဲ့ Luxury Cleansing Foam အတိုင်းအိမ်မှာ ကိုယ့်ဖာသာလုပ်လို့ရပါတယ်။
မျက်နှာသစ်တာပဲ ဆပ်ပြာနဲ့ ပွတ်တိုက်လိုက်ရင် ပြီးရောမဟုတ်ဘူးလား?
အမြှုပ်ထွက်ဖို့က ဘာလို့ အရေးကြီးတာလဲ? လို့မေးရင် ပြည့်ဖြိုးမှာ အဖြေရှိပါတယ်။
လူအများစုက မျက်နှာသစ်တဲ့အခါ ဆပ်ပြာအရည် သို့မဟုတ် ခရင်မ်ကို မျက်နှာပေါ် တိုက်ရိုက်တင်ပြီး ပွတ်တာထက် "အမြှုပ် (Foam) ကောင်းကောင်း ထွက်အောင်လုပ်ပြီးမှ သစ်တာ" က အသားအရေအတွက် လုံးဝဥဿုံ ကွာခြားသွားစေတယ်ဆိုတာ မသိကြလို့ ပြည့်ဖြိုးပြောပြချင်ပါတယ်။ အကြောင်းရင်းကတော့...

★ အမြုပ်က အရေပြားကို ပွတ်တိုက်မှုဒဏ် ကနေ ကာကွယ်ပေးပါတယ်
မျက်နှာပေါ်ကို ဆပ်ပြာအနှစ်တွေ တိုက်ရိုက်တင်ပြီး လက်နဲ့ အတင်းပွတ်တိုက်ရင် လက်ဖဝါးနဲ့ မျက်နှာအရေပြားကြားမှာ ပွတ်တိုက်မှု လို့ခေါ်တဲ့ Friction ပြင်းထန်စွာ ဖြစ်ပေါ်ပါတယ်။ ဒါက နုတဲ့မျက်နှာအရေပြားကို ထိခိုက်စေပြီး အရေးအကြောင်းတွေကို ပိုမိုမြန်ဆန်စွာ ဖြစ်ပေါ်စေပါတယ်။
Deep Cleansingဆိုတာ ကြားဖူးကြမယ်ထင်ပါတယ်။
ဆပ်ပြာကို အမြှုပ်ဖြစ်အောင် လုပ်လိုက်တဲ့အခါ ဆပ်ပြာရဲ့ မော်လီကျူးတွေက အဆမတန် သေးငယ်သွားပြီးအနုစိတ်အမြှုပ်လေးတွေ၊ Micro-bubbles အဖြစ် ပြောင်းလဲသွားပါတယ်။
သာမန်ဆပ်ပြာအနှစ်က အရေပြားရဲ့ ချွေးပေါက်ကျဉ်းကျဉ်းလေးတွေထဲအထိ မဝင်ရောက်နိုင်ပါဘူး။ ဒါကြောင့် သာမန်မျက်နှာသစ်ဆပ်ပြာနဲ့ သစ်ပြီး မျက်နှာက တင်းတိပ်တွေ အမဲစက်တွေ ဖြစ်လာတာပါ။
Dior Prestige La Mousse ရဲ့ Rich Foam ရဲ့အားသာချက်ကတော့
ထူအိနေတဲ့ အိစက်တဲ့ ဆပ်ပြာအမြှုပ်တွေက သာမန်မျက်နှာသစ်ဆေးတွေက အမြုပ်ပါးပါးလေးတွေလို အလွယ်တကူ ပျော်ကျမသွားဘဲ ကြာရှည်ခံပြီး မျက်နှာပေါ်မှာ ပွတ်လိုက်ရင်လည်း အလွန်နူးညံ့ပါတယ်။ အနုစိတ်အမြှုပ်လေးတွေက ချွေးပေါက်ထဲအထိ အလွယ်တကူ နက်ရှိုင်းစွာ စိမ့်ဝင်နိုင်ပြီး ချွေးပေါက်ထဲ ပိတ်ဆို့နေတဲ့ မိတ်ကပ်၊ Sunscreen၊ ဖုန်မှုန့်နဲ့ အဆီပိုတွေကို သံလိုက်လိုမျိုး စုပ်ယူဖယ်ရှားပေးနိုင်ပါတယ်။
ပြီးတော့ Rose de Granville Micronutrients နှင်းဆီ အဆီရဲ့ အာဟာရဓာတ်တွေကို ချွေးပေါက်အတွင်းပိုင်းအထိ အမြှုပ်လေးတွေကနေတစ်ဆင့် သယ်ဆောင်ပြီး အားဖြစ်အောင် ထည့်ပေးပါတယ်။
ဒါကြောင့် မျက်နှာသစ်ဆပ်ပြာရဲ့ အမြှုပ်ထွက်ခြင်းဟာ ရိုးရိုးအလှအပအတွက်တင်မဟုတ်ဘဲ အသားအရေ မထိခိုက်ဘဲ စင်ကြယ်ဖို့ နဲ့ အသားအရည်ကို ပြန်အားဖြည့်ဖို့ အတွက် မရှိမဖြစ် အရေးကြီးတဲ့ လျှို့ဝှက်ချက် ဖြစ်ပါတယ်ရှင်။
ဒါကြောင့် Dior Prestige La Mousse ကို ပြည့်ဖြိုးလည်း သုံးနေပါပြီ။
Dior ရဲ့ အဆင့်အတန်းမြင့်တဲ့ )Skin Care Line တွေထဲမှာမှ အရည်အသွေးအကောင်းဆုံးနဲ့ ဈေးအကြီးဆုံး Luxury အဆင့်မြင့်ဆုံး Line ဖြစ်တာကြောင့် "Dior Prestige" လို့ နာမည်ပေးထားတာပါ။
La Mousse (လာ မုစ်) ကတော့-ပြင်သစ်ဘာသာစကားကို အင်္ဂလိပ်လို ဘာသာပြန်ရင် "The Foam" "The Mousse" လို့ အဓိပ္ပာယ်ရပါတယ်။ မြန်မာလိုဆိုရင်တော့ "နူးညံ့အိစက်တဲ့ အမြှုပ်" ပေါ့။
အလွန်နူးညံ့ပျော့အိနေတဲ့ အမြှုပ်လေးတွေက သက်တောင့်သက်သာနဲ့ မျက်နှာသန့်စင်အောင် သစ်နိုင်တာကြောင့် အရေပြားပါးပြီး ထိခိုက်လွယ်တဲ့ Sensitive Skin အပါအဝင် Skin Type အားလုံး သုံးနိုင်ပါတယ်။ သစ်ပြီးတာနဲ့ အသားအရေ ခြောက်ကပ်သွားခြင်းမျိုး လုံးဝမရှိဘဲ စိုပြေ၊ နူးညံ့ပြီး အတွင်းကနေ Glow တက်လာတာကို ခံစားရမှာပါ။
အနံ့လေးကရောလို့ မေးရင် သူ့မှာပါတဲ့ အဆင့်မြင့်နှင်းဆီ အဆီရဲ့ ရနံ့ သင်းသင်းလေး ရှိပါတယ်။
"ဘာမျက်နှာသစ်ဆေးပဲဖြစ်ဖြစ် တူတူပါပဲ" ဆိုတဲ့ အတွေးကို ဖျောက်ပြီး အကောင်းဆုံး Dior Prestige La Mousse ကိုသုံးကြည့်ပါ။ "Dior ရဲ့ အဆင့်မြင့်ဆုံး Skin Care Line ကနေ ထုတ်လုပ်ထားတဲ့ တိမ်တိုက်တစ်ခုလို နူးညံ့အိစက်လှတဲ့ Luxury မျက်နှာသစ်အမြှုပ်ခရင်မ် ကို ပြည့်ဖြိုးတော့ သုံးနေပြီ။ Luxury Spa တွေမှာ အတွေ့အကြုံ ရှိဖူးသူရော မရှိဖူးသူတွေ ပါ ပြည့်ဖြိုးက Dior Prestige La Mousse မျက်နှာသစ်ဆပ်ပြာကို စမ်းသုံးကြည့်ဖို့ ပြောချင်ပါတယ်။ ညီမလေးတွေ မမတွေလည်း ဒီ့ထက်သိချင်တာ ရှိသေးရင် မက်စေ့ဂျပ် ပို့ပြီး လှမ်းမေးလိုက်နော်။
🌟🌟🌟🌟🌟
ဘယ်နိုင်ငံမှာဘဲရှိရှိ Dior နဲ့ ပတ်သတ်ပြီးသိချင်တာများရှိရင် လှမ်းသာ messenger ကနေ မေးလိုက်ပါ နော် ၊

ကိုယ့်အသားအရည်အတွက် ရွေးရခက် နေလား ?
ဘယ်ပစည်းနဲ့ တွဲသံုးရင် အဆင်ပြေရဲ့လား စသည်ဖြင့် သံ သ ယတွေ အားလံုး ကို ကူညီပြီးဖြေရှင်းပေးနိုင်ပါတယ်
ခုဆို စာ လည်း နေ့တိုင်းပြန် ပါတယ်
တစ်ကယ်လို့အလုပ်မှာ မအားတဲ့ peak season အချိန်များဆို တစ်ပတ်အတွင်း စာပြန်ပေးပါတယ် ၊
Singapore 🇸🇬 ရောက် ခဲ ့လျှင်လည်း message ပို့ထားပြီး Takashimaya Dior cosmetics counter ကို လာဖို့ဖိတ်ခေါ်ပါတယ် ၊
ပြည့်ဖြိုးက ဒီ page ကနေ Dior အကြောင်းကို သီးသန့် share လုပ်တဲ့ page လေးပါ ၊
Like & Share လုပ်ဖို့ မမေ့နဲ့နော် 🥰
ချစ်တဲ့
ပြည့် ဖြိုး 🫶🏻

10/07/2026

Wow Dior မှာ အရမ်းပေါက် မည့်powder အသစ်ထွက်လာပြီ So excited
"မိတ်ကပ်လိမ်းပြီး ခဏနေရင် အဆီပြန်တယ်၊ ချွေးပေါက်တွေ ထင်သာမြင်သာ ဖြစ်နေတယ်.ဆိုရင်.." အခုအဖြေရှိသွားပြီ!
Dior ကနေ အသစ်ထုတ်လိုက်တဲ့ Dior Forever On Set Powder ပါ။
သူက ရိုးရိုးပေါင်ဒါမှုန့် မဟုတ်ဘူး။ အသားအရေကို Glow စေပြီး၊ ချွေးပေါက်တွေကို မှော်ဆန်ဆန် ဖျောက်ပေးမယ့် Loose Powder ပါ။ ၂၄ နာရီအထိ မိတ်ကပ်ကို မပျက်အောင် Set လုပ်ပေးနိုင်တဲ့အပြင် အဆီပြန်တာကို လုံးဝထိန်းပေးပါတယ်။
Dior Forever On Set Powder လေးကမျက်နှာလေးကို Filter ခံထားသလို အသားလေးက ညက်နေစေပြီး Ultra-fine ဖြစ်လို့ အရမ်းပေါ့ပါးပြီး လိမ်းထားမှန်းတောင် မသိသာဘူး။
ဘယ်လောက်တောင် မိုက်လဲဆိုရင်...မိတ်ကပ်အပေါ်မှာလိမ်းလိုက်ရင် ၂၄ နာရီပတ်လုံး
အဆီပြန်တာမရှိဘူးလက်တွေ့။ Shine Control လုပ်ထားပေးလို့ပါ။
Hyaluronic Acid ပါလို့ မျက်နှာအသားက ခြောက်ကပ်သွားတာမျိုး လုံးဝမရှိဘူး။
💖 Shade (၅) မျိုးရှိပါတယ် - 01 Fair, 02 Light, 03 Medium, 04 Tan နဲ့ မျက်နှာလေးကို ပန်းရောင်သန်းပြီး ကြည်တောက်သွားစေမယ့် 05 Crystal Pink 🌸ပါ
05 Crystal Pink 🌸 ကတော့ ပြည့်ဖြိုးအသည်းစွဲ
ပေါ့ပေါ့ပါးပါးနဲ့ Luxury ဆန်တဲ့ Soft Focus Skin လေးကို ပိုင်ဆိုင်ချင်ရင်တော့ ဒါလေးကို မဖြစ်မနေ စမ်းသုံးကြည့်ဖို့ တိုက်တွန်းပါရစေ။
ဒီပေါင်ဒါက ဘာထူးခြားလဲပြန်ပြောပြမယ်နော်
၁။ ၂၄ နာရီ အဆီထိန်းတယ် - တစ်နေကုန် လုံးဝအဆီမပြန်ဘူး။
၂။ Pores Blur - ချွေးပေါက်တွေကို ပျောက်သွားစေတယ်။
၃။ အသားမခြောက်ဘူး - Hyaluronic Acid ပါလို့ တစ်နေကုန် အသားလေးအိနေစေတယ်။
၄။ Buildable - ပေါင်ဒါထပ်တင်ရင်လည်း ထူထူကြီးမဖြစ်ဘဲ အသားအရည်ကသဘာဝအတိုင်းလေး လင်းလင်းလေးပဲဖြစ်နေတယ်။
လိမ်းနည်းကအစ အသေးစိတ်သိချင်ရင် Chat Box မှာ လာမေးနော်

🌟🌟🌟🌟🌟
ဘယ်နိုင်ငံမှာဘဲရှိရှိ Dior နဲ့ ပတ်သတ်ပြီးသိချင်တာများရှိရင် လှမ်းသာ messenger ကနေ မေးလိုက်ပါ နော် ၊

ကိုယ့်အသားအရည်အတွက် ရွေးရခက် နေလား ?
ဘယ်ပစည်းနဲ့ တွဲသံုးရင် အဆင်ပြေရဲ့လား စသည်ဖြင့် သံ သ ယတွေ အားလံုး ကို ကူညီပြီးဖြေရှင်းပေးနိုင်ပါတယ်
ခုဆို စာ လည်း နေ့တိုင်းပြန် ပါတယ်
တစ်ကယ်လို့အလုပ်မှာ မအားတဲ့ peak season အချိန်များဆို တစ်ပတ်အတွင်း စာပြန်ပေးပါတယ် ၊
Singapore 🇸🇬 ရောက် ခဲ ့လျှင်လည်း message ပို့ထားပြီး Takashimaya Dior cosmetics counter ကို လာဖို့ဖိတ်ခေါ်ပါတယ် ၊
ပြည့်ဖြိုးက ဒီ page ကနေ Dior အကြောင်းကို သီးသန့် share လုပ်တဲ့ page လေးပါ ၊
Like & Share လုပ်ဖို့ မမေ့နဲ့နော် 🥰
ချစ်တဲ့
ပြည့် ဖြိုး 🫶🏻

24/06/2026

ရွှေလက်ဝတ်ရတနာတွေချစ်တဲ့ ရွှေမြန်မာ အမျိုးသမီးလေးတွေ အတွက်ကို ရွှေရောင်လို တောက်ပ ဝင်းစင်တဲ့ အသားအရည် ပိုင်ဆိုင်နိုင်အောင် Dior L’Or de Vie Skin Care ကို သံုး ပါ လို၊အသက်ထက် ပိုငယ်တဲ့ နူးညံ့တဲ့ အသားအရည်ကို ပိုင်ဆိုင်စေတာကြောင့် မဝယ်ဘဲ မနေနိုင်အောင်လုပ်တဲ့ Dior ရဲ့ အကောင်းဆုံး Skin Care လို့ ပြောရပါမယ်။
L’Or de Vie ဆိုတာ "The Gold of Life" လို့ အဓိပ္ပါယ်ရပါတယ်။
ကမ္ဘာတစ်ဝှမ်းက Queen တွေ Princess ၊မင်းသမီး တွေနဲ့ အချမ်းသာဆုံးသော အမျိုးသမီးထုကြီး သုံးနေတဲ့ အသည်းစွဲ.Skin Careပါ။

"ရှိရင်းစွဲအသက်ထက် နှစ် ၂၀ ပိုနုပျိုစေပါတယ်။"

အသက် ၄၀ ကျော်ပေမယ့် အသားအရေက အသက် ၂၀ ကျော်အရွယ် မိန်းကလေးတွေထက်တောင် ပိုမိုတင်းရင်း၊ နူးညံ့ပြီး ဝင်းပနေတာမျိုးကို ပေးပါတယ်။နှစ်၂၀ ငယ်သွားတဲ့ အသားအရည် ကိုလည်း Scientistsတွေက လေ့လာတွေ့ရှိထားပါတယ်
LOR’ DE VIE က ဒီစိတ်ကူးကို လက်တွေ့ဖြစ်လာစေပါတယ်။

✨ ဘာကြောင့်လဲ?
ချက်ချင်းထူးခြားတဲ့ ခံစားရမှုက လိမ်းလိုက်တာနဲ့ အသားအရေထဲကို စိမ့်ဝင်သွားပြီး သိသိသာသာ နူးညံ့ချောမွေ့လာတာပါ။

၁ လအတွင်း ၁၀၀% စိတ်ကျေနပ်မှုရစေတာ လက်တွေ့ပါ။ တစ်လအတွင်းမှတင်းရင်းလှပတဲ့ Skin ကို ပိုင်ဆိုင်နိုင်ပါတယ်။

ဘာလို့လဲ?

ပြည့်ဖြိုးတို့ ခန္ဓာကိုယ်ထဲက ဆဲလ် (Cell) တိုင်းမှာ အသားအရေကို ဘယ်လိုနုပျိုအောင် ထိန်းသိမ်းရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေပါတဲ့ DNA (ဗီဇမြေပုံ) ရှိပါတယ်။

အသက်ငယ်စဉ်မှာတော့ ဒီ ဗီဇမြေပုံက အရမ်းသန့်ရှင်းပြီး အချက်အလက်တွေ အတိအကျရှိနေတာမို့ ခန္ဓာကိုယ်က ဆဲလ်တွေကအသားအရေကို အချိန်ပြည့် တင်းရင်းလှပအောင် လုပ်ပေးနိုင်ပါတယ်။

အိုမင်းလာတဲ့အခါ အရေပြားဆဲလ်တွေရဲ့ အတွင်းပိုင်း ပျက်စီးမှုဖြစ်လာပါတယ်။ နေရောင်ခံတာများလို့၊ စိတ်ဖိစီးလို့ ၊ အိပ်ရေးပျက်လို့၊ ပရိုတင်းဓာတ် မလုံလောက်လို့ စတဲ့ နေ့စဉ် ကြုံတွေ့နေရတာတွေက အရေပြားဆဲလ်တွေကို မြန်မြန် ပျက်စီးပြီး သွားစေပါတယ်။

ဒါကို မြင်သာအောင် ပြောရင် စာရွက်ပေါ်ကို ကော်ဖီတွေ ဖိတ်ကျတာ၊ စာလုံးတွေ ပျက်ပြယ်ကုန်ရင် နဂိုအတိုင်း ပြန် မဖြစ်တော့သလိုပါ။
ဒါကို အသားအရေမှာ ပြောရင်တော့ Genomic Instability (ဆဲလ်တွေရဲ့ DNA မတည်ငြိမ်ဘဲ မြေပုံပျက်စီးခြင်း) လို့ ခေါ်ပါတယ်။

ဆဲလ်တွေက မြေပုံ ညွှန်ကြားချက်ရှိမှ အသားအရေကို နဂို အတိုင်း ပြန်ဖြစ်အောင် တည်ဆောက်လို့ရပါတယ်။ နေ့စဉ် ကြုံနေရတဲ့ အရာတွေ ကြောင့် ဆဲလ်တွေရဲ့ ဗီဇမြေပုံ ပျက်စီးသွားတာ များရင်များသလို နောက်ပိုင်းတည်ဆောက်တဲ့ အသားအရေတွေက တွဲကျလာတာ၊ အရေးအကြောင်းတွေ ဖြစ်လာတာ၊ ညစ်လာတာ၊ တင်းရင်းမှု မရှိတော့တာမျိုးတွေ ဖြစ်လာပါတယ်။

ဆဲလ်တွေ ပျက်စီးတာများလာရင် အဲဒီဆဲလ်အသေတွေ က စုလာပြီး "Zombie ဆဲလ်"တွေအဖြစ်နဲ့ အိုစာတဲ့ အရည်ပြားကိုလည်း ပို ဖြစ်စေပါတယ်။

သာမန် Skin Care တွေက မျက်နှာပြင်ပေါ်က အရေးအကြောင်းတွေကိုပဲ ပြုပြင်ပေးနိုင်ပေမယ့် Dior L’Or de Vie ကတော့ အရေပြား ဆဲလ်တွေကို အကောင်းဆုံး Antioxidant အာနိသင် အားတွေပေးပြီးအရေပြားဆဲလ် တွေကိုသန့်ရှင်း ပေးပြီး ဗီဇမြေပုံ တည်ငြိမ်နေအောင် ပြန်လည်ပြုပြင်ပေးပါတယ်။

ပြင်သစ်နိုင်ငံရဲ့ အကျော်ကြားဆုံးထူးခြားတဲ့ မြေနေရာက ထွက်ရှိတဲ့ စပျစ်နွယ်တွေဆီကနေ တစ်နှစ်မှ တစ်ကြိမ်သာ ထုတ်ယူရရှိတဲ့ Gold Sap + Gold Ferment ကို အဓိက အသုံးပြုထားပါတယ်။

သဘာဝကရတဲ့ ပစ္စည်းတွေနဲ့ 98% သုံးပြီးလုပ်ထားတာပါ။ Natural-Origin ingredients ဖြစ်ပြီး၊ Ingredients ကအစ Packaging အထိ 100% Made in Dior (France) ပြင်သစ်မှာပဲ လုပ်တာမို့လို့ စိတ်အချရဆုံးပါ။

ဘယ်အသားအရေအတွက် ဘယ် Cream ကို သုံးရမလဲ?
အသားအရေအမျိုးအစားအလိုက် Cream, Serum နဲ့ Lotion ဆိုပြီး ခွဲခြားရှိတာမို့ မိမိရဲ့ Skin Type နဲ့ အလိုက်ဖက်ဆုံးဖြစ်အောင်ရွေးလို့ရပါတယ်။

✨အသက် ၄၀ကျော်လည်း ထာဝရနုပျိုနေတာရဲ့ လျှို့ဝှက်ချက်က Dior L’Or de Vie ပါ။ ဘယ်လို သုံးပြီး ဘယ်လို အသားအရေ ထိန်းသိမ်းလည်း ပိုအသေးစိတ်သိချင်ရင် မိမိရဲ့ Skin အမျိုးအစားကို Page Inbox (Message) မှာ လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ရှင်။ အသားအရေ နဲ့ ကိုက်ညီမယ့် Cream အညွှန်းနဲ့ လိမ်းနည်းကို ပြောပြပေးပါမယ်။

အသားအရည်က ရွှေလိုပဲတန်ဖိုး ရှိတယ်လို့ ပြည့်ဖြိုးထင်ပါတယ်။

🌟🌟🌟🌟🌟
ဘယ်နိုင်ငံမှာဘဲရှိရှိ Dior နဲ့ ပတ်သတ်ပြီးသိချင်တာများရှိရင် လှမ်းသာ messenger ကနေ မေးလိုက်ပါ နော် ၊

ကိုယ့်အသားအရည်အတွက် ရွေးရခက် နေလား ?
ဘယ်ပစည်းနဲ့ တွဲသံုးရင် အဆင်ပြေရဲ့လား စသည်ဖြင့် သံ သ ယတွေ အားလံုး ကို ကူညီပြီးဖြေရှင်းပေးနိုင်ပါတယ်
ခုဆို စာ လည်း နေ့တိုင်းပြန် ပါတယ်
တစ်ကယ်လို့အလုပ်မှာ မအားတဲ့ peak season အချိန်များဆို တစ်ပတ်အတွင်း စာပြန်ပေးပါတယ် ၊
Singapore 🇸🇬 ရောက် ခဲ ့လျှင်လည်း message ပို့ထားပြီး Takashimaya Dior cosmetics counter ကို လာဖို့ဖိတ်ခေါ်ပါတယ် ၊
ပြည့်ဖြိုးက ဒီ page ကနေ Dior အကြောင်းကို သီးသန့် share လုပ်တဲ့ page လေးပါ ၊
Like & Share လုပ်ဖို့ မမေ့နဲ့နော် 🥰
ချစ်တဲ့
ပြည့် ဖြိုး 🫶🏻

Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Singapore