Rock kyawhtwe
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rock kyawhtwe, Health/Beauty, Kuala Lumpur.
30/12/2022
you'r my hero..😘😘
Apakabar sumua
24/09/2022
02/09/2022
သူဆိုတာ ငါမဟုတ်ဘူး
----------------------
စိတ်ဓာတ် ကောင်းတဲ့သူနဲ့ပဲပေါင်းပါ
စိတ်ကောင်းလေးတွေကူးစက်လာပါလိမ့်မယ်
ခွင့်လွှတ်တတ်အောင်သင်ယူပါဘဝဟာလွတ်လပ်လာလိမ့်မယ်
သံယောဇဉ်တွေနည်းနိုင်သမျှ နည်းအောင်ကြိုးစားပါအေးချမ်းမူတွေရလာပါလိမ့်မယ်
ထိန်းချုပ်နိုင်အောင်စိတ်အလိုကို မလိုက်ဘဲကြိုးစားပါ
ရင့်ကျက်တဲ့သူ ဖြစ်လာပါလိမ့်မယ်
ဘယ်သူ့ကိုမှမန်းမိအောင် ကြိုးစားပါဘဝဟာ ပေါ့ပါးလာလိမ့်မယ်
အကောင်းမြင်စိတ်များများထားနိုင်အောင် ကြိုးစားပါဘဝမှာ နေပျော်လာလိမ့်မယ်
ဒါကြောင့် ကိုယ်တွေ့နေရတဲ့သူကကိုယ့်လို မဟုတ်ခဲ့ရင်
ငါကောင်းသလို သူမကောင်းဘူးလို့ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့သူဆိုတာ ငါမှ မဟုတ်တာ
ငါစေတနာထားသလောက်ရက်စက်တယ်လို့ ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့သူဆိုတာ ငါမှ မဟုတ်တာ
ငါ ဒီလောက်အထိ
လိုက်လျော ပေးနေတာတောင်
သူလုပ်ရက်တယ်လို့ ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့သူဆိုတာ ငါမှမဟုတ်တာ
အရာအားလုံးကိုနာလည်ပေးနိူင်အောင်ကိုယ့်စိတ်ကို ကြိုးစာကျင့်သုံးခြင်းကသာချမ်းသာစွာနေထိုင်နည်းပါပဲ
ဘယ်သူ့ကိုမှ အချစ်မဝင်တော့သလို
အပြစ်တွေလည်း မတင်ဖြစ်တော့ဘူးလေ
သူဆိုတာ ငါမဟုတ်တဲ့အတွက်
အရာအားလုံးကို အလိုက်သင့်ရုံပဲ
ရွေ့လျားတတ်ပြီး ပေါ့ပေါ့ပါးပါးနေထိုင်တတ်ကြပါစေ
ကြိုးစားမူနဲ့ရှင်သန်ကြပါဘဝဟာပိုပြီးအဓိပ္ပာယ်ရှိလာကြပါလိမ့်မယ်။
✍ROCK(စာပေ)
27/08/2022
ရာဗိအဟ်ဗာ့စ်ွရီသခင်မ၏တောင်းဆုဒိုအာ
ရာဗီယာ ဗဆွရီယဟ် သူတော်စင်မကြီးသည်
အလ္လာဟ်အသျှင်မြတ်ထံတော်၌
ဤသို့ဒိုအာ ပြုလေ့ရှိသည်။
အိုးအလ္လာဟ်အသျှင်မြတ်----
အကယ်၍ ကျွန်တော်မျိုးမ ရာဗိအဟ်သည်
ဂျဟန္နမ်ရဲ့ မီးကို ကိုကြောက်ပြီး
အသျှင်မြတ်အား
အေဗာဒသ် ခဝပ်ကိုးကွယ်သည်ဖြစ်မူ
ကျွန်တော်မျိုးမအား ဂျဟန္နမ်မီးမှ လောင်ကျွမ်းစေတော်မူပါ ။
ကျွန်တော်မျိုးမသည် ဂျန္နသ်သုခဘုံကို ရရှိဖို့အတွက် အသျှင်မြတ်ကို ခဝပ်ကိုးကွယ်သည်ဖြစ်မူ
ကျွန်တော်မျိုးမအပေါ်၌ ဂျန္နသ်ကို ဟရာမ် ပြုလုပ်လိုက်တော်မူပါ။
အကယ်၍ ကျွန်တော်မျိုးမသည် အသျှင်မြတ်
ကျေနပ်နှစ်သက်ဘို့ တစ်ခုတည်း အတွက်ဖြင့်သာ
အေဗာဒသ် ပြုသည်ဖြစ်မူ အသျှင်မြတ်အား ဖူးမြှော်ရခြင်းမှကျွန်တော်မျိုးမ အပေါ်မှာ
မဲဟ်ရူးမ် လက်မဲ့ မလုပ်ပါနဲ့။
တစ်ခါက ရာဗိအဟ်ဗာ့စ်ွရီယဟ်(ရဟ်)သခင်မကို
လူတစ်ယောက်မေးတယ်။
အသင်မ ရှိုင်သွာန်ကို
မုန်းလား??
သခင်မကြီးဖြေကြားလိုက်သည်မှာ အလ္လာဟ်ကို
ချစ်တဲ့ အချစ်တွေကြောင့် ငါ့နှလုံးသားထဲမှာ တစ်ခြား
မည်သူ့ကိုမျှ မုန်းဖို့ ချစ်ဖို့ဆိုတာ နေရာမကျန်ရှိတော့
ပါဘူး---
သခင်မ၏ အံ့ဘွယ်ဒိုအာ
အိုးအလ္လာဟ်---အသျှင်မြတ်သည် မိုးကောင်းကင်အား
မြေပြင်ပေါ်သို့ ပြုတ်ကျခြင်းမှ တားဆီးချုပ်ကိုင်ထား
သကဲ့သို့ ကျွန်တော်မျိုးမ အပေါ်၌လည်း ရှိုင်သွာန်၏
အနိုင်ယူစိုးမိုးနိုင်ခြင်းတို့မှ တားဆီးတော်မူပါ။
ဖဇွာအီးလ်ကျမ်းများ၌ ရာဗိအဟ်ဗာစ်ွရီယဟ်သ္ခင်မ သည် ယခုကဲ့သို့ ဒိုအာပြုလေ့ရှိသည်။
အိုးအသျှင်---ကျွန်တော်မျိုးမသည် အသျှင်မြတ်ကို ဖူးမြှော်ခဲ့ရတဲ့ ချိုမြိန်တဲ့အိပ်မက်တွေကို ဘယ်လိုမေ့
လို့ရနိုင်မှာလဲ----
အိုးအသျှင်----အသျှင်မြတ်အား တွေ့ချင်တဲ့စိတ်တွေ ပြင်းပြလာတော့ကျွန်တော်မျိုးမ မှာ ဆောက်တည်ရာ
မရ ဖြစ်ခဲ့ရတယ်။ သောကတွေလည်း များနေပါပြီး မျက်ရည်တွေလည်း စီးကျကုန်ပြီး သောကတွေကို ပြေပျောက်နိုင်တဲ့ အရာလေးများရှိရင် အဲ့ဒါလေးကိုပဲ ချီးမြှင့်ပေးပါ။
အိုးအသျှင်---သခင်မကြီးအား အကြောင်းပြု၍
ကေယာမသ်တိုင် ပေါက်ဖွားလာမည့် ကမ္ဘာ့အမျိုးသ္မီး
တစ်ရပ်လုံးကို အသျှင်မြတ်ထံတော်ပါး၌ မြင့်မြတ်တဲ့
အဆင့်အတန်းများ ချီးမြှင့်တော်မူပါ။
Aameen summa aameen
Rock
26/08/2022
အမှားတွေကို မကြောက်ပါနဲ့
`````````````````````````````````````
ဘဝဆိုတာ ထင်သလောက်မရိုးရှင်းလို့
ဒီလောကရဲ့လမ်းတွေထဲ အပြေးအလွှား ရှင်သန်ရတဲ့အခါ အမှားတွေများစွာ ကြုံတွေ့ကြရမှာပါပဲ ။
အဲဒီအမှားတွေထဲမှာမှ ပြန်ပြင်လို့ရတာတွေလည်း ရှိသလို ၊ ပြန်ပြင်လို့မရတာတွေလည်း ရှိတတ်ကြပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ်လေ
ပြန်ပြင်လို့ရတဲ့ အမှားတွေနဲ့တွေ့တဲ့အခါ ပြန်ပြင်ပြီး ၊
ပြန်ပြင်လို့မရတဲ့ အမှားတွေနဲ့ တွေ့တဲ့အခါ ဒါတွေကို သင်ခန်းစာယူတတ်မယ်ဆိုရင် ဒီအမှားတွေဟာ ကိုယ့်အတွက်မိတ်ဆွေလို ဖြစ်မှာပါ ။
ဘယ်နေရာမှာမဆို အမှားဖြစ်တာဟာ မကောင်းပါဘူး
သို့သော်လည်း
ထိုအမှားတွေကြောင့်ပဲ ကမ္ဘာကြီးမှာ အောင်မြင်နေကြတဲ့သူတွေလည်း အများကြီးပါ ။ အမှားတွေဟာ ဆုံးရှုံးခြင်းကိုဖြစ်စေတယ်ဆိုပေမဲ့လည်း အသုံးချတတ်မယ်ဆိုရင် လူတစ်ယောက်အတွက်အများကြီး အကျိုးရှိပါတယ် ။
လောကမှာ ဘယ်အမှားမှ အကြောင်းမဲ့သက်သက်မဖြစ်ပါဘူး ။ တကယ်တော့ အမှားဆိုတာ ပိုတိကျသေချာခြင်းကိုပေးတဲ့ အကြောင်းတရားပဲဖြစ်တယ် ။ ဒါကိုသိတဲ့ လူတချို့က အမှားကိုပြင်ပြီး ရှေ့ဆက်သွားကြတယ် ။
ဒါကိုမသိတဲ့ လူတချို့ကတော့ အမှားကိုမြင်ပြီး စိတ်ပျက်သွားကြတယ် ။
အဲဒီလိုနည်းနဲ့ လောကမှာ လူတစ်ဦးနဲ့တစ်ဦး အဆင့်အတန်းတွေ ကွာခြားသွားကြတာပါ ။ ဒါကြောင့် အမှားကိုမကြောက်ပါနဲ့ အမှားတွေက အကောင်းဆုံးတွေဆီကို လမ်းပြပေးနိုင်ပါတယ် ။ မှားမှန်းသိနေရင်သာ အမှန်ကိုပြင်ဆင်နိုင်ဖို့ ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားပါ ။
အမှန်ဘယ်သွားဖို့ပဲကြိုးစားပါ...
19/07/2022
Assalam mualiakum...
Miss your all
Rock kyawhtwe Send a message to learn more
hi
နေကောင်းလား
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the business
Telephone
Website
Address
Alerts
Be the first to know and let us send you an email when Rock kyawhtwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.