ThreeSixty Days Transformation
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ThreeSixty Days Transformation, Health/Beauty, Yangon.
05/03/2026
Day - 60
ပြောင်းလဲမှုဆိုတာ မကောင်းတဲ့အရာတွေကိုသာ ပြုပြင်ကြမယ်ဆိုတာ မဟုတ်ဘဲ ကောင်းတဲ့စွဲနေတဲ့ အမူအကျင့်တွေကိုလည်း ခေတ္တရပ်ပြီး ခွါကြည့်ဖို့ လိုအပ်ပါတယ်။
တိုးတက်ဖို့အတွက် ရပ်ပစ်လိုက်ပြီး သုံးသပ်ခြင်းကလည်း အရေးကြီးပါတယ်။
လူကြီးတွေကျန်းမာပြီး ကလေးတွေဗဟုသုတ တိုးစေဖို့ ခရီးထွက်လေ့ရှိတဲ့ မိသားစု အများအပြားရှိပါတယ်။ သွားတဲ့နေရာတွေ အရမ်းထပ်ပြီး ခံစားမှုအသစ်တွေသာမရတော့ဘူးဆိုရင် ငွေကုန်လူပန်းဖြစ်ပါလိမ့်မယ်။
ဒါကြောင့် အချို့အရာတွေ ရပ်ပစ်ကြည့်ပြီး အကျိုးရှိစေမယ့်အရာတွေကို အသစ်အဆန်းလုပ်ဆောင်ကြည့်သင့်ပါတယ်။
အဲတော့ ရက်ပေါင်း ၆၀ အထိမ်းအမှတ်အဖြစ် သင့်ဆီက ကောင်းတဲ့ ဘယ်လိုအမူအကျင့်ကို ရပ်တန့်ချင်ပါသလဲ။
28/02/2026
Day-55
Parenting ဆို ကလေးရှိမှ သင်ယူလေ့လာရမယ်လို့ ယုံကြည်နေတာများကြပါတယ်။ တစ်ကယ်တော့ Parenting ကအရွယ်စုံ၊ လူစုံလေ့လာသင့်ပါတယ်။
ကိုယ်က အပင်စိုက်ပျိုးတာဝါသနာပါသူတစ်ယောက်ဆို အပင်တစ်ပင်ရှင်သန်လှပဖို့ သူ့အချိန်အလိုက် ဖူးပွင့်သီးဖို့ဆိုလည်း ပြုစုပျိုးထောင်ခြင်းက အရေးကြီးပါတယ်။
ကိုယ့်ကိုကိုယ် Parenting လုပ်ခြင်းဆိုတာကလည်း
• ကိုယ့်အမှားတွေကို မကြောက်မလန့်ဘဲ လက်ခံနိုင်ခြင်း
• ကိုယ့်စိတ်ကို နားထောင်ပေးခြင်း
• ကိုယ့်ကိုကိုယ် အပြစ်မတင်ဘဲ အားပေးနိုင်ခြင်း
• လိုအပ်တဲ့နေရာမှာ ကိုယ့်ကိုကိုယ် စည်းကမ်းချမှတ်
နိုင်ခြင်းတို့ဖြစ်တယ်။
Transformation ပြုလုပ်ခြင်းမှာ အဓိကအကျဆုံးက ကိုယ့်ကိုကိုယ်သေချာသိဖို့ ဖြစ်ပါတယ်။
ရက်ပေါင်း ၃၆၀ ပြောင်းလဲခြင်း challenge အောင်မြင်ဖို့ ကိုယ့်ကိုကိုယ် Parenting လုပ်ကြည့်ကြစို့။
22/02/2026
Day - 49
စိတ်ရှည်ပြီး စဉ်ဆက်မပြတ်လုပ်ဆောင်မှုမှာ ဂရုစိုက်ခြင်းက သိပ်ကိုအရေးကြီးပါတယ်
သင်ဟာ အပင်တစ်ပင် ရှင်သန်စေချင်တယ်၊ အဖူးအပွင့်အသီး စုံလင်စေချင်တယ်ဆိုရင် ဂရုတစိုက် စောင့်ကြည့်ပြီး ရေလောင်းပေါင်းသင် သလို မိမိ၏ အသိပညာ၊ အတတ်ပညာ၊ ခန္ဓာပြောင်းလဲခြင်းအတွက်လည်း ဂရုတစိုက်စဉ်ဆက်မပြတ်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ အမူအကျင့်၊ အလေ့အကျင့်ကောင်းများကိုလည်း ပျိုးထောင်ဖို့လိုအပ်ပါတယ်။
အခုတစ်ပတ်မှာလည်း ရက်ပေါင်း ၃၆၀ ပြောင်းလဲခြင်း အစီအစဉ်အတွက် စာအုပ်တစ်အုပ်ကို ၇ရက်အတွင်းဖတ်ပြီး အတွေ့အကြုံတွေ ပြန်မျှဝေခြင်း ကိုလုပ်ဆောင်ကြည့်ရအောင်နော်။
ဦးနှောက်အစာအာဟာရအတွက်စာဖတ်ကြပါစို့🩵
18/02/2026
Day -45
ဝါသနာတစ်ခုကို ငွေကုန်ကြေးကျမများတဲ့ လေ့ကျင့်ခြင်းကို ၂၂ရက်လုပ်ဆောင်ကြည့်တဲ့အခါမှာ အများကြီး တိုးတက်လာတာ တွေ့ရပါတယ်။
ဘာသာရပ်သင်ကြားလေ့လာခြင်းကို ၂၂ရက်လုံး ရတဲ့နေရာအစုံကနေ တစ်နေ့တာရဲ့ အချိန်တွေမှာ မကြာမကြာ နားထောင်တယ်၊ မှတ်တယ်၊ ဖြေကြည့်တယ်၊ ပြောကြည့်တယ်။
အချိန်အကြာကြီးသုံးစရာမလို ငွေတွေ သုံးစရာမလိုဘဲ စဉ်းစားခြင်းကနေ လက်တန်းပြောနိုင်ခြင်းကို ရရှိခဲ့တယ်။
စာဖတ်သူတွေကော ဘယ်လို အရာတွေလေ့လာဖြစ်သလဲ ပြောပေးကြည့်ပါ။
16/02/2026
Day - 43
အဓိပ္ပာယ်ရှိတဲ့ နေ့ရက်တွေပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်
အမူအကျင့် အလေ့အကျင့်ကောင်းတွေ မပြတ်လုပ်ထားခြင်းဖြင့် လှတဲ့နေ့ရက်တွေ ရဲရင့်သောနှင်းဆီပန်းကဲ့သို့ ဖူးပွင့်နိုင်မှာ ဧကန်မုချပါ🧡
ဒီနေ့မှာ သင့်ကိုယ်သင် အားမနာတမ်း ဝေဖန်ကြည့်ပါ
၁။ အဆိုးရွားဆုံး အမူအကျင့်
၂။ မအောင်မြင်ရသော အဓိက အကြောင်းရင်း
၃။ သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ ပြုလုပ်ထားသော မကောင်းမှု
တရုတ်အယူအဆ Yin-Yang ☯️ သဘောထားအရ ကောင်းခြင်းကိုဘဲ ဦးတည်လုပ်ဆောင်နေခြင်း အပြင် မကောင်းသော အရာများကိုပါ သိရှိဆင်ခြင် ခြင်းသည်လည်း အရေးကြီး အခန်းကဏ္ဍမှာ ရှိပါသည်။
ပျော်ရွှင်ဖွယ်ရာပိတ်ရက်လေးပြည့်ဝပိုင်ဆိုင်နိုင်ပါစေ။
14/02/2026
Day -41
Happy Valentine’s to you all!❤️❤️❤️
တစ်ခုခုကို ရူးသွပ်စွာလုပ်ဆောင်ကြည့်ခြင်းမှာ ယနေ့ချစ်သူများနေ့ နဲ့ စပ်လျဉ်းပြီး တွေးကြည့်ရရင် ချစ်ခြင်းကိုသာ ရူးသွပ်စွဲမြဲစွာ လုပ်တတ်တဲ့ အကျင့်သာရှိကြပါတယ်
အခြားသောအရာများကို မလုပ်ကြပါဘူး ၊ ပြီးဆုံးတဲ့အထိ တာဝန်မယူကြပါဘူး။
အခုကျွန်မတို့ ၂၀၂၆ ခုနှစ် ရက်၃၆၀ ပြောင်းလဲခြင်းမှာ ၁လခွဲနီးပါးခန့် အချိန်ကုန်ဆုံးပြီးဖြစ်လို့ အောင်မြင်မှုတစ်ခုမဟုတ် တစ်ခု ပိုင်ဆိုင်သင့်တဲ့ အချိန် တစ်ခုဖြစ်နေပါပြီ
ယနေ့၄၁ရက်မြောက်နေ့မှာ Valentines အချစ်တွေခံစားရင်း
၁။ body weight လေး ပြောင်းလဲအောင် သွေးပူလေ့ကျင့်ခန်းလုပ်ပါ။ အချိုတွေစားတဲ့ နေ့ လေးလည်း ဖြစ်နေလို့ ပိုတိုးလုပ်ကြည့်ပါနော်😂
၂။ စိတ်တွေကြည်လင်အောင် mediation ၁၅ မိနစ် ည မအိပ်ခင် လုပ်ဆောင်ပါ။ စိတ်လှုပ်ရှားတဲ့ နေ့ ဖြတ်သန်းထားရတော့ စိတ်လေးတည်ငြိမ်ရန်အလို့ငှါ😂
၃။ One day, I’ll post professional English versions of all my content every day.😇
Still learning better than nowadays 💪🏻💪🏻💪🏻
အားလုံးပျော်ရွှင်သာယာတဲ့ နေ့လေးဖြစ်ပါစေနော်
09/02/2026
Day-36
ရူးသွပ်စွဲမြဲစွာလေ့လာခြင်းကို စမ်းသပ်တဲ့ အချိန်ပြည့်ဖို့ ၉ရက်သာလိုပါတော့တယ်
တိုးတက်လာလား? ပြောင်းလဲလာပါသလား?
ကျွန်မကတော့ လက်ရှိ၂၀၂၆ ရဲ့ transformation ပြုလုပ်မှုရဲ့ ရက်၃၀ကျော်ကျော်မှာ တိုးတက်မှုတွေရှိတယ်၊ စိတ်တွေပြောင်းလဲလာတယ်၊ ငြိမ်းချမ်းရာကို ရှာဖွေတွေ့ရှိလာတယ်၊ ပညာအသစ်တွေ လေ့လာဖြစ်တယ်၊ အလေ့အကျင့်ကောင်းတွေ လုပ်ဆောင်ဖြစ်တယ်။
မပြောင်းလဲတာတွေ၊ မတိုးတက်တာတွေလည်း ရှိပါတယ်။
Financial ကို အကောင်းဆုံး မစီမံနိုင်သေးဘူး၊ ကိုယ်လက် ကျန်းမာရေး လုပ်ဆောင်မှုတွေမတိုးတက်လာဘူး၊ အပြင်စာတွေ မလျော့နိုင်သေးဘူး။
အခုလိုအချက်တွေကို နှစ်တစ်နှစ်ရဲ့ ဒုတိယမြောက်လမှာ ရှာဖွေသိရှိနိုင်တာ ရက်၃၆၀ ပြောင်းလဲခြင်းကို စဉ်ဆက်မပြတ်လုပ်တဲ့အတွက် ဖြစ်ပါတယ်။
မိတ်ဆွေတို့ကော ဘာတွေ သိသိသာသာတိုးတက်ချင်လဲ ပြောပေးပါနော်။
31/01/2026
Day 27
ရူးသွပ်မှုတွေရှိနေပြီလား?
၂၂ရက်ကြာအောင်လေ့ကျင့်ဖို့ အချိန်၄ရက်ကုန်သွားခဲ့ပြီ ၁၈ ရက်သာကျန်ပါတော့တယ်
အဲတော့အခုဘာတွေရူးသွပ်ပြီးပြီလဲရှာဖွေကျစို့
စာရေးသူကျွန်မက အင်္ဂလိပ်စာကိုရူးသွပ်နေတဲ့အတွက်လုပ်နိုင်တဲ့အရာတွေကိုအခမဲ့တဲ့နေရာတွေကနေ ခေါင်းစဉ်ပေါင်းစုံနဲ့နေ့စဉ်အချိန်နည်းနည်းစီလေ့လာနေပါတယ်
ရူးသွပ်ကြည့်တဲ့အခါမှာ တစ်ချို့သောအရာတွေက အလိုလိုတတ်နေသလို၊ သိနေသလိုမျိုးခံစားရပါတယ်။
ဒီအချိန်မှာတော်တော်ဟုတ်နေတဲ့ငါလေးဆိုပြီးရပ်ပစ်လိုက်ရင်ပန်းတိုင်နဲ့အလှမ်းဝေးသွားပါလိမ့်မယ်။
အဆီအငေါ်တည့်အောင့် နောက်တစ်ဆင့်ထပ်မြင့်အောင် အချိန်တိုင်းသွေးနေဖို့လိုပါတယ်။
နောက်တစ်ခုရူးသွပ်မှုကတော့ mediation ပါ ဘဝမှာနေဖို့သိပ်မလိုသလိုတွေးရာက စလာတဲ့ရူးသွပ်မှုပါ။ Mediation ဆိုတာ တရားရဲ့အနက်အဓိပ္ပာယ်တွေမပါသေးပါဘူး။
တစ်ခုခုကို စိတ်ငြိမ်အောင်၊ ဖြစ်ပေါ်လာတဲ့အဖြစ်ပျက်မှန်သမျှ ကောင်းခြင်းကိုလည်း မသာယာ၊ ဆိုးခြင်းကိုလည်းမခံစားဘဲ ပစ္စုပ္ပန်ရဲ့အရာကိုသာ ရှုမြင်တဲ့အဆင့်မှာဘဲရှိပါသေးတယ်။
နောက်ဆုံးအချိန်ကိုတည်ငြိမ်စွာဖြတ်ကျော်ဖို့ အထောက်အပံ့တစ်ခုသာဖြစ်တယ်။
(ဒါကတော့ကိုယ်နားလည်သလို ရေးထားခြင်းဖြစ်တယ်)
ကျန်ခဲ့တဲ့လေးရက်မှာ ဒုတိယရူးသွပ်မှုကိုနေ့စဉ်မလုပ်ဆောင်ဖြစ်ခဲ့ပါဘူး။ ရူးသွပ်မှုကို တည်မြဲစွာလုပ်ဆောင်နိုင်အောင်ကြိုးစားလိုက်ပါဦးမယ်။
သင်တို့ကော ဘာတွေတိုးတက်ပြီလဲ? ဘာတွေလုပ်ပြီးပြီလဲ?
ဖြေကြည့်ပေးပါနော်❤️
28/01/2026
Day - 24
ပြောင်းလဲခြင်းမှာ ရူးသွပ်ခြင်းလည်း လိုအပ်တယ်။
ရူးသွပ်ဖို့ဆိုတာ စိတ်ပိုင်းဆိုင်ရာ အားနည်းဖို့ကို ပြောခြင်းမဟုတ်ပါဘူး။
ပညာရပ်တစ်ခုခု၊ ဝါသနာ တစ်ခုခုကို ရူးသွပ်စွာလုပ်မယ်၊ သင်ကြားမယ်ဆို ပြောင်းလဲခြင်းက သိသာထင်ရှားလာပါလိမ့်မယ်။ ဒါကြောင့်
၁။ ဝါသနာပါတဲ့ ပညာရပ်တစ်ခုခု ကိုရှာဖွေပါ။
၂။ အခမဲ့သင်ကြားလေ့လာလို့ရတဲ့နေရာတစ်ခုရှာပါ။
၃။ နေ့စဉ်လုပ်ဆောင်လေ့လာပါ။
ရက်ပေါင်း ၂၂ ရက် ဆက်တိုက်လေ့လာလုပ်ကြည့်ပါ။
နေ့ရက်တိုင်း အတွေ့အကြုံတွေ ဝေမျှပြီး ၄၅ ရက်အတိမှာ တိုးတက်မှုရှိ၊ မရှိ အကဲဖြတ်ကြည့်ရအောင်နော်။
27/01/2026
Day-23
ရက်ပေါင်း၃၀ပြည့်ဖို့ သိပ်မလိုတဲ့အချိန်ခြေကုန်လက်ပန်းကျသလို ခံစားရလား?
မှန်ပါတယ် တစ်ကယ်တော့ ပြောင်းလဲဖို့ဆိုတာ မလွယ်ကူလွန်းလှပါဘူး၊
ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်သိရှိယုံသာမက အခြားသူနှင့် ပေါင်းသင်းဆက်သွယ်ရေးမှာလည်း လွယ်ကူအဆင်ပြေအောင် လုပ်ဆောင်ဖို့လိုပါတယ်။
ဒီနေ့အတွက်ကတော့
၁။ စကားများများမပြောပါနှင့်။ လိုအပ်မှပြောပါ။
၂။ များများစဉ်းစားပါ။ အတွေးမှန်ပါစေ။
၃။ မညည်းညူပါနှင့်။
ကောင်းမွန်ပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက် ပိုင်ဆိုင်နိုင်ပါစေ။
26/01/2026
Day -22
ခက်ခဲတဲ့ Monday ကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ?
အတွေ့အကြုံလေးကိုမျှဝေပေးပါ။
စာရေးသူ ကျွန်မကတော့ စိတ်ပျက်ခြင်း၊ စိတ်တိုခြင်းနဲ့ဖြတ်သန်းခဲ့ပါတယ်။
ညဖက်မှာတော့ သေချာတွေး၊ တရားထိုင်ပြီး လိုအပ်တာကို ပြန်ဖြည့် စဉ်းစားပြီး မနက်ဖြန် နေ့သစ်ကို အကောင်ူဆုံးစတင်ပါမယ်။
သင်တို့ကော ဘာတွေ စဉ်းစားမိလဲ?????
25/01/2026
Day -20 & 21
ပိတ်ရက်ကို ဘာမှတင်ဖူး ရက်ပေါင်း ၃၆၀ကို ဆက်မလုပ်တော့ဖူးလားလို့ တွေးနေတဲ့အရာတွေ ရှိနေခဲ့မယ်ဆိုရင် ဘာမှ မစဉ်းစားပါနဲ့ ကောင်းကောင်းနား၊ ပြည့်ပြည့်ဝဝလွတ်လပ်စေချင်လို့ပါ။
ဘဝမှာပြည့်ဝခြင်းကလည်း အရေးကြီးကဏ္ဍတစ်ခုအနေနဲ့ရှိပါတယ်။
ချမ်းသာခြင်း၊ ပစ္စည်းပြည့်ဝခြင်းကိုသာ လူတွေက အလေးထားပေမယ့် စိတ်၏ လွတ်လပ်ခြင်း၊ ပြည့်ဝခြင်းကို လူတော်တော်များများ က အနှစ်သာရကို မခံစား၊ မသိရှိကြပါဘူး။
အခုပိတ်ရက်မှာ စိတ်တံခါးတွေ ဖွင့်ထားကြည့်ပါ။ ခေါင်းတွေရှင်းထားပြီး ဘာမှ မတွေး၊ မစဉ်းစားပါနဲ့။
အားတွေပြည့်စေတဲ့ အားလပ်ရက်ပိတ်ရက်လေးဖြစ်ပါစေ။
Category
Website
Address
Alerts
Be the first to know and let us send you an email when ThreeSixty Days Transformation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.