Beauty Recipes

Beauty Recipes

Share

Korea/US/UK Cosmetics Authentic Shop💖 အင်းစိန်လမ်းမပေါ် (ဘာတာမှတ်တိုင်ဘေး)မှာ ဖွင့်လှစ်ထားပါတယ်😍

02/08/2026

Instock

အလွန်ကောင်း retinal/ retinol တွေထဲမှာ အကြိုက်ဆုံးပဲ သူ့ကို ကျွန်တော် Medicube shot မသုံးခင်ထဲက သုံးတာ။ အခုတော့ တစ်ဘူးလုံးကုန်သွားပြီ ထပ်ဝယ်တာ ဝယ်လို့မရ out of stock တဲ့။ ဒီ shot ကိုသုံးပြီးမှ ကျွန်တော် shot တွေကို စိတ်ဝင်စားသွားတာ။ သူက retinal ဆိုပေမယ့် တခြား retinol တွေလို မဟုတ်ပဲ results သိသာတာမြန်တယ်။ ပြီးတော့သူက ရိုးရိုး retinol မဟုတ်ပဲ retinol ထက် 11 ဆ ပိုအားကောင်းတဲ့ retinal ကိုသုံးထားတာမို့လို့ results ပြတာ မြန်တာလို့လည်း ပြောရမယ်။ results ပြတာမြန်တယ်ဆိုပေမယ့် သူများတွေပြောသလို 1 ပတ် 2 ပတ်နဲ့ သိသာတာမျိုးတော့မဟုတ်ဘူး။ ပုံမှန် retinol တွေဆိုရင်တော့ results ပြဖို့အတွက် 6 လလောက်ကြာတတ်ပေမယ့် ဒီ retinal ကတော့ results ပြဖို့ 1လကျော် လောက်တော့ အချိန်ပေးရပါတယ်။ Tightening Booster ဆိုတဲ့အတိုင်း သူ့ကို သုံးနေတဲ့အတောအတွင်းမှာ ချွေးပေါက်ကျယ်နေတာကို သိသိသာသာ သက်သာသွားသလို မျက်နှာအသားအရေကိုလည်း ကျစ်လျစ်ပြီး တင်းရင်းသွားတာ ခံစားမိတယ်။ တခြား retinal တွေနဲ့ မတူတဲ့အချက်က သူ့ကို သုံးပြီးရင် အသားခြောက်တယ်လို့ မခံစားရဘူး။ ပြီးတော့ သူက Alcohol free ,Oil free , Sulfate free , Fragrance free ပါ။ သူ့ကို ကျွန်တော် brakeout တွေထွက်နေချိန်မှာ စသုံးတာပါ အဖုတွေက ပိုမဆိုးပဲ သက်သာတာ ပိုမြန်တဲ့အပြင်ကိုမှ brakeout ထွက်နှုန်းလည်း လျော့သွားတယ်။ ပြီးတော့ မျက်နှာလည်း bright ဖြစ်ပြီး ဝက်ခြံအမာရွတ်လေးတွေလည်း မှိန်သွားတာကို သတိထားမိတယ်။ သူက shot ဆိုပေမယ့် စူးတာစပ်တာမျိုးတော့ သိပ်မရှိဘူး။ သူ့ texture က eye cream လို texture မျိုးပါ။ အရောင်ကတော့ အဝါရောင်တောက်တောက်ပါ အနံ့ကတော့ ပုံမှန်မြင်တွေ့နေကြ တခြား retinol တွေရဲ့ အနံ့တွေအတိုင်းပါပဲ။ သူ့ကို အခုမှ စသုံးမယ်ဆိုရင်တော့ တစ်ပတ်မှ နှစ်ကြိမ်လောက်ပဲ သုံးပါ။ ကျွန်တော့်တုန်းကတော့ စသုံးတဲ့ ပထမလကို တစ်ပတ်မှ နှစ်ကြိမ်ပဲသုံးတာပါ။ သူ့ retinal နဲ့ skin က ကျင့်သားရသွားမှ သူ့ကို ရက်ခြားပြီးတော့ သုံးတာပါ။ သူ့ကို လိမ်းမယ်ဆိုရင်လည်း ပမာဏအများကြီးမလိမ်းပါနဲ့ နည်းနည်းပဲ လိမ်းပါ။ influencers တွေလိမ်းပြသလို မျက်နှာအပြည့်လည်း သွားမလိမ်းပါနဲ့။ အဲ့လိုလိမ်းတာက product ကိုဖြုန်းတီးရာရောက်ပါတယ်။ ပြီးတော့ ဒီ retinal က လိမ်းတာပမာဏများသွားရင် မျက်နှာမှာ ဆနွင်းလိမ်းထားသလိုမျိုးကို ဝါပါတယ်။ သတိထားရမယ့်အချက်က သူ့ကို နေ့ဘက်သုံးလို့မရဘူး Active ingredient တွေနဲ့ တွဲသုံးလို့မရဘူး skin က အရမ်း sensitive ဖြစ်လွယ်ရင်လည်း သုံးလို့မရဘူး သူ့ကိုသုံးပြီးနောက်နေ့ဆိုရင် sunscreen မလိမ်းပဲ နေလို့မရဘူး။ ပြီးတော့ ဒီ retinal ကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မသုံးသင့်ဘူး။ ဘယ်သူတွေသုံးသင့်လဲဆိုရင် ချွေးပေါက်အရမ်းကျယ်တဲ့သူတွေ အသားအရေကတင်းရင်းမှူမရှိပဲ အရေးအကြောင်းတွေရှိနေတဲ့သူတွေ brakeout ခဏခဏထွက်ပြီး ဝက်ခြံအမာရွတ်အမဲစက်တွေများနေတဲ့ သူတွေ skin texture smooth မဖြစ်တဲ့သူတွေ သူ့ကို သုံးသင့်တယ်။ တခြား retinol တွေက results ပြတာကြာလို့ results မြန်မြန်သိသာတာမျိုး လိုချင်ရင်လည်း သူ့ကိုသုံးလို့ရတယ်။ အသက် 25 ကျော်ပြီဆိုရင်တော့ သူ့ကို စသုံးကြည့်ဖို့ ကျွန်တော်ကတော့ recommend ပေးပါတယ်။ ကျွန်တော်သူ့ကို ဘယ်လိုသုံးလဲဆိုရင် ညဘက် double cleansing လုပ် ပြီး toner step ပြီးရင် သူ့ကို ပဲစေ့ပမာဏလောက်ပဲ လိမ်းပါတယ် ပြီးရင်တော့ hyaluronic moisturizer လိမ်းပြီးအိပ်ပါတယ်။ သူ့ Retinol Shot Serum ကိုလည်း ဝယ်ထားပေမယ့် burn ဖြစ်မှာစိုးလို့ တွဲတော့မသုံးဖြစ်ဘူး။ ဒီ retinal shot ကို ဝယ်ချင်ရင်တော့ Celimax Myanmar မှာမေးဝယ်လို့ရပါတယ်။ ကျွန်တော်သွားဝယ်တော့ stock က မရှိတော့ဘူး :3

Photos from Beauty Recipes's post 02/08/2026

💋 Etude Fixing Matte Tint 💋
နှုတ်ခမ်းပေါ်တင်လိုက်တာနဲ့ Soft Matte look လေးရပြီး
ပေါ့ပါးသက်တောင့်သက်သာနဲ့ တစ်နေ့လုံးလှနေစေမယ့် Lip Tint လေးပါ
✨ အားသာချက်များ
🌸 Long Lasting ဖြစ်တယ်
🌸 Lightweight Texture – စေး"ကပ်"ကြီးဖြစ်မနေပါဘူး
🌸 နှုတ်ခမ်းခြောက်သလို မထင်စေတဲ့ Soft Matte type
🌸 Color လှလှလေးနဲ့ Daily Look အတွက်လည်းလိုက်ဖက်တယ်
🌸 Layer ထပ်ဆိုးလည်း မထူဘဲ သဘာဝဆန်ဆန်လှနေစေတယ်
💖 Matte Lip ကိုကြိုက်တဲ့သူတွေအတွက် အရမ်းကိုအဆင်ပြေတဲ့ lip stickလေးပါနော်

Photos from Beauty Recipes's post 02/08/2026

🫧 Innisfree Volcanic BHA Pore Cleansing Foam 🤍
ချွေးပေါက်ထဲက အညစ်အကြေးနဲ့ အဆီပိုတွေကြောင့် အသားအရေမွဲပြီး ဝက်ခြံထွက်လွယ်နေလား? 👀
ဒီ Cleanser လေးနဲ့ နေ့စဉ်သုံးပေးလိုက်ရင် အသားအရေက ကြည်လင်သန့်ရှင်းစေမှာပါ
🌋 Volcanic Clusters – အဆီပိုနဲ့ အညစ်အကြေးတွေကို Deep Cleansing လုပ်ပေးတယ်
🫧 BHA ပါဝင်မှု – ချွေးပေါက်အတွင်းပိုင်းအထိ သန့်စင်ပေးပြီး Blackheads / Whiteheads တွေကို လျော့ပါးစေတယ်
💚 Pores Care – ချွေးပေါက်သန့်ရှင်းပြီး အသားအရေကို ကြည်လင်စေတယ်
✨ Rich Foam Texture – နူးညံ့တဲ့အမြှုပ်လေးနဲ့ မျက်နှာကို သန့်ရှင်းလန်းဆန်းစေတယ်
✔️ အဆီပြန်အသားအရေ
✔️ Combination Skin
✔️ ချွေးပေါက်ကျယ်ပြီး Blackheads ဖြစ်လွယ်သူများအတွက် အထူးသင့်တော်ပါတယ် 💚

Photos from Beauty Recipes's post 01/08/2026

💗 Pores Care ကို Step by Step ပြီးပြည့်စုံစေမယ့်

🌸SKIN1004 Poremizing Collection 🌸

Step အလိုက်အသုံးဝင်ပုံလေးတွေရေးပေးထားပါတယ်ရှင့်💯

🌸 STEP 1 – Deep Cleansing Foam 🫧
🩷 အဆီ၊ အညစ်အကြေးတွေကို နက်ရှိုင်းစွာသန့်စင်ပေးတယ်
✨ Pores အတွင်းက အညစ်အကြေးနဲ့ Excess Oil ကို သေချာဖယ်ရှားပေးတယ်
💗 Skin ကို ခြောက်မသွားဘဲ စို"အိ"လေးဖြစ်စေပါတယ်
🌿 Centella ပါဝင်လို့ Sensitive Skin အတွက်လည်း အသုံးပြုလို့ရတယ်
-----------------------------------------
🌸 STEP 2 – Poremizing Clear Toner 💦
🩷 Pores ကို သန့်စင်ပြီး အသားအရေကို ညီညာစေမယ့် Toner
✨ ကျန်ရှိနေတဲ့ အညစ်အကြေးတွေကို ထပ်မံဖယ်ရှားပေးတယ်
🌿 ချွေးပေါက်ကျယ်တာကို ထိန်းညှိပေးပြီး Skin Texture ကို ချောမွေ့စေတယ်
💧 ရေဓာတ်ဖြည့်ပေးလို့ အသားအရေ စိုပြည်လန်းဆန်းနေစေတယ်
🤍 Serum စိမ့်ဝင်အားကိုလည်း ပိုကောင်းစေပါတယ်
---------------------------------------
🌸 STEP 3 – Fresh Ampoule ✨
🩷 Pores Care နဲ့ Hydration ကို တစ်ပြိုင်တည်းပေးမယ့် Ampoule!
💗 ချွေးပေါက် ကျယ်တာကို သက်သာအောင် ကူညီပေးတယ်
💧 Lightweight Texture ဖြစ်လို့ စေးကပ်မှုမရှိဘဲ စိမ့်ဝင်မြန်တယ်
✨ အသားအရေကို ကြည်လင်ချောမွေ့ပြီး Healthy Glow ရစေတယ်
--------------------------------------------
🌸 STEP 4 – Light Gel Cream 🤍
🩷 ရေဓာတ်ကို ဖြည့်ပေးပြီး ချွေးပေါက်ကျယ်တာကို အဆုံးသတ်ပေးမယ့် Gel Cream!
💧 Moisture ဖြည့်ပေးပြီး အဆီမပြန်ပါဘူး
🌿 Gel Texture လေးဖြစ်လို့ ပေါ့ပါးပြီး စေးကပ်မှုမရှိဘူး
✨ Skin Barrier ကို ထိန်းသိမ်းပေးပြီး အသားအရေ နူးညံ့စေတယ်
🤍 Daily အသုံးပြုဖို့ အရမ်းအဆင်ပြေတယ်
🩷မိတ်ကပ်လိမ်းရင်လည်းကွက်တာတွေမရှိတော့ပါဘူး
---------------------------------------------
🌸 STEP 5 – Sunscreen ☀️🩵
☀️ SPF နဲ့ PA ကာကွယ်မှုကြောင့် UVA/UVB Rays ကို ထိရောက်စွာ ကာကွယ်ပေးတယ်
💧 အသားအရေကို စိုပြေစေပြီး နေ့လယ်ပိုင်းအထိ ကြည်"စို"လေးဖြစ်စေပါတယ်
✨ နေလောင်ခြင်း၊ အသားအရေမညီခြင်းနဲ့ Dark Spots ဖြစ်လာတာကို ကူညီကာကွယ်ပေးတယ်
🤍 မိတ်ကပ်အောက်ခံအဖြစ်လည်း အသုံးပြုလို့ရပြီး နေ့တိုင်း မဖြစ်မနေ လိမ်းသင့်တဲ့ နောက်ဆုံး Step လေးပါ 🌿☀️

Photos from Beauty Recipes's post 01/08/2026

💙 Isntree Hyaluronic Acid Watery Sun Gel SPF50+ PA++++
✨ SPF50+ PA++++ နဲ့ UVA/UVB ကို ထိရောက်စွာကာကွယ်ပေးတယ်
✨ Hyaluronic Acid 8 မျိုးပါဝင်လို့ အသားအရေကို ရေဓာတ်အပြည့်အဝဖြည့်ပေးပါတယ်
✨ Watery Gel Texture ဖြစ်လို့ လိမ်းရတာ ပေါ့ပါးပြီး စေးကပ်မှုမရှိဘူး
✨ ဖြူတာ ပြာတာတွေ မကျန်ဘဲ သဘာဝအတိုင်းလှပတဲ့ look ရစေတယ်
✨ Makeup အောက်ခံအဖြစ်လည်း အသုံးပြုလို့ကောင်းတယ်
✨ Dry Skin, Combination Skin နဲ့ Sensitive Skin တွေအတွက်လည်း သင့်တော်ပါတယ်
💙 နေ့တိုင်း Sunscreen လိမ်းတာက အသားအရေကို UV ဒဏ်၊ အမည်းစက်နဲ့ အိုမင်းရင့်ရော်မှုကနေ ကာကွယ်ဖို့ အရေးကြီးဆုံး Step ပါ

Photos from Beauty Recipes's post 01/08/2026

𝗗𝗿 .𝗚 𝗥𝗲𝗱 𝗕𝗹𝗲𝗺𝗶𝘀𝗵 𝗖𝗹𝗲𝗮𝗻𝘀𝗶𝗻𝗴 𝗙𝗼𝗮𝗺

sensitive skin ဝက်ခြံ သမား တွေသုံးကိုသုံးသင့်တဲ့
ကိုရီးယားအရေပြားဆရာဝန်တွေထုတ်ထားတဲ့ Cleanser လေးနောိ 🫶

💚️ ဝက်ခြံ သမားတွေအတွက်အရှင်းပျောက်တယ်
အမာရွတ် အမဲစက် နဲ့ ချွေးပေါက်ကျယ် ချိုင့်ခွက်တွေပါပျောက်စေတယ်

💚️ နီရဲရောင်ရမ်းနေတဲ့ အသား ချက်ချင်းသက်သာတယ်

💚️ ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ အဆီ အညစ်ကြေးတွေနဲ့ Dead Cells တွေကို အတွင်းပိုင်းထိ ဖယ်ရှားပေးနိုင်လို့မျက်နာလေးချောမွတ်ပီး Hydrating effect ပါလို့ စိုဝင်းကြည်လင်စေတယ်

💚️ PH Balancing ဖြစ်တာကြောင့် မျက်နှာအတွင်းပိုင်းထိ ဖုန်မှုန့်အညစ်အကြေးနဲ့ မိက်ကပ်အကြွင်းအကျန်တွေကိုသန့်စင်ပေးနိုင်ရုံသာမက အဆီပြန်တာ အသားအရမ်းခြောက်တာတွေကို ထိန်းညှိပေးနိုင်ပါတယ်

Photos from Beauty Recipes's post 01/08/2026

𝗛𝗮𝘁𝗼𝗺𝘂𝗴𝗶 𝗖𝗹𝗲𝗮𝗻𝘀𝗶𝗻𝗴 𝗢𝗶𝗹 instock ရောက်ထားပါပြီရှင် 💞

🩵No fragrance မလို့ all skin types သုံးလို့ရပြီး sensitive skin တွေထိကို သုံးလို့ရပါတယ်

🩵 Light weightဖြစ်ပြီး အဆီမပြန် မစေးကပ်တာမို့ ဝက်ခြံ အဆီဖုသမားတွေ သုံးလို့အဆင်ပြေပါတယ်

🩵ရေစိုခံပြီး ဖျက်ရခက်တဲ့ water proof make up, eyeliner တွေကို အလွယ်တကူ ဖျက်လို့ရတယ်နော်

🩵aloe vera and coix seed extract တွေအဓိကပါဝင်လို့ချွေးပေါက်အတွင်းရှိ အဆီအခဲ အညစ်အကြေးတွေကို သန့်စင်ပေးပြီး ချွေးပေါက်လဲ ကျဉ်းစေပါတယ်

🩵အသားရေကို ရေဓာတ် ပြန်ဖြည့်ပေးတာမို့ smoothဖြစ်စေပါတယ် သုံးပြီးရင် ခြောက်ခြောက်ကြီးမကျန်ခဲ့ဘဲ စိုစို‌ပြေပြေလေးဖြစ်စေပါတယ်

💯 𝗔𝘂𝘁𝗵𝗲𝗻𝘁𝗶𝗰
𝗗𝗶𝗿𝗲𝗰𝘁 𝗙𝗿𝗼𝗺 𝗝𝗮𝗽𝗮𝗻 🇯🇵
crd

01/08/2026

📌 ချိုင်းဖြူချင်တဲ့သူတွေ အတွက်ပါ။

▫️Private area မဲတယ်ဆိုတာ dead skin cells တွေ အရမ်းစုပုံပြီး build up ဖြစ်နေလို့ ခွါချ , ဖျော်ချ ဖို့ လိုပါတယ်။
ကြိုက်ရာ exfoliation method တစ်ခုသုံးပါ။
Body မှာ သုံးနေတဲ့ coffee scrub နဲ့လဲရပါတယ်။ နူးညံ့ငြင်သာစွာ တစ်ပတ်၂ကြိမ် ပွတ်တိုက်ပေးပါ။ Dead skin cells တွေ barrier မထိခိုက်ပဲ ဖျော်ချဖျက်စီးပေးတဲ့ The ordinary glycolic toner တစ်ပတ် တစ်ကြိမ် / နှစ်ကြိမ် ညဘက် သုံးပါတယ်။ cotton pad ထဲ ပမာဏ အနည်းငယ် ထည့်ပြီး အသာအယာ ပွတ်တိုက်ပေးတယ်။ လောင်မှာကြောက်ရင် ရေဆေးချပါ။ Leave on ထားရင် ပိုထိရောက်ပါတယ်။

▫️Treatment cream တစ်ခုခုလိမ်းပါ။
ကြိုက်ရာ ဂျိုင်းဖြူ cream , ဟိုဖြူ ဒီဖြူ cream လိမ်းလို့ရပါတယ်။ စိတ်ချရဖို့ နဲ့ ပစ္စည်းသန့်ဖို့ လိုပါတယ်။
ပုံမှန်အားဖြင့် အချိန်တိုတွင်း ဖြူပါတယ်ဆိုတဲ့ ကောင်တွေက active ပြင်းအား တစ်ခုထိ ထည့်ထားတတ်လို့ ပြန်မလိမ်းတော့ရင် မဲတာ , လိမ်းပြီးမှ ချိုင်းအသားရေ ပြောင်းလဲတာ ပိုမဲတာ ဖြစ်တတ်ပါတယ်။ ချိုင်းသားကို Exfoliation လုပ်ထားတဲ့ ညတွေမှာ roll on / deodorant တွေမသုံးစေချင်ပါ။ ချိုင်းသား လောင်တတ်ပါတယ်။
အားဖြည့် cream တစ်ခုခု ပေါ့ ။ အရမ်းကို mild ဖြစ်တဲ့ moisturizer ဆို လဲ ရပါတယ်။ မင်တေဇကတော့ Mild and Effective ဖြစ်ပြီး အသားရေကို brightening ဖြစ်စေတဲ့ , darken area တွေတွက် Target ထားတဲ့ Scrub house သုံးပါတယ်။ ဒီကောင့်ကို မင် Review ပေးတာ ဒီတစ်ခါနဲ့ဆို 3 ကြိမ် မြောက်ပါ။

▫️နေ့ဘက် ကို ချိုင်းနံ့ ထိန်းချင်ပြီး shaving လုပ်နေကျ / waxing လုပ်နေကျ ချိုင်းလေး မွှေးပြီး မမဲအောင် / ချွေးအးမ်း မထွက်အောင် Dove ultimate repair darkmarks corrector deodorant သုံးဖြစ်ပါတယ်။ ချိုင်းနံ့ မထွက်ချင် ရေမွှေး , body mist နဲ့ ဖုံးမယ့်အစား Roll on / Deodorant တစ်ခုခု သေချာ သုံးပါ။ ကြိုက်ရာ သုံးပါ။

‼️ကျောက်ချဉ်သွေးလိမ်းတာ က ကောင်းတယ်။ ဒါပေမယ့် ပမာဏ အတိအကျ ဘယ်လောက်သုံးရမယ်ဆိုတာ စိတ်မှန်းက လက်တွေ့မကျလို့ ချိုင်းနုနုမှာသုံးမိတဲ့ခါ လောင်တတ်ပါတယ်။ ကွက်တတ်ပါတယ်။ အရေပြားပြောင်းသွားတတ်ပါတယ်။

➡️ ပေးချင်တဲ့ message လိုရင်းက မဲတဲ့နေရာကို ဖြူချင်/ အရောင်ညီချင်ရင် exfoliation + nourishing + protection method တိုင်း သွားပါ။

🫶🏻 တစ်ခုခုသိချင်တာရှိ Cmt မှာ စာချန်ခဲ့နော်။ ကောင်းသောညပါဗျာ။

3 ခုလုံး ဆိုင်/ OS နေရာတော်တော် များများမှာ ဝယ်လို့ရတယ်နော် ။

Photos from Beauty Recipes's post 01/08/2026

✨Korea Brand MEDIHEAL Sheet Mask လေးတွေ instockပါရှင့်✨

1ပတ်မှာ 2ကြိမ်လောက်သုံးပေးသင့်ပါတယ်ရှင့်
Dailyသုံးနေတဲ့ Skin effect တွေ မထိရောက်ဘူးဆိုရင် Maskကို ကပ်ပေးသင့်ပါတယ် 💯💯

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon