Vibrantia Myanmar

Vibrantia Myanmar

Share

Collect Moments, Collect Scents

12/08/2026

တစ်ယောက်က လွတ်လပ်တဲ့လေဆို တစ်ယောက်က အေးချမ်းတဲ့ရေ 🏝️🌊

စုံတွဲတိုင်းမှာ တူညီတဲ့အချက်တွေရှိသလို၊ တစ်ယောက်ရဲ့ လိုအပ်ချက်ကို နောက်တစ်ယောက်က အားဖြည့်ပေးတဲ့ မတူညီတဲ့ ဆွဲဆောင်မှုလေးတွေလည်း ရှိတတ်ကြပါတယ်။

တစ်ယောက်က ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့သူ၊ နောက်တစ်ယောက်ကတော့ အရာရာကို အနုပညာဆန်ဆန် ခံစားတတ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ အေးချမ်းတဲ့သူမျိုးပေါ့။

လွတ်လပ်တဲ့လေ နဲ့ အေးချမ်းတဲ့ရေ ပေါင်းစပ်သွားသလို သဘာဝအကျဆုံး လိုက်ဖက်ညီတဲ့ ဒီလိုစုံတွဲလေးတွေအတွက်... Vibrantia ရဲ့ Perfect Scent Combo လေးတစ်ခုကို ညွှန်းပေးပါရစေ။ 🥂

🏝️ For Him (Bali):
အမျိုးသားအတွက်ကတော့ Yuzu နဲ့ Lemon ရဲ့ လတ်ဆတ်မှုတွေအပြည့်ပါတဲ့ Bali ကို ရွေးချယ်ပါ။ သူက ဘာကိုမှ သက်သေပြနေစရာမလိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ Sporty ဖြစ်ပြီး Carefree ဖြစ်တဲ့ ကောင်လေးတွေရဲ့ လွတ်လပ်ပေါ့ပါးတဲ့ ပင်ကိုယ်စရိုက်ကို ကိုယ်စားပြုပါတယ်။ ပင်လယ်ကတိုက်ခတ်လာတဲ့ လေနုအေးလေးလို ဘေးနားကလူကိုပါ လန်းဆန်းသွားစေတဲ့ ခံစားချက်မျိုးပေါ့။

🛶 For Her (Venice):
သူ့ဘေးနားက အမျိုးသမီးအတွက်ကတော့ Sage နဲ့ Sea Salt တို့ရဲ့ သိမ်မွေ့တဲ့ Venice လေးက အလိုက်ဖက်ဆုံးပါ။ တိတ်ဆိတ်အေးချမ်းပြီး အနုပညာဆန်တဲ့ Dreamy Vibe ကို ပေးစွမ်းလို့၊ လှုပ်ရှားနေတဲ့ ကမ္ဘာကြီးထဲမှာ ငြိမ်သက်နေတဲ့ ရေပြင်ကျယ်ကြီးလို အေးချမ်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံရိပ်ကို အသက်ဝင်စေပါတယ်။

လွတ်လပ်တက်ကြွတဲ့ Bali ရဲ့ လေပြေလေးနဲ့၊ တည်ငြိမ်အေးချမ်းတဲ့ Venice ရဲ့ ရေပြင်လေး တွေ့ဆုံသွားတဲ့အခါ... ကြည့်လိုက်တာနဲ့တင် မျက်စိအေးပြီး သဘာဝအကျဆုံး လိုက်ဖက်ညီနေတဲ့ စုံတွဲလေးတစ်တွဲကို မြင်တွေ့ရမှာ သေချာပါတယ်။ 🤍

Collect Moments, Collect Scents.

10/08/2026

ရန်ကုန်မှာမိုးရွာနေတုန်း ဘာလီကို ခနသွားလို့ရတယ်ဆိုယုံမလား 🏝️🌧️

ရန်ကုန်ရဲ့ မိုးတွင်းဆိုတာ သိတဲ့အတိုင်းပဲ... ကားပိတ်တာတွေ၊ အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးရယ်၊ နေ့တိုင်း ထီးလေးဆောင်းပြီး သွားလာလှုပ်ရှားရတဲ့ ပင်ပန်းမှုတွေကြောင့် စိတ်တွေ ရှုပ်ထွေးပြီး တစ်နေရာရာကို ခဏလောက်ပဲဖြစ်ဖြစ် ထွက်ပြေးချင်စိတ် ပေါက်လာတတ်တယ်မလား။

ဒီလို အိုက်စပ်ပိတ်လှောင်နေတဲ့ မြို့ပြရဲ့ ဆူညံမှုတွေကြားထဲမှာ Vibrantia ရဲ့ Bali လေး တစ်ချက်လောက် ဆွတ်လိုက်တာနဲ့... သင့်ကို လွတ်လပ်တဲ့ ကမ်းခြေတစ်ခုဆီ (၅) စက္ကန့်အတွင်း ချက်ချင်း ခေါ်ဆောင်သွားသလို ခံစားရမှာပါ။

Yuzu နဲ့ Lemon ရဲ့ လတ်ဆတ်တက်ကြွတဲ့ ရနံ့လေးက မျက်နှာကို ဖြတ်တိုက်သွားတဲ့ ပင်လယ်လေနုအေးလေးလိုပဲ လူကို ချက်ချင်း လန်းဆန်းသွားစေတာပါ။ ခေါင်းထဲမှာ ရှုပ်ယှက်ခတ်နေတဲ့ အတွေးတွေအကုန်လုံး ရှင်းထွက်သွားပြီး၊ "ဘာမှ ထပ်စဉ်းစားမနေတော့ဘူး" ဆိုပြီး ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ် နေလိုက်ချင်တဲ့ Vibe မျိုးပေါ့။ 🌊

ခရီးသွားဖို့ အချိန်မပေးနိုင်ရင်တောင် စိတ်အပန်းဖြေစရာ နေရာလေးတစ်ခုကို ရနံ့ကနေတစ်ဆင့် ကိုယ့်ဆီ တိုက်ရိုက်ရောက်လာအောင် ဖန်တီးလို့ရပါတယ်။ အထူးသဖြင့် Sporty ဖြစ်ပြီး Carefree ဖြစ်တဲ့ ပင်ကိုယ်စရိုက်ရှိသူတွေအတွက်တော့ ဒီရနံ့လေးက မိုးရာသီရဲ့ မှိုင်းညို့ညို့ နေ့ရက်တွေထဲက အကောင်းဆုံး လွတ်မြောက်ရာလမ်းလေးတစ်ခု ဖြစ်လာပါလိမ့်မယ်။ ☀️

Collect Moments, Collect Scents.

09/08/2026

Terminal M မှာ Vibrantia Perfume တွေ ရနေပါပြီ ခင်ဗျာ 🤎😍🫶🏾

Ocean Super Center ထဲက Roll on တန်းတွေနားမှာ ရှိပါတယ်နော် 🥰

📍 Vibrantia Perfume တွေကို Ocean Super Market ဆိုင်ခွဲတွေတိုင်း ၊ Marketplace ဆိုင်ခွဲတွေတိုင်း ၊ City Mart ဆိုင်ခွဲတွေ ၊ 119 ဆိုင်ခွဲတိုင်း ၊ Medicare ဆိုင်ခွဲတွေ တိုင်း ရနေပါပြီ 📢📢📢




#ရေမွှေး

Photos from Vibrantia Myanmar 's post 08/08/2026

ရနံ့တွေက ဖန်တီးပေးတဲ့ အမှတ်တရများ 🕰️✨

မိုးဦးကျစ မြေသင်းနံ့လေးရလိုက်တဲ့အခါ ကလေးဘဝက မိုးရေထဲဆော့ခဲ့တဲ့ အချိန်တွေကို ချက်ချင်းသတိရသွားတာမျိုး၊ ဒါမှမဟုတ် အိမ်မှာ ထမင်းအိုးပွက်ပွက်ဆူလာတဲ့ အနံ့လေးရတဲ့အခါ ညနေဘက် မိသားစုစုံစုံလင်လင် ထမင်းဝိုင်းလေးကို မျက်စိထဲ ပြေးမြင်သွားတာမျိုး... ဒီလို အခိုက်အတန့်လေးတွေကို ကြုံဖူးကြမှာပါ။ ရနံ့တစ်ခုက ကိုယ့်ကို အတိတ်က အချိန်တစ်ခုဆီ ချက်ချင်း ခေါ်ဆောင်သွားနိုင်စွမ်း ရှိပါတယ်။

တကယ်တော့ ဒါဟာ တိုက်ဆိုင်မှုသက်သက် မဟုတ်ဘဲ သိပ္ပံနည်းကျ အကြောင်းပြချက်တစ်ခု ရှိနေပါတယ်။ အမြင်အာရုံ၊ အကြားအာရုံတွေကနေ ဝင်လာတဲ့ အချက်အလက်တွေက ဦးနှောက်ရဲ့ ကြားခံနယ်တစ်ခုဖြစ်တဲ့ Thalamus ဆိုတဲ့အပိုင်းကို အရင်ဖြတ်ရပါတယ်။ ဒါပေမဲ့ အနံ့အာရုံကတော့ ဘယ်ကြားခံကိုမှ မဖြတ်ဘဲ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုနဲ့ မှတ်ဉာဏ်တွေကို ထိန်းချုပ်တဲ့ Amygdala နဲ့ Hippocampus အစိတ်အပိုင်းတွေဆီကို တိုက်ရိုက် သွားရောက်ချိတ်ဆက်တာပါ။ ဒါကြောင့်ပဲ ရနံ့နဲ့ ပတ်သက်လာရင် ကျွန်တော်တို့ရဲ့ ခံစားချက်တွေက ပိုပြီး နက်ရှိုင်းမြန်ဆန်နေတာပေါ့။

ဒီအချက်ကို ကောင်းကောင်းနားလည်ထားတဲ့ Vibrantia အတွက်တော့ ရေမွှေးဆိုတာ မွှေးရုံသက်သက် ဖန်တီးထားတဲ့ အရည်တစ်မျိုး မဟုတ်ပါဘူး။ ကိုယ်ဖြတ်သန်းသွားမယ့် နေ့ရက်တွေ၊ သွားရောက်မယ့် နေရာဒေသတွေနဲ့ အဖိုးတန်တဲ့ အခိုက်အတန့်တိုင်းကို ထာဝရ သိမ်းဆည်းထားပေးမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ Time Machine တစ်ခုပါ။

သင်ချစ်ရတဲ့သူတွေနဲ့ ဖြတ်သန်းမယ့် အချိန်လေးတွေမှာ သင့်ရဲ့ ကိုယ်ပိုင် Vibrantia ရနံ့လေးကို အဖော်ပြုခေါ်ဆောင်သွားလိုက်ပါ။ နောင်တစ်ချိန် ဒီရနံ့လေးကို ပြန်ရလိုက်တိုင်း... အဲဒီနေ့က အပြုံးတွေ၊ ရင်ခုန်သံတွေနဲ့ ကြည်နူးမှုတွေက သင့်ဆီကို အသက်ဝင်စွာ ပြန်လည်ရောက်ရှိလာမှာ အသေအချာပါပဲ။ 🤍

Collect Moments, Collect Scents.

Photos from Vibrantia Myanmar 's post 08/08/2026

ချစ်ရတဲ့ Customer လေးတွေဆီကနေ ရရှိထားတဲ့ တန်ဖိုးရှိလှတဲ့ ရင်တွင်းစကားသံလေးတွေနဲ့ Feedback လေးတွေကို ဖတ်ရတိုင်း ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေအတွက် ပင်ပန်းသမျှ အကုန်ပြေရပါတယ် 🤍✨

Vibrantia ရဲ့ ရနံ့လေးတွေနဲ့အတူ နေ့ရက်တိုင်းကို အထူးခြားဆုံး Moment တွေအဖြစ် ဖန်တီးဖြတ်သန်းနေကြတဲ့ Customer လေးတွေအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

"Collect Moments, Collect Scents." 🕊️

05/08/2026

🤎🤎🤎

Mandalay အိမ်မှာ လက်ရှိ သုံးနေတဲ့ Perfume တွေ
Yangon အိမ်မှာလည်း တချို့တဝက် ထားရသေးတယ်

ဟိုဘက်နေလိုက် ဒီဘက်နေလိုက်နဲ့ဆိုတော့ သွားလေရာ Perfume သယ်ရတဲ့ ကိစ္စကလည်း ပေါ့သေးသေးမဟုတ် ကွဲမှာကြောက်တာ

ဘာမှမဟုတ်ပါဘူး ဒီတိုင်း ရှိတာလေး လာကြွားတာ 🤭

05/08/2026

စုံတွဲတိုင်းမှာ ကိုယ်ပိုင်ထူးခြားတဲ့ Dynamics လေးတွေ ရှိကြတာကို... သတိထားမိဖူးလား? တစ်ယောက်က အရာရာကို ယုံကြည်မှုရှိရှိ ဦးဆောင်နိုင်တဲ့ Powerful ဖြစ်တဲ့ အရှိန်အဝါရှိပြီး၊ နောက်တစ်ယောက်ကတော့ ဘေးနားကနေ ချိုမြိန်တဲ့ အပြုံးလေးတွေနဲ့ သူ့ရဲ့ကမ္ဘာကြီးကို လင်းလက်သွားစေတဲ့ Romance Vibe အပြည့်ရှိတဲ့ စုံတွဲမျိုးလေ။

ဒီလို "ခမ်းနားမှု" နဲ့ "ချိုမြိန်မှု" ဆန့်ကျင်ဘက် အလှတရားနှစ်ခု ပေါင်းစပ်ထားတဲ့ စုံတွဲတွေအတွက်... ပွဲတက်တွေ၊ Date Night တွေမှာ လူတိုင်းငေးကြည့်ရလောက်မယ့် Vibrantia ရဲ့ Perfect Scent Combo လေးတစ်ခုကို ညွှန်းပေးပါရစေ။ 🥂

👑 For Him (Dubai):
အမျိုးသားအတွက်ကတော့ VIP ပွဲတွေမှာပဲဖြစ်ဖြစ်၊ ညဘက် Dinner ပွဲတွေမှာပဲဖြစ်ဖြစ် အာရုံစိုက်ခံရမယ့် Dubai ကို ရွေးချယ်ပါ။ သဘာဝ သစ်မွှေး (Oud) နဲ့ Bulgarian Rose ရဲ့ နက်ရှိုင်းတဲ့ရနံ့က ခမ်းနားထည်ဝါပြီး (Luxury Empowerment)၊ ကိုယ့်ကောင်မလေးကို အနွေးထွေးဆုံး အကာအကွယ်ပေးနိုင်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အရှိန်အဝါကို ရရှိစေမှာပါ။

🗼 For Her (Paris):
သူ့ဘေးနားက အမျိုးသမီးအတွက်ကတော့ Paris ရဲ့ အချိုမြိန်ဆုံး ရနံ့လေးက အလိုက်ဖက်ဆုံးပါပဲ။ Passionfruit နဲ့ Big Strawberry တို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ အဖွင့်ရနံ့လေးက First-love sweetness (ပထမဆုံးအချစ်ရဲ့ ချိုမြိန်မှု) ကို ခံစားရစေပြီး၊ အနားမှာရှိနေသူကိုပါ ရင်ခုန်ကြည်နူးသွားစေမယ့် ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ Vibe မျိုးပေါ့။

Dubai ရဲ့ ခမ်းနားတဲ့ အရှိန်အဝါနဲ့ Paris ရဲ့ ချိုမြိန်တဲ့ ရိုမန်တစ်ဆန်မှုတို့ ပေါင်းစပ်သွားတဲ့အခါ... ကြည့်လိုက်တာနဲ့ အားကျရလောက်မယ့် Perfect Couple တစ်တွဲရဲ့ အလှတရားက ပိုမိုအသက်ဝင်သွားမှာ အသေအချာပါပဲ။ ✨

Collect Moments, Collect Scents.

04/08/2026

မိုးရာသီနဲ့ ရှယ် လိုက်ဖက်နေတဲ့ ရနံ့တွေ 🤎

မိုးရွာပြီဆို ရေလေးချိုးပြီး ဒီ၃မျိုးလေး စွတ်လိုက်ရမှ…
Made in Burma (Myanmar) ရေမွှေးတွေနော်
အနံ့တွေက အထင် စမော လို့ လုံးဝ မရဘူး။

မြန်မာပြည်ရဲ့ ပထမဆုံး သစ်မွှေးရေမွှေးရယ်
Boozy ရေမွှေး နဲ့
Amber ကောင်းကောင်းလေး ရယ်
ရှယ်ပဲ ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Https://maps. Apple. Com/maps?q=16. 897065, 96. 185153
Yangon