Carry your Mind
Handpainted Tote bag
19/06/2026
Carry your mind က အိတ်တစ်လုံးချင်းစီတိုင်းက Printing လုပ်ထားတဲ့ Design တွေလား...🤔
စုတ်တံ တစ်ချက်ချင်းစီနဲ့ ပုံဖော်ထားတဲ့ Hand-Painted Art Piece လေးတွေပါ။ 💙💛
🌿 Eco-Friendly Cotton Tote Bag
🎨 100% Hand Painted
🚫 No Printing, No Mass Production
✨ Every Bag is Unique
နေ့စဉ်သုံးဖို့ပဲဖြစ်ဖြစ်...
ရုံးသွားရုံးပြန်...
ကျောင်းသွားကျောင်းပြန်ပဲဖြစ်ဖြစ်
Outfit လေးတွေကို ပိုထူးခြားစေဖို့ပဲဖြစ်ဖြစ် Carry Your Mind ရဲ့ Tote Bag လေးတွေက သင့်ရဲ့ Personality ကို ပေါ်လွင်စေမှာပါ။
"Not just a tote bag, but a piece of art you can carry."
📩 Order now via Messenger
16/06/2026
🌿🎁 GIVEAWAY TIME! 🎁🌿
သဘာဝကိုချစ်တဲ့သူတွေအတွက် Carry Your Mind ရဲ့ Eco Bag Giveaway လာပါပြီ 💚
Eco-friendly lifestyle ကို စတင်ဖို့ အကောင်းဆုံးနည်းလမ်းက Reusable Bag တစ်လုံးနဲ့ စတာပါပဲ 🌎✨
ပါဝင်ဖို့ လွယ်လွယ်လေး👇 💚 Like ဒီ Post ကို နှိပ်ပါ
💬 သင့်ရဲ့ Favorite Eco Habit လေးကို Comment မှာ ရေးပေးပါ
📲 Post ကို Share ပြီး Story မှာ Tag ပေးပါ
🎉 Winner (1) ယောက်ကို Eco Bag လေး လက်ဆောင်ပေးသွားမှာပါ
"Simple Choice, Better Earth." 🌱
ဒီနေ့ရဲ့ သေးငယ်တဲ့ရွေးချယ်မှုက မနက်ဖြန်ရဲ့ ပိုကောင်းတဲ့ကမ္ဘာကြီးကို ဖန်တီးပေးနိုင်ပါတယ် 💚
📅 Giveaway winner လေးတစ်ယောက်ကိုတော့ တစ်ပတ်အတွင်းမှာ ကြေငြှာပေးပါမယ်ရှင်...🩵
ညီမတို့ရဲ့ TikTok acc လေးကိုလည်း follow လုပ်ပေးခြင်းအားဖြင့် support လုပ်ပေးသွားပါဦးနော်...
tiktok.com/
🌿💚
10/06/2026
စိတ်လှုပ်ရှားစရာ DIY Tote Bag လေးတွေနဲ့အတူ သင့်စိတ်ကူးလေးတွေကို လွတ်လပ်စွာ ခြယ်မှုန်းဖို့ အချိန်တန်ပြီနော်! ✨
🎨 Carry Your Mind DIY Tote Bag – Now Available at Untitled Space Floral & Cafe! ☕🌸
အမြဲတမ်း တစ်ပုံစံတည်းဖြစ်နေတဲ့ အိတ်တွေ သုံးရတာ ပျင်းနေပြီလား?
ကိုယ်တိုင် ဖန်တီးထားတဲ့ unique ဖြစ်တဲ့ အိတ်လေးတစ်လုံးနဲ့အလှပြင်ပြီး အပြင်ထွက်ရတဲ့ ခံစားချက်က တကယ်ကို ထူးခြားနေမှာပါ…
အခုဆိုရင် လူငယ်တွေကြားထဲမှာ အရမ်း trendy ဖြစ်ပြီး စိတ်အပန်းပြေစေမယ့် "Carry Your Mind" DIY Tote Bag လေးတွေကို Untitled Space Floral & Cafe မှာ တိုက်ရိုက် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေရှင့်။ 🥰
✨ ဒီ DIY Tote Bag လေးမှာ ဘာတွေထူးခြားလဲ?
➡️ကိုယ်တိုင် ဖန်တီးခွင့် (Your Canvas, Your Rules): အိတ်ပေါ်မှာ ကိုယ်ကြိုက်တဲ့ စာသား၊ ပန်းချီရုပ်ပုံ ဒါမှမဟုတ် စိတ်ကူးထဲက icon လေးတွေကို ကိုယ်တိုင် စိတ်ကြိုက် ခြယ်မှုန်းပုံဖော်နိုင်ပါတယ်။
➡️High-Quality Material: ရေရှည်အသုံးခံပြီး အသားကောင်းမွန်တဲ့အတွက် စာအုပ်၊ iPad နဲ့ တစ်နေ့တာလိုအပ်တဲ့ ပစ္စည်းတွေကို စိတ်ချလက်ချ ထည့်သွားလို့ရပါတယ်။
➡️Perfect Gift Idea: ကိုယ်တိုင်သုံးဖို့တင်မကဘဲ ကိုယ့်ရဲ့ ချစ်ရသူတွေ၊ သူငယ်ချင်းတွေကို ကိုယ်တိုင်လုပ်ပေးတဲ့ အမှတ်တရလက်ဆောင် (Handmade Gift) အဖြစ် ပေးဖို့ အကောင်းဆုံး ရွေးချယ်မှုပါ။
Untitled Space Floral & Cafe ရဲ့ လှပဆိတ်ငြိမ်တဲ့ ဆိုင်လေးထဲမှာ…
1. ကိုယ်ကြိုက်တဲ့ Coffee သို့မဟုတ် Drink တစ်ခွက်ကို မှာယူမယ်။
2. "Carry Your Mind" DIY Tote Bag လေးကို ဝယ်ပြီး အေးအေးဆေးဆေး စိတ်ကြိုက် ဆေးရောင်ခြယ်မယ်။
3. လှပတဲ့ Cafe background လေးနဲ့ အိတ်လေးကို တွဲပြီး aesthetic ဆန်ဆန် ဓာတ်ပုံလှလှလေးတွေ ရိုက်မယ်။
အလုပ်တွေကြောင့် စိတ်ပင်ပန်းနေသမျှကို ဒီ DIY လေးလုပ်ရင်း စိတ်အပန်းဖြေ (Healing) လိုက်ရအောင်😇😇
🏡 47st street upper block, Yangon
05/06/2026
3Zero House ရဲ့ WED2026 မှာ carry your mind ရှိနေပါမယ်နော် ✌️
၂၀၂၆ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (WED) မှာ Eco Enterprise များရဲ့ တီထွင်ဖန်တီးမှု လက်ရာများကို ပါဝင်ပြသသွားမဲ့ ပြခန်းများ
𝐖𝐨𝐫𝐥𝐝 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭 𝐃𝐚𝐲 𝟐𝟎𝟐𝟔: 𝐂𝐥𝐢𝐦𝐚𝐭𝐞 𝐀𝐜𝐭𝐢𝐨𝐧 𝐒𝐭𝐚𝐫𝐭𝐬 𝐇𝐞𝐫𝐞! 🌍✨
လာမည့် ဇွန်လ (၇) ရက် (တနင်္ဂနွေနေ့)၊ 𝟑𝐙𝐄𝐑𝐎 𝐇𝐨𝐮𝐬𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှာ ကျင်းပပြုလုပ်သွားမယ့် WED2026 အထိမ်းအမှတ်ပွဲမှာ ဗဟုသုတရဖွယ်များနဲ့အတူ စိတ်ဝင်စားစရာ၊ ပျော်ရွှင်စရာ စီစဉ်တင်ဆက်မှု အစီအစဉ်များနှင့်အတူ Eco Enterprises များရဲ့ ထီထွင်ဖန်တီးမှု လက်ရာပြခန်းများလည်း ပါဝင်သွားမှာဖြစ်ပါတယ်။
Sustainable lifestyle ကို ဒီပွဲလေးကတဆင့်စတင်ဖို့အတွက် Eco friendly ထုတ်ကုန်အချို့ကို ဝယ်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။
ပါဝင်ပြသသွားမဲ့ အဖွဲ့အစည်းများကတော့…..
♻️ 𝐇𝐚𝐧𝐝𝐦𝐚𝐝𝐞 𝐛𝐲 𝐓𝐡𝐞𝐢𝐧𝐭 - 𝐔𝐩𝐜𝐲𝐜𝐥𝐞𝐝 𝐂𝐨𝐜𝐨𝐧𝐮𝐭 𝐒𝐡𝐞𝐥𝐥 𝐂𝐫𝐚𝐟𝐭𝐬
♻️ 𝐔𝐧𝐭𝐢𝐭𝐥𝐞 𝐒𝐩𝐚𝐜𝐞
♻️ သိုးမွေးလုံး 𝐇𝐚𝐧𝐝𝐢𝐜𝐫𝐚𝐟𝐭 & 𝐠𝐢𝐟𝐭
♻️ 𝐒𝐡𝐞 𝐂𝐫𝐞𝐚𝐭𝐞
♻️ 𝐆𝐫𝐞𝐞𝐧 𝐁𝐚𝐧𝐚𝐧𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫
♻️ 𝐏𝐮𝐫𝐩𝐥𝐞
♻️ 𝐘𝐞𝐬, 𝐖𝐞 𝐂𝐚𝐧
♻️ 𝐆𝐢𝐧𝐠𝐚 𝐑𝐞𝐜𝐲𝐜𝐥𝐞 𝐀𝐫𝐭𝐬 & 𝐂𝐫𝐚𝐟𝐭𝐬
♻️ 𝐂𝐡𝐮 𝐂𝐡𝐮
♻️ 𝐂𝐚𝐫𝐫𝐲 𝐘𝐨𝐮𝐫 𝐌𝐢𝐧𝐝…… ဖြစ်ပါတယ်။
🌍 𝐂𝐥𝐢𝐦𝐚𝐭𝐞 𝐀𝐜𝐭𝐢𝐨𝐧 𝐒𝐭𝐚𝐫𝐭𝐬 𝐇𝐞𝐫𝐞! 🌍
📍 နေရာ: 𝟑𝐙𝐄𝐑𝐎 𝐇𝐨𝐮𝐬𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
📍 လိပ်စာ: အမှတ် ၁၆၇၊ ၄၇ လမ်း (အပေါ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
📅 နေ့ရက်: ၂၀၂၆ ခုနှစ်၊ ဇွန်လ (၇) ရက် (တနင်္ဂနွေနေ့)
🕐 အချိန်: နေ့လယ် ၁၂:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ အထိ
🎟️ ပြုလုပ်မည့်ပုံစံ: In-Person (သို့မဟုတ်) Online [Hybrid]
🎟️ ဝင်ကြေး: အခမဲ့! (In-Person လူဦးရေ အကန့်အသတ်ရှိတာကြောင့် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါတယ်)
🔗 ပွဲတက်ရောက်ရန် စာရင်းပေးသွင်းရန် လင့်ခ်: https://forms.gle/knmGVd4recNMN9qW8
စကားလုံးတွေထက် လက်တွေ့လုပ်ဆောင်မှုတွေက ပိုပြီး အကျိုးသက်ရောက်မှုရှိပါတယ်။ ဇွန်လ ၇ ရက်နေ့မှာ အတူတူဆုံကြစို့နော်။ 👋💚
[English Content]
🌿 𝐄𝐜𝐨-𝐄𝐧𝐭𝐞𝐫𝐩𝐫𝐢𝐬𝐞 𝐒𝐡𝐨𝐰𝐜𝐚𝐬𝐞 | World Environment Day 2026 Discover innovative, eco-friendly creations from local Eco-Enterprises at this year's World Environment Day celebration! 🌍✨
Coming up this Sunday, June 7th, at 3ZERO House Myanmar, our WED 2026 event will feature educational insights, fun activities, and an inspiring showcase of sustainable crafts and products.
This is the perfect opportunity to kickstart your own sustainable lifestyle by exploring and supporting these local green alternatives.
We are thrilled to introduce our wonderful participating exhibitors:
♻️ 𝐇𝐚𝐧𝐝𝐦𝐚𝐝𝐞 𝐛𝐲 𝐓𝐡𝐞𝐢𝐧𝐭 - 𝐔𝐩𝐜𝐲𝐜𝐥𝐞𝐝 𝐂𝐨𝐜𝐨𝐧𝐮𝐭 𝐒𝐡𝐞𝐥𝐥 𝐂𝐫𝐚𝐟𝐭𝐬
♻️ 𝐔𝐧𝐭𝐢𝐭𝐥𝐞 𝐒𝐩𝐚𝐜𝐞
♻️ သိုးမွေးလုံး 𝐇𝐚𝐧𝐝𝐢𝐜𝐫𝐚𝐟𝐭 & 𝐠𝐢𝐟𝐭
♻️ 𝐒𝐡𝐞 𝐂𝐫𝐞𝐚𝐭𝐞
♻️ 𝐆𝐫𝐞𝐞𝐧 𝐁𝐚𝐧𝐚𝐧𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫
♻️ 𝐏𝐮𝐫𝐩𝐥𝐞
♻️ 𝐘𝐞𝐬, 𝐖𝐞 𝐂𝐚𝐧
♻️ 𝐆𝐢𝐧𝐠𝐚 𝐑𝐞𝐜𝐲𝐜𝐥𝐞 𝐀𝐫𝐭𝐬 & 𝐂𝐫𝐚𝐟𝐭𝐬
♻️ 𝐂𝐡𝐮 𝐂𝐡𝐮
♻️ 𝐂𝐚𝐫𝐫𝐲 𝐘𝐨𝐮𝐫 𝐌𝐢𝐧𝐝
🌍 𝐂𝐥𝐢𝐦𝐚𝐭𝐞 𝐀𝐜𝐭𝐢𝐨𝐧 𝐒𝐭𝐚𝐫𝐭𝐬 𝐇𝐞𝐫𝐞! 🌍
📍 Venue: 3ZERO House Myanmar
📍 Address: No. 167, 47th Street (Upper Block), Botahtaung Township, Yangon.
📅 Date: Sunday, June 7, 2026
🕐 Time: 12:00 PM – 5:00 PM
🎟️ Format: In-Person or Online [Hybrid]
🎟️ Admission: FREE! (In-person seats are strictly limited, so pre-registration is required)
🔗 Register for the event here: https://forms.gle/knmGVd4recNMN9qW8
Real actions speak louder than words. See you all on June 7th! 👋💚
30/05/2026
သင့် Brand ရဲ့ တန်ဖိုးကို အိတ်တစ်လုံးနဲ့ ဖော်ပြလိုက်ပါ
Company Event, ကျောင်း graduation ဒါမှမဟုတ် အထူးအခမ်းအနားတွေအတွက် အမှတ်တရလက်ဆောင် ရှာနေလား...💼🎓
Carry Your Mind ကနေပြီးတော့ သင့်အဖွဲ့အစည်းရဲ့ Identity ကို ပိုမိုထင်ရှားစေမယ့် Custom Hand Paint အိတ်များကို ဝန်ဆောင်မှုပေးနေပါပြီ...🥰
ဘာကြောင့် Brand တွေ အများကြီးထဲကမှ Carry Your Mind ကို ရွေးချယ်သင့်တာလဲ...?🤔
✨ Unique Design: တစ်ပုံစံတည်းမဟုတ်တဲ့ အနုပညာလက်ရာတွေ...
✨ Customized: သင့် Company Logo သို့မဟုတ် သင့်အဖွဲ့အစည်းရဲ့ အမှတ်တရတွေကို ပုံဖော်ပေးခြင်း...
✨ Quality: လက်လုပ်အနုပညာရဲ့ တန်ဖိုးနဲ့အတူ အရည်အသွေးမြင့် Material ကို အသုံးပြုထားခြင်း...
(Bulk Order) မှာယူလိုသူများအတွက် အထူးဒီဇိုင်းဝန်ဆောင်မှုများ ရှိပါတယ်...
ဒါကြောင့် သင့်ရဲ့ Company, ကျောင်းနဲ့ Events တွေမှာ Customized tote bag လိုအပ်လာပြီဆိုရင် Carry Your Mind ရှိတယ်နော်
📥 အသေးစိတ် သိရှိလိုပါက Page Messenger မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။
08/03/2026
🩵🪽
08/03/2026
Doh Eain ရဲ့ သန်လျင် အမွေအနှစ်စင်တာ ဖွင့်ပွဲလေးမှာ
Carry your Mind ရဲ့ Pop Up လေးရှိနေမယ်နော် ✌️
THE Event - Women Transform Waste: Thanlyin Workshop Registration Form မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံရုံး (with support from the German Federal Foreign Office) ရဲ့ ပံ့ပိုးမှုနဲ့ ပြုလုပ်သွားမယ့် Thanlyin HERitage Experience အမည်ရ ဖွ....
04/03/2026
လွတ်လပ်နေတဲ့ ဂျယ်လီငါးလေး🩵🪽