Healthy Solutions

Healthy Solutions

Share

Consultancy firm to find solutions for your health and development!

31/07/2026

ကျန်းမာခြင်းဆိုတာ ရောဂါမရှိရုံနဲ့တင် ပြည့်စုံပါသလား???? 🤔🤔🤔

ကျွန်တော်တို့အများစုက ဖျားနာမှုမရှိရင်
ကျန်းမာတယ်လို့ ထင်တတ်ကြပါတယ်

တကယ်တော့ စစ်မှန်တဲ့ "ကျန်းမာခြင်း" ဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပတ်ဝန်းကျင်ပါ အဘက်ဘက်က ဟန်ချက်ညီညီ ကောင်းမွန်နေခြင်းကို ဆိုလိုတာပါ....

Healthy Solutions အဖွဲ့က သင့်ဘဝရဲ့
ဒီဟန်ချက်တွေကို ထိန်းညှိပေးဖို့ အသင့်ရှိနေပါတယ်

ကျွန်တော်တို့ဟာ ခိုင်လုံတဲ့ သိပ္ပံနည်းကျ အထောက်အထား (Evidence-based) တွေကို အခြေခံပြီး လက်တွေ့ကျတဲ့ ဖြေရှင်းချက်တွေကို ဖော်ဆောင်ပေးနေပါတယ် -

✅ ဆီးချို၊ သွေးတိုးကဲ့သို့ နာတာရှည်ရောဂါများကို စနစ်တကျ စီမံခန့်ခွဲ‌ပေးခြင်းလုပ်ငန်းများ။

✅ စိတ်ပင်ပန်းမှုများ၊ စိတ်ဖိစီးမှုတွေကို လျော့ချပေးမည့် အထောက်အကူပြုပစ္စည်းများနဲ့ နည်းလမ်းများ။

✅ ငွေကြေးစနစ်တကျစီမံခန့်ခွဲခြင်းဖြင့် financial freedom ဖန်တီးနိုင်ရန် လေ့ကျင့်ပေးခြင်းလုပ်ငန်းများ။

✅ လူထုကျန်းမာရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအတွက် အထောက်အထားအခြေပြု သုတေသနလုပ်ငန်းများ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု အကြံပေးချက်များနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို Consultancy Services အနေဖြင့် ထိရောက်စွာ ဝန်ဆောင်မှုပေးခြင်း။

"Smart Solutions, Stronger Communities"
ဆိုတဲ့အတိုင်း ပိုမိုခိုင်မာတဲ့ လူမှုအသိုက်အဝန်းဖြစ်ဖို့ Healthy Solutions နဲ့ လက်တွဲလိုက်ပါ 🤝

💥 ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ် သိရှိလိုပါက Page Messenger (သို့ ) အောက်ပါ ရုံးလိပ်စာသို့လည်း လူကိုယ်တိုင်လာရောက် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျာ ✅

📍 လိပ်စာ - အမှတ် ၁၁ ၊ ဦးအောင်ဘလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

📞 ဖုန်းနံပါတ် - 09 401 800 119, 09 949 909 900

📧 Email - [email protected]

🏡ရုံးဖွင့်ချိန် - မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ

28/07/2026

Home Gardening ကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူး
(၃) ခု-

🌱 အိမ်မှာ ဟင်းသီးဟင်းရွက်လေးတွေ စိုက်တာက ပျော်စရာ ဝါသနာတစ်ခုတင် မဟုတ်ပါဘူး....

👩‍❤️‍👨👭 ကိုယ့်မိသားစုရဲ့ ကျန်းမာရေးနဲ့ ပိုက်ဆံအိတ်ကိုပါ သိသိသာသာ အကျိုးပြုနိုင်ပါတယ်

၁။ ၁၀၀ % လတ်ဆတ်ဘေးကင်းမှု
စျေးထဲက ဝယ်စားတဲ့ ဟင်းသီးဟင်းရွက်တွေမှာ
ဓာတုဆေးဝါးနဲ့ ပိုးသတ်ဆေးတွေ ဘယ်လောက်
ထိပါမလဲဆိုတာ မသိနိုင်ပါဘူး 😌

ကိုယ်တိုင်စိုက်ပျိုးတဲ့အခါ ဓာတုကင်းစင်ပြီး ဘေးကင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ် ချက်ချင်းခူးဆွတ် ချက်ပြုတ်စားသောက်နိုင်ပါတယ်😃

၂။ မိသားစုအသုံးစရိတ် ချွေတာနိုင်ခြင်း
🗓️ နေ့စဉ် ဟင်းသီး/ရွက်ဖိုး ကုန်ကျစရိတ်တွေကို သိသိသာသာ လျော့ချပေးနိုင်ပါတယ်။
ဒါတင်မကသေးပါဘူးနော်...... ပိုလျှံတဲ့ ဟင်းသီး/ရွက်တွေကို အိမ်နီးနားချင်းတွေကို ပြန်လည် မျှဝေခြင်း ဒါမှမဟုတ် ရောင်းချပြီး မိသားစုအပိုဝင်ငွေတောင် ရရှိနိုင်ပါသေးတယ်

၃။ ပတ်ဝန်းကျင်ကောင်းမွန်ပြီး အမှိုက်လျော့နည်းခြင်း
မီးဖိုချောင်ကထွက်တဲ့ ဟင်းသီး/ရွက်အခွံတွေ သစ်သီးခွံတွေကို လွှင့်မပစ်ဘဲ အပင်တွေအတွက် သဘာဝ မြေဆွေးအဖြစ် ပြန်လည်အသုံးပြုနိုင်တာမို့ ကိုယ့်အိမ်ကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကိုလျှော့ချ‌ပေးရာ ရောက်ပါတယ်။

ကျန်းမာရေးလည်း ညီညွတ်၊ ပိုက်ဆံလည်း ချွေတာနိုင်တဲ့အပြင် စိတ်ကိုလည်း အပန်းပြေစေမယ့် အိမ်ခြံဝန်းစိုက်ပျိုးခြင်းကို အတူတူ စတင်လိုက်ကြရအောင်နော်......

“Smart Solutions, Stronger Communities”

22/07/2026

နေရာကျဉ်းကျဉ်းလေးမှာ ဘယ်လို စိုက်ပျိုးကြမလဲ
"ငါတို့အိမ်မှာ စိုက်စရာ မြေမရှိဘူး ..... ဝရန်တာလေးပဲ ရှိတာ" ဆိုပြီး အားမငယ်ပါနဲ့ နော်....

နေရာကျဉ်းကျဉ်းလေးမှာလည်း လှလှပပနဲ့ ထိရောက်စွာ စိုက်ပျိုးလို့ရနေပါပြီ.....

အိမ်မှာရှိတဲ့ ပုံးအဟောင်း ၊ ဘူးခွံ သို့မဟုတ် ရေသန့်ဘူးခွံတွေကို အသုံးပြုပြီး ကွန်တိန်နာ စိုက်ပျိုးနည်းနဲ့ စတင်ကြည့်လို့ ရပါတယ်ရှင့်

ဒီလိုနေရာကျဉ်းကျဉ်းမှာ စိုက်ပျိုးဖို့ရာအတွက် အခြေခံ အချက် (၃) ချက်ပဲ လိုအပ်ပါတယ်နော်...

၁။ ရေဝပ်ခြင်းမှာ ကာကွယ်‌ပေးရန်
အပင်ရဲ့အမြစ်တွေ ပုပ်မသွားဖို့အတွက် အသုံးပြုမယ့်
ပုံးအောက်ခြေမှာ (၄) ပေါက်ကနေ(၅) ပေါက်အထိ အပေါက်ဖောက်ပေး ရပါမယ်။
အောက်ခြေမှာ ကျောက်ခဲလေးတွေ ခံပေးရင် ရေစီးရေလာ
ပိုကောင်းစေပါတယ်။
*အရေးကြီးဆုံးအချက် - ဓာတုဆေးဝါး သို့မဟုတ် အဆိပ်သင့်ပစ္စည်း ထည့်ထားဖူးတဲ့ ပုံးတွေကို လုံးဝ မသုံးရပါဘူးနော်......

၂။ မြေသြဇာစပ်နည်း (အချိုး ၂း၁း၁)
ပုံးထဲမှာ စိုက်ပျိုးတဲ့အခါ မြေရောစပ်ခြင်းက အရေးကြီးဆုံးမလို့ ဒီအချိုးအတိုင်း စပ်ပေးပါရှင့် .....
(က) ရွှံစေးမဟုတ်သော မြေ (၂ဆ)
(ခ) မြေဆွေး သို့မဟုတ် နွားချေး (၁ဆ)
(ဂ) သဲ သို့မဟုတ် ဖွဲပြာ (၁ဆ)
ပါဝင်ပစ္စည်းတွေကို သမအောင်စပ်ပြီး လက်နဲ့ဆုပ်ကြည့်ပါ။ အတုံးဖြစ်ပြီး ထိလိုက်ရင် ကွဲလွယ်တဲ့ အနေအထားက အကောင်းဆုံးပါပဲရှင့်.....

၃။ အလင်းရောင်ရရှိဖို့လည်း လိုအပ်ပါတယ်
ဝရန်တာ ဒါမှမဟုတ် ပြတင်းပေါက်နားမှာ အပင်လေးတွေကို အနည်းဆုံး နေရောင်ခြည် ၃ နာရီကနေ ၄ နာရီလောက် ရရှိအောင် ထားပေးပါအုံးနော်...

စိုက်ပျိုးဖို့မြေနေရာမရှိလည်း အခုလိုမျိုး အိုးလေးတွေ၊ ပုံးလေးတွေနဲ့ ကိုယ်ပိုင် အိုအေစစ်လေး ဖန်တီးလို့ ရနေပါပြီရှင့်......
ကဲ...ဒီနေ့ပဲ စတင်စမ်းသပ်ကြည့်လိုက်ရအောင်.....

“ Smart Solutions , Stronger Communities”

20/07/2026

🏠🌱 Home Gardening ဆိုတာ ဘာလဲ???

🌿 စိုက်ပျိုးရေး လုပ်ဖို့ဆိုတာ လယ်ကွင်းပြင်ကြီးတွေ ရှိမှ
ရတာ မဟုတ်ပါဘူးနော်....

ကျွန်တော်တို့ အနီးအနားမှာ ကြားဖူးနေကြဖြစ်တဲ့ Home Gardening (အိမ်ခြံဝန်းဥယျာဉ်စိုက်ပျိုးခြင်း) ဆိုတာ
မိမိနေအိမ်ဝန်းထဲမှာပဲ ဖြစ်ဖြစ်၊ ဝရန်တာ ကျဉ်းကျဉ်းလေး
ဒါမှမဟုတ် အိမ်နား မြေကွက်လပ်လေးတွေမှာ မိသားစုနေ့စဉ် စားသုံးဖို့အတွက် လိုအပ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ ဆေးဖက်ဝင် အပင်တွေကို စိုက်ပျိုးတာ ဖြစ်ပါတယ်။

သူ့ရဲ့ ထူးခြားချက်တွေကတော့
 အိမ်အနီးနားမှာတင်ရှိခြင်း - အဝေးကြီးသွားစရာမလိုဘဲ အိမ်တံခါးဖွင့် လိုက်တာနဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ခူးဆွတ်နိုင်မှာ ဖြစ်ပါတယ်။

 ဖြည့်စွက်စားနပ်ရိက္ခာဖြစ်ခြင်း - စီးပွားဖြစ်ရောင်းဖို့ မဟုတ်ဘဲ မိသားစုနေ့စဉ် ဟင်းလျာထဲမှာ အာဟာရဖြည့်စွက်ဖို့ စိုက်ပျိုးတာဖြစ်ပါတယ်။

 ရိုးရှင်းလွယ်ကူခြင်း - မည်သူမဆို အလွယ်တကူ စီမံ ခန့်ခွဲစိုက်ပျိုးနိုင်ပြီး ရှေးကတည်းက အသုံးပြုခဲ့တဲ့ သဘာဝ အကျဆုံး စနစ်တစ်ခု ဖြစ်ပါတယ်။

ကိုယ့်လက်နဲ့ ကိုယ်တိုင်စိုက်ပျိုးပြီး အာဟာရ ပြည့်ဝတဲ့
ဘဝကို ဖန်တီးဖို့ Home Gardening က အကောင်းဆုံး အဖြေတစ်ခုပဲ ဖြစ်ပါတယ်ဆိုတဲ့ အကြောင်း မင်မင်တို့
Healthy Solutions ကနေ မျှဝေပေးလိုက်ရပါတယ်ရှင့်

Smart Solutions , Stronger Communications





#စိုက်ပျိုးရေးအခြေခံ
#ကျန်းမာရေးနှင့်အာဟာရ

12/07/2026

🤫 သွေးတိုးရောဂါကို ဘာကြောင့် "တိတ်ဆိတ်သော လူသတ်သမား" (Silent Killer) လို့ ခေါ်ကြတာလဲ

သွေးတိုးရောဂါ (Hypertension) ကို ဆေးပညာလောကမှာ "တိတ်ဆိတ်သော လူသတ်သမား" (Silent Killer) လို့ ခေါ်လေ့ရှိကြပါတယ်။

အဘယ်ကြောင့်ဆိုသော် သွေးတိုးရောဂါရှိသူအများစုတွင် ထင်ရှားသော လက္ခဏာများ ကြိုတင်ပြလေ့မရှိဘဲ၊ သွေးပေါင်ချိန် အလွန်တက်နေချိန်တွင်ပင် မည်သည့်လက္ခဏာမျှ မခံစားရဘဲ ရှိနေတတ်သောကြောင့် ဖြစ်ပါတယ်။

သို့သော်လည်း အချို့သောသူများတွင် သွေးတိုးသည့်အခါ အောက်ပါလက္ခဏာများကို ခံစားရတတ်ပါတယ်။

🔍 သတိပြုရမည့် သွေးတိုးလက္ခဏာများ -
▪️ခေါင်းနောက်ခြင်း၊ ခေါင်းကိုက်ခြင်း (အထူးသဖြင့် ဇက်ကြောတက်ခြင်း)
▪️ခေါင်းမူးခြင်း၊ ရီဝေဝေဖြစ်ခြင်း
▪️မောပန်းလွယ်ခြင်း၊ အသက်ရှူရခက်ခြင်း
▪️နှာခေါင်းသွေးလျှံခြင်း
▪️မျက်နှာတစ်ခုလုံး ပူနွေးပြီး နီမြန်းလာခြင်း
▪️မျက်လုံးထဲတွင် သွေးစင်သကဲ့သို့ သွေးကွက်များမြင်ရခြင်း

⚠️ စိုးရိမ်ရသည့် သွေးတိုးအရေးပေါ်လက္ခဏာများ (Hypertensive Crisis)

သွေးပေါင်ချိန်သည် ပုံမှန်ထက် အဆမတန် ရုတ်တရက် မြင့်တက်သွားပါက (ပုံမှန်အားဖြင့် 180/120 mmHg သို့မဟုတ် ထိုထက်ကျော်လွန်ပါက) ခန္ဓာကိုယ်တွင်း အင်္ဂါများကို ထိခိုက်ပျက်စီးစေနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူရန် လိုအပ်ပါသည်။

ထိုသို့ သွေးတိုးအရေးပေါ်အခြေအနေ ဖြစ်ပွားပါက အောက်ပါလက္ခဏာများ ပြတတ်သည်—

▪️အလွန်အမင်း ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
▪️ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်ထဲတွင် တင်းကျပ်မွန်းကြပ်ခြင်း
▪️ အသက်ရှူရ အလွန်ခက်ခဲခြင်းj
▪️အမြင်အာရုံဝေဝါးခြင်း သို့မဟုတ် အရာဝတ္ထုများကို နှစ်ထပ်မြင်ရခြင်း
▪️ ပျို့အန်ခြင်း
▪️ ခြေလက်များ ထုံကျဉ်ခြင်း၊ စကားပြောရခက်ခဲခြင်း (သို့မဟုတ်) စကားသံဗလုံးဗထွေးဖြစ်ခြင်း

💡 သွေးတိုးရောဂါသည် အများအားဖြင့် လက္ခဏာ
မပြဘဲ ငြိမ်နေတတ်သောကြောင့် မိမိတွင် သွေးတိုးရှိ၊ မရှိကို သိရှိနိုင်မည့် တစ်ခုတည်းသော စိတ်အချရဆုံးနည်းလမ်းမှာ "သွေးပေါင်ချိန်စက်ဖြင့် ပုံမှန်တိုင်းတာစစ်ဆေးခြင်း" သာ ဖြစ်ပါသည်။

ကိုယ့်ရဲ့ သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးဖို့ မမေ့ပါနဲ့နော်။

"SMART SOLUTIONS, STRONGER COMMUNITIES"

10/07/2026

🌿 Healthy Solutions နှင့်အတူ ကျန်းမာပျော်ရွှင်တဲ့
လူနေမှုပုံစံသစ်ကို စတင်လိုက်ပါ 🌿

ကျန်းမာခြင်းဆိုတာ ဖျားနာမှုကင်းစင်ရုံတင်မကဘဲ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ လူမှုစီးပွားဘဝတွေပါ ဟန်ချက်ညီညီ ဖွံ့ဖြိုးနေဖို့ လိုအပ်ပါတယ်။

HealthySolutions က သင့်ဘဝရဲ့
ဒီဟန်ချက်တွေကို သိပ္ပံနည်းကျ အထောက်အထား
(Evidence-based) များနဲ့ အကောင်းဆုံး
ပံ့ပိုးကူညီပေးနေပါတယ်ရှင်။

🛡️ Healthy Solutions ရဲ့ အဓိက ဝန်ဆောင်မှု (၄) ချက်

၁။ နာတာရှည်ရောဂါ စီမံခန့်ခွဲမှု (NCD Management)
ဆီးချို၊ သွေးတိုး ဝေဒနာရှင်များအနေနဲ့ ဆေးသောက်ရုံတင်မဟုတ်ဘဲ နေ့စဉ်နေထိုင်မှုပုံစံ (Lifestyle) ကို စနစ်တကျ ပြောင်းလဲပြီး ပုံမှန်အတိုင်း ပြန်လည်နေထိုင်
နိုင်အောင် လမ်းညွှန်ပေးခြင်း။

၂။ စိတ်ကျန်းမာရေး ပံ့ပိုးမှု (Mental Wellness)
အလုပ်ဒဏ်နဲ့ လူမှုရေးဖိစီးမှုတွေကြောင့် ပင်ပန်းနေသူများအတွက် စိတ်ပေါ့ပါးလန်းဆန်းစေမယ့် နည်းလမ်းကောင်းများနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေရန် ကူညီပေးခြင်း။

၃။ ငွေကြေးဆိုင်ရာ အလေ့အကျင့်ကောင်းများ
(Financial Literacy)
စစ်မှန်တဲ့ လွတ်လပ်မှု (Financial Freedom) ရရှိနိုင်ဖို့ စနစ်တကျ ငွေကြေးသုံးစွဲမှုနဲ့ စီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများကို လေ့ကျင့်ပေးခြင်း။

၄။ သုတေသနနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း (Research & Consultancy)
လူထုကျန်းမာရေးအတွက် အထောက်အထားပြု သုတေသနများ ပြုလုပ်ခြင်း၊ လုပ်ငန်းခွင်ဆိုင်ရာ အကြံပေးမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး
(Capacity Building) သင်တန်းများကို ဘက်စုံဝန်ဆောင်မှုပေးခြင်း။

🩸 ဆီးချိုဝေဒနာရှင်များအတွက် မရှိမဖြစ်
"Diabetes Log Book" 📖

ဆီးချိုရောဂါကို ထိန်းချုပ်ရာမှာ အစားအသောက်နဲ့ သွေးတွင်းသကြားဓာတ် အတက်အကျကို မှတ်တမ်းတင်ထားဖို့က အလွန်အရေးကြီးပါတယ်။

ဆရာဝန်နဲ့ပြသတဲ့အခါမှာလည်း တိကျတဲ့ အချက်အလက်ပေးနိုင်မယ့် (၆) လစာ မှတ်တမ်းစာအုပ်လေး ရှိပါတယ်ရှင်။

ဘာတွေ မှတ်သားထားနိုင်မလဲ?
✅ အစာမစားမီ/စားပြီး သွေးတွင်းသကြားဓာတ်
✅ ဆေးသောက်ချိန်နှင့် အင်ဆူလင် ပမာဏ
✅ နေ့စဉ် အစားအသောက်နှင့် လေ့ကျင့်ခန်း
✅ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း

ဆီးချိုမှတ်တမ်း စာအုပ်အကြောင်း အသုံးပြုပုံ ဒီlink ထဲ ဝင်ကြည့်ပေးပါရှင့် ❣️

https://www.facebook.com/share/v/1DHSVwJZCT/

💰 ဈေးနှုန်း
တစ်အုပ် - ၉,၅ဝဝ ကျပ်

✅ Order မှာယူလိုပါက လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံ Chat box မှာ ပေးပို့ထားနိုင်ပါတယ်ရှင့်

🚚 Wepozt, Royal Delivery ဖြင့် အိမ်အရာက်ငွေချ ပို့ဆောင်ပေးပါတယ် ။

🌟 Smart Solutions, Stronger Communities 🌟

📩 ဆက်သွယ်စုံစမ်းရန်
📍 လိပ်စာ: အမှတ် ၁၁၊ ဦးအောင်ဘလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
📞 ဖုန်း: 09 401 800 119, 09 949 909 900
📧 Email: [email protected]

#ဆီးချိုမှတ်တမ်းစာအုပ် #ကျန်းမာရေး

03/07/2026

ကျန်းမာပျော်ရွှင်တဲ့ Well-being ဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အချက်ပြလက္ခဏာတွေကိုလည်း သတိပြုဖို့ လိုအပ်ပါတယ် 🌿

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အဖြစ်များပြီး လူအနည်းငယ်သာ သတိထားမိတတ်တဲ့ "သွေးတိုးရောဂါ" အကြောင်းကို အသိပညာမျှဝေပေးချင်ပါတယ် ရှင့်👇

🩸 သွေးတိုးရောဂါ ဆိုတာ ဘာလဲ
သွေးတိုးရောဂါ (Hypertension) ဆိုတာ သွေးကြောများအတွင်းရှိ သွေးဖိအားဟာ 140/90 mmHg သို့မဟုတ် ထိုထက် ပိုမိုမြင့်မားနေခြင်း ကို ဆိုလိုတာပါ။ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမဲ့ စနစ်တကျ ကုသမှုမခံယူဘူးဆိုရင် ပြင်းထန်ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

⚠️ လက္ခဏာမပြတတ်တဲ့ အန္တရာယ်
အဆိုးဆုံးကတော့... သွေးတိုးရောဂါရှိသူအများစုဟာ မည်သည့်လက္ခဏာမျှ မခံစားရဘဲ ရှိနေနိုင်တာပါပဲ။ ဒါကြောင့် သွေးတိုး ရှိ၊ မရှိ သိနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့
"သွေးဖိအားကို ပုံမှန်တိုင်းတာစစ်ဆေးခြင်း" ပဲ ဖြစ်ပါတယ်။

🔍 သွေးတိုးရောဂါ အမျိုးအစား (၂) မျိုး
သွေးတိုးရောဂါ ဖြစ်ပွားရတဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး အဓိကအားဖြင့် (၂) မျိုး ခွဲခြားနိုင်ပါတယ်။

၁။ မူလ သွေးတိုးရောဂါ (Primary / Essential Hypertension)

သွေးတိုးလူနာတွေရဲ့ ၉၀% ကျော်ဟာ ဒီအမျိုးအစားထဲမှာ
ပါဝင်ပါတယ်။

ဖြစ်ပွားရတဲ့ တိကျတဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းအရင်းကို ရှာမတွေ့တတ်ပါဘူး။

အသက်အရွယ်ကြီးလာခြင်း၊ မျိုးရိုးဗီဇ၊ အစားအသောက်ပုံစံ (ဆားနှင့် အငန်ဓာတ် အစားများခြင်း)၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အဝလွန်ခြင်း၊ ဆေးလိပ်နှင့် အရက် အလွန်အကျွံသောက်သုံးခြင်း စတဲ့အချက်တွေကြောင့် နှစ်ပေါင်းများစွာအတွင်း တဖြည်းဖြည်းချင်းစီ ဖွံ့ဖြိုးလာတတ်ပါတယ်။

၂။ နောက်ဆက်တွဲ သွေးတိုးရောဂါ (Secondary Hypertension)

ခန္ဓာကိုယ်ရဲ့ အခြားရောဂါအခြေအနေတစ်ခုခု သို့မဟုတ် ဆေးဝါးတစ်ခုခုကြောင့် နောက်ဆက်တွဲအနေနဲ့ ရုတ်တရက် သွေးတိုးလာတဲ့ အမျိုးအစားပါ။

ဖြစ်စေတဲ့ အကြောင်းရင်းများ - ကျောက်ကပ်ရောဂါများ၊ ဟော်မုန်းဆိုင်ရာရောဂါများ (ဥပမာ- သိုင်းရွိုက်ပြဿနာ၊ Cushing's syndrome)၊ အိပ်ပျော်နေစဉ် ခေတ္တအသက်ရှူရပ်ခြင်း (Obstructive Sleep Apnea)၊ မွေးရာပါနှလုံး သို့မဟုတ် သွေးကြောမကြီး ပုံမှန်မဟုတ်ခြင်း နှင့် အချို့သောဆေးဝါးများ (ဥပမာ- သန္ဓေတားဆေး၊ အကိုက်အခဲပျောက်ဆေး) ကြောင့် ဖြစ်တတ်ပါတယ်။

⚠️ အထူးသတိပြုရန် - ကိုယ်ဝန်ဆောင် သွေးတိုးရောဂါ (Gestational Hypertension)

ကိုယ်ဝန်ဆောင်စဉ်ကာလ (အထူးသဖြင့် ကိုယ်ဝန်ပတ် ၂၀ နောက်ပိုင်း) မှာ စတင်ဖြစ်ပွားတတ်ပြီး၊ ပြင်းထန်ပါက Pre-eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း) အထိ ဖြစ်သွားနိုင်လို့ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

သွေးတိုးရောဂါဟာ ကြိုတင်ကာကွယ်လို့ရသလို၊ ဖြစ်ပွားလာပါကလည်း စနစ်တကျ စီမံခန့်ခွဲ (Manage) လုပ်ခြင်းဖြင့် ကျန်းမာတဲ့နေ့ရက်တွေကို ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ပါတယ်။

ကိုယ့်ရဲ့ သွေးဖိအားကို ပုံမှန်စစ်ဆေးဖို့ မမေ့ပါနဲ့နော်။

"SMART SOLUTIONS,STRONGER COMMUNITIES"

25/06/2026

🍭အချိုလည်း ရှောင်တယ်၊ ထမင်းလည်း လျှော့စားတယ်... ဒါပေမဲ့ ဆီးချိုက ဘာလို့ တက်နေရတာလဲ? 🙄

ဆီးချိုသမားတော်တော်များများ ဒီမေးခွန်းနဲ့ အမြဲလုံးပန်းနေရတတ်ပါတယ်။ တကယ်တော့ ဆီးချိုကို ဝုန်းခနဲ
တက်သွားစေတဲ့ "လျှို့ဝှက်တရားခံ" တွေက အစားအသောက်ထဲမှာပဲ ရှိနေတာ မဟုတ်ပါဘူး။

ဥပမာအားဖြင့်...
⚠️ ရေသောက်နည်းတာ (သွေးထဲမှာ သကြားဓာတ်
ပျော်ဝင်မှုနှုန်း လျော့နည်းသွားလို့ပါ)
⚠️ ရာသီဥတု ပူလွန်းတာ (သွေးကြောတွေ ကျုံ့သွားပြီး အင်ဆူလင် အာနိသင် လျော့ကျစေပါတယ်)
⚠️ ဆေးအချို့ရဲ့ ဘေးထွက်ဆိုးကျိုး (တခြားရောဂါအတွက် သောက်နေတဲ့ ဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်)

ဒီလို အကြောင်းအရင်းတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်က ဘယ်လိုအခြေအနေမှာ ဆီးချိုတက်တတ်လဲဆိုတာ လိုက်မှတ်ထားဖို့ လိုပါတယ်။ 🔍

Diabetes Log Book (ဆီးချိုမှတ်တမ်းစာအုပ်) က အကောင်းဆုံး အထောက်အပံ့ ဖြစ်မှာပါ 🩺

ဒီစာအုပ်လေးရှိရင် ဘာတွေထူးခြားသွားမလဲ???

✅ ဘယ်အချိန်မှာ ဆီးချိုတက်တတ်လဲဆိုတာ
အတိအကျ သိလာမယ်။
✅ ဆရာဝန်နဲ့ပြတဲ့အခါ ခိုင်မာတဲ့ မှတ်တမ်းအထောက်အထား ရှိနေမယ်။
✅ မိဘဖိုးဖွားတွေရဲ့ ကျန်းမာရေးကို စနစ်တကျ
စောင့်ကြည့်ပေးနိုင်မယ်။

၁ အုပ် - ၉,၅၀၀ ကျပ်

ကျန်းမာရေးကို ဂရုစိုက်ဖို့ဆိုတာ စနစ်တကျ
မှတ်တမ်းတင်ခြင်းကနေ စတင်တာပါ။ 🤍

📩 အသေးစိတ်ကို Chat Box ကနေ အခုပဲ
မေးမြန်းမှာယူနိုင်ပါတယ်ရှင်။

"SMART SOLUTIONS, STRONGER COMMUNITIES"

#ဆီးချိုမှတ်တမ်းစာအုပ်
#ဆီးချိုရောဂါ #ကျန်းမာရေးဗဟုသုတ #ဆီးချိုထိန်းသိမ်းနည်း

19/06/2026

စစ်မှန်တဲ့ "ကျန်းမာပျော်ရွှင်ခြင်း (Well-being)" ဆိုတာ ခန္ဓာကိုယ် ကြံ့ခိုင်ရုံတင်မကဘဲ... စိတ်ဖိစီးမှုတွေ ကင်းဝေးပြီး စိတ်အေးချမ်းရမယ်၊ လူမှုစီးပွားဘဝတွေ အဆင်ပြေပြီး ဟန်ချက်ညီနေမှ ပြည့်စုံတာပါ 🌿

ဒီနေ့ခေတ်ရဲ့ ရုန်းကန်ရမှုတွေကြားထဲမှာ သင့်ဘဝရဲ့ လိုအပ်တဲ့ ဟန်ချက်ညီမှုကို ပြန်လည်ရရှိဖို့ Healthy Solutions က အမြဲအသင့်ရှိနေပါတယ်။

ကျွန်တော်တို့ဟာ ခိုင်လုံတဲ့ သိပ္ပံနည်းကျ အထောက်အထား (Evidence-based) တွေကို အခြေခံပြီး လက်တွေ့ကျကျ အကူအညီပေးမယ့် ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေပါတယ် 👇

🤝 Healthy Solutions က သင့်အတွက် အဆင်သင့်ရှိနေမယ့် ဝန်ဆောင်မှုများ

✅ နာတာရှည်ရောဂါ စီမံခန့်ခွဲခြင်း
ဆီးချို၊ သွေးတိုး ကဲ့သို့သော နာတာရှည် ရောဂါဝေဒနာများကို စနစ်တကျ စီမံခန့်ခွဲပေးပြီး ကျန်းမာတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်စေခြင်း။
✅ စိတ်ပိုင်းဆိုင်ရာ အထောက်အကူပြုခြင်း
နေ့စဉ်ဘဝရဲ့ စိတ်ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုတွေကို လျော့ချပေးမယ့် ထိရောက်တဲ့ အထောက်အကူပြုပစ္စည်းများနှင့် နည်းလမ်းများ မျှဝေပေးခြင်း။
✅ ငွေကြေးဆိုင်ရာ လမ်းညွှန်မှု
ငွေကြေးစနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် စိတ်အေးချမ်းရမည့် Financial Freedom (ငွေကြေးလွတ်လပ်ခွင့်) ရရှိအောင် လေ့ကျင့်ပေးခြင်း။
✅ Consultancy Services (အဖွဲ့အစည်းများအတွက်)
လူထုကျန်းမာရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအတွက် အထောက်အထားအခြေပြု သုတေသနလုပ်ငန်းများ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု အကြံပေးချက်များနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို
ထိရောက်စွာ ဝန်ဆောင်မှုပေးခြင်း။

ကျန်းမာရေး ဗဟုသုတတွေကို ဖတ်ရှုရုံတင်မကဘဲ မိမိသိချင်တာတွေကို အပြန်အလှန် မေးမြန်းဆွေးနွေးလို့ရမယ့် Telegram Channel လည်း ရှိပါတယ်ရှင့် 🥳

🔗Telegram channel link
https://t.me/c/2810865259/29

ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Messenger (သို့မဟုတ်) အောက်ပါ ရုံးလိပ်စာအတိုင်း လူကိုယ်တိုင် လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

📍 လိပ်စာ - အမှတ် ၁၁ ၊ ဦးအောင်ဘလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် - 09 401 800 119, 09 949 909 900
📧 Email - [email protected]
🏡 ရုံးဖွင့်ချိန် - မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ

15/06/2026

အကြွေးတိုင်းက မကောင်းတာ မဟုတ်ဘူး?
အကြွေးကောင်း" နဲ့ "မကောင်းတဲ့အကြွေး" ⚖️

မိမိကိုယ်မိမိ အကြွေးသံသရာထဲ ပိတ်မိပြီး စိတ်ဖိစီးမှုတွေ မဖြစ်စေဘဲ၊ ငွေကြေးအရ ပိုမိုလွတ်လပ်ပျော်ရွှင်တဲ့ ဘဝကိုတည်ဆောက်နိုင်ဖို့အတွက် ဒီအချက်ကို မဖြစ်မနေ သိထားဖို့ လိုအပ်ပါတယ် 👇

"အကြွေး" လို့ ပြောလိုက်ရင် လူအများစုက ကြောက်လန့်ပြီး မကောင်းဘူးလို့ပဲ မြင်တတ်ကြပါတယ်။ ဒါပေမယ့် ငွေကြေးအသိပညာအရ အကြွေးမှာ "အကြွေးကောင်း" နဲ့ "မကောင်းတဲ့အကြွေး" ဆိုပြီး ကွာခြားချက် ရှိပါတယ်။

👍 အကြွေးကောင်း (Good Debt) ဆိုတာဘာလဲ?

မိမိရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကို ပိုမိုတိုးတက်လာစေတဲ့ သို့မဟုတ် အနာဂတ်မှာ ဝင်ငွေပြန်လည်ဖန်တီးပေးနိုင်မယ့် အကြွေးမျိုးကို ဆိုလိုတာပါ။ အတိုးနှုန်း သက်သာလေ့ရှိပါတယ်။
ဥပမာ - ဝင်ငွေတိုးတက်ဖို့အတွက် ပညာရေး သို့မဟုတ် အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်ခြင်း၊
အိမ်ခြံမြေ ဝယ်ယူခြင်း၊ ဝင်ငွေရရှိမယ့် အသေးစားစီးပွားရေးလုပ်ငန်းများ သို့မဟုတ် စိုက်ပျိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ချေးယူခြင်း စတာတွေ ဖြစ်ပါတယ်။

👎 မကောင်းတဲ့အကြွေး (Bad Debt) ဆိုတာဘာလဲ?

မိမိရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကိုလည်း မတိုးစေဘဲ၊ အနာဂတ်ဝင်ငွေလည်း ပြန်မရနိုင်တဲ့ ရေတိုအလိုဆန္ဒ အလျောက် သုံးစွဲမှုတွေအတွက် ယူမိတဲ့ အကြွေးတွေ ဖြစ်ပါတယ်။ အတိုးနှုန်း ကလည်း အလွန်မြင့်မားတတ်ပါတယ်။
ဥပမာ - အပျော်အပါးအတွက် Kpay/Wavepay များ သုံးစွဲမှုလွန်ကဲခြင်း၊ နေ့ပြန်တိုး (သို့မဟုတ်) အတိုးနှုန်းကြီးမားတဲ့ နေရာတွေကနေ ချေးယူခြင်း၊ မလိုအပ်ဘဲ ပစ္စည်းများ ပေါင်နှံရောင်းချသုံးစွဲခြင်း၊ သူငယ်ချင်းများနှင့် အလုပ်ရှင်ထံမှ ပိုက်ဆံခဏခဏ ကြိုတင်ချေးယူခြင်း စတာတွေ ဖြစ်ပါတယ်။

⚠️ သတိပြုရန် လက္ခဏာများ
မိမိရဲ့ ဝင်ငွေထက် ထွက်ငွေက ပိုများနေပြီး ငွေတောင်းခံလွှာတွေကို နောက်ကျမှ ပေးဆောင်နေရပြီဆိုရင် ဒါဟာ အကြွေးလွန်ကဲခြင်းရဲ့ လက္ခဏာဖြစ်လို့ အထူးသတိပြုရပါမယ်။ အကြွေးသံသရာထဲ ပိတ်မိခြင်းက စိတ်ကျန်းမာရေးကို ထိခိုက်စေပြီး ဘဝရဲ့ ပျော်ရွှင်မှုတွေကို ဆုံးရှုံးစေနိုင်ပါတယ်။ "မဆပ်နိုင်သော ငွေပမာဏကို မချေးခြင်း" ဟူသော နိယာမအတိုင်း ပညာရှိရှိ စီမံခန့်ခွဲတတ်ဖို့ လိုအပ်ပါတယ်။

လူသားတိုင်း ငွေကြေးဆိုင်ရာ သောကဗျာပါဒများမှ ကင်းဝေးပြီး၊ အကြွေးသံသရာရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်ကာ စိတ်အေးချမ်းသာယာရှိသော၊ ပိုမိုလွတ်လပ်ပျော်ရွှင်သော
လူမှုစီးပွားဘဝများကို ပိုင်ဆိုင် တည်ဆောက်နိုင်ကြပါစေ။

"SMART SOLUTIONS, STRONGER COMMUNITIES"

🏡 လိပ်စာ - အမှတ် ၁၁ ၊ ဦးအောင်ဘလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် - 09 401 800 119, 09 949 909 900
📧 Email - [email protected]
🕒 ရုံးဖွင့်ချိန် - မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ

Debt #ငွေကြေးအသိပညာ #အကြွေးစီမံခန့်ခွဲမှု

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon
11201