Recap Videos
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Recap Videos, Health/Beauty, yangon, Yangon.
01/08/2026
#လေနဲ့မရှင်းစနိုက်ပါနဲ့ပဲဗျင်းတဲ့အိမ်ရှင်မ
အသက် ၃၀ ကျော် အိမ်ထောင်ရှင်မိခင် Yoo Bo-na သည် သာမန် အိမ်ထောင်ရှင်မတစ်ဦးအဖြစ် ခင်ပွန်းနှင့် သမီးလေးကို ပြုစုစောင့်ရှောက်နေသော်လည်း ၎င်း၏ နောက်ကွယ်မှ လျှို့ဝှက်ချက်မှာ ဥပဒေက မဖမ်းဆီးနိုင်သော ရာဇဝတ်သားများကို လိုက်လံရှင်းလင်းသည့် "Kingfisher" ဆိုသည့် နာမည်ကြီး စနိုက်ပါသမား ဖြစ်နေခြင်းပင်။ကလေးပြုစုရန် ၃ နှစ်နားခဲ့ပြီးနောက် လျှို့ဝှက်မစ်ရှင်များထံ ပြန်လည်ဝင်ရောက်လာချိန်တွင် စုံစမ်းရေးသတင်းထောက်ဖြစ်သူ ခင်ပွန်းက အမှန်တရားကို စုံစမ်းလာသည့်အပြင် စုံထောက်များကပါ Kingfisher ကို အသည်းအသန် လိုက်လံဖမ်းဆီးလာပါတော့သည်။ မိသားစုကို ကာကွယ်ရန်နှင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်ရန် ရွေးချယ်မှုကြား ပိတ်မိနေသော Bo-na တစ်ယောက် မိသားစု မပြိုကွဲရအောင် မည်သို့ အသက်လု ရုန်းကန်မည်ကို ရင်ခုန်စရာ ကြည့်ရှုရမည်ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
01/08/2026
ိုအမေရိကန်စတိုင်လိုက်လံလက်စားချေမယ့်စူပါမန်းရဲ့ ဝမ်းကွဲမမ ကာရာ
Krypton ဂြိုဟ် ပျက်စီးမျိုးပြုတ်သွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည့် ကာရာ (Kara) သည် မောင်လေးဖြစ်သူ Kal-El ရှိရာ ကမ္ဘာမြေသို့ ထွက်ခွာလာခဲ့သော်လည်း အာကာသ ခရီးစဉ်အတွင်း အချိန်မှားယွင်းသွားသဖြင့် ကမ္ဘာသို့ ရောက်ရှိချိန်၌ Kal-El မှာ အသက်ကြီးသူ ဖြစ်နေခဲ့သည်။ဂြိုဟ်ပျက်စီးသွားသည့် စိတ်ဒဏ်ရာနှင့် အထီးကျန်မှုများကြောင့် ဘဝ ဦးတည်ချက် ပျောက်ဆုံးနေသော ကာရာသည် သူမ၏ ၂၃ နှစ်ပြည့် မွေးနေ့တွင် အစွမ်းများ ပျောက်ကွယ်စေသည့် Red Sun ရှိရာ ဂြိုဟ်၌ အရက်မူးအောင် သောက်ရင်း စိတ်ဖြေနေခဲ့သည်။ ထိုစဉ် Ruthye ဆိုသည့် မိန်းကလေးနှင့် တွေ့ဆုံခဲ့ပြီး Krem ဆိုသည့် လူဆိုးကြီးအား လိုက်လံဖမ်းဆီးကာ လက်စားချေရန် အကြောင်းဖန်လာသည့် နဂါးငွေ့တန်း ခရီးစဉ်ကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမည် ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
01/08/2026
#ဘာသာရေးအစွဲအလမ်းကြီးသောမြို့ငယ်လေးနှင့်လိင်တူချစ်သူကိုခြောက်တဲ့ရုံတင်Horror ကား
ဘာသာရေး အစွဲအလမ်းနှင့် အယူအဆ လွန်စွာ တင်းကျပ်သည့် မြို့ငယ်လေးတစ်မြို့တွင် လူငယ်နှစ်ယောက်သည် အချင်းချင်း ချစ်ကြိုက်မိသွားကြသည်။ သို့သော် ထိုလူမှုအသိုင်းအဝိုင်းက သူတို့၏ ချစ်ခြင်းတရားကို လက်မခံဘဲ ပိတ်ပင်တားဆီးခဲ့ကြသည်။တစ်နေ့တွင် ထိုပတ်ဝန်းကျင်မှပင် ထူးဆန်းဆန်းပြားလှသည့် ရိုးရာအခမ်းအနားတစ်ခုကို ပြုလုပ်လိုက်သည့်အခါ... ကိုယ်အလိုချင်ဆုံး၊ မိမိအချစ်ရဆုံးသူ၏ ပုံရိပ်ယောင်ကို ယူဆောင်နိုင်သည့် သွေးဆာနေသော သဘာဝလွန် အရာဆိုးတစ်ခု ထွက်ပေါ်လာပြီး သူတို့နှစ်ဦးကို လိုက်လံခြောက်လှန့် တိုက်ခိုက်ပါတော့သည်။ ဘာသာရေး အစွဲအလမ်းများ၊ လျှို့ဝှက်ဆန်းကြယ် ရိုးရာအယူများနှင့်အတူ သွေးပျက်ဖွယ် စိတ်လှုပ်ရှားစွာ ကြည့်ရှုရမည်ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
01/08/2026
#အစားအသောက်တစ်ဘူးအတွက်အသက်နဲ့လဲရမယ့်ဆိုးလ်မြို့ကြီးရဲ့ ကမ္ဘာပျက်ကပ်လွန် ဇာတ်လမ်း
အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပြာပုံဘဝ ရောက်သွားသည့် ဆိုးလ်မြို့ကြီးတွင် ပြိုမကျဘဲ ကျန်ရစ်ခဲ့သော ဟွမ်းဂုံး တိုက်ခန်းတွဲကြီးကို အခြေပြု၍ လူသားတို့ အသက်ရှင်သန်ရန် ကုန်ပစ္စည်းများ ဖလှယ်ကြသည့် "ဈေးကွက်"တစ်ခုပေါ်ပေါက်လာခဲ့သည်။ထိုဈေးကွက်အတွင်း ငွေကြေးထက် အစားအသောက်ဘူးများက ပိုမိုတန်ဖိုးရှိလာပြီး အထပ် အနိမ့်အမြင့်ပေါ် မူတည်ကာ လူမှုအတန်းအစား ခွဲခြားမှုများ ရှိလာခဲ့သည်။ ထိုမတရားသော စနစ်ဆိုးကြီးအတွင်းသို့ အပြင်မှ ရောက်ရှိလာသည့် ဟီရိုတစ်ယောက် မည်သို့သော ဗျူဟာများဖြင့် တုံပြန်ယှဉ်ပြိုင်မည်နည်း... အပျက်အစီးများကြားမှ ထိုဈေးကွက်တွင် မည်သူက အသက်ရှင်ကျန်ရစ်မလဲဆိုသည်ကို စိတ္တဇဆန်ဆန် ကျားကုတ်ကျားခဲ ရှင်သန်ရေး တိုက်ပွဲများဖြင့် ကြည့်ရှုရမည်ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆ S
31/07/2026
#ကျောင်းတွင်းအနိုင်ကျင့်ခံမှသည်ထောင်တွင်းအသ-တ်အပုတ်အက်ရှင်ဇာတ်ကား
ကျောင်းတွင်း အနိုင်ကျင့်ခံရသူ ချာဝူဆိုးလ်သည် မထင်မှတ်ထားသော အဖြစ်ဆိုးတစ်ခုကြောင့် လူငယ်အကျဉ်းထောင်သို့ ရောက်ရှိသွားခဲ့သည်။ အားနည်းလှသည့် သူ့အား ထောင်တွင်းလူများကပါ ထပ်မံအနိုင်ကျင့်ကြသဖြင့် ခိုကိုးရာမဲ့ဖြစ်နေရာမှ ထောင်ထဲတွင် အားလုံးက ကြောက်ရသည့် MMA ချန်ပီယံ ဂျောင်ဒိုဟျွန်း (Wi Ha-Joon) နှင့် တွေ့ဆုံခဲ့ရသည်။မိမိကိုယ်ကို ကာကွယ်နိုင်ရန် ဒိုဟျွန်းထံမှ ကိုယ်ခံပညာကို စိတ္တဇဆန်ဆန် လေ့ကျင့်ယူရင်း အားနည်းသူဘဝမှ သံမဏိယောက်ျားတစ်ဦးအဖြစ် ပြောင်းလဲရန် ကြိုးစားလာသည့်အခါ... ဝူဆိုးလ်တစ်ယောက် ထောင်တွင်း အခက်အခဲများနှင့် ရန်သူများကို မည်သို့ရင်ဆိုင်ကျော်ဖြတ်မည်ကို အကြမ်းစား အက်ရှင်ရသများဖြင့် စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမည်ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
31/07/2026
#ဘုရင်ကြီးနဲ့မူးမတ်တစ်သိုက်ရဲ့မိန်းမအရှုပ်တော်ပုံ
ဒီဇာတ်ကားသည် Softcore ကားဟု ဆိုနိုင်သည်အထိ လိင်မှုအခန်းများစွာ ပါဝင်ပြီး သေချာ ပုံဖော်ပြသထားသော်လည်း သာမန် 18+ ကားတစ်ကားထက် အများကြီး ပိုလွန်သည့် အနုပညာရသနှင့် သရုပ်ဆောင်ချက်များကို မြင်တွေ့ရမည် ဖြစ်သည်။ "Empire of Lust" သည် ဂျိုဆွန်းမင်းဆက် တည်ထောင်ပြီး ၇ နှစ်အကြာတွင် ဇာတ်အိမ်တည်ထားပြီး ကိုရီးယားသမိုင်းတွင် ထင်ရှားသော အီဘန်းဝန် ၏ သမိုင်းကြောင်းကို ပုံစံသစ်တစ်မျိုးဖြင့် ချဉ်းကပ်ပြသထားသည်။ သမိုင်းနောက်ခံ၊ နန်းတွင်းရေး အကွက်များနှင့်အတူ တဏှာ၊ ရာဂတို့ဖြင့် ပြည့်နှက်နေသော ဇာတ်လမ်းကောင်းတစ်ကား ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
31/07/2026
#မိဘပိုက်ဆံထိုင်ဖြုန်းတဲ့ပေတေတေလူမိုက်ခေါင်းဆောင်ရဲ့ နှလုံးသားကိုကိုင်လှုပ်လိုက်တဲ့ကောင်မလေး
မွန်နာဆိုသည့် ကောင်လေးသည် ဘွဲ့သာ ရထားသော်လည်း ဘာအလုပ်မှလည်း မလုပ်ချင်၊ ဘဝအတွက်လည်း အစီအစဉ်မရှိဘဲ မိဘပိုက်ဆံကို ထိုင်ဖြုန်းရင်း လမ်းပေါ်တွင် အဓိပ္ပာယ်မရှိ ရန်ခဏခဏဖြစ်ကာ ပေတေနေတတ်သည့် လူမိုက်ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။မည်သို့မျှ ပြုပြင်၍မရလောက်အောင် ပေတေနေသည့် မွန်နာ၏ ဘဝထဲသို့ ကိစ္စတစ်ခုကြောင့် မိန်းကလေးတစ်ယောက် ရောက်ရှိလာသည့်အခါ... မွန်နာ၏ ပေတေတေ အပြုအမူများနှင့် ဘဝအမြင်များ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ရသည်။ ဘဝ၏ အဓိပ္ပာယ်ကို မသိခဲ့သော လမ်းသရဲ လူမိုက်တစ်ဦး အချစ်နှင့် မေတ္တာတရားကြောင့် မည်သို့ ပြောင်းလဲသွားမည်ကို ဟာသ၊ အချစ်နှင့် ဒရမ်မာ ရသစုံလင်စွာ ရိုက်ကူးတင်ဆက်ထားသည့် ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
31/07/2026
#ထွက်ပေါက်မရှိတဲ့ရေအောက်ဂူထဲကငါးမန်းနှင့်ရေအောက်ငရဲခန်း
ကျောင်းပြီး၍ လူကြီးဘဝသို့ မကူးပြောင်းမီ နောက်ဆုံး အမှတ်တရအဖြစ် ကောလိပ် သူငယ်ချင်း ၅ ဦးသည် ထိုင်းနိုင်ငံသို့ ခရီးထွက်လာခဲ့ကြသည်။ အဓိကဇာတ်ဆောင်မလေး Sara (Kathryn Newton) သည် ကွယ်လွန်သွားသူ အဖေဖြစ်သူ၏ ခြေရာနင်းကာ ထိုင်းကမ်းရိုးတန်းရှိ "မိစ္ဆာခံတွင်း" ဟု ခေါ်သည့် ရေမြုပ်ဂူကြီးအတွင်းသို့ သူငယ်ချင်းများနှင့်အတူ ရေငုပ် စွန့်စားရန် ပြင်ဆင်ခဲ့ကြသည်။သို့သော် ပျော်ရွှင်ဖွယ် ခရီးစဉ်သည် ရေအောက်ဂူအတွင်း ပိတ်မိသွားသည့်အခါ ထိတ်လန့်ဖွယ် သေမင်းတမန် ငရဲခန်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့ထက် ပိုမိုဆိုးရွားသည်မှာ ဂူအတွင်း ရေချို/ရေငန် နှစ်မျိုးလုံးတွင် သောင်းကျန်းနိုင်သည့် အလွန်ကြမ်းတမ်းသော Bull Shark (ကျွဲငါးမန်း) နှင့် ရင်ဆိုင်လိုက်ရခြင်းပင် ဖြစ်သည်။ အမှောင်ထုအောက်တွင် အောက်ဆီဂျင် လျော့နည်းလာမှု၊ ထွက်ပေါက် ပျောက်ကွယ်သွားမှုတို့နှင့်အတူ ငါးမန်း၏ အမဲလိုက်ခံရမှုကြား ရှင်သန်ရန် ရုန်းကန်ကြရမည့် Survival Shark-Horror ရုပ်ရှင်ကားကောင်း ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
31/07/2026
#ထိုင်းနိုင်ငံကဇွန်ဘီးစစ်သားများ
ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနယ်စပ်သို့ ဂျပန်စစ်တပ် ကျူးကျော်လာပြီးနောက် နှစ်ဖက် အပစ်အခတ် ရပ်စဲခဲ့ကြသည်။ ထို့နောက် မက်နှင့် မော့တို ညီအစ်ကိုနှစ်ဦး ပါဝင်သည့် တပ်ဖွဲ့အား နယ်မြေရှင်းလင်းရေး လွှတ်လိုက်သော်လည်း ဂျပန်စစ်သားများ သယ်ဆောင်လာသည့် သေမင်းတမန် ဇီဝလက်နက်တစ်ခု နယ်စပ်ရွာအတွင်း ပြန့်နှံ့သွားခဲ့ရာမှ ထိတ်လန့်ဖွယ် ကပ်ဆိုးကြီး စတင်လာခဲ့သည်။သေတ္တာထဲမှ ထွက်လာသည့် ဇီဝလက်နက်ကြောင့် လူများ ဇွန်ဘီအဖြစ် ပြောင်းလဲသွားပြီးနောက်... လျှို့ဝှက်ချက် ပေါက်ကြားမည်စိုး၍ အကုန်သုတ်သင်ရန် ကြံစည်သည့် ဂျပန်စစ်တပ်နှင့် ရှင်သန်ရန် ရုန်းကန်ရမည့် ထိုင်းစစ်သားများ၊ ရွာသားများကြား စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားသည့် Action-Horror ရုပ်ရှင်ကားကောင်း ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
30/07/2026
#ဝတ်ပြုချိန်မှာဝင်ရောက်နှောင့်ယှက်တတ်တဲ့မကောင်းဆိုးဝါးနှင့်အပနှင်ပွဲ
"ခန်ဇက်" (Khanzab) ဆိုသည်မှာ လူများ ဘုရားဝတ်ပြု ဆုတောင်းနေချိန်တွင် စိတ်အတွင်းရှိ ဒေါသနှင့် မကောင်းသည့် ခံစားချက်များကို အခွင့်ကောင်းယူကာ ဝင်ရောက် နှောင့်ယှက်တတ်သည့် မကောင်းဆိုးဝါး ဝိညာဉ်ဆိုးတစ်ခု ဖြစ်သည်။ငယ်စဉ်ကတည်းက သဘာဝလွန် ဖြစ်ရပ်များ၏ ခြောက်လှန့်ခြင်းကို ခံခဲ့ရဖူးသူ ရာဟာယူ သည် အဆိုပါ ခန်ဇက်၏ ပူးကပ် နှောင့်ယှက်မှုကို ထပ်မံ ကြုံတွေ့ရသောအခါ... သူမအား လွတ်မြောက်စေရန် အန္တရာယ်များသည့် အပနှင်ပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ရတော့သည်။ ထိတ်လန့်ဖွယ်ရာ အပနှင်ပွဲကြီးကြားမှ ရာဟာယူတစ်ယောက် ဘေးကင်းပါ့မလား ဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရှုရမည့် Indonesian Horror ဇာတ်လမ်းတိုလေး ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
Click here to claim your Sponsored Listing.
Category
Website
Address
Yangon