R2-International Wellness & Anti-aging

R2-International Wellness & Anti-aging

Share

Dr.Tony Su (R2-ထိုင်ပေ) ၏ Pageမူရင်း ပါ။ မြန်မာမိတ်ဆွေများအတွက် Health wellness and anti-aging Stem cell များအကြောင်းဖော်ပြပေးသွားမဲ့စာမျက်နှာဖြစ်ပါတယ်။

08/09/2026

💢 Taiwan stem cell and Exosome in Vietnam 🇻🇳
M Vita Clinic in Ho ChinMinh City, our R2partner clinic🥰

Photos from R2-International Wellness & Anti-aging's post 24/08/2026

Exosome ကို ဒူးဆေးအဖြစ်သုံးရုံတင်မက I.V drip လဲပေးပါတယ်။ အိုမင်းလာတဲ့ Cell တွေကို Coding ပြန်ပြုပြင်တဲ့သဘောပါ။ Old Cell တွေအတွက် Stem cell ရဲ့ message code တွေရပြီး အရင်အတိုင်းပြန်ပြီးပုံမှန်အလုပ်ကောင်းကောင်းလုပ်အောင် လုပ်ပေးတဲ့သဘောပေါ့။
Cell ရဲ့ Collagen တွေကောင်းကောင်းပြန်ထုတ်နိုင်အောင်၊ ATP ထုတ်တဲ့ Mitochondria တွေပိုပြီးအားကောင်းလာပြီး Energetic ဖြစ်အောင်၊ Immune တွေမျှတလာပြီး တော်ရုံနဲ့ နေမကောင်းဖြစ်တတ်တဲ့သူတွေ ပြန်အားပြည့်ပြီး Virus ဒဏ်ခံနိုင်အောင်၊ နာတာရှည်ရောင်ရမ်းတာတွေ ကျဆင်းပြီး အသက်ရှည်အောင် ထိုးပေးတာပါ။
💘တခါတလေ ဆေးပညာရပ်ဆိုင်ရာ သုတေသနဆိုင်ရာ အရေးအသားတွေနဲ့ရေးရင် နားမလည်ကြလို့ရိုးရိုးရှင်းရှင်းရေတာကပိုကောင်းတယ်။

Photos from R2-International Wellness & Anti-aging's post 23/08/2026

Stem Cell များသည် Regenerative Medicine ပြန်လည်ပြုပြင်ကုသရေးဆိုင်ရာ ဆေးပညာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပြီး ယခုအခါ Stem Cell တို့မှ ထုတ်လွှတ်သော Exosomes များကိုလဲ ပိုမိုအာရုံစိုက်လာကြပါသည်။

Exosomes သည် ဆဲလ်တစ်ခုမှ အခြားဆဲလ်တစ်ခုသို့ ဇီဝဆိုင်ရာ အချက်အလက်များကို ပို့ဆောင်ပေးသည့် သေးငယ်သော အမှုန်အမွှားများဖြစ်ပြီး ဆဲလ်အချင်းချင်း ဆက်သွယ်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သောကြောင့် "Cell Messenger" ဟု ခေါ်ဆိုကြပါသည်။

၎င်းတို့တွင် ပရိုတင်းများ၊ အဆီဓာတ်များ၊ mRNA နှင့် microRNA ကဲ့သို့သော ဇီဝတက်ကြွသော မော်လီကျူးများ ပါဝင်ပြီး ဆဲလ်များအကြား ဇီဝဆိုင်ရာ အချက်ပြမှုများကို ပို့ဆောင်ပေးခြင်းဖြင့် ဆဲလ်အချင်းချင်း ဆက်သွယ်လုပ်ဆောင်မှုကို အထောက်အကူပြုနိုင်ပါသည်။

ထို့ကြောင့် ယနေ့ခေတ် Regenerative Medicine တွင် Stem Cell ကို တိုက်ရိုက်အသုံးပြုသာမက Stem Cell မှ ထုတ်လွှတ်သော ဇီဝဆိုင်ရာ အချက်ပြမှုများကို အသုံးချသည့် Exosomes များသည် မျိုးဆက်သစ် ပြန်လည်ပြုပြင်ကုသရေး နည်းပညာတစ်ခုအဖြစ် ပိုမိုအာရုံစိုက်ခံရပါသည်။

22/08/2026

Geromedicine, Healthy Longivity Medicine တွေက လက်ရှိ Convention medicine နဲ့ Functional Medicine ကနေကွဲထွက်ပြီး Cell တွေအိုမင်းရင့်ရော်လာတွေကနေ ပြန်လည်နုပျိုလာနိုင်ဖို့ရယ် ဦးနှောက်အာရုံကြောလုပ်ငန်းများ ရောင်ရမ်းပျက်စီးပြီး Dementia ဖြစ်ပွားမှုကို ဘယ်လိုလျော့ချမလဲဆိုတာတွေရယ် အသက်အရွယ်ကြီးလာပြီး Muscle တွေ Wasting ဖြစ်လာတာကို ကာကွယ်ဖို့ရယ် အစရှိတဲ့ အိုမင်းခြင်းကြောင့်ဖြစ်လာတဲ့ ပြဿနာတွေကို ကြိုတင်ကာကွယ်ဖို့ ဦးစားပေးတဲ့ဆေးပညာတခုဖြစ်ပါတယ်။ ခုဆို NUS မှာတောင် Geromedicine ဆိုတဲ့ ဘာသာရပ်တခုနဲ့ စတင်နေပါတယ်။

21/08/2026

ရောဂါကုသခြင်းနှင့် ကျန်းမာရေးတည်ဆောက်ခြင်းသည် မတူညီသောအရာများဖြစ်သည်။ နာတာရှည်ရောဂါအတွက်ဆေးဝါးသောက်သုံးခြင်းသည် ရောဂါကို ကုသနိုင်သည်၊ ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်ပြီး သေဆုံးမှုနှုန်းကို လျှော့ချနိုင်သော်လည်း ဆင်းရဲပင်ပန်းစွာ နာတာရှည်ရောဂါဖိစီးနေသည့် ဘဝကို ဖြတ်သန်းရင်း ကျွန်ုပ်တို့ ပိုမိုကြာရှည်စွာ အသက်ရှင်နိုင်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသလား။
အများစုမှာ ကျန်းမာရေး အဆက်မပြတ် ညံ့ဖျင်းခြင်း၊ ဆေးဝါးများစွာ သောက်သုံးခြင်းနှင့် ဆေးရုံသို့ မကြာခဏ သွားရောက်ခြင်းတို့ဖြင့် ဖြတ်သန်းနေကြသည်။
ကျွန်ုပ်တို့ လိုချင်သော "ကျန်းမာသော အသက်ရှည်မှု" ဆိုသည်မှာ- ရောဂါနှင့် နာကျင်မှုကင်းစင်သော၊ အားနည်းခြင်း သို့မဟုတ် ယိုယွင်းပျက်စီးခြင်းမရှိဘဲ၊ တက်ကြွမှုနှင့် စွမ်းအင်ပြည့်ဝသော၊ ဘဝခရီးကို ပျော်ရွှင်စွာနှင့် ငြိမ်းချမ်းစွာ ဖြတ်သန်းသော ဘဝဖြစ်သင့်သည်။
"ရောဂါကုသခြင်း" နဲ့ "ကျန်းမာရေးတည်ဆောက်ခြင်း" တို့ဟာ အလွန်ကွာခြားပါတယ်။ ခေတ်တွေ ပြောင်းလဲသွားပါပြီ။
"အိုမင်းခြင်းလမ်းကြောင်းကို ပြောင်းလဲခြင်း" ဟာ လုံးဝဖြစ်နိုင်ခြေရှိပြီး လက်တွေ့ကျတဲ့ ရည်မှန်းချက်တစ်ခုပါ။

Photos from R2-International Wellness & Anti-aging's post 14/08/2026

💢Mesenchymal Stem Cell-derived Exosome ဆိုတာဘာလဲ?
👉Exosome (အက်ဆိုဆုန်း)ဆိုတာ ဆဲလ်တွေအချင်းချင်း တစ်ခုနဲ့တစ်ခု ဆက်သွယ်ပေးပို့တဲ့ "သတင်းစကားပါဆယ်ထုတ်" လေးတွေလို့ တင်စားနိုင်ပါတယ်။ ပိုမိုတိကျစွာပြောရရင် မိမိခန္ဓာကိုယ်ရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ပြန်လည်ပြုပြင်ဖို့အတွက် Stem Cell (ပင်မဆဲလ်) တွေကနေ ထုတ်လွှတ်လိုက်တဲ့ အလွန်သေးငယ်တဲ့ Extracellular Vesicles (အိတ်ငယ်လေးများ)** ပဲဖြစ်ပါတယ်။
💢Exosome ရဲ့ အဓိကလုပ်ဆောင်ချက်များ
⚡️သတင်းအချက်အလက် ပေးပို့ခြင်း: ဆဲလ်အချင်းချင်း အချက်ပြစနစ် (Cell Signaling) ကို အသုံးပြုပြီး ဘယ်နေရာမှာ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်သလဲဆိုတာကို ညွှန်ကြားပေးပါတယ်။
⚡️Regeneration (ပြန်လည်ရှင်သန်ခြင်း): အိုမင်းရင့်ရော်နေတဲ့ ဆဲလ်တွေကို ပြန်လည်နုပျိုလာစေဖို့ လှုံ့ဆော်ပေးပါတယ်။
⚡️Anti-Inflammation (ရောင်ရမ်းမှု လျှော့ချခြင်း): ခန္ဓာကိုယ်အတွင်းက ရောင်ရမ်းမှုတွေကို လျော့ကျစေပြီး တစ်ရှူးတွေကို ကျန်းမာစေပါတယ်။
💢ဘာကြောင့် Exosome ကို အသုံးပြုသင့်တာလဲ?
အစဉ်အလာ Stem Cell ကုထုံးတွေနဲ့ မတူတဲ့အချက်မှာ Exosome ဟာ ဆဲလ်ကိုယ်တိုင်မဟုတ်ဘဲ ဆဲလ်ကထုတ်တဲ့ **အနှစ်သာရ (Essence)** သာဖြစ်တဲ့အတွက် အောက်ပါအားသာချက်တွေ ရှိပါတယ် -
👉ပိုမိုသေးငယ်ပြီး ထိရောက်ခြင်း: Stem Cell ထက် အဆပေါင်းများစွာ သေးငယ်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့နေရာတွေ (ဥပမာ - အရေပြားအလွှာများ) ထဲကို ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ရောက်ရှိနိုင်ပါတယ်။
👉ဘေးထွက်ဆိုးကျိုး နည်းပါးခြင်း။ဆဲလ်မဟုတ်တဲ့အတွက်ကြောင့် ခုခံအားစနစ်ကနေ ပြန်လည်တိုက်ထုတ်ခြင်း (Immune rejection) လိုမျိုး အန္တရာယ်တွေ မရှိသလောက် နည်းပါးပါတယ်။
👉Anti-aging အစွမ်းမြင့်မားခြင်း ။Collagen ထွက်ရှိမှုကို လှုံ့ဆော်ပေးခြင်း၊ အရေပြားတင်းရင်းစေခြင်းနဲ့ ဆဲလ်အသစ်ဖြစ်ပေါ်မှုကို မြန်ဆန်စေခြင်းတို့ကြောင့် အလှအပရေးရာနဲ့ ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။
💢R2 Clinic Taipei ရဲ့ အဆင့်မြင့်နည်းပညာ 👉
ကျွန်ုပ်တို့ R2 Clinic သည် Human Mesenchymal Stem Cell (MSC) များမှ ထုတ်ယူရရှိသော အရည်အသွေးမြင့် Exosome များကို အသုံးပြုထားပါသည်။ ထိုင်ပေ၊ ဟောင်ကောင်၊ စင်ကာပူနှင့် ဗီယက်နန်နိုင်ငံတို့မှ လူနာပေါင်းများစွာကို ယုံကြည်စိတ်ချစွာ ကုသပေးနေသည့် အတွေ့အကြုံများဖြင့် ယခုအခါ မြန်မာပြည်မှ ဧည့်သည်တော်များအတွက် အကောင်းဆုံးသော Anti-aging အတွေ့အကြုံသစ်ကို ဖိတ်ခေါ်လိုက်ရပါတယ်။
💢ဆဲလ်အဆင့်မှ ပြန်လည်နုပျိုခြင်း လျှို့ဝှက်ချက် - Stem Cell Exosome Therapy
💢ဈေးနှုန်းကတော့ 💵 ဒေါ်လာ 600~1200ပါ။

Photos from R2-International Wellness & Anti-aging's post 08/08/2026

Dr.Tony ဒီနေ့ Stem Cell Therapy Congress မှာ မလေးရှားရောက် ကျောင်းနေဖက် သူငယ်ချင်း Dr ခိုင်ပွင့်ဖြူ နဲ့ တွေ့ဆုံပြီး Stem cell နဲ့ပတ်သက်ပြီး ဗဟုသုတများ ဖလှယ်ကြပါတယ် 🤗

👉 With Associate Professor Dr. Khine Pwint Phyu : an obstetrician, gynaecologist, and the Head of Learning and Teaching at the Faculty of Health and Medical Sciences at Taylor's University.

Photos from R2-International Wellness & Anti-aging's post 07/08/2026

ဒေါက်တာသန်းထိုက် မလေးရှား 🇲🇾 ကွာလာလမ်ပူမြို့တော်မှာကျင်းပနေတဲ့ Cell & Gene Therapy Congress 2026 ကိုရောက်ရှိနေပါတယ်။ တိုးတက်ထွန်းကားနေတဲ့ နည်းပညာတွေကို ဆက်လက်လေ့လာဖို့ စဉ်ဆက်မပြတ် သင်ယူမှုကအရေးကြီးပါတယ်။ နည်းပညာတွေထွန်းကားလာတဲ့ခေတ်မှာ သင်ဟာ သမရိုးကျဆေးပညာမှာပဲ ရပ်နေတုန်းပဲလား 🤔

Photos from R2-International Wellness & Anti-aging's post 05/08/2026

💢 2026/6လပိုင်း Stem Cell ကုသမှုယူသွားတဲ့ Singapore မိတ်ဆွေရဲ့ Result တွေကတဖြည်းဖြည်းကောင်းလာတာတွေ့ရပါတယ်။
💢 HbA1C 6.4–> 6.6 —> 6.0 ထိ သွေးချိုကို ပိုပြီးထိန်းသိမ်းလာနိုင်တာပြီး ဆီးအတွင်း အသားဓာတ် ပါဝင်နှုန်းတွေကျဆင်းလာတာကို တွေ့ရပါတယ်။ လုပ်ငန်းရှင်သူဌေးပီပီ အစားကောင်းစားပြီး မနှစ်ကသွေးချိုတွေတက် ကျောက်ကပ်လဲစတင်ပျက်စီးလာတာတွေ့ရပေမဲ့ ခုအချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

Photos from R2-International Wellness & Anti-aging's post 05/08/2026

လေဖြန်းထားတဲ့မိတ်ဆွေအတွက် Stem cell ထိုးဖို့ Shanghai Local မှာ Stem cell company တွေအများကြီးရှိပေမဲ့ ထိုင်ဝမ် Stem cell ကိုမှရွေးချယ်ပြီးမှာယူခဲ့ပါတယ်။ ဈေးမှန်ပြီး Quality ကောင်းတာကြောင့် ထိုင်ဝမ် Made Stem Cell ကိုမှ အသည်းအသန်မှာယူခဲ့တာပါ။

Category

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00