Shwe Yee

Shwe Yee

Share

Thank you to everyone for everything.

01/08/2026

ဘ၀ကို …
ခပ်ချေချေ ဖြတ်သန်းဖို့ပဲ တွေးပါတယ်

ဒုက္ခတွေ ကြုံလာတဲ့အခါ
ဘာမှ မဖြစ်သလို ပြုံးပြီး

ပျော်စရာတွေ ကြုံလာတဲ့အခါ
မနက်ဖြန်ကျရင်
ရယ်စရာလေးကျန်အောင်လို့
ချွေချွေတာတာ ရယ်ရုံပေါ့ …

#ကျေးကို
Original Writer

16/07/2026

ဘဝမှာ ဘာအလိုရှိရဦးမှာလဲ...
ကမ္ဘာကြီးကိုလား...
ချမ်းသာကြွယ်ဝမှုကိုလား...
စွမ်းအားတွေကိုလား...
အာဏာကိုလား...

ကိုယ့်ကို ပြုံးပြနေတဲ့ ချစ်သူလေးရဲ့
မေတ္တာတွေ ရရင်...
ဘဝမှာ ဘာကိုထပ်ပြီး အလိုရှိရတော့မလဲ... ။

-လောင်ချိတ်
☺️☺️

14/07/2026

ငါ့ကိုအမြင်ကပ်တဲ့လူတွေမှာလည်း
အမြင်ကပ်ချင်တဲ့အကြောင်းအရင်းတွေ
ရှိမှာဘဲလေ။

ငါ့ကိုမုန်းတဲ့လူတွေမှာလည်း
ငါ့ရဲ့အဆိုးဖက်ကို ကြည့်ခဲ့လို့နေမှာပါ။

ငါ့ကိုသဘောမကျတဲ့လူတွေမှာလည်း
သူတို့လက်မခံနိုင်တဲ့ ငါ့ဖြစ်တည်မူကြောင့်လည်း
ဟုတ်ချင်ဟုတ်မှာပေါ့။

ငါ့ကိုမချစ်နိုင်တဲ့လူတွေမှာလည်း
ငါဖြစ်နေလို့ မချစ်နိုင်တာလည်းဖြစ်ချင်ဖြစ်နိုင်တာပဲလေ။

ငါ့တည်ရှိခြင်းက လူတွေအတွက် အရေးမကြီးသလို
ကမ္ဘာကြီးကလည်းငါ့ကိုအကြောင်းပြုပြီး
လည်ပတ်နေတာမဟုတ်ဘူး။

လူတွေရဲ့ရူထောင်အမျိုးမျိုးနဲ့ ငါ့ရဲ့ဖြစ်တည်မူအပိုင်းအစတွေကိုဘယ်လိုပဲထင်မြင်ကြပါစေ
ငါကတော့ဂရုစိုက်မှာမဟုတ်ဘူး
ဘာကြောင့်ဆို လူတိုင်းက
ငါ့အတွက်အရေးမကြီးဘူးလေ။

#ဖားစည်ရည်ကျော်

13/07/2026

နေကောင်းကျန်းမာအောင်နေပါ
ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့လည်း
ဖြတ်သန်းပါ ညဘက်တွေလည်း
စောစောအိပ်ပါနော်...

ဒီစကားတွေက နောက်ဆုံးမှာတာမလို့
အသေချာလေး ဂရုစိုက်စေချင်ပါတယ်

စိတ်ညစ်စရာတွေလဲ မတွေးရဘူးနော်
လိမ်လိမ်မာမာလေး နေမယ်လို့လည်း
မျှော်လင့်ပါတယ်..

ဆေးလိပ်တွေလဲ မသောက်ပါနဲ့
ရှင့်ကျန်းမာရေးကို ထိခိုက်စေမယ့်
အရာမှန်သမျှကို မုန်းမိတဲ့အထိ
ရှင့်ကို သိပ်ချစ်တယ်...

ဉာဥ့်နက်တဲ့အထိ ဖုန်းသုံးတဲ့အခါ
မျက်ရည်ပူ ကျတက်တာလေးကိုလဲ
ဂရုစိုက်ရမယ်နော် ...

ဟိုးအရင်က ပြောခဲ့ဘူးတဲ့စကားလေးလို
အမြဲ ပျော်နေတာလေးပဲ မြင်ချင်တယ်
ရေစက်ရှိသလောက် ဆုံခဲ့ကြပြီးပြီမို့
အနားမှာ အတူတူ ရှိနေခဲ့ရတာလေးကို
အမြဲအမှတ်ရနေအုံးမှာပါ ...

သံယောဇဥ်ဆိုတာ နှစ်တွေဘယ်လောက်
ကြာကြာ မေ့ပျောက်လို့မသွားဘူးတဲ့
ရှင်လဲ အမြဲအမှတ်ရနေမယ်လို့
ယုံကြည်ပါတယ်..

ရှင့်ကို သိပ်ချစ်တယ်
အရမ်းလဲ လွမ်းတယ်
နှုတ်ဆက်ခဲ့ပါတယ်ကျွန်မရဲ့
ချစ်မဝတဲ့ ရှင်သန်ရာလေး

~မုဒြာ
Crd

Photos from Shwe Yee 's post 30/05/2026

Love flowers 🌼

30/05/2026

ချစ်မေတ္တာဆိုတာ ရိုးရှင်းပါတယ်။

မရိုးရှင်းတော့ဘူးဆို ချစ်မေတ္တာမဟုတ်လို့ပါ။


☺️☺️☺️

Photos from Shwe Yee 's post 30/05/2026

# For love flowers

☺️☺️

Photos from Shwe Yee 's post 28/05/2026

Love flowers

Category

Website

Address

No. 32, Bochot Street
Yangon