Agri Integral of Asia

Agri Integral of Asia

Share

AIA is educating the knowledge of Agriculture based Biotechnology.

Photos from Agri Integral of Asia's post 25/05/2026

စိတ်ဝင်စားသူများ အတွက် ဖိတ်ကြားအပ်ပါသည် ။

Photos from Agri Integral of Asia's post 25/05/2026

Cordial Invitation
🎉🎉🎉🎉🎉🎉🎉
Agri Institute of Asia ( AIA ) ၏ တစ်နှစ်ပြည့်မြောက်သည့် အချိန်ကာလ တွင် အပတ်စဥ် အခမဲ့ ပညာမျှဝေခြင်း အစီအစဥ် ( Free Online Seminar ) အမှတ်စဥ် (၁) မှ ( ၄၃ ) အထိ မေတ္တာ ဖြင့် ပညာရပ် ဗဟုသုတများ မျှဝေ ပေး ခဲ့ သော ပညာရှင် ဆရာ၊ ဆရာမ တို့အား ဂုဏ်ပြု နေ့လည်စာ တည်ခင်း ကျွေးမွေး လိုပါသဖြင့် အောက်ပါအစီအစဥ်အတိုင်း ကြွ ရောက်ချီးမြှင့် ပေးပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည် ။

🌺နေ့ရက် - ၃၁.၅.၂၀၂၆ တနင်္ဂနွေနေ့
🌻အချိန် - နေ့လည် - ၁၂ နာရီ မှ ညနေ ၄နာရီ အထိ
🌼နေရာ။ - RAINBOW FOOD CENTER -& ရတနာ လမ်း နှင့် ဝေဇယန္တာလမ်းထောင့်၊တောင်ဥက္ကလာပ မြို့နယ် ၊ ရန်ကုန်မြို့ ။

23/05/2026

Dr.Than Than Sein is inviting you to a scheduled Zoom meeting.

Topic: Vetiver System in Agriculture Seminar
Time: May 24, 2026 07:00 PM Rangoon
Join Zoom Meeting
https://us05web.zoom.us/j/83452504550?pwd=3OigtTEMc8jdYKtyhRI0VGxHEaZ7JP.1

Meeting chat link
https://us05web.zoom.us/launch/jc/83452504550

Meeting ID: 834 5250 4550
Passcode: 011936

20/05/2026

မုတ်သုန် မိုးလေး တွေ စတင်ပက်ဖြန်းလာသည့်

လနယုန် သည် နယုန်မိုးသေး မြက်သားမွေးဆိုတဲ့စကား နဲ့အတူ

ကျမတို့ ဗက်တီဗာ မြက်ကလေးတွေ စတင်စိုက်ပျိုးကြရအောင်ပါ ။

စိုက်ပျိုးရေး ခြံတွေ မှာ စိုက်ခင်းတွေမှာ

မြေကျယ်သည်ဖြစ်စေ ကျဉ်းသည်ဖြစ်စေ

ဘယ်နေရာတွေမှာ စိုက်သင့်သလဲ ။

ဘယ်လိုစိုက်သင့်လဲ ။

ဘာအကျိုးကျေးဇူးတွေ ရမလဲ ။

ဆွေးနွေးကြပါမယ် ။

လာမဲ့ ဆန်းဒေး See u

A presto ပါရှင် ။

09/05/2026

Dr.Than Than Sein is inviting you to a scheduled Zoom meeting.

Topic: Eco-Spirituality Seminar
Time: May 10, 2026 07:00 PM Rangoon
Join Zoom Meeting
https://us05web.zoom.us/j/85640995252?pwd=4vL2kfTtX6i6AZISi5TAbrLtJSNHCP.1

Meeting chat link
https://us05web.zoom.us/launch/jc/85640995252

Meeting ID: 856 4099 5252
Passcode: 387438

04/05/2026

Eco-Spirituality: “စိတ်ဝိဉာဉ် သန့်ရှင်းစင်ကြယ်မှုဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း”

**********************************************
အားလုံးပဲ မင်္ဂလာပါရှင်။

ဒီအပတ် AIA ရဲ့ အစီအစဉ်မှာတော့ ဘာသာရေးအသိအမြင်နဲ့ စိတ်ဝိဉာဉ်သန့်စင်မှု ကျင့်ဝတ်ကို အခြေခံပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လက်တွေ့လုပ်ဆောင်နေကြတဲ့ လူပုဂ္ဂိုလ်နှစ်ဦးကို ဖိတ်ကြားထားပါတယ်။ ဆွေးနွေးမယ့် ခေါင်းစဉ်ကတော့ Eco-Spirituality ဖြစ်ပါတယ်။ ၎င်းရဲ့ ဆိုလိုရင်းကတော့ သဘာဝတရားကို ရိုသေလေးစားမှုရှိတဲ့ ဝိဉာဉ်ရေးရာ အခြေခံ ဘဝနေထိုင်မှုပုံစံပဲ ဖြစ်ပါတယ်။

နာမည်ကျော် Ecologist နှင့် Catholic Priest တစ်ဦးဖြစ်သူ Thomas Berry က "တက္ကသိုလ်တွေမှာ နည်းပညာရပ်တွေတင်မကဘဲ လူ့ကျင့်ဝတ်သီလ၊ ကိုယ်ချင်းစာတရားနဲ့ စိတ်ဝိဉာဉ်သန့်ရှင်းမှုတွေကိုပါ သင်ကြားပေးဖို့ လိုအပ်တယ်" လို့ ဆိုခဲ့ပါတယ်။

အကယ်၍ ကျမတို့ဟာ ကျင့်ဝတ်ပိုင်းကို လျစ်လျူရှုပြီး "လူတော်" တွေကိုပဲ မွေးထုတ်ပေးနေမယ်ဆိုရင် ပတ်ဝန်းကျင်ပျက်စီးမှုကို မသိကျိုးကျွံပြုတဲ့၊ အကျိုးစီးပွားနောက်ရုံပဲလိုက်တဲ့ ပညာရှင်တွေသာ ပေါ်ထွက်လာပါလိမ့်မယ်။

ယနေ့ကမ္ဘာကြီးဟာ Eco-Suffering လို့ခေါ်တဲ့ ဂေဟစနစ်ဆိုင်ရာ ဒုက္ခဝေဒနာတွေကို ပြင်းထန်စွာ ခံစားနေရပါတယ်။ ဆရာတော် Thich Nhat Hanh ဟောကြားသလိုပဲ "လူသားဟာ သဘာဝတရားရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သဘာဝကို ဂရုစိုက်ခြင်းဟာ မိမိရဲ့ ဝိဉာဉ်ရေးရာကို ကျင့်ကြံခြင်းပဲ" ဖြစ်ပါတယ်။

ဒါကြောင့် Eco-Spirituality ဆိုတာ ဘာသာတရားတစ်ခုထက် သဘာဝကို တန်ဖိုးထားတဲ့ Mindset တစ်ခုပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဒီလိုခံယူချက်တွေကို လက်တွေ့အကောင်အထည်ဖော်နေတဲ့ Speaker နှစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ် -

• ဆရာ LUKE (ကိုထွန်းထွန်းဝင်း): အင်္ဂလိကန် အသင်းတော် ဘုန်းတော်ကြီးတစ်ပါးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ “ဟေရမုန် အော်ဂဲနစ်ခြံ” ကို တည်ထောင်ကာ Theologist ဘဝမှ Eco-Theologist အဖြစ် ပြောင်းလဲခံယူကြိုးစား လျက်ရှိ နေပါတယ်။

Creation Care နဲ့ပါတ်သတ်ပြီး ကိုယ်တိုင်လေ့လာသင်ယူ နေသူတစ်ဦး ဖြစ်ပြီး အခြားသူများကိုလည်း ဟေရမုန်ခြံလေးကနေတစ်ဆင့် ဝေမျှနေသူလည်းဖြစ်ပါတယ် ။

ဆရာနဲ့ ဆရာ့ပါရမီဖက် ဆရာမတို့ရဲ့ စေတနာကြောင့် “ဟေရမုန်” ဟာ နည်းပညာလည်းပေး၊ အစားအစာလည်းကျွေးတဲ့ စိတ်ဝိဉာဉ်သန့်ရှင်းရာ ဂေဟဝန်းကျင်တစ်ခု ဖြစ်လာခဲ့ပါပြီ။

• ကိုဥဂ္ဂါ: မုံရွာစီးပွားရေးတက္ကသိုလ်မှ ဘောဂဗေဒဘွဲ့နှင့် မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (MIT) မှ M.A (Interfaith Dialogue) ဘွဲ့တို့ကို ရရှိထားသူ ဖြစ်ပါတယ်။

လက်ရှိတွင် ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရပ်များကို ပို့ချပေးနေသလို၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် Eco-Temple နှင့် Eco-Spirituality ဆိုင်ရာ ဆွေးနွေးပွဲများ၊ သင်တန်းများကို ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ယခုဆွေးနွေးပွဲကို Dhamma Blogger (သစ္စာအလင်း) မှ Moderator အဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ဆရာတို့နှစ်ဦးက Eco-Spirituality နည်းလမ်းဖြင့် Eco-Suffering တွေကို ဘယ်လိုလျှော့ချပေးနေသလဲဆိုတာကို စိတ်ဝင်စားဖွယ် နားဆင်ကြရမှာ ဖြစ်ပါတယ်။

အားလုံးကို ဖိတ်ခေါ်အပ်ပါတယ်ရှင်။

25/04/2026

Dr.Than Than Sein is inviting you to a scheduled Zoom meeting.

Topic: Cell and Spore Counting Seminar
Time: Apr 26, 2026 07:00 PM Rangoon
Join Zoom Meeting
https://us05web.zoom.us/j/85927873270?pwd=Mu2LxfkIt07fvXN6UeF2PjJ355w8U5.1

Meeting ID: 859 2787 3270
Passcode: 632784

23/04/2026

ပြဿနာ အားလုံး ကိုဖြေရှင်းနိုင်စွမ်းသည်သင့်လက်ထဲမှာ ရှိပါသည် ။
——————————————————————

၂၀၂၅-၂၀၂၆ အတွင်း Report များ နဲ့ မအား လပ်သော ကျမ ရဲ့ ဉီးနှောက် သည် အခု တဖန်ပြန်လည် နိုးကြား လာ သော အခါ မှ ၇ေးလက်စစာမူလေးကို ပြန် လည် ဖတ်ရှု မိပါတယ်။
ဧကများစွာကျယ်ဝန်းသော မြေ တစ်ခု ကို Permaculture Farm တစ်ခု ဖြစ်ရန် ကျမတို့ အဖွဲ့ အား အပ်နှံ သည် ။ ပဲခူး တိုင်းတစ်ခု ရှမ်းပြည်မြောက်ပိုင်း တစ်ခု ...
တကယ်တော့ .... ။ ပါမာကာချာသည် နည်းစနစ် (Technique) ထက် အတွေးအခေါ် (Philosophy) ပိုဆန်ပါတယ်...။ တိုက်ခန်းဝရန်တာမှသည် ဧကပေါင်းများစွာရှိသော လယ်ယာမြေအထိ မည်သည့်နေရာတွင်မဆို ကျင့်သုံးနိုင်ပါတယ်။

ကျမတို့ဟာ နည်းပညာများ အလွန်အမင်း တိုးတက်လာသောခေတ်တွင် နေထိုင်နေကြသော်လည်း၊ အခြေခံအကျဆုံးဖြစ်သော စားနပ်ရိက္ခာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကိုမူ ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။

ဓာတုဗေဒပစ္စည်းများ အလွန်အမင်းသုံးစွဲမှုကြောင့် မြေဆီလွှာများ မာကျောပျက်စီးလာခြင်း၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် ရ ၊ မသေမချာ ခန့်မှန်းရခက်ခဲလာခြင်းတို့သည် ကျွန်ုပ်တို့အားလုံးအတွက် စိန်ခေါ်မှုကြီးများ ဖြစ်လာပါတယ်။

အမှန်စင်စစ်မှာ သဘာဝတရားတွင် ရှေးကတည်းက ရှိနေပြီးသားဖြစ်သော "စည်းချက်" များကို ပြန်လည်ဖော်ထုတ်ပေးခြင်းသာ ဖြစ်ပါသည်။ Permaculture (ပါမာကာချာ) ဆိုသည်မှာ လူသားနှင့် သဘာဝပတ်ဝန်းကျင် အပြန်အလှန် အကျိုးပြုကာ ရေရှည်တည်တံ့သော စနစ်တစ်ခု တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။

Permaculture ရဲ့ အနှစ်သာရကို စကားတိုတိုနဲ့ ပြောရရင်-

"သဘာဝကို အတုယူပါ။မြေကြီးကို စောင့်ရှောက်ပါ။

လူသားများကို စောင့်ရှောက်ပါ။

ပိုလျှံတာကို မျှဝေပါ။ စနစ်တကျ ဒီဇိုင်းဆွဲပါ။"လို့

အဓိက ( ၃) ချက် ကို ယေဘူယျ မှတ်ယူနိုင်ပါတယ် ။

ဒါဟာ စိုက်ခင်းတစ်ခုအတွက်သာမက မိသားစု၊ ရပ်ကွက်၊ စီးပွားရေးလုပ်ငန်း၊ မြို့ပြစီမံကိန်းအထိ ဘဝရဲ့ ကဏ္ဍအားလုံးမှာ အသုံးချနိုင်တဲ့ အတွေးအခေါ်တစ်ခုဖြစ်ပါတယ်။

Permaculture (ပါမာကာချာ) ဆိုတာ စိုက်ပျိုးရေးနည်းစနစ်တစ်ခုတင်မကဘဲ ကမ္ဘာမြေကို ကုစားပေးပြီး မိမိကိုယ်တိုင် ရပ်တည်နိုင်တဲ့ နေထိုင်မှုပုံစံတစ်ခု ဖြစ်ပါတယ်။ မြေကွက်အကျယ်ကြီး မလိုပါဘူး၊ စိတ်အားထက်သန်မှုရှိရင် တိုက်ခန်းဝရန်တာမှာတောင် စတင်နိုင်ပါတယ်။

"The world's problems can be solved in a garden."

"ကမ္ဘာကြီးရဲ့ ပြဿနာအားလုံးကို ဥယျာဉ်တစ်ခုထဲမှာတင် ဖြေရှင်းနိုင်ပါတယ်။"

ဒီစကားဟာ တကယ့်ကို လေးနက်ပြီး အားတက်စရာကောင်းတဲ့ စကားဖြစ်ပါတယ်။

ဒီစကားကို ကမ္ဘာကျော် Permaculture ဆရာကြီး Geoff Lawton က ပြောခဲ့တာပါ။ သူဟာ Bill Mollison (Permaculture ကို စတင်တည်ထောင်သူ) ရဲ့ တပည့်ရင်း ဖြစ်ပြီး ကမ္ဘာအနှံ့ သဲကန္တာရတွေ၊ လယ်ယာပျက်ကြီးတွေကို စားနပ်ရိက္ခာတောတွေ (Food Forests) အဖြစ် ပြောင်းလဲခဲ့သူပါ။

ဒီစကားရဲ့ အနက်အဓိပ္ပာယ်ကို အဆင့်ဆင့် ခွဲကြည့်ရအောင်။

ဆိုလိုတာက "ကမ္ဘာ့ပြဿနာကြီးတွေ (စစ်ပွဲ၊ ဆင်းရဲမွဲတေမှု၊ ရာသီဥတုပြောင်းလဲမှု၊ အငတ်ဘေး၊ ရေရှားပါးမှု) ကို ရုံးခန်းတွေ၊ ညီလာခံတွေ၊ လက်နက်တွေနဲ့ မဖြေရှင်းဘဲ ဥယျာဉ်တစ်ခုထဲမှာ စတင်ဖြေရှင်းလို့ရတယ်" လို့ ဆိုလိုတာပါ။

ဒါပေမဲ့ "ဥယျာဉ်" ဆိုတာ သာမန်ပန်းခြံလေး မဟုတ်ဘူး။ သဘာဝကို အတုယူစိုက်ပျိုးထားတဲ့ ဂေဟစနစ်ကျတဲ့ ဥယျာဉ် ကို ဆိုလိုတာပါ။

သဘာဝသည် ဆရာဖြစ်သည် (Nature as Teacher) ဆိုတာ လက်ခံ ပြီး သဘာဝကို အနိုင်ယူဖို့၊ ထိန်းချုပ်ဖို့ မကြိုးစားပဲ သဘာဝကို အတုယူဖို့ ဖြစ်ပါတယ်။

သဘာဝ သစ်တောတစ်ခုမှာ မြေဩဇာ၊ ရေသွင်း၊ ပိုးသတ်ဆေး မလိုဘဲ နှစ်ထောင်ချီ ရှင်သန်နေတာကို လေ့လာကြည့်ရင် သိနိုင်ပါတယ် ။

ရေနံ၊ ဓာတ်မြေဩဇာလို ကုန်ခန်းနိုင်သော အရင်းအနှီး အပေါ် မှီခိုမှုကို လျှော့ချသည်။
နေ၊ လေ၊ ရေ၊ ဇီဝဒြပ် စတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ဦးစားပေးသည်။
မြေဆီလွှာသည် အခြေခံအရင်းအနှီးဖြစ်သည်
ကျန်းမာသောမြေမှ ကျန်းမာသောအစာ၊ ကျန်းမာသောလူ၊ ကျန်းမာသောအသိုင်းအဝိုင်း ဖြစ်သည်။

မျိုးစုံမျိုးကွဲသည် ခွန်အားဖြစ်စေပါတယ် ။
သီးနှံ တစ်မျိုးတည်းစိုက် သော စနစ်သည် အားနည်းစေပါတယ် ။သီးနှံ မျိုးစုံလေလေ ကြံ့ခိုင်လေလေပါ။
တကယ်ေတော့ ရေရှည်တည်တံ့ခြင်းသည် အမြတ်အစွန်းထက် သာလွန် ပါတယ် ။ ရေတို
ဒီနှစ် အမြတ်များများရဘို့အတွက် လာမယ့် ၁၀ နှစ် မြေဆီလွှာကို ဖျက်ဆီးခြင်းဟာ ယနေ့ စိုက်ပျိုး သူများ ရဲ့ မိုက်မဲမှုဖြစ်ပါတယ်..။
လူသား ဆိုတာကသပ်သပ် သဘာဝ ကသပ်သပ်မဟုတ် ပါ။ လူသား ကလည်း သဘာဝ၏ အစိတ်အပိုင်းတစ်ခု သာ ဖြစ်ပါတယ် ။ လူသားဆို တာ သဘာဝကို အုပ်စိုး လွှမ်းမိုး ဘို့ မွေးဖွားလာခြင်းမဟုတ်ဘဲ သဘာဝနှင့်အတူ ယှဉ်တွဲနေထိုင်ရန် ဖြစ်တယ် ဆို တာကျမတို့သဘောပေါက်ကြရင် ကောင်းပါမယ် ။
Geoff Lawton ကပြော ခဲ့ တဲ့"The world's problems can be solved in a garden."
(ကမ္ဘာ့ပြဿနာများကို ဥယျာဉ်တစ်ခုအတွင်းမှာ ဖြေရှင်းနိုင်သည်။) ဆိုတဲ့

ဒီစကားကို အဆင့် ၄ ဆင့်ခွဲပြီး နားလည်နိုင်ပါတယ်။

အဆင့် ၁ စားနပ်ရိက္ခာဖူလုံရေး အတွက် ဆုိ ရင် ကိုယ့်ဥယျာဉ်ထဲက ဟင်းသီးဟင်းရွက်တွေက ငတ်မွတ်ခေါင်းပါးမှုကို ဖြေရှင်းနိုင်တယ်။ ကိုယ်စိုက်တဲ့အစာက ဈေးနှုန်းမြင့်တက်မှု၊ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကနေ လွတ်မြောက်စေတယ်။
အဆင့် ၂ အရ ပျက်စီးေနတဲ့ မြေဆီလွှာ ပြန်လည်ထူထောင်ရေး ကို ဖြစ်ေစတာပါ ကောင်းမွန်တဲ့ ဥယျာဉ်တစ်ခုဟာ မြေဆီလွှာကို ပြန်လည်ကောင်းမွန်စေတယ်။ မြေဆီလွှာကောင်းရင် ရေကောင်း၊ ရေကောင်းရင် သီးနှံကောင်း။ ဒါက ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အဓိကပါ။
အဆင့် ၃ အနေ နဲ့ လူမှုအသိုင်းအဝိုင်း ပြန်လည်တည်ဆောက်ရေး မှာအရေးပါပါတယ် ၊ ဥယျာဉ်တစ်ခုဟာ လူတွေကို အတူတကွ လုပ်ကိုင်စေတယ်။ အိမ်နီးချင်းတွေ အပင်မျိုးစေ့ဖလှယ်တယ်၊ ရိတ်သိမ်းတဲ့အပိုကို မျှဝေတယ်။ ဒါက လူမှုအဆက်အသွယ်ပြတ်တောက်မှု၊ အထီးကျန်မှုကို ဖြေရှင်းပေးတယ်။

အဆင့် ၄ အရ စိတ်ကျန်းမာရေးနဲ့ အဓိပ္ပာယ်ရှိသောဘဝ ကို ရရှိေစပါတယ် ၊ ဥယျာဉ်ထဲမှာ အလုပ်လုပ်တာက စိတ်ဖိစီးမှုကို လျှော့ချပေးတယ်။ သင်စိုက်တဲ့ အပင်ကြီးထွားလာတာကို မြင်ရတာဟာ ဘဝမှာ အဓိပ္ပာယ်ကိုပေးတယ်။ ဒါက ကမ္ဘာ့စိတ်ကျန်းမာရေးပြဿနာအတွက် အခြေခံအကျဆုံး ကုထုံးပါ။ ကမ္ဘာ့ပြဿနာကြီးတွေနဲ့ ဘယ်လိုဆက်စပ်သလဲ ဆိုရင်

Geoff Lawton က အောက်ပါ ပြဿနာကြီးတွေကို ဥယျာဉ်တစ်ခုက ဘယ်လိုဖြေရှင်းနိုင်တယ်ဆိုတာ ဥပမာပေးထားပါတယ်။

ရာသီဥတုပြောင်းလဲမှု အတွက် ဥယျာဉ်ထဲက သစ်ပင်တွေ၊ မြေဆီလွှာက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူသိုလှောင်ပေးတယ်။

ရေရှားပါးမှု အတွက် ဆို ဥယျာဉ်ထဲက မြေဖုံးများ၊ ရေထိန်းကျင်းSwales များက ရေကို ချွေတာသုံးစွဲစေတယ်။

အမယ် စုံစိုက်ပျိုးတဲ့ ဥယျာဉ်က တစ်နှစ်ပတ်လုံး အစာထွက်ရှိစေတဲ့အတွက် ငတ်မွတ်ခေါင်းပါးမှု ကို သက်သာေစပါမယ်..။

မြေဆီလွှာပျက်စီးမှု ကို ဆို ရင်လည်း မြေဆွေး၊ သဘာဝမြေဩဇာတွေက မြေဆီလွှာကို ပြန်လည်အသက်သွင်းပေးတယ်။

ကိုယ်စိုက်တဲ့အစာက ကုန်ကျစရိတ်သက်သာစေပြီး အပိုကို ရောင်းချနိုင်တဲ့အတွက် စီးပွားရေးမညီမျှမှု ကို လျော့ပါးသက်သာစေပါတယ်။

အတူတကွ ဥယျာဉ်စိုက်ပျိုး လုပ်ဆောင်ခြင်းက အချင်းချင်း လူမှုဆက်ဆံရေးကောင်းမွန်စေပြီး လူမှု အသိုင်းအဝိုင်း ကို တောင့်တင်း ခိုင်ခန့် စေပါတယ်။

Geoff Lawton ကိုယ်တိုင် လက်တွေ့သက်သေများစွာရှိခဲ့ပါတယ် ..။

ဒီစကားဟာ စာအုပ်ထဲက သီအိုရီမဟုတ်ဘဲ သူကိုယ်တိုင် လက်တွေ့ပြသခဲ့တဲ့ အချက် ဖြစ်ပါတယ်။

ဥပမာ - ဂျော်ဒန်နိုင်ငံ၊ သဲကန္တာရဥယျာဉ် လိုမျိုးပေါ့..။

• ဂျော်ဒန်နိုင်ငံက သဲကန္တာရဒေသမှာ မိုးရေချိန်တစ်နှစ်ကို ၂၀၀ မီလီမီတာပဲ ရတယ်။ (မြန်မာမှာ တစ်နှစ် ၂၀၀၀ မီလီမီတာကျော်ရတယ်)
• သူက ရေထိန်းကျင်းများ (Swales) တူးပြီး မိုးရေအနည်းငယ်ကို သိုလှောင်ခဲ့တယ်။
• အခုအခါ အဲဒီနေရာဟာ သစ်သီးဝလံပေါများတဲ့ စားနပ်ရိက္ခာတော (Food Forest) ဖြစ်နေပါပြီ။
• သူ့ရဲ့ နိဂုံးက "သဲကန္တာရမှာ ရေရှားတယ်ဆိုတာ ဒီဇိုင်းမှားလို့ပါ။ သဘာဝအတိုင်း ဒီဇိုင်းဆွဲရင် ရေအလုံအလောက်ရှိတယ်။" ဒီစကားရဲ့ အနှစ်သာရ
Geoff Lawton ပြောချင်တဲ့ အဓိကအချက်က -

ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းဖို့ နျူကလီယားလက်နက်၊ ဒေါ်လာဘီလီယံချီတဲ့ အစီအစဉ်၊ ကုလသမဂ္ဂညီလာခံတွေ မလိုပါဘူး။

မြေကြီးတစ်စက်၊ မျိုးစေ့တစ်စေ့၊ ရေအနည်းငယ်၊ အချိန်အနည်းငယ်၊ သိပ္ပံနည်းကျ ဒီဇိုင်းတစ်ခုနဲ့ စတင်နိုင်ပါတယ်။

ဥယျာဉ်တစ်ခုဟာ သေးငယ်ပေမဲ့ အဲဒီဥယျာဉ်က သင်ပေးတဲ့ သင်ခန်းစာတွေ၊ ထုတ်ပေးတဲ့ အစာတွေ၊ ပြန်လည်ထူထောင်ပေးတဲ့ မြေဆီလွှာတွေဟာ ကမ္ဘာတစ်ခုလုံးကို ပြောင်းလဲနိုင်တဲ့ စွမ်းအားရှိတယ်။
ဒါဆို...... လက်တွေ့အားဖြင့် ကျွန်မတို့ ဘာလုပ်နိုင်သလဲ။

ဒီစကားရဲ့ အဓိပ္ပာယ်ကို ကိုယ်တိုင်ခံစားဖို့ -

1. သေးငယ်ပါစေ စတင်ပါ - အိုးတစ်လုံးထဲမှာ ငရုတ်သီး၊ ကြက်သွန်တစ်ပင် စိုက်ကြည့်ပါ။
2. မြေဆီလွှာကို အာရုံစိုက်ပါ - မြေကြီးကို ထိပါ၊ ကိုင်ပါ၊ စစ်ဆေးပါ။
3. အမှိုက်ကို အရင်းအမြစ်အဖြစ် ပြောင်းပါ - မီးဖိုချောင်အကြွင်းအကျန်ကို မြေဆွးပြုလုပ်ပါ၊ အိမ်နီးချင်းနဲ့ မျှဝေပါ - သင်စိုက်တဲ့အပိုကို အနားက လူတစ်ယောက်ကို ပေးပါ။
Geoff Lawton ပြောသလိုပဲ - "ကမ္ဘာကြီးကို ပြောင်းလဲဖို့ စူပါဟီးရိုးမလိုပါဘူး။ ဥယျာဉ်မှူးတစ်ယောက်ပဲ လိုပါတယ်။"

မေတ္တာဖြင့်
ဒေါက်တာသန်းသန်းစိန်
Photo : Gemini Imagination

20/04/2026

Free Online Seminar (40)
**************************
နှစ်သစ်မင်္ဂလာ ၁၃၈၈ ပါ ။

Seminar (40) မှာ ပြောမှာ Spore Counting ပါ ။

ပကတိမျက်စိ ဖြင့်မြင်ရန်ခက်ခဲလှပါသော အဏုဇီဝ ပိုးများနှင့် ပတ်သက်ပြီး

Quantitative Data တိုင်းယူရန်
သုတေသန စမ်းသပ်ချက်များပြုလုပ်ရန်
ကုန်ပစ္စည်းများတွင် စံချိန်စံညွှန်းပြည့်စုံမှုရှိမရှိ ရေတွက်ရန် နည်းလမ်းများကို

ဆရာမဒေါက်တာလဲ့လဲ့ဝင်း က ရေညှိမျိုးစိတ်၂မျိုး ဖြစ်တဲ့
Green algae Chlorrella spp and
Nannochloropsis spp တို့ ကိုရေတွက်ပြပါမယ် ။

ဒေါက်တာကျော်စွာဦးကတော့ Trichoderma Spore Suspension များ ထဲမှ Spore Counting ကိုပြောကြားဆွေးနွေးပါမယ် ။

Seminar မတိုင်ခင်တစ်ရက်အလို Zoom Link ကို Messenger မှတောင်းယူနိုင်ပါတယ်ရှင် ။

Join our Cloud HD Video Meeting 04/04/2026

Dr.Than Than Sein is inviting you to a scheduled Zoom meeting.

Topic: Dr. Theingi Soe’s Seminar
Time: Apr 5, 2026 07:00 PM Rangoon
Join Zoom Meeting
https://us05web.zoom.us/j/85982377009?pwd=3BKrlkAEYHKo4BqiLiH4oHZuYq9kI3.1

Meeting ID: 859 8237 7009
Passcode: 067352

Join our Cloud HD Video Meeting Zoom is the leader in modern enterprise cloud communications.

Category

Website

Address

Kha Yay 7
Yangon
11021

Alerts

Be the first to know and let us send you an email when Agri Integral of Asia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.