Girl's California Beauty Globe Grocer
Wholesale & Retail
07/10/2026
ပြင်ဦးလွင်မြို့ရှိ ထီဆိုင်သုံးဆိုင်တွင် အမျိုးသမီးတစ်ဦးက နေပြည်တော်မိုးယံထီလက်မှတ် အတုများကို အသုံးပြုကာ ဆုငွေများ လိ,မ်လည်ထုတ်ယူသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါအမျိုးသမီးသည် အောက်တိုဘာ ၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က သီရိပဒေသာ ကားကြီးကွင်း EV စက်သုံးဆီဆိုင်ရှေ့ရှိ POWER ထီဆိုင်ကြီးသို့ ရောက်ရှိလာပြီး နေပြည်တော်မိုးယံထီ ၂ စောင် ထို၊းထားရာမှ သိန်း ၅၀ ဆုပေါက်သည်ဟုဆိုကာ ဆုငွေလာရောက်ထု၊တ်ယူခဲ့ခြင်း ဖြစ်သည်။ ဆိုင်ဘက်မှ ထီလက်မှတ်ကို စ၊စ်ဆေးခြင်း၊ ဖုန်းနံပါတ်တောင်းခံခြင်း၊ မှတ်ပုံတင်မိတ္တူရယူခြင်းနှင့် ဓာတ်ပုံမှတ်တမ်းတင်ခြင်းတို့ ပြုလုပ်ကာ ဆုငွေကို ထုတ်ပေးခဲ့သည်။
သို့သော် ယနေ့တွင် ပြင်ဦးလွင်မြို့ရှိ မိုးယံဆိုင်နှင့် မြတံခွန်ဆိုင်များမှလည်း ၎င်းတို့၏ဆိုင်များမှ ဆယ်သိန်းဆုများကို အဆိုပါအမျိုးသမီးက လိမ်လည်ထုတ်ယူသွားကြောင်း အကြောင်းကြားလာသဖြင့် သိန်း ၅၀ ဆုလက်မှတ် (ဇ ၇၅၁၅၈၃) အား ပြန်လည်စစ်ဆေးခဲ့ရာမှ အဆင့်မြင့်အတုပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
လိ၊မ်လ၊ည်သူများသည် အုပ်စုဖွဲ့၍ ကျူ၊းလွန်နေကြခြင်းဖြစ်ပြီး ပြင်ဦးလွင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး ဖြစ်သည်။ ထို့ကြောင့် အခြားသော ထီရောင်းဝယ်သူများအနေဖြင့်လည်း အလိ၊မ်မခံရစေရန် သတိပြုကြရန်နှင့် လူလိ၊မ်နှင့်အဖွဲ့အား အမြန်ဆုံးဖမ်၊းဆီ၊းရမိနိုင်ရေးအတွက် ရယူထားသော မှတ်တမ်းများနှင့်တကွ အဖြစ်မှန်သတင်းကို အသိပေးတင်ပြလိုက်ရပါသည်။
#ပြင်ဦးလွင် #ထီလိမ်လည်မှု #မိုးယံထီ #ထီလက်မှတ်အတု #သတိပြုရန် #သတင်းစုံ
05/10/2026
သွေးမတော် သားမစပ် လည်း ၊ ဒီလူကြီးကိုတော့ မြတ်နိုးချစ်ခင်လေးစားမိသည်။ တန်ဖိုးမှဖြတ်မရပဲလေ။
ကမ္ဘာကြီးကို ငါစိတ်ဆိုးတယ်
---------------------------------------------
ခါးကြားမှာ "သေနတ်" ချိတ်ပြီး
အော်လားငေါက်လားလုပ်နေတဲ့ လူတွေနဲ့လည်း
ငါ စကားပြောချင်စိတ် မရှိဘူး ။
တတိုင်းတပြည်လုံး မွဲနေတဲ့အချိန်မှာ
ပိုက်ဆံအိတ်ကြီး ချိုင်းကြားညှပ်ပြီး
ဟောင်ဖွာဟောင်ဖွာလုပ်နေတဲ့ လူစားမျိုးတွေ တွေ့ရင်
ငါစိတ်ကုန်တယ် ။
မြန်မာပြည်က လူတွေကို ကြည့်ကြည့်ပြီး
ဘယ်သူ့ကို စိတ်ဆိုးလို့ ဆိုးရမှန်းမသိ
လူတွေအားလုံးနဲ့
အဆင်ပြေအောင် နေချင်စိတ်လည်း ငါ့မှာမရှိ ။
တခါက. .
"ဆိုကရေးတီး" ပြောခဲ့ဖူးတဲ့
"မြို့ပြနိုင်ငံတော်"ဆိုတာမျိုးကြီးဟာလည်း
ဒီလိုကမ္ဘာမျိုးမှာ
ဘယ်တော့မှ ပေါ်ပေါက်လာဖို့ မရှိ ။
ငါတယောက်တည်း
လမ်းဘေးအုတ်ခုံလေးတခုပေါ် ထိုင်နေမိ တာ
ငါ့ကိုယ်ငါပဲ အော်ဆဲပစ်လိုက်တော့တယ်
ဟေ့ . . ဒီမှာ
"ကမ္ဘာကြီးကို ငါစိတ်ဆိုးတယ်" ။
(အပိယေဟိ သမ္ပယောဂေါ ဒုက္ခော)
မချစ်မနှစ်သက်သောသူတို့နဲ့
နှစ်ကာလများစွာ
အတူနေထိုင်နေရတဲ့အတွက်
ကမ္ဘာကြီးကို ငါစိတ်ဆိုးတယ်ကွာ
ဟုတ်ပြီလား ။ ။
⬛နိုင်မြန်မာ
05/10/2026
❝ ကလေးကို အလိုမလိုက်နဲ့ ❞
◼️မိဘတိုင်းက ကိုယ့်ကလေးကို ချစ်ကြတာချည်းပါပဲ။ ကလေးငိုရင် မခံနိုင်ဘူး။ ကလေးတောင်းရင် မငြင်းချင်ဘူး။ “သူ့အရွယ်လေးပဲ ရှိသေးတာ၊ ကြီးလာရင် သိလာမှာပါ” ဆိုပြီး အမှားလုပ်တာတွေလုပ်နေလဲ ခွင့်လွှတ်ပေးတတ်ကြတယ်။ တစ်ခါတလေ ကလေးမငိုအောင်၊ မစိတ်ဆိုးအောင်၊ ကိုယ့်ကိုမမုန်းအောင်ဆိုပြီး သူလိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးလိုက်ကြပါတယ်။ ဒါပေမဲ့ ချစ်လို့ အလိုလိုက်တာနဲ့ ကလေးကို ကောင်းကောင်းပျိုးထောင်ပေးနေတာက တစ်ခုတည်းမဟုတ်ဘူး။
ဥပမာ ကလေးက စာမလုပ်ဘဲ ဖုန်းပဲဆော့နေတယ်ဆိုပါစို့။ မိဘက “ထားလိုက်ပါ၊ နောက်မှလုပ်လိမ့်မယ်” ဆိုပြီး အမြဲခွင့်ပြုနေမယ်ဆိုရင်တော့ ကလေးက ကိုယ့်တာဝန်ကို ကိုယ်ယူဖို့ထက်တစ်ယောက်ယောက်က နောက်ဆုံးမှာ လာဖြေရှင်းပေးမယ်ဆိုတဲ့ အလေ့အကျင့်ရသွားနိုင်တယ်။ အဲဒီလိုပဲ ပစ္စည်းတစ်ခုခုကို ပျက်စီးအောင်လုပ်ပြီးတိုင်း မိဘက ပြန်ဝယ်ပေးနေမယ်ဆိုရင် “ပျက်သွားရင် ထပ်ရတယ်” ဆိုတဲ့ သဘောထားမျိုး ဖြစ်လာနိုင်ပါတယ်။
ကလေးကို အလိုမလိုက်တာဟာ မချစ်လို့မဟုတ်ပါဘူး။ တကယ်တော့ ကလေးကို သူ့ဘဝအတွက် လိုအပ်တဲ့ တာဝန်ယူမှုနဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းတွေ ရရှိလာအောင် သင်ပေးနေတဲ့သဘောပဲ။ “မလုပ်နဲ့” လို့ ပြောနိုင်သလို “မင်းလုပ်ခဲ့တဲ့အရာရဲ့ အကျိုးဆက်ကို မင်းကိုယ်တိုင် ခံယူရမယ်” လို့လဲ သင်ပေးနိုင်ဖို့ လိုတယ်။
◼️တစ်ခါ၊ ကလေးကို အမြဲကာကွယ်ပေးနေခြင်းက တစ်ချိန်မှာ ကလေးရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို အားနည်းစေနိုင်တယ်။ ကလေးတွေအတွက် အမြဲတမ်း အစားထိုးဆုံးဖြတ်ပေးနေမယ်ဆိုရင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ ခက်လာနိုင်ပါတယ်။ သူတို့ မှားတိုင်း မိဘက အကြောင်းပြချက်ရှာပေးနေမယ်ဆိုရင်လည်း အမှားကို ဝန်ခံပြီး ပြင်ဆင်တတ်ဖို့ ခက်လာနိုင်တယ်။
ဒါကြောင့် မိဘက ကလေးရဲ့လမ်းကို အမြဲရှင်းပေးနေဖို့ထက် လမ်းလျှောက်တတ်အောင် သင်ပေးဖို့ ပိုအရေးကြီးပါတယ်။
ဆိုတော့ ဒီဆောင်းပါးထဲမှာ မိဘတွေအနေနဲ့ ကလေးတစ်ယောက်ကို ဘယ်လိုနည်းဥပဒေသတွေနဲ့ သူတို့ဘဝကို လမ်းမှန်ရောက်အောင် ပျိုးထောင်မလဲဆိုတာကို Boundaries with Kids စာအုပ်ထဲက ဥပဒေသ ၁၀ ခုကို ကိုးကားပြီးတော့ မျှဝေပေးသွားချင်ပါတယ်။
◼️ဒီမှာ တစ်ခုကြားဖြတ်ပြောလိုတဲ့အဓိကရည်ရွယ်ချက်က ဒီဥပဒေသတွေဟာ ကလေးကို “စည်းကမ်းတင်းတင်းနဲ့ ထိန်းချုပ်ဖို့” မဟုတ်ဘဲ တာဝန်ယူတတ်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တတ်ပြီး ကိုယ့်ဘဝကိုယ် တာဝန်ယူနိုင်တဲ့ လူတစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပေးဖို့ပဲ ဖြစ်ပါတယ်။
၁။ The Law of Sowing and Reaping (ကိုယ်လုပ်တာရဲ့ အကျိုးဆက်ကို ကိုယ်ပြန်ရမယ်)
ဒီ Law ကို အရိုးရှင်းဆုံးပြောရရင် “What you sow, you reap - ကိုယ်စိုက်တဲ့အပင် ကိုယ်တိုငက ပြန်ရိတ်သိမ်းရတယ်” ဆိုတဲ့သဘောပဲ။
ကလေးက စာမလုပ်ဘူးဆိုရင် စာမေးပွဲရလဒ်ကို ရင်ဆိုင်ရမယ်။ အိမ်စာမလုပ်ဘူးဆိုရင် အိမ်စာမပြီးတဲ့ ပြဿနာကို သူ ကိုယ်တိုင် ရင်ဆိုင်ရမယ်။ ချိန်းထားတဲ့အချိန်ကို မလိုက်နာလို့ အခွင့်အရေးတစ်ခု လွတ်သွားရင် အဲဒါကိုလဲ ခံယူရမယ်။
ဒါပေမဲ့ တချို့အလိုလိုက်လွန်းတဲ့မိဘတွေ ဘာလုပ်တတ်ကြလဲဆိုတော့ “ကလေးလေးပဲရှိသေးတာ ” “သူ မလုပ်ရင် ငါပဲလုပ်လိုက်မယ်” “ဒီတစ်ခါတော့ ကူညီပေးလိုက်မယ်” ဆိုပြီး ကလေးလုပ်ရမဲ့အရာကို မိဘကိုယ်တိုင်က ဝင်လုပ်ပေးလိုက်ကြတယ်။
စာအုပ်ထဲမှာတော့ ဒီလိုလုပ်ပေးနေခြင်းက ကလေးကို “ငါ့တာဝန်မလုပ်လဲ ဘာမှမဖြစ်ဘူး၊ နောက်ဆုံးမှာ တစ်ယောက်ယောက်က ကယ်ပေးမှာပဲ” ဆိုတဲ့ သင်ခန်းစာပေးသလို ဖြစ်နိုင်တယ်ဆိုပြီး ရှင်းပြထားပါတယ်။ Consequence(အကျိုးဆက်)ကို ကလေးကိုယ်တိုင် ခံစားရစေခြင်းက သူ့အပြုအမူဟာ သူ့ပြဿနာဖြစ်လာတယ်ဆိုတာ သင်ပေးတာပါ။
ဥပမာ ကလေးက မနက်စာမစားခင် အချိန်ဆွဲပြီး ကျောင်းနောက်ကျတော့မယ်။ မိဘက “မြန်မြန်လုပ်။ ဒုက္ခပဲ” ဆိုပြီး အကုန်လိုက်လုပ်ပေးလိုက်ရင် ကလေးက မနက်တိုင်း အချိန်မစီမံတတ်ဘဲ ဆက်နေနိုင်သွားမှာ သေချာသလောက်များတယ်။
အဲဒီအစား အသက်အရွယ်နဲ့သင့်တော်တဲ့အတိုင်း “နောက်ကျရင် ကျောင်းကို နောက်ကျရောက်နိုင်တယ်။ အခု ဘာလုပ်ရမလဲ ကိုယ်တိုင်စဉ်းစားကြည့် ” ဆိုတာမျိုးက တာဝန်ကို ကလေးဆီ ပြန်ထားပေးတာ ဖြစ်တယ်။
၂။ The Law of Responsibility (ကိုယ့်ဘဝရဲ့ မြင်းရထားကို ကိုယ်တိုင်နှင်နိုင်ရမယ်)
ဒီ Law က Responsibility (တာဝန်ယူနိုင်စွမ်း) ကို အဓိကထားပါတယ်။ စာအုပ်ထဲမှာ ကလေးရဲ့ဘဝကို ကိုယ်တိုင်ဆွဲရမဲ့ မြင်းရထား (little red wagon) တစ်စီးနဲ့ ဥပမာပေးထားတယ်။ ကလေးဟာ ကိုယ့်ဘဝအတွက်ကိုယ်ပဲ တာဝန်ရှိတယ်လို့ဆိုလိုတာ။
ဒါပေမဲ့ တစ်ချိန်တည်းမှာ သူများရဲ့ဘဝအတွက် တာဝန်ယူဖို့ မလိုဘူးဆိုတဲ့ ခွဲခြားချက်ကို သင်ယူရပါတယ်။
ဥပမာ သူငယ်ချင်းတစ်ယောက် စိတ်ညစ်နေလို့ “သူ့စိတ်ကို ကောင်းအောင်လုပ်ပေးရမယ်။” ဆိုပြီး အမြဲလိုက်ဖြေရှင်းပေးနေတာက Responsibility (တာဝန်ယူတာ) နဲ့ Rescuing (ကယ်တင်တာ) ကို ရောထွေးစေတာပဲ။
ဒါ့ကြောင့်၊ ကလေးကို “သူ့အတွက် မင်းဂရုစိုက်နိုင်တယ်။ ဒါပေမဲ့ သူ့ပြဿနာအားလုံးကို မင်းတာဝန်ယူဖြေရှင်းပေးရမှာ မဟုတ်ဘူး” ဆိုတာ နားလည်လာအောင် သင်ပေးဖို့အင်မတန် အရေးကြီးပါတယ်။
၃။ The Law of Power (ကိုယ်ထိန်းချုပ်နိုင်တာကို ကိုယ်ထိန်းချုပ်၊ မထိန်းချုပ်နိုင်တာကို လက်ခံ)
ကလေးတွေဟာ တစ်ခါတလေ “ငါလိုချင်သလို အားလုံးဖြစ်ရမယ်”လို့ ထင်တတ်ပါတယ်။ ဒါကို omnipotence - ကိုယ်လုပ်ချင်တာအားလုံးကို လုပ်နိုင်တယ်ဆိုတဲ့ အတွေးလို့ ခေါ်တယ်။
ဒါပေမဲ့ တစ်ဖက်မှာလဲ “ငါဘာမှမလုပ်နိုင်ဘူး ” ဆိုတဲ့ powerlessness ဖြစ်နိုင်တယ်။ အဲဒီစာအုပ်က တော့ ကလေးတွေကို ဒီနှစ်ခုကြားမှာ Reality-based Power (အရှိတရားကို အခြေခံထားတဲ့ ကိုယ်ပိုင်စွမ်းအား) ရအောင် သင်ပေးဖို့ပြောထားတယ်။
ကလေးသိရမဲ့ မေးခွန်း ၃ ခုက ငါဘာကို ထိန်းချုပ်နိုင်လဲ၊ ငါဘာကို မထိန်းချုပ်နိုင်လဲ၊ မထိန်းချုပ်နိုင်တာကို ဘယ်လိုတုံ့ပြန်မလဲ။
ဥပမာ မိုးရွာတာကို ကလေးမထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ “မိုးရွာလို့ ငါဘာမှမလုပ်နိုင်ဘူး” မဟုတ်ဘဲ “မိုးရွာနေတော့ အပြင်မထွက်နိုင်ဘူး။ ဒါဆို အိမ်ထဲမှာ ဘာလုပ်မလဲ”ဆိုပြီး ကိုယ်ထိန်းချုပ်နိုင်တဲ့အပိုင်းကို ပြန်ရှာတတ်ဖို့ သင်ပေးရတယ်။
ဒီစာအုပ်ထဲမှာ ကလေးကို power အားလုံးကနေ ဖယ်ထားဖို့မဟုတ်ဘဲ အသက်အရွယ်နဲ့ လုံခြုံမှုအလိုက် autonomy (ကိုယ်ပိုင်ရွေးချယ်ခွင့်)တွေပေးဖို့ အလေးထားပြောထား ဖတ်ရတယ်။
၄။ The Law of Respect (ကမ္ဘာကြီးက ငါတစ်ယောက်တည်းအတွက် မဟုတ်ဘူး)
ဒီ Law က Boundary ဆိုတာ ကိုယ့်အတွက်ပဲ မဟုတ်ဘူး ဆိုတာ သင်ပေးတာပါ။ ကလေးက “ငါလိုချင်တာ ရရမယ်” ဆိုတာထက် “သူများမှာလဲ သူတို့လိုချင်တာ၊ သူတို့ရဲ့ ‘No’ နဲ့ သူတို့မှာလဲ သူတို့ဘဝရှိတယ်”ဆိုတာ နားလည်ရမယ်။
ဥပမာ ကလေးက သူ့အမေရဲ့ဖုန်းကို ကိုင်ချင်တယ်။ ဒါနဲ့ပဲ မအေလုပ်သူက “အခု မကိုင်ရသေးဘူး”
လို့ပြောလိုက်တဲ့အခါ ကလေးက ငို၊ အော်၊ ဒေါသထွက်တယ်။ ဒီအချိန်မှာ မိဘက အမြဲ “ကဲ… ကဲ… ယူတော့” ဆိုပြီး အလိုလိုက်လိုက်ရင် “No ဆိုတာကို အော်ငိုရင် ပြောင်းလို့ရတယ်” ဆိုတဲ့သင်ခန်းစာ ရသွားနိုင်တယ်။
အငိုတတ်တဲ့ကလေး နို့ပို့ဝတယ် ဆိုသလိုပဲ။ ဒီစာအုပ်ထဲမှာ Respect ရဲ့ ရည်ရွယ်ချက်တွေကို သူများကို မထိခိုက်စေခြင်း၊ သူများရဲ့ “No” ကို အပြစ်ပေးခြင်းမရှိဘဲ လေးစားခြင်း၊ ကန့်သတ်ချက်တွေကို လက်ခံခြင်း၊ သူများရဲ့ သီးခြားဖြစ်တည်မှုကို လေးစားခြင်း လို့ ရှင်းပြထားတယ်။
၅။ The Law of Motivation (ကြောက်လို့ကောင်းတာလုပ်တာမဟုတ်ဘဲ နားလည်လို့ကောင်းတာလုပ်တာ)
ဒီ Law က အရမ်းနက်တယ်။ ကလေးတစ်ယောက်က စည်းကမ်းလိုက်နာတယ်ဆိုတိုင်း ကောင်းတဲ့ကလေးဖြစ်နေပြီလို့ မဆိုလိုသေးဘူး။ လုံးလုံးကြီးမထင်လိုက်နဲ့။
မိဘ ဆူမှာစိုးလို့ လုပ်နေတာလဲ ဖြစ်နိုင်တယ်။ ဒီလို fear(ကြောက်စိတ်)၊ guilt(မလုံလဲစိတ်)၊ shame(ရှက်စိတ်)နဲ့ ထိန်းချုပ်တာထက် ကလေးရဲ့ motivation ကို တဖြည်းဖြည်း အတွင်းပိုင်းကို ရွှေ့ပေးတတ်ဖို့ လိုပါတယ်။
အစပိုင်းမှာတော့ “မလုပ်ရင် အကျိုးဆက်ရှိမယ်” ဆိုတာနားလည်မယ်။ နောက်တစ်ဆင့်ရောက်ရင်
“ဒါက မှန်တာ/မှားတာ” ကို နားလည်မယ်။ နောက်ဆုံး “ငါဒီလိုလုပ်ရင် သူများကို ထိခိုက်နိုင်တယ်”
ဆိုတဲ့ empathy အထိ ရောက်လာဖို့ သင်ပေးရမှာ။
ဒီစာအုပ်က အလွန်အမင်းဝေဖန်ခြင်း၊ အချစ်ကို ရုပ်သိမ်းခြင်းတွေက ကလေးကို ချစ်လာစေတာမျိုးထက် ကြောက်လို့ လိုက်နာတဲ့ compliant child (အထွန့်တက်တဲ့ကလေး) ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
၆။ The Law of Evaluation (ကလေးတိုင်းရဲ့ နာကျင်မှုကို မိဘက အမြဲဖယ်ရှားပေးဖို့ မလိုဘူး)
ဒီတစ်ခုက မိဘတွေအတွက် အခက်ဆုံးဖြစ်နိုင်တယ်။
ကလေးစိတ်မကောင်းဖြစ်တာမြင်ရင် “မငိုနဲ့၊ ငါလုပ်ပေးမယ်”ဆိုပြီး ပြဿနာကို အမြန်ဖြေရှင်းပေးချင်ကြတယ်။ ဒါပေမဲ့ နာကျင်မှုတိုင်းက မကောင်းတဲ့အရာ မဟုတ်ဘူး။ ကလေးက အိမ်စာမလုပ်လို့ ကစားချိန်မရတာ၊ တာဝန်မယူလို့ အခွင့်အရေးတစ်ခု ဆုံးရှုံးတာ၊ အချိန်မစီမံလို့ တစ်ခုခု လွတ်သွားတာ ဒီလို reality consequences (လက်တွေအကျိုးဆက်)တွေက သင်ခန်းစာဖြစ်နိုင်ပါတယ်။
သို့သော် စာအုပ်က “ကလေးနာကျင်တာတိုင်း ထားလိုက်” လို့ မဆိုပါဘူး။ အရင်ဆုံး နာကျင်မှုဟာ စည်းကမ်းသင်ကြားမှုကြောင့်လား၊ တကယ့်ဒဏ်ရာ၊ စိတ်ဒဏ်ရာ၊ အခြားအကြောင်းကြောင့်လား ဆိုတာ ခွဲခြားဖို့ အရေးကြီးတယ်လို့ ပြောထားတယ်။ မိဘကိုယ်တိုင်က နာကျင်မှုဖြစ်စေခဲ့ရင် တာဝန်ယူပြီး တောင်းပန်ရမယ်လို့ ဆိုထားပါသေးတယ်။
၇။ The Law of Proactivity (ပြဿနာဖြစ်မှ တုံ့ပြန်တာမဟုတ်ဘဲ ကိုယ်တိုင်စတင်တတ်ဖို့)
ဒီ Law က Proactive (ကိုယ်တိုင်စတဲ့သူ) ဖြစ်ဖို့ သင်ပေးတာပါ။
Reactive child က “သူက ငါ့ကိုလုပ်လို့ ငါပြန်လုပ်တာ” “အမေက မပြောလို့ မလုပ်တာ” “သူငယ်ချင်းက မခေါ်လို့ ငါ ပြန်မခေါ်တာ” လို့ ဆိုတတ်တယ်။
Proactive child ကျ ရှင်းတယ်။ “အခြေအနေက ဒီလိုဖြစ်နေပြီ။ ငါဘာလုပ်နိုင်လဲ " ဆိုပြီး စဉ်းစားတတ်တယ်။
စာအုပ်ရဲ့ အဓိကအမြင်က ကလေးရဲ့ ခံစားချက်နဲ့ အပြုအမူကြားမှာ စဉ်းစားနိုင်တဲ့အကွာအဝေးတစ်ခု ရှိလာအောင် သင်ပေးဖို့ပဲ တဲ့။
ဥပမာ ဒေါသထွက်တယ်၊ ချက်ချင်းရိုက်တယ် မဟုတ်ဘဲ ဒေါသထွက်တယ်၊ “ရိုက်လိုက်ရင် ဘာဖြစ်မလဲ” စဉ်းစားတယ်၊ ကိုယ့်အပြုအမူကို ရွေးချယ်တယ်ဆိုတဲ့ပုံစံ ဖြစ်လာဖို့ကို ဆိုလိုတာ။
၈။ The Law of Envy (သူများမှာရှိတာကိုပဲ ကြည့်နေမယ်ဆိုရင် ကိုယ့်မှာရှိတာကို မမြင်တော့ဘူး)
“I am happier when I am thankful.” ပါတဲ့။ သဘောက ကျေးဇူးတင်တတ်ခြင်းက ပျော်ရွှင်မှုနဲ့ ဆက်စပ်တယ် ပေါ့။
ကလေးက “သူ့မှာ iPad ရှိတယ်။ ငါလဲ လိုချင်တယ်” “သူ့မိဘက ပိုက်ဆံပိုပေးတယ်” “သူ့မှာ ဒီအရုပ်ရှိတယ်” ဆိုပြီး အမြဲနှိုင်းယှဉ်နေမယ်ဆိုရင် ကိုယ့်မှာရှိတာတွေကို တန်ဖိုးမထားနိုင်တော့ဘူး။
ဒါကြောင့် မိဘက လိုချင်တာတိုင်း ဝယ်ပေးဖို့ထက် “သူ့မှာရှိတာကို မင်းလိုချင်တာ နားလည်တယ်၊ ဒါပေမဲ့ ကိုယ့်မှာရှိတာက ဘာတွေလဲ” ဆိုပြီး gratitude နဲ့ contentment လို့ခေါ်တဲ့ စိတ်ကျေနပ်မှု၊ ရှိတာနဲ့ ရောင့်ရဲတတ်ခြင်း၊ လက်ရှိအခြေအနေကို တန်ဖိုးထားနိုင်ခြင်းတွေ စိတ်ထားတတ်လာအောင် တဖြည်းဖြည်း သင်ပေးတာပါ။
၉။ The Law of Activity (ဘဝကို တစ်ယောက်ယောက်လာပြီး လုပ်ပေးမဲ့အစား ကိုယ်တိုင် လှုပ်ရှားရမယ်)
ဒီ Law ကို Jump-starting My Engine (ကိုယ့်အင်ဂျင်ကို စတင်လည်ပတ်အောင် လှုံ့ဆော်ပေးခြင်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှင်းပြထားပါတယ်။
ကလေးတစ်ယောက်ဟာ အမြဲ “မသိဘူး” “မလုပ်တတ်ဘူး” “အမေ လုပ်ပေး” ဆိုပြီး တခြားသူကို စောင့်နေတတ်ရင် ကိုယ်တိုင်စတင်လုပ်ဆောင်နိုင်စွမ်း အားနည်းလာနိုင်တယ်။ ဒါကြောင့် မိဘက အဖြေကို ချက်ချင်းပေးမဲ့အစား “သား ဘယ်လိုလုပ်ကြည့်ချင်လဲ” “ပထမဆုံး ဘာလုပ်လို့ရမလဲ”
ဆိုပြီး ကလေးကို action ပါလာအောင် ထည့်ပေးတာ ဖြစ်တယ်။
မအောင်မြင်ရင် “မင်းမလုပ်တတ်ဘူး” လို့မပြောဘဲ “ဒီနည်းမအောင်မြင်ဘူး။ နောက်တစ်နည်း စမ်းကြည့်ရအောင်” ဆိုတဲ့ အတွေ့အကြုံပေးတာပါ။
၁၀။ The Law of Exposure (အမှန်တရားကို ဖုံးကွယ်မယ့်အစား ရင်ဆိုင်တတ်ဖို့)
ဒီ Law ကို စာအုပ်မှာ “Honesty Is the Best Policy” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားပါတယ်။ အဓိကက အမှန်တရားကို ဖုံးကွယ်ပြီး ပြဿနာကနေ ထွက်ပြေးဖို့ မသင်ပေးဘဲ အမှန်ကို ရင်ဆိုင်တတ်ဖို့ပဲ။
ဥပမာ ကလေးက ပစ္စည်းတစ်ခု ဖျက်လိုက်တယ်။ မိဘကို “ငါမလုပ်ဘူး”လို့ လိမ်လိုက်ရင် အမှားလုပ်တာထက် လိမ်တာကိုပါ ထပ်သင်ယူသွားနိုင်ပါတယ်။ ဒီစာအုပ်က ကလေးအမှားဝန်ခံတဲ့အခါ အမှန်ပြောခြင်းဟာ တန်ဖိုးရှိတယ်ဆိုတာ ကလေးခံစားရအောင် လုပ်ပေးဖို့ အလေးထားပါတယ်။
အမှားလုပ်တာကို ဖုံးကွယ်ပြီး ထပ်ခါထပ်ခါ ပြန်လုပ်နေမဲ့အစား အမှားကို ဝန်ခံ၊ အကျိုးဆက်ကို ခံယူ၊ ပြန်သင်ယူ ဆိုတဲ့ လမ်းကြောင်းကို သင်ပေးထားခြင်းပဲဖြစ်တယ်။
ကလေးကို အလိုလိုက်တာက ချစ်ခြင်းမဟုတ်သလို၊ စည်းကမ်းထားတာကလည်း ရက်စက်ခြင်းမဟုတ်ပါဘူး။
မိဘတစ်ယောက်အနေနဲ့ “ဘယ်အချိန်မှာ လွှတ်ပေးရမလဲ၊ ဘယ်အချိန်မှာ တာဝန်ယူခိုင်းရမလဲ” ဆိုတာ သိဖို့ လိုပါတယ်။
📌 ဒီအကြောင်းကို ပိုနားလည်ချင်ရင် ShweNote ထဲက Boundaries with Kids အနှစ်ချုပ်ကို သွားဖတ်ကြည့်ပါ။ ကလေးကို ထိန်းချုပ်ဖို့မဟုတ်ဘဲ၊ ကိုယ့်ဘဝကိုယ် တာဝန်ယူတတ်တဲ့ လူတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်တတ်လာပါလိမ့်မယ်။
📌 ဒီ Oct (၃)ရက်နေ့ကနေ (၅)ရက်နေ့အထိ ရွှေနုတ်အနှစ်ချုပ်တစ်သက်စာဝယ်တိုင်း (၃)လစာ လှူပေးနေပါတယ်။ အဲ့ဒါကြောင့် စာဖတ်ရင်းလှူချင်တယ်ဆိုရင်တော့ အခုပဲ ShweNote page Messenger (သို့မဟုတ်) ☎️ 𝟬𝟵 𝟗𝟒𝟬𝟬 𝟖 𝟒𝟒𝟒𝟒 သို့ အခုပဲ သွားဝယ်လိုက်ဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက် #စာဖတ်ရင်းလှူ
03/10/2026
✨ ပျက်စီးနေတဲ့ Skin Barrier ကို အမြန်ဆုံး ပြန်လည်ပြုပြင်ပေးပြီး အသားအရေကို အေးမြငြိမ်သက်စေမယ့် La Roche-Posay Cicaplast Baume B5+ (NEW ARRIVAL) ✨
Skincare သမားတိုင်းရဲ့ Holy Grail ဖြစ်ပြီး အသားအရေ ယားယံတာ၊ နီရဲတာ၊ ခြောက်သွေ့ အဖတ်ကွာတာနဲ့ Skin Barrier ပျက်စီးတာတွေကို အထိရောက်ဆုံး သက်သာစေမယ့် La Roche-Posay Cicaplast Baume B5+ လေး အသစ်စက်စက် ရောက်ရှိလို့ လာပါပြီ! 💙✨
✨ ဘာကြောင့် ရွေးချယ်သင့်တာလဲ?
Panthenol 5% + Madecassoside: ပျက်စီးနေတဲ့ Skin Barrier ကို အမြန်ဆုံး ပြန်လည် ပြုပြင်ပေးပြီး အသားအရေ နီရဲယားယံတာကို အေးမြ ငြိမ်သက် စေပါတယ်။
Tribioma Microbiome Science: Skin Barrier ကျန်းမာရေးအတွက် လိုအပ်တဲ့ အဆီအနှစ်များ ပါဝင်လို့ အသားအရေ ခံနိုင်ရည်အားကို မြှင့်တင်ပေးပါတယ်။
Multi-Purpose Soothing Balm: မျက်နှာတင်မကဘဲ ခန္ဓာကိုယ်အနှံ့ ခြောက်သွေ့ ပျက်စီးနေတဲ့ နေရာတွေမှာပါ စိတ်ချလက်ချ လိမ်းပေးလို့ ရပါတယ်။
💰 Price: 130,000 Ks
🎁 Member Benefit: 5% Member Discount ရရှိမှာ ဖြစ်ပါတယ်ရှင်!
🛒 Girl’s California မှာ စျေးဝယ်ပါ။
ကိုယ်နဲ့နီးစပ်ရာ Outlets (၃) ခုလုံးမှာ ဝယ်ယူရရှိနိုင်ပါတယ်နော်။ 👇
📍 Outlet 1: အမှတ် (၁၄၀)၊ ဇေယျာသီရိလမ်း၊ ဇေယျာသီရိရပ်ကွက်၊ ဒေါပုံမြို့နယ်။
📍 Outlet 2: i003၊ i004၊ i005 (မြေညီထပ်)၊ ဂမုန်းပွင့် Wholesale Mall၊ မြန်မာ့ဂုဏ်ရည်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
📍 Outlet 3: ၁၆၅ လမ်း၊ တာမွေကြီးရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။
💬 အိမ်ကနေပဲ မှာယူချင်တယ်ဆိုရင်လည်း မင်မင်တို့ Chat Box မှာ အခုပဲ Message ပို့ပြီး အော်ဒါတင်နိုင်ပါတယ်နော်။
ှာစျေးဝယ်ပါ
Category
Website
Address
Yangon
11221
Alerts
Be the first to know and let us send you an email when Girl's California Beauty Globe Grocer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.