Pink Ribbon- Awareness Knowledge and Power to Fight Breast Cancer

Pink Ribbon- Awareness Knowledge and Power to Fight Breast Cancer

Share

Awareness Knowledge and Power to Fight Breast Cancer

🎀 Empowering women through awareness, education, and early detection.

💗 Knowledge is power.

Early detection saves lives.

📍Breast Cancer Awareness | Screening Education | Support

14/06/2026

Mammogram ရိုက်တဲ့အခါ လူအများစု စိတ်ပူဆုံးအရာက Radiation ပါ

"ဓာတ်ရောင်ခြည် ဘယ်လောက်ရသွားလဲ?" "Side Effects တွေ ရှိနိုင်လား?" "ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိလား?"

Mammogram ရိုက်ဖို့ လာတဲ့သူတိုင်းလိုလို မေးလေ့ရှိတဲ့ မေးခွန်းတွေပါ။

ရင်သားဓါတ်မှန်ရိုက်ရင် တချို့က ဓါတ်ရောင်ခြည်ထိမှာလားဆိုပြီး ကြောက်ကြတယ်။ တကယ်တော့ ရင်သားဓါတ်မှန်မှာသုံးတဲ့ဓါတ်ရောင်ချည် ပမာဏဟာ အလွန်နည်းပါးပြီး မပြောပလောက်ပါဘူး။

ဒါဆို Mammogram (ရင်သားဓာတ်မှန်) ရိုက်တဲ့အခါ Radiation Dose ကို ဘယ်လိုတိုင်းတာကြသလဲ? ဘယ်လောက်အထိ ရှိသလဲ?
ဘယ်လို Control လုပ်ကြသလဲဆိုတာကို အလွယ်တကူ မျှဝေပေးချင်ပါတယ်။

🔹 Mammography Report မှာ တွေ့ရတတ်တဲ့ Dose နှစ်မျိုး
Mammography စက်ရဲ့ Report တွေမှာ Radiation Dose နဲ့ ပတ်သက်ပြီး အဓိက ကိန်းဂဏန်း ၂ ခုကို တွေ့ရတတ်ပါတယ်။

✅ Entrance Surface Dose (ESD)
ဒါက ရင်သားအရေပြားပေါ်ကို ကျရောက်တဲ့ Radiation ပမာဏ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် စက်က ထုတ်လွှတ်လိုက်တဲ့ ရောင်ခြည်ပမာဏကို ကိုယ်စားပြုတဲ့ ကိန်းဂဏန်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

✅ Mean Glandular Dose (MGD)
ဒါက Mammography မှာ အရေးအကြီးဆုံး Dose ဖြစ်ပါတယ်။

MGD ဆိုတာ ကင်ဆာဖြစ်ပွားနိုင်ခြေ အများဆုံးရှိတဲ့ ရင်သားအတွင်းပိုင်း Glandular Tissue (နို့ဂလင်းတစ်သျှူး) တွေက စုပ်ယူလိုက်တဲ့ Radiation ပမာဏကို ဖော်ပြတာ ဖြစ်ပါတယ်။

Radiologists တွေနဲ့ Physicists တွေကလည်း ဒီကိန်းဂဏန်းကို အဓိကကြည့်ပြီး Safety Level ကို သတ်မှတ်ကြပါတယ်။

ပုံမှန်အားဖြင့် MGD ဟာ Entrance Surface Dose ထက် အမြဲတမ်း နည်းပါးလေ့ရှိပါတယ်။

📌 ACR (American College of Radiology) Guideline အရ

ပုံမှန် ရင်သားအထူ 4.2 cm အတွက် Mean Glandular Dose (MGD) ဟာ 3 mGy ထက် မကျော်ရပါဘူး။

🔹 Mammogram တစ်ခါရိုက်ရင် Radiation ဘယ်လောက်ရလဲ?

ပုံမှန်အားဖြင့် ဘယ်ဘက်၊ ညာဘက် ရင်သား နှစ်ဖက်လုံး Mammogram ရိုက်တဲ့အခါ Radiation Dose ဟာ ပျမ်းမျှ 0.4 mSv ခန့်သာ ရှိပါတယ်။

ဒီပမာဏကို နားလည်လွယ်အောင် နှိုင်းယှဉ်ကြည့်ရင်—

☀️ သဘာဝပတ်ဝန်းကျင်မှ Radiation
ကျွန်မတို့ဟာ နေ့စဉ်ဘဝမှာ နေရောင်ခြည်၊ မြေကြီး၊ လေထု စတာတွေကနေ သဘာဝအလျောက် Radiation ရရှိနေကြပါတယ်။

Mammogram တစ်ခါရိုက်ခြင်းဟာ ပုံမှန်အားဖြင့် ၇ ပတ်ခန့် (၂ လနီးပါး) အတွင်း သဘာဝပတ်ဝန်းကျင်က ရရှိတဲ့ Radiation ပမာဏနဲ့ ခန့်မှန်းခြေ ညီမျှပါတယ်။

✈️ လေယာဉ်စီးခြင်း

ခရီးဝေး လေယာဉ်စီးတဲ့အခါမှာလည်း Cosmic Radiation ကို ရရှိနိုင်ပါတယ်။ Mammogram ရဲ့ Radiation Dose ဟာ အလွန်နည်းပါးတဲ့ ပမာဏ ဖြစ်ပါတယ်။

🔹 Radiation Dose ကို ဘာတွေက သက်ရောက်စေလဲ?

📍 Breast Thickness (ရင်သားအထူ)
ရင်သား ပိုထူလေလေ Radiation က ထိုးဖောက်ဖို့ ပိုလိုအပ်လေလေ ဖြစ်တဲ့အတွက် Dose အနည်းငယ် ပိုများနိုင်ပါတယ်။

📍 Breast Density (ရင်သားသိပ်သည်းဆ)
Dense Breast ရှိသူတွေမှာ ပုံထွက်ကြည်လင်ဖို့အတွက် စက်က Radiation Dose ကို အလိုအလျောက် အနည်းငယ် မြှင့်တင်ပေးရတတ်ပါတယ်။

📍 Compression (ရင်သားဖိအားပေးခြင်း)
Mammogram ရိုက်စဉ် ရင်သားကို သေချာပြားအောင် ဖိပေးခြင်းက Radiation Dose ကို လျှော့ချပေးနိုင်သလို ပုံအရည်အသွေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
ဒါကြောင့် ရိုက်နေစဉ် ခဏတာ မအီမသာဖြစ်ခြင်း သို့မဟုတ် နာကျင်မှုအနည်းငယ် ခံစားရခြင်း ဖြစ်နိုင်ပါတယ်။

🔹 Mammogram Radiation က အန္တရာယ်ရှိနိုင်သလား?

လက်ရှိ ဆေးပညာသုတေသနများအရ Mammogram ကြောင့် ရရှိတဲ့ Radiation မှ ကင်ဆာဖြစ်နိုင်ခြေဟာ အလွန်နည်းပါးပါတယ်။

တစ်ဖက်မှာတော့ Mammogram စစ်ဆေးမှုကြောင့် ရင်သားကင်ဆာကို အစောပိုင်းအဆင့်မှာ ရှာဖွေတွေ့ရှိနိုင်ပြီး ကုသမှုအောင်မြင်မှုနှုန်း မြင့်တက်စေသလို အသက်ကယ်တင်နိုင်တဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။
ထို့ကြောင့်Mammogram၏အကျိုးကျေးဇူး-Benefits သည် အန္တရာယ်( Radiation Risk) ထက် အဆပေါင်းများစွာ ပိုမိုသာလွန်နေပါသည်။

💗 အသက် ၄၀ ကျော် အမျိုးသမီးများအနေဖြင့် နှစ်စဉ် Breast Screening (Mammogram & Breast Ultrasound) ပြုလုပ်ရန် အရေးကြီးပါသည်။

✨ Early Detection Can Save Lives :::

Photos from Pink Ribbon- Awareness Knowledge and Power to Fight Breast Cancer's post 07/06/2026

ဆေး ဘာကြောင့်စစ်ရတယ်?✨

ရောဂါဆိုတာ လက္ခဏာပေါ်မှာ သိကြတာကိုး။ ရောဂါလက္ခဏာ ပေါ်ဖို့က တုပ်ကွေးလိုရောဂါဆိုရင်တော့ ရက်ပိုင်းအတွင်း ပေါ်ပေမဲ့ တချို့ရောဂါကြီးတွေကျတော့ လနဲ့ နှစ်နဲ့ချီပြီး အစပျိုးပြီးမှ ရောဂါလက္ခဏာ စပြတာကိုး၊ အဲဒီ အချိန်ကျမှ လူနာက သတိပြုမိတာ။

ဆေးစစ်တာ ဆိုတာကတော့ ရောဂါ လက္ခဏာမခံစားရခင်ကထဲက သွေးထဲဖြစ်ဖြစ်, ဓါတ်မှန်မှာဖြစ်ဖြစ် တခုခုထဲမှာ ပုံမှန်မဟုတ်တာ သတိထားမိပြီး ရောဂါကို လက်ဦးမှု့ရအောင်ယူ ကုလို့ ရတာပေါ့။

ဥပမာ, ရင်သားကင်ဆာလိုပေါ့။ မစမ်းမိခင်ကထဲက ရင်သားဓါတ်မှန်, ရင်သား ultrasound မှာ ကင်ဆာရဲ့အရိပ်,အယောင် စတွေ့နေရပြီလေ။

ဒါကြောင့်စောစောသိပြီး ကုသလို့ရအောင် ဆေးပုံမှန်စစ်ကြပါ

Prevention is better than cure .
Early detection can save life.

25/05/2026

My Mammogram Adventure ✨

24/05/2026

✨ အမျိုးသမီးများအတွက် တိတ်တဆိတ် ရန်သူ - ကြိုတင်ကာကွယ်ခြင်းဖြင့် အနိုင်ယူ✨

🎀အမျိုးသမီးတွေရဲ့ ကျန်းမာရေးဆိုတာ မိသားစုတစ်ခုလုံးရဲ့ အင်အားပါ 💗

မိခင်တစ်ဦး၊ ဇနီးတစ်ဦး၊ သမီးတစ်ဦး သို့မဟုတ် လုပ်ငန်းခွင်ထဲက စွမ်းဆောင်ရည်ရှိတဲ့ အမျိုးသမီးတစ်ယောက်... ဘယ်လိုကဏ္ဍမှာပဲဖြစ်ဖြစ် ကျန်းမာပျော်ရွှင်နေမှသာ မိသားစုနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး စိုပြေတောက်ပနိုင်မှာ ဖြစ်ပါတယ်။

💌ဒါပေမဲ့ တစ်ခါတလေမှာ အလုပ်ရှုပ်တဲ့ နေ့စဉ်ဘဝတွေ၊ တခြားသူတွေအပေါ် ဂရုစိုက်မှုတွေကြားထဲ ကိုယ့်ကျန်းမာရေးကို မေ့လျော့နေတတ်ကြပါတယ်။ အထူးသဖြင့် ရောဂါလက္ခဏာ သိပ်မပြဘဲ တိတ်တဆိတ် ဝင်ရောက်လာတတ်တဲ့ ရင်သားကင်ဆာ လိုမျိုး ကျန်းမာရေးပြဿနာတွေဟာ အမျိုးသမီးတွေအတွက် တကယ့်ကို သတိထားရမယ့် "တိတ်တဆိတ် ရန်သူ" တွေပဲ ဖြစ်ပါတယ်။

🎁ဒါကြောင့် ကြိုတင်ကာကွယ်နိုင်ဖို့ ပန်းလှိုင်ဆေးရုံရဲ့ အမျိုးသမီးတွေအတွက် သင့်တော်မည့် 𝐌𝐚𝐦𝐦𝐨𝐠𝐫𝐚𝐦 𝐏𝐚𝐜𝐤𝐚𝐠𝐞𝐬 ဖြင့် ကာကွယ်လိုက်ကြရအောင်။

📲✨မိဘတွေနဲ့ အဝေးတစ်နေရာမှာ ရောက်နေလို့ လူကိုယ်တိုင် လာမပြပေးနိုင်တဲ့ သားသမီးတွေအနေနဲ့လည်း 𝐇𝐄𝐀𝐋 𝐁𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 ကနေ တစ်ဆင့် မိခင် သို့မဟုတ် မိမိချစ်ရတဲ့ အမျိုးသမီးတွေအတွက် သင့်တော်မည့် 𝐌𝐂𝐔 𝐏𝐚𝐜𝐤𝐚𝐠𝐞𝐬 တွေကို အလွယ်တကူ ဝယ်ယူ လက်ဆောင်ပေးပြီး ဝေးလံတဲ့နေရာကနေ မေတ္တာနဲ့ ဂရုစိုက်မှုတွေကို ဖော်ပြနိုင်ပါပြီ။

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

23/05/2026

Mammogram ရိုက်တဲ့အချိန်မှာ လူနာတွေ Concern အဖြစ်ဆုံးဖြစ်တဲ့ “Compression” ပေးရခြင်းအကြောင်း 🎀

“Mammogram ရိုက်ရင် နာတယ်” ဆိုတာ လူနာတွေကြားမှာ concern အဖြစ်များဆုံးအရာတစ်ခုပါ။

Mammogram ရိုက်တဲ့အခါ breast compression ပေးရတာကြောင့် discomfort ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဒီ compression ဟာ Mammogram examination အတွက် အလွန်အရေးကြီးတဲ့ process တစ်ခုဖြစ်ပါတယ်။

ဘာကြောင့် compression ပေးရတာလဲ?

Breast tissue တွေဟာ density similar ဖြစ်နေတတ်တဲ့အတွက် tissue overlap ဖြစ်နိုင်ပါတယ်။
အဲ့ဒီ overlap ကို လျော့ချပြီး tissue separation ကောင်းကောင်းရဖို့ ၊ ရင်သားတစ်ရူးတွေကို ပြန့်သွားအောင် လုံလောက်တဲ့ဖိအား လိုအပ်ပါတယ်။

အဲ့လို separation ကောင်းကောင်းရပြီး ရင်သားတစ်ရူးတွေပြန့်သွားမှသာ
breast cancer ရဲ့ early signs ဖြစ်နိုင်တဲ့ microcalcification လေးတွေကို ပိုမိုရှင်းလင်းစွာ မြင်နိုင်မှာဖြစ်ပါတယ်။

တချို့ microcalcification တွေဟာ 0.22 mm အရွယ်အစားလောက်ကစပြီး Mammogram မှာ detect လုပ်နိုင်ပါတယ်။

ဒါဟာ Mammogram ရိုက်ရခြင်းရဲ့ အဓိကအနှစ်သာရဖြစ်တဲ့ “Early Detection” ကို support ပေးနိုင်တဲ့ အရေးကြီးတဲ့အချက်တစ်ခုပါ။

နောက်ထပ်အရေးကြီးတဲ့အချက်ကတော့
compression ပေးတဲ့အခါ breast thickness လျော့သွားတာကြောင့်
လူနာရရှိမယ့် radiation dose (glandular dose) ကိုလည်း လျော့ချပေးနိုင်ပါတယ်။

Mammogram image quality ကောင်းမွန်ဖို့၊
patient safety ကိုထိန်းသိမ်းနိုင်ဖို့၊
radiation dose ကို minimize လုပ်နိုင်ဖို့ဆိုတာတွေဟာ Mammogram Technologist ရဲ့

• Technical Skill
• Positioning Technique
• Background Knowledge
• Patient Communication

တို့နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

အဲ့ဒီအချက်တွေ ပြည့်စုံမှသာ
ထွက်လာတဲ့ Mammogram images တွေမှာ

• Normal structure လား
• True abnormality လား
• Normal tissue overlap ကြောင့် abnormal ပုံစံဖြစ်နေတာလား

ဆိုတာတွေကို ပိုမိုတိကျစွာ assessment လုပ်နိုင်ပြီး
မှန်ကန်တဲ့ diagnosis အတွက် အထောက်အကူဖြစ်စေမှာပါ။ 🎀

16/05/2026

Mammogram: A Taxing Yet Important Experience 🎀

ရင်သားဓာတ်မှန် (Mammogram) ကို ပထမဆုံးအကြိမ် ရိုက်ရမယ်ဆိုရင် လူအများစုအနေနဲ့ စိတ်ပူတတ်ကြပါတယ်။

“ဘယ်လိုရိုက်မှာလဲ?”
“နာမလား?”
“အဖြေမှာ မကောင်းတာတွေထွက်လာမလား?”

ဆိုတဲ့ အတွေးတွေဝင်လာတာ သဘာဝပါပဲ။

Mammogram ရိုက်မယ်ဆိုရင်—

ပထမဆုံးအနေနဲ့ အင်္ကျီလဲပြီး Mammogram အတွက် သီးသန့် Patient Gown ကို ဝတ်ဆင်ရပါတယ်။

Mammogram Room ထဲရောက်တဲ့အခါ Healthcare Provider — Mammogram Technologist က Procedure ကို အရင်ရှင်းပြပေးပါလိမ့်မယ်။

မရိုက်ခင်မှာ လိုအပ်တဲ့ Clinical History တွေမေးပါမယ်။
X-ray အသုံးပြုရတဲ့အတွက် Child-Bearing Age ရှိတဲ့ အမျိုးသမီးတွေကို Pregnancy Consent လည်း ယူပါမယ်။

Breast Screening Mammogram ရိုက်တဲ့အခါ Basic Views အနေနဲ့
တစ်ဘက်ကို ၂ ပုံစီ၊ စုစုပေါင်း အနည်းဆုံး ၄ ပုံ ရိုက်ရပါတယ်။

• RCC / LCC (Straight Views)
• RMLO / LMLO (Oblique Views)

ဒီပုံတွေကို ကြည့်ပြီး လိုအပ်ရင် Additional Views ထပ်ရိုက်နိုင်ပါတယ်။

ရိုက်တဲ့အချိန်မှာ Breast ကို Detector ပေါ်တင်ပြီး Position မှန်အောင်ထားပါမယ်။
ပြီးရင် Compression Plate နဲ့ ဖြည်းဖြည်းချင်း ဖိပေးပါမယ်။

Compression လုံလောက်ပြီဆိုတာနဲ့ X-ray Exposure လုပ်ပြီး Image တွေက Monitor Screen ပေါ်မှာ ပေါ်လာပါမယ်။

Technologist က Image Quality ကို စစ်ဆေးပြီးတာနဲ့ Mammogram Procedure ပြီးဆုံးပါပြီရှင်။

Compression လုပ်တဲ့အချိန်မှာ အနည်းငယ် မသက်မသာဖြစ်နိုင်ပေမယ့် စက္ကန့်အနည်းငယ်သာ ကြာတတ်ပါတယ်။

ဒါကတော့ Breast Screening — Mammogram ရိုက်တဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အတွေ့အကြုံလေးတွေပါ ✨

Mammogram ရိုက်တဲ့နေရာမှာ အရေးကြီးဆုံးအချက်တစ်ခုကတော့ လူနာရဲ့ Position ကို မှန်ကန်အောင်ထားပေးနိုင်တဲ့ Mammogram Technologist ရဲ့ ကျွမ်းကျင်မှုပါပဲ။

မှန်ကန်တဲ့ Positioning ရရှိမှသာ ရင်သားတစ်ခုလုံးကို Field of View အတွင်း အပြည့်အဝပါဝင်စေပြီး ကျန်ခဲ့တဲ့ Breast Tissue မရှိအောင် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် Mammogram မှာ Technologist ရဲ့ Role ဟာ အလွန်အရေးကြီးပါတယ်။

ဒါတင်မကသေးဘဲ Exposure Factors မှန်ကန်မှုကလည်း အရေးပါပါတယ်။ Exposure ကောင်းမွန်မှသာ Microcalcifications လို အလွန်သေးငယ်တဲ့ Abnormal Findings လေးတွေကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

Mammogram ဆိုတာ Machine ကောင်းရုံနဲ့ မလုံလောက်ပါဘူး —
Correct Positioning, Proper Compression, Appropriate Exposure နဲ့ Technologist ရဲ့ Experience တွေ ပေါင်းစပ်မှ Quality Imaging ကို ရရှိနိုင်တာဖြစ်ပါတယ် 🎀

03/05/2026

🌸 Breast Structure & Density 🌸

ရင်သား (breast) ကို အဓိကအားဖြင့် tissue ၃ မျိုးနဲ့ ဖွဲ့စည်းထားပါတယ်—
• Connective tissue
• Glandular tissue
• Fatty tissue

Mammogram ပေါ်မှာ—
• Connective tissue နဲ့ glandular tissue တွေကို အဖြူရောင် (dense) အနေနဲ့ မြင်ရပါတယ်

• Fatty tissue ကိုတော့ အနက်ရောင် (dark) အနေနဲ့ မြင်ရပါတယ်

ဒီလို မြင်ရတဲ့ pattern ကို အခြေခံပြီး breast density ကို ၄ ခွဲခြားထားပါတယ်။

Breast Density Types

1. Almost entirely fatty
• အများစုက fatty tissue
• Mammogram မှာ အနက်များပြီး အဖြူနည်း

2. Scattered fibroglandular densities
• Fatty tissue များပေမယ့် glandular / connective tissue အနည်းငယ်ပါ

3. Heterogeneously dense
• Glandular / connective tissue ပိုများလာ
• Mammogram မှာ အဖြူများလာပြီး lesion (tumor) တွေကို ဖုံးနိုင်ပါတယ်

4. Extremely dense
• အများစုက dense tissue
• Mammogram ပေါ်မှာ အဖြူများပြီး abnormality တွေကို ခွဲခြားမြင်ရခက်ပါတယ်

အရေးကြီးတာကတော့
Breast density များလေလေ (အဖြူများလေလေ) → Mammogram နဲ့ cancer ကို တွေ့ရှိဖို့ ပိုခက်လာပါတယ်
ဒါကြောင့်—
အထူးသဖြင့် အသက်ငယ်ပြီး dense breast ရှိသူတွေမှာScreening အတွက် Mammogram တစ်မျိုးတည်းမဟုတ်ဘဲ Breast Ultrasound ကိုပါ တွဲဖက်စစ်ဆေးဖို့ လိုအပ်ပါတယ်။

01/05/2026

World Labour Day – May Day

ယနေ့ကျရောက်သော "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့"ကို ကမ္ဘာတစ်ဝှမ်းရှိ လုပ်သားအားလုံး၏ ကြိုးပမ်းအားထုတ်မှု၊ စွမ်းဆောင်ရည်နှင့် ဇွဲလုံ့လတို့အား အလေးအနက် အသိအမှတ်ပြုရင်း ၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့တွင် ကျရောက်သော "အလုပ်သမားနေ့"ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

30/04/2026

🌿 ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲ 💧🌿

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဗောဓိပင်ကို ရည်မှန်းပြီး ညောင်ရေသွန်းလောင်းရင်း အားလုံး ဘေးကင်းရန်ကွာပြီး စိတ်ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရှင်။ 🙏🏻✨

#ကဆုန်လပြည့်နေ့
#ညောင်ရေသွန်းပွဲ

Photos from Pink Ribbon- Awareness Knowledge and Power to Fight Breast Cancer's post 29/04/2026

Breast Cancer Risk Factors

ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တဲ့ အချက်တွေကို သိထားတာ အရေးကြီးပါတယ်။ တချို့အချက်တွေက မပြောင်းလဲနိုင်ပေမယ့် တချို့အချက်တွေကတော့ lifestyle ပြောင်းလဲခြင်းနဲ့ လျှော့ချနိုင်ပါတယ်။

၁။ မပြုပြင်နိုင်သော အချက်များ (Unchangeable Risk Factors)

• အသက်အရွယ် – အသက်ကြီးလာလေလေ ဖြစ်နိုင်ခြေ ပိုများလာပါတယ် (အထူးသဖြင့် ၅၀ ကျော်)

• မျိုးရိုးဗီဇ (Genetics) – မျိုးရိုးဗီဇဆိုတာကလည်းမယူချက်လို့မှမရတာပဲ။ Hollywood မင်းသမီး Angelia Jolie ကြည့်ပါလား။ သူ့ရဲ့ မျိုးရိုးဗီဇ gene ကြောင့် ကင်ဆာဖြစ်နိုင်ခြေများတော့ preventive mastectomy လုပ်လိုက်တာ သတိရကြဦးမယ်ထင်ပါတယ်။ မိသားစုထဲမှာ (အမေ၊ ညီမ) ရင်သားကင်ဆာ ဖြစ်ဖူးခြင်း သို့မဟုတ် BRCA1 / BRCA2 gene များ ပါရှိခြင်း ကြောင့် ရင်သားပင်ဆာဖြစ်နိုင်ခြေပိုများပြီး တခြားသူတွေထက်ပိုပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်။

• Dense Breasts (သိပ်သည်းဆများသော ရင်သား) – ရင်သား တစ်ရူး ထူတဲ့၊များတဲ့ ရင်သားတွေက နည်းတဲ့ရင်သားနဲ့စာရင် ယှေဘူယ ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်း ပိုများနိုင်တာပေါ့။ ဒါ့အပြင် mammogram ရိုက်တဲ့အခါ တစ်ရူးထူေတာ့ သေးတဲ့အကျိတ်တွေကို ဖုံးကွယ်နိုင်ပြီး လွတ်ဖို့ risk ပိုများနိုင်ပါတယ် (ဒါကြောင့် ရင်သား ultrasound ပါတွဲရိုက်တာပါ)

၂။ ပြုပြင်နိုင်သော အချက်များ (Lifestyle Risk Factors)

• ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း – လေ့ကျင့်ခန်း မပုံမှန်လုပ်ခြင်း

• ကိုယ်အလေးချိန် – သွေးဆုံးပြီးနောက် အဝလွန်ခြင်း

• အရက်သောက်ခြင်း – Alcohol သောက်သုံးမှုက risk ကို မြင့်တက်စေပါတယ်။
ဒါကြောင့် ကိုယ်လုပ်လို့ရတာကတော့ လေ့ကျင့်ခန်းလုပ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်စားပါ။ အရက်၊ဆေးလိပ်ရှောင်ကြင်ပါလို့။

Risk factor ရှိနေတယ်ဆိုတာနဲ့ ကင်ဆာဖြစ်မယ်လို့ မဆိုလိုပါဘူး။
ဒါပေမယ့် ကိုယ့် risk ကို သိထားခြင်းက—
✔ ဘယ်အချိန်မှာ mammogram စရိုက်သင့်သလဲ
✔ ဘယ်လိုကြိုတင်ကာကွယ်မလဲ
ဆိုတာတွေကို မှန်ကန်စွာ ဆုံးဖြတ်နိုင်စေပါတယ်။

Early detection can save lives.

Category

Website

Address

Yangon