To Someone Person

To Someone Person

Share

သက်ဆိုင်သူတစ်စုံတစ်ယောက်ဆီသို့

06/05/2025

မနီးနိုင်ဘူးဆိုတာလဲသိတယ်
နာကျင်ရမှာလဲသိတယ်
ဒါပေမဲ့
နှလုံးသားတွေက ကြိတ်မှိတ်ပြီး
ချစ်ချင်နေသေးတယ်💔

-မယ်ညို

06/04/2025

လောကကြီးကမတရားဘူး အကို💔
တွေ့ဆုံခွင့်ကြပေးပြီး
ပေါင်းဖက်ခွင့် ကြတော့
ကျွန်မ မဟုတ်တဲ့
အခြား အမျိုးသမီးတဲ့လား အကိုရယ်💔


#🌻🌻

06/04/2025

အမေကပြောတယ်..။
မင်းကို တကယ်ချစ်တဲ့သူက
မင်းကို စိတ်ညစ်အောင်မလုပ်ဘူးတဲ့ ။

အဲ့ဒီစကားကို ကြားရပြီးကတည်းက
လူတစ်ယောက်က လိုတာထက်ပိုပြီး
ကိုယ့်ကို စိတ်ညစ်စေရင်..
ဒီလူဟာ ကိုယ့်ကို တကယ် မချစ်တာပါလားဆိုတဲ့
အသိကလေးပါ ဒွန်တွဲပြီး ဝင်လာတယ်..။

ကိုယ့်ကို ချစ်တဲ့သူတစ်ယောက်က
သူ့အတွက်နဲ့ ကိုယ့်က်ို စိတ်ညစ်ရအောင် မလုပ်ဘူး။
စိတ်ညစ်အောင်လည်း မထားဘူး..။

ကိုယ့်ကို မျက်ရည်ကျစေတဲ့သူဟာ
ကိုယ်ချစ်ရတဲ့သူဖြစ်ပြီး..
ကိုယ့်မျက်ရည်ကို နားလည်တာကတော့
ကိုယ့်ကို ချစ်တဲ့သူပဲပေါ့..။

လူတစ်ယောက်က ကိုယ့်ကို ချစ်တယ်ပြောပြီး
နေ့စဉ်နှင့်အမျှ ဒူးနဲ့မျက်ရည်သုတ်ရအောင် လုပ်နေရင်
သူပြောတဲ့ ချစ်တယ်ဆိုတာဟာ အလကားပဲ။

တကယ်ချစ်ရင် ပျော်အောင်ထား..။
လူတစ်ယောက်ကို
ကိုယ့်ကြောင့် အမြဲပျော်ရွှင်အောင်လုပ်ပေး..။
ဒါမျိုးမှ တကယ်ချစ်တာ ..။

စိတ်ညစ်စရာတွေ လာပေးတဲ့သူက တကယ်ချစ်တာလား ၊
ကိုယ့်ကို အမြဲပျော်အောင်ထားတဲ့သူက
တကယ်ချစ်တာလားဆိုတာ ခင်ဗျားလည်း သိမှာပါ။

အမေက အဖေ့ကို ဘာလို့ရွေးချယ်ခဲ့လဲဆိုတော့
အမေက အဖေ့​ကြောင့်တစ်ခါမှ စိတ်မညစ်ခဲ့ရဖူးဘူးလို့ ဖြေတယ်။

တကယ်တော့လေ လူတစ်ယောက်ရဲ့ ချစ်တယ်ဆိုတာဟာ ကိုယ့်ကို ပျော်ရွှင်အောင်ထားတတ်ခြင်းပဲ။
နောက်ပြီး တကယ်ချစ်တဲ့သူတွေက အပြောထက် လုပ်ရပ်တွေနဲ့ပဲ သက်သေပြတတ်ကြတယ် ။

🌻🤍
#𝐎𝐚𝐤𝐒𝐨𝐞𝐏𝐚𝐢𝐧𝐠

Category

Website

Address

Yangon