H&H Beauty World - Ma Htet

H&H Beauty World - Ma Htet

Share

အရည်အ​သွေးပြည့်ဝတဲ့ ပြည်တွင်းဖြစ် အလှကုန်များ ထုတ်လုပ်​ရောင်းချ​ပေးပါတယ်ရှင့်

19/05/2026

မကြာခင်မှာ ပူပြင်းတဲ့ နွေရာသီ ကုန်ဆုံးပြီး မိုးဦးကာလကို ရောက်ရှိတော့မယ်နော်။

နွေရာသီမှာဆိုရင် ဆံပင်က ချွေးတွေထွက်၊ ခဏလေးနဲ့ အဆီပြန်ပြီး လုံးသွားလို့ စိတ်ညစ်ခဲ့ရပြီး အခုမိုးရာသီရောက်တော့ အဆင်ပြေသွားပြီလို့ မထင်လိုက်ပါနဲ့။

မိုးရာသီဆိုတာ စိုထိုင်းပြီး ဆံသားနဲ့ ဦးရေပြားတွေ ခြောက်သွေ့ပျက်စီးစေတဲ့ ရာသီဖြစ်လို့ ဆံသားကျန်းမာရေးကို ပိုမိုဂရုစိုက်ပေးဖို့ လိုပါတယ်။

ဆံသားလေးတွေဆိုတာ ရာသီအလိုက် အမြဲတမ်းကို Care လုပ်ပေးရမှာဖြစ်တဲ့အတွက် မကြာခင် ရောက်ရှိတော့မယ့် မိုးရာသီမှာ ဆံသားလေးတွေကို ဘယ်လိုတွေ ဂရုစိုက်ရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

ပထမဆုံး သတိပေးချင်တာက စိတ်ကူးယဉ်ဆန်တဲ့ အမျိုးသမီးလေးတွေကိုပေါ့။ မိုးရွာနေတဲ့အချိန် စိတ်ကူးယဉ်ဆန်ဆန်နဲ့ ထီးမဆောင်းဘဲ လျှောက်မသွားဖို့ ပြောချင်ပါတယ်။

ဘာလို့လည်းဆိုတော့ မိုးရေထဲမှာ ပါလာတဲ့ ဓာတ်တချို့က ဆံသားတွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး ဆံသားကို မိုးရေထိတာနဲ့ ချက်ချင်းကြုံတွေ့ရမယ့် ပြဿာနာကတော့ ဆံပင်ကျွတ်ခြင်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဦးရေပြားမှာ ဗောက်ထခြင်း၊ ခေါင်းက အနံ့ဆိုးထွက်ခြင်း၊ ဦးရေပြားအဆီပြန်ခြင်း အစရှိတဲ့ ဆံသားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

မိုးရာသီဆိုပေမယ့် ပုံကျလှပပြီး အနံ့ဆိုးကင်းတဲ့ ဆံသားပိုင်ရှင်လေးဖြစ်လို့ လိုက်နာရမယ့်အချက်လေးတွေကတော့

🌧️👉 ဆံပင်ကို မိုးမစိုစေပါနဲ့။

🌧️👉 ဆံပင်တွေ ရေစိုလာရင် ချက်ချင်းပြန်လျှော်ပါ။

🌧️👉 ဆံပင်ကို စိုနေတုန်း စည်းနှောင်တာမျိုး မလုပ်ပါနဲ့။

🌧️👉 ရေများများသောက်ပြီး ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပါ။

🌧️👉 မိုးရာသီမှာ ဆံပင်ဖြောင့်တာ၊ ကောက်တာတွေကို ဖြစ်နိုင်ရင်မလုပ်ပါနဲ့။ ဆံသားထိခိုက်မှုက အခြားအချိန်တွေထက် ပိုဆိုးနိုင်လို့ပါ။

🌧️👉 ခေါင်းမလျှော်ခင်မှာ ခေါင်းကို ဆီလိမ်းပြီး နှိပ်နယ်ပေးပါ။

🌧️👉 Antibacterial shampoo သုံးပြီးခေါင်းလျှော်ပါ။

🌧️👉 ခေါင်းလျှော်ပြီးတိုင်း Conditioner သုံးပေးပါ။

🌧️👉 ဆံပင်ကို အပူချိန်မြင့်တဲ့ Dryers သုံးပြီး အခြောက်ခံတာမျိုးမလုပ်ပါနဲ့။

🌧️👉 ဆံသားနဲ့သင့်တော်မယ့် ဘီးကိုရွေးချယ်ပါ။

🌧️👉 အာဟာရမျှတအောင် စားသုံးပေးပါ။

မိုးရာသီဆိုတော့ အပြင်သွားတိုင်း ထီးတစ်ချောင်း အမြဲဆောင်သွားဖို့လည်း မမေ့နဲ့ဦးနော်။

အခုပြောခဲ့တဲ့ အချက်လေးတွေအတိုင်း လိုက်နာမယ်ဆိုရင် မိုးရာသီမှာ သင်းပျံ့လှပပြီး ပုံကျတဲ့ ဆံနွယ်လေးတွေနဲ့ စတိုင်ကျကျ လှပနိုင်မှာဖြစ်ပါတယ်။

18/05/2026

💛👶🏻 ကလေးငယ်လေးတွေကို သနပ်ခါး လိမ်းပေးလို့ရလား❓

💛👶🏻 နုနယ်လွန်းတဲ့ ကလေးငယ်လေးတွေရဲ့ အသားအရေက သနပ်ခါးနဲ့ တည့်လား❓

💛👶🏻 ဒီမေးခွန်းလေးတွေရဲ့ အဖြေကို မင်မင် ဒီနေ့မှာ ဖြေကြားပေးသွားမယ်နော်။

💛👶🏻 မွေးကင်းစ ကလေးငယ်လေးတွေရဲ့ အရေပြားက ထိခိုက်လွယ်ပါတယ်။

💛👶🏻 ကိုယ်ခံအားစနစ်ကလည်း ပြည့်ဝစွာ မဖွံဖြိုးသေးတာကြောင့် ကလေးငယ်လေးတွေဟာ ဓာတုပစ္စည်းတွေ၊ ရနံ့တွေ၊ အဝတ်အထည်တွေမှာ အသုံးပြုထားတဲ့ ဆိုးဆေးတွေ၊ ဆပ်ပြာမှုန့်တွေ နဲ့ ကလေးတွေအတွက် ထုတ်ထားတဲ့ ပစ္စည်းအချို့မှာပါနေတဲ့ ဓာတုပစ္စည်းတွေကြောင့် အရေပြားခြောက်သွေ့တာတွေ၊ ထိခိုက်တာတွေဖြစ်နိုင်ပါတယ်။

💛👶🏻 ဒါကြောင့် ထိခိုက်လွယ်တဲ့ ကလေးငယ်လေးတွေ အသားအရေအတွက် အသင့်တော်ဆုံးက သဘာဝပစ္စည်းတစ်ခုဖြစ်တဲ့ သနပ်ခါးပဲ ဖြစ်ပါတယ်။

💛👶🏻 ကလေးငယ်လေးတွေကို ကျန်းမာတဲ့ အသားအရေပိုင်ဆိုင်အောင် သနပ်ခါးကို အသုံးပြုပြီး လုပ်ပေးလို့ရပါတယ်။

💛👶🏻 သနပ်ခါးက မှိုပိုးတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတာကြောင့် ကလေးငယ်တွေရဲ့ အရေပြားကို မှိုပိုးကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

💛👶🏻 ဒါ့အပြင် အပူဒဏ်ကြောင့် ကလေးငယ်လေးတွေ အရေပြားမှာ ဖြစ်တတ်တဲ့ မိတ်၊ အင်ပြင်၊ အဖုအပိမ့်ထွက်တာနဲ့ အခြားသော အရေပြား ပြဿနာတွေကို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။

💛👶🏻 သနပ်ခါးက အရေပြားကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်သလို ပတ်ဝန်းကျင်မှာရှိနေတဲ့ ညစ်ညမ်းတဲ့လေထုကြောင့် အသားအရေထိခိုက်မှု၊ free radicals တွေကြောင့် အသားအရေပျက်စီးခြင်း အန္တရာယ်ကနေ ကာကွယ်ပေးပြီး အရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပါသေးတယ်။

💛👶🏻 သနပ်ခါးက ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်စွမ်းလည်း ရှိတော့ ကလေးငယ်လေးတွေရဲ့ အရေပြားအတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာ ပြောနေစရာတောင်မလိုတော့ပါဘူး။

💛👶🏻 နွေရာသီလို ပူပြင်းတဲ့ ကာလမှာဆိုရင် ကလေးရဲ့ အသားအရေကို သနပ်ခါးက ထိထိရောက်ရောက် ကာကွယ်ပေးမှာပါ။

❗️❗️❗️❗️❗️ သတိထားရမှာတစ်ခုက ဆောင်းရာသီလိုမျိုး အချိန်မှာတော့ အသားခြောက်နိုင်တဲ့အတွက် ကလေးငယ်လေးတွေအနေဖြင့် သနပ်ခါးလိမ်းဖို့ မသင့်တော်ပါဘူး။

💛👶🏻 သနပ်ခါးအစား မုန်ညင်းဆီ၊ သံလွင်ဆီ၊ အုန်းဆီလိုမျိုး သဘာဝအဆီတစ်မျိုးမျိုး (ဒါမှမဟုတ်) ကလေးငယ်လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ Baby Oil လေးတွေကို အသုံးပြုပေးနိုင်ပါတယ်။

💛👶🏻 ကလေးငယ်ကို သနပ်ခါး အထူကြီးလိမ်းပေးခြင်းဟာ အသားအရေရှိ မွေးညင်းပေါက်ကို ပိတ်စေတတ်လို့ ခပ်ပါးပါးသာ လိမ်းပေးပါ။

💛👶🏻 နောက်တစ်ချက်က ကလေးတိုင်း သနပ်ခါးနဲ့ မတည့်ပါဘူး။ လိမ်းပြီးမှ အင်ပျဉ်လို အကွက်တွေ ထွက်လာရင် ဆက်မလိမ်းပါနဲ့။

💛👶🏻 သနပ်ခါးတုံးနဲ့ ကျောက်ပျဉ် သန့်ရှင်းနေပါစေ။ မှိုတက်နေရင် ကလေးအရေပြားထိခိုက်တတ်ပါတယ်။

💛👶🏻 ကလေးကို သနပ်ခါးလိမ်းပေးလို့ ရပေမယ့် လသားကလေးတွေမှာ သနပ်ခါး မခွံ့ဖို့ အကြံပေးလိုပါတယ်။

💛👶🏻 အသင့်လိမ်းသနပ်ခါးတွေထက်စာရင် သနပ်ခါးတုံးကိုပဲ သွေးလိမ်းပေးဖို့ အကြံပြုပါရစေ။

💛👶🏻 ဒီလောက်ဆိုရင် ကလေးငယ်လေးတွေကို သနပ်ခါး လိမ်းပေးသင့်၊ မပေးသင့် သိလောက်ပြီ ထင်ပါတယ်။

💛👶🏻 သဘာဝသနပ်ခါးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးငယ်လေးတွေရဲ့ အသားအရေကို ထိန်းသိမ်းပေးလိုက်ရအောင်နော်။

16/05/2026

သနပ်ခါးတင်မကဘူး Crush အချစ်ကိုရမယ်ဆို မျက်နှာပေါ် ကျောက်ပျဉ်ကြီး‌တောင် ကပ်ထားနိုင်တယ်။

04/05/2026

မနက်ဖြန် အမှီပို့ရမှာမို့ မနားရသေးပါရှင့်
အကုန် ကုန်ပဲမို့ ဒီနေ့ထပ်တိုးအမှာလေးတွေ
နောက်တစ်သုတ်လေးထပ်စောင့်ပေးနော်😘

04/05/2026

မျှော်နေတာလေး ရပြီလို့ 😘🌿🌿🌿

04/05/2026

၂၀ပို့ပြီး၈၀ထပ်တိုး
မှာသွားခံရတဲ့ တမာဆေးဘက်ဝင် သနပ်ခါးလေး🌿🌿🌿
#ဝက်ခြံ #အမဲစက်

04/05/2026

တမာကဘက်တီးရီးယားများနှင့် မှိုများ ကြီးထွားမှုကို ဟန့်တားနိုင်ပါတယ်။ ဝက်ခြံ၊ အရေပြားယားနာ၊ မှိုကြောင့်ဖြစ်သော အရေပြားရောဂါများကို ကုသ​ပေးနိုင်စွမ်းရှိတယ်။ အရေပြားနီရဲခြင်း၊ ရောင်ရမ်းခြင်းနှင့် ယားယံခြင်းတို့ကို သက်သာစေနိုင်ပါတယ်။
အနာများနှင့် ထိခိုက်ဒဏ်ရာများ အမြန်ကျက်စေရန် ကူညီ​ပေးနိုင်စွမ်းရှိပါတယ်။အရေပြားအတွင်း ရေဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်ပြီး ရောင်ရမ်းမှုကို လျော့ချပေးနိုင်သောကြောင့်ဝက်ခြံကုသရာမှာလဲ အကျိုးရှိပါတယ်။
#ဝက်ခြံ #ယားနာ #မိတ်

Photos from H&H Beauty World - Ma Htet's post 03/05/2026

Neem Extract Herbal Thanakha
*တမာ အဆီအနှစ်
*ပျဥ်းတော်သိမ်
*ရှားစောင်း
*သံပုယို
*ဆန်
*ကော်လဂျင်
တို့ပါဝင်ပြီး ဝက်ခြံ အဆီဖု အမဲစက် သက်သာပျောက်ကင်းစေပါတယ်
အရေပြားအတွင်းပိုင်းမှ အဆိပ်အတောက်များဖယ်ရှားပေးပြီး အသားအရေ ယားယံခြင်းများကိုကာကွယ်ပေးပါတယ်

#သနပ်ခါး #ဝက်ခြံ #အမဲစက် #ယားယံခြင်း

01/05/2026

ယနေ့ကျရောက်သော အလုပ်သမားနေ့မှာ ခက်ခဲကြမ်းတမ်းမှုများစွာကို ရင်ဆိုင်၍ တာ၀န်ကျေပွန်ကြသော တစ်ကမ္ဘာလုံးရှိ လုပ်သားများအားလုံးကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

30/04/2026

✨ကဆုန်လပြည့်နေ့✨

ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့မှာ
မင်္ဂလာ အပေါင်းနဲ့ပြည့်စုံ ပါစေကြောင်း ဆုမွန်ကောင်း ေတာင်းအပ်ပါတယ်။
#ကဆုန်လပြည့်နေ့

Website

Address

အမှတ် ၅၁ အောင်သိန္ဒိ ၁လမ်း ၁၂ရပ်ကွက် လှိုင်သာယာ
Yangon

Alerts

Be the first to know and let us send you an email when H&H Beauty World - Ma Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.