Nail Spa by Lily in the Valley

Nail Spa by Lily in the Valley

Share

• အတူတူ ပိုလှကြမယ်နော် • 💕

Photos from Nail Spa by Lily in the Valley's post 07/09/2026

Junior nail artist ညီမလေး- 1ဦး
( ၃သိန်းခွဲ + Percentage % +ဟင်းဖိုး ၈သောင်း ၊ တစ်ပတ်တစ်ရက်နား၊ အလုပ်ချိန် မနက်၁၀- ည ၇)
ဆန်ပေးပါတယ်ရှင်။

ဆိုင်လေးက လူဝင်ပါတယ် လူငယ်တွေပဲမို့ ဆိုင်ရှင်ဆီကရတဲ့ drama နည်းပါတယ် (အာမခံပါတယ်နော်)

Location က လှည်းတန်းပါ အဆောင်စီစဉ်ပေးပါတယ်ရှင်။

🤍ပညာသင် (၁)ဦး

တစ်ပတ်တစ်ရက်နား။

- အားလုံး သင်ပေးမှာမို့ သင်ယူချင်စိတ်လေးရှ်ိပြီး သွက်သွက်လက်လက်လေးဆိုရပါပြီရှင်။

(လစာ ၁သိန်း၈သောင်း+ ဟင်းဖိုး ၈သောင်း)ဆန်ပေးပါတယ်ရှင်။

စိတ်ဝင်စားတယ်ဆို 09978449257 Viber ကိုဆက်သွယ်ပေးပါနော်…

Photos from Nail Spa by Lily in the Valley's post 01/09/2026

အသက်သာဆုံး စျေးနဲ့ အလှဆုံးလက်သည်းလေးတွေ ပိုင်ဆိုင်ဖို့ ပန်းရောင်ဆိုင်ပိစိလေးကနေ အမြဲကြိုဆိုနေပါတယ်…

^တူတူပိုလှကြမယ်နော်^

16/08/2026

လက်သည်းဆိုင် ပန်းရောင်လေးမှာ မိုးရာသီ Promotion လေး မပေးရသေးလို့
ဒီနေ့ကနေစပြီး August လကုန်ထိ 15 % promotion လေးရှိပါတယ်ရှင်…

^တူတူပိုလှကြမယ်နော်^

10/08/2026

ဒီနေ့လိုမျိုး ကြားရက် မိုးတွေရွာနေတာတောင် တစ်ဆိုင်လုံး အပြည့် တစ်နေ့လုံး customer တွေရှိနေတာ တကယ် ပျော်စရာ ….💕

ဆိုင်ပန်းရောင် ပိစိလေးကို အမြဲရွေးချယ်ပေးလို့ အများကြီး ကျေးဇူးပါ တူတူပိုလှကြမယ်နော်။

ဆိုင်လိပ်စာလေးက လှည်းတန်း (ဗဟိုလမ်းမပေါ်) ခိုင်ရွေဝါမှတ်တိုင် တည့်တည့်ပါပဲရှင်။
မနက် ၁၀နာရီမှ ည၇နာရီထိ ဖွင့်ပါတယ်..
📱:09978449257, 09962136177

Photos from Nail Spa by Lily in the Valley's post 04/08/2026

ဆိုင်ရှင် ဖြစ်တဲ့ ၁နှစ်ကျော်မှာ အခုထိ သေချာလုပ်ခဲ့နိုင်တာကတော့ တောင်းစရာမလိုဘဲ လစာတိုးပေးတာပါ ဟီး ။

Junior level ဝင်လာပြီလား senior level ရောက်ပြီလားကို တီချယ်နဲ့ တောက်လျှောက် Job appraisal လုပ်ပြီး ရလာ တက်လာပြီဆိုတာနဲ့ ချက်ချင်းလစာ ပြောစရာမလိုဘဲ တိုးတိုးပေးခဲ့တာပါပဲရှင်။ငွေရေးကြေးရေးကြောင့် လစာကြောင့် တခြားနေရာ သွားရတာမျိုးမဖြစ်စေချင်ဘူး ညီမလေးတွေနဲ့ ပိုက်ဆံကြောင့်မခွဲချင်ဘူးလို့ အမြဲစနောက်ပြီးပြောခဲ့သလိုပဲ တကယ် မခွဲချင်တာ စိတ်ရင်းပါ။

ဒါကတော့ ဆိုင်လေးဖွင့်ပြီးတဲ့ ဒုတိယမြောက် မွေးနေ့ နောက်နှစ် မမိုးကို Chanel အိတ်ဝယ်ပေးမှာမို့ ကိတ်မှာထည့်လာတယ်လို့တော့ ပြောသွားကြတယ်ဟဲဟဲ။

မိုးတို့ ဆိုင်လေးကို အားပေးယုံကြည်ကြတဲ့ တစ်ဦးတစ်ယောက်ဆီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။

04/08/2026

ဒီနေ့ August လ ၄ရက်နေ့ (အင်္ဂါနေ့)မှာ လက်သည်းဆိုင် ပန်းရောင်လေး နေ့တစ်ပိုင်းပိတ်ပြီး Hotpot သွားစားကြမလို့ပါရှင် ။ (နေ့လည် ၂နာရီ မှ ၅နာရီ ခွဲအထိပါရှင်)

၅နာရီခွဲကနေ ၇နာရီ ထိဆိုင်လေး ပြန်ဖွင့်မှာမို့ booking လေး ကြိုယူထားလို့ရပါတယ် ။

^တူတူပိုလှကြမယ်နော်^

📱- 09962136177

Photos from Nail Spa by Lily in the Valley's post 25/07/2026

ကိုယ်က အခြေအနေတစ်ခုကြောင့် ခြေထောက်လှလှလေးတွေ မပိုင်ဆိုင်ခဲ့ရင်တောင် ခြေထောက်သန့်သန့်လေး ဖြစ်အောင် ဂရုစိုက်လို့ ရတာမို့ ဆိုင်မှာ Spa Cleansing လေးလုပ် ပေါင်းတင်ပြီး အရောင်လှလှလေးဆိုးလိုက်ရင် ခြေထောက်လေးက သန့်သွားမှာရှင်…

ခြေထောက် လှလှ/ သန့်သန့်လေးတွေက နေရာ လှလှလေးတွေ လူကောင်းတွေဆီကို ခေါ်သွားပေးတယ်တဲ့ တူတူပိုလှကြမယ်နော်။

ဆိုင်လိပ်စာလေးက လှည်းတန်း(ဗဟိုလမ်းမပေါ်) ခိုင်ရွေဝါ မှတ်တိုင်ပါ

မနက် ၁၀နာရီမှ - ည၇နာရီအထိဖွင့်ပါတယ်နော်…

📱 : 09962136177, 09978449257

19/07/2026

Scrub တွေ Shampoo တွေရောင်းရင်း မေမေက လက်သည်းဆ်ိုင် ဖွင့်ရအောင် သမီး Thesis ရေးပြီးရင် လက်သည်းသင်တန်းသွားတက်လို့ ပြောတုန်းက ငါဆိုင် ဖွင့်ရင် လူတွေရောလာပါ့မလားလို့ တွေးပူခဲ့ဖူးတာ

အခုစိတ်ပူတာဆို ကိုယ့်ဆိုင်ပိစိလေးကို လာတဲ့ customer တစ်ယောက်ဆီကို အကောင်းဆုံး service ပေးပြီး လက်သည်းလှလှလေးတွေ လုပ်ပေးလိုက်ချင်တာပါ customer တစ်ယောက်မကျန်အဆင်ပြေစေချင် လှစေချင် စိတ်တိုင်းကျစေချင်တာ ဒီဆိုင်လေးကို လာရရင်နွေးထွေးတယ် ပျော်တယ်ဆိုတာမျိုးဖြစ်စေချင်တာပါရှင်။

~ ဒီနေ့ ရောမနေ့ကပါ ဆိုင်လေးမှာ လူတွေအပြည့်

^တူတူပိုလှကြမယ်နော်^

ဆိုင်လိပ်စာလေးက လှည်းတန်း (ဗဟိုလမ်းမပေါ်) ခိုင်ရွေဝါမှတ်တိုင် တည့်တည့်ပါပဲရှင်။
မနက် ၁၀နာရီမှ ည၇နာရီထိ ဖွင့်ပါတယ်..
📱:09978449257, 09962136177

Photos from Nail Spa by Lily in the Valley's post 18/07/2026

🫧🤍🌸

Category

Website

Address

No . 29, Baho Road (Hledan) Khaing Shwe War Bus Stop
Yangon

Alerts

Be the first to know and let us send you an email when Nail Spa by Lily in the Valley posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.