Beauty Seeker

Beauty Seeker

Share

“ Seek Your Glow, Reveal Your Beauty.”

Myanmar 🇲🇲 FDA and USA 🇺🇸 FDA Approved

လက်ကားပြန်လည်ရောင်းချလိုပါက 095059030 ကိုဆက်သွယ်ပါရန်။

06/08/2026

Filter မလိုဘဲ မှန်လိုကြည်လင်တဲ့ Glass Skin ကို ပိုင်ဆိုင်လိုက်ပါ! ✨
မိတ်ကပ်လိမ်းတိုင်း ကွက်နေတာ၊ အသားအရည် မညီမညာဖြစ်ပြီး ညှို့မှိုင်းနေတာ၊ ဒါမှမဟုတ် ဆားဝက်ခြံတွေ ပိတ်ဆို့နေလို့ စိတ်ညစ်နေရပြီလား? 🥺

ဒါဟာ သင့်မျက်နှာပေါ်မှာ ဆဲလ်သေတွေနဲ့ အဆီဟောင်းတွေ ပိတ်ဆို့နေတာကြောင့်ဖြစ်ပြီး ခရင်မ်တွေ ဘယ်လောက်ပဲ လိမ်းလိမ်း ထိရောက်စွာ စိမ့်ဝင်နိုင်တော့မှာ မဟုတ်ပါဘူး

‼️ Beauty Seeker Gentle Glow Power Peeling Solution လေးက အသားအရည်ကို စပ်ဖျင်းတာမျိုး မရှိဘဲ ညင်သာစွာ ကြေးချွတ် (Exfoliate) ပေးမယ့် အကောင်းဆုံး Chemical Peeling လေးဖြစ်ပါတယ်

✅20% AHA BHA PHA LHA Power Blend: အက်ဆစ် ၄ မျိုး စနစ်တကျ ပေါင်းစပ်ထားလို့ အရေပြား အပြင်ဘက်အလွှာရော ချွေးပေါက် အတွင်းပိုင်းအထိပါ ရှင်းလင်းပေးပါတယ်

✅Clears Clogged Pores & Acne: ချွေးပေါက် ပိတ်ဆို့မှုကို သန့်စင်ပေးလို့ ဝက်ခြံ၊ ဆားဝက်ခြံနှင့် နီမြန်းခြင်းများကို သိသိသာသာ လျှော့ချပေးပါတယ်

✅ Gently Gentle Formula: မျက်နှာကို နီမြန်းစပ်ဖျင်းခြင်းမရှိဘဲ အမည်းစက်များကို မှေ့မှိန်စေကာ အသားအရည်ကို ချက်ချင်း အိစက်ချောမွေ့ စေပါတယ်

✨ Beauty Seeker ရဲ့ Product တိုင်းဟာ Customer တွေ စိတ်အေးချမ်းသာစွာ သုံးနိုင်ဖို့ ISO Standard နှင့် FDA အသိအမှတ်ပြုချက် နှစ်ခုလုံးကို အခိုင်အမာ ရရှိထားပါတယ်ရှင် 😍

ကြည်လင်တဲ့ မျက်နှာအသားအရေလေးကို စတင်ပုံဖော်ဖို့ အခုပဲ Page Messenger ကနေ မေးပြီး အော်ဒါတင်လိုက်တော့နော် 📥

06/08/2026

💁🏼‍♀️ Nyein တစ်ယောက် Beauty Seeker Peeling Solution ကိုယ်တိုင်သုံးကြည့်ပြီး ဘာအတွက်ကောင်းလဲရှင်းပြထားပါတယ်

05/08/2026

💁🏼‍♀️ Royal တစ်ယောက်ကိုယ်တိုင်သုံးကြည့်ပြီး Honest Review ပေးထားတာလေးပါ

Photos from Beauty Seeker's post 01/08/2026

အစွမ်းထက်တဲ့ Kojic Acid Lotion & Soap လက်တွေ့ သုံးစွဲသူတွေရဲ့ Review"
ခရီးတွေသွား၊ နေလောင်ဒဏ်တွေကြောင့် အသားအရေ ညိုမည်းပျက်စီးပြီး နဂိုအသားအရည်ဆီ ပြန်မရောက်နိုင်ဘဲ စိတ်ညစ်နေပါသလား? နေလောင်ဒဏ်ကြောင့် မည်းသွားတဲ့ အသားအရေကို ဆပ်ပြာတစ်တုံးနဲ့ Lotion တစ်ဗူး မကုန်ခင်မှာတင် နဂိုထက်ပိုပြီး ဖြူဝင်းကြည်လင်လာစေဖို့ Beauty Seeker Kojic Acid Duo Set က အကောင်းဆုံး ကူညီပေးမှာပါ ⭐️⭐️⭐️⭐️
ဒါကတော့ အမှန်တကယ် နည်းစနစ်ကျကျသုံးစွဲပြီး သိသာတဲ့ရလဒ်ရခဲ့ကြတဲ့ Customer တွေရဲ့ လက်တွေ့ Feedback အသံများ ပဲ ဖြစ်ပါတယ်ရှင်... 👇

25/07/2026

"ဝက်ခြံကပ်ခွာ ကပ်နေပေမယ့် ဘာလို့ မသက်သာတာလဲ? 🤔 မကပ်ခင် သင်ပြုလုပ်မိနေတဲ့ အမှား (၅) မျိုး!" ⚠️❌

ဝက်ခြံထွက်လို့ Acne Patch လေးကပ်ပြီး အမြန်ပျောက်ချင်ပေမယ့် ထိရောက်တဲ့ ရလဒ်မရဘူးဖြစ်နေရင် မကပ်ခင်မှာ အောက်ပါအချက်တွေကို ပြုလုပ်မိနေလားဆိုတာ သေချာစစ်ဆေးကြည့်ပါဦးနော် ‼️

🚫 ဝက်ခြံကပ်ခွာ မကပ်ခင် မဖြစ်မနေ ရှောင်ရှားရမည့်အချက်များ

✅အဆီပါသော Moisturizer (သို့) Skincare များ အရင်လိမ်းခြင်း Skincare အလွှာလိုက် လိမ်းထားတဲ့ အသားအရေပေါ် ကပ်ခွာကပ်ရင် မမြဲဘဲ ခွာထွက်လွယ်သွားမယ့်အပြင် ကပ်ခွာထဲက အာနိသင်တွေလည်း ဝက်ခြံထဲ အပြည့်အဝ မစိမ့်ဝင်နိုင်တော့ပါဘူး

✅ စိုစွတ်နေစဉ် ကပ်ခြင်း
မျက်နှာသစ်ပြီးပြီးချင်း ရေမခြောက်သေးဘဲ ကပ်တာမျိုး လုံးဝမလုပ်ရပါဘူး အသားအရေ လုံးဝ ခြောက်သွေ့မှ ကပ်ပေးရပါမယ်

✅ ဝက်ခြံလိမ်းဆေးများ ပေါ်ထပ်ကပ်ခြင်း
ဝက်ခြံဆေး လိမ်းပြီးမှ အပေါ်ကနေ ကပ်ခွာ ထပ်အုပ်လိုက်ရင် ဆေးအာနိသင် ပြင်းထန်သွားပြီး အရေပြားလောင်တာ၊ နီမြန်းတာမျိုး ဖြစ်တတ်ပါတယ်

✅ ဝက်ခြံကို လက်နှင့် ဆွခြင်း/ညှစ်ခြင်း
လက်မသန့်ဘဲ ဆွထားတဲ့ ဒဏ်ရာပေါ် ကပ်မိရင် ပိုးဝင်တာ၊ စပ်ဖျင်းဖျင်းဖြစ်တာတွေ ကြုံရနိုင်ပါတယ်

✅ Alcohol ပါသော Toner များ သုံးထားခြင်း
အသားအရေ အလွန်အမင်း ခြောက်သွေ့ပြီး Barrier ပျက်စီးနေရင် ကပ်ခွာ ပြန်ခွာတဲ့အခါ အသားအရေ ပိုမို နာကျင်စေပါတယ်

‼️💡 ဝက်ခြံကပ်ခွာကို စနစ်တကျ ကပ်နည်း လျှို့ဝှက်ချက်
"မျက်နှာသစ်ပါ → ရေခြောက်အောင် သေချာသုတ်ပါ → ဘာ Skincare မှ မလိမ်းမီ Acne Patch ကို အရင်ကပ်ပါ → ပြီးမှ ကပ်ခွာဘေးပတ်ပတ်လည်ကို ရှောင်ပြီး ကျန်တဲ့ Skincare များ လိမ်းပေးပါ" ✨

✨ နံပါတ် (၁) ရွေးချယ်မှု — Beauty Seeker Microneedle Acne Patch
အထက်ပါ စည်းကမ်းလေးအတိုင်း မှန်မှန်ကန်ကန် သုံးစွဲပေးမယ်ဆိုရင် Beauty Seeker Microneedle Acne Patch က သင့်ဝက်ခြံတွေကို အမြန်ဆုံး ချပ်ရပ်သွားစေမှာပါ 😍

ဝက်ခြံတွေကို အမာရွတ်မကျန်ဘဲ ဘေးကင်းကင်းနဲ့ အမြန်ဆုံး ပျောက်ကင်းစေဖို့ အမှားတွေကို ရှောင်ရှားပြီး Beauty Seeker Acne Patch ကို အခုပဲ ဆောင်ထားလိုက်တော့နော်! 🛒🛍️

#ဝက်ခြံကပ်ခွာနည်းလမ်းမှန်

24/07/2026

"အသားအရေကို မပျက်စီးအောင် ဘယ်လိုဂရုစိုက်ကြမလဲ?" ❓
လိုက်လုပ်ရလွယ်ကူတဲ့ Step-by-Step Skincare Guide!
မျက်နှာပေါ် ဘာလိမ်းလိမ်း မထူးခြားဘဲ အသားအရေ ပျက်စီး/မည်းညစ် လာတာမျိုး ကြုံနေရပါသလား? အဓိက လျှို့ဝှက်ချက်က Routine တစ်ခုစီကို အစဉ်လိုက်
နည်းလမ်းမှန်မှန်နဲ့ စနစ်တကျ ပြုလုပ်ပေးဖို့ပဲ ဖြစ်ပါတယ်ရှင် 💁🏼‍♀️

အခြေခံ (၅) ဆင့် ကို ကြည့်လိုက်ရအောင်... 👇

Step 1: Gentle Cleansing (ညင်သာစွာ သန့်စင်ခြင်း)
မနက်နဲ့ ည မျက်နှာသစ်တဲ့အခါ အသားအရေရဲ့ ရေဓာတ်ကို ခမ်းခြောက်မသွားစေမယ့် pH Balanced ဖြစ်တဲ့ Cleanser ကို သုံးပေးပါ
မျက်နှာကို အရမ်းကြမ်းကြမ်း ပွတ်တိုက်ခြင်းမှ ရှောင်ကြဉ်ပါ

Step 2: Deep Pore Cleansing & Exfoliation (ဆဲလ်သေနှင့် အဆီပို သန့်စင်ခြင်း - တစ်ပတ် ၂ ကြိမ်)
ချွေးပေါက်ပိတ်တာနဲ့ မွဲခြောက်တာတွေကို ကာကွယ်ဖို့ Beauty Seeker Clay Stick သို့မဟုတ် 20% Peeling Solution ကို သုံးပေးပါ
အဆီပြန်/ချွေးပေါက်ကျယ်ပါက Clay Stick ကို လှည့်ပြီး သုတ်လိမ်းကာ (၁၀) မိနစ်ထားပြီး ဆေးချပါ

ဆဲလ်သေ ကွာကျစေချင်ပါက Peeling Solution ကို တစ်ပတ် (၂) ကြိမ် ညဘက်တွင် (၁၀) မိနစ်ထက် မပိုဘဲ လိမ်းပြီး ရေဆေးချပါ

Step 3: Targeted Spot Care (အရေးပေါ် ဝက်ခြံများအတွက်)
ဝက်ခြံထွက်လာပါက လက်နဲ့ ညှစ်ခြင်း/ဆွခြင်း လုံးဝမလုပ်ပါနဲ့ မျက်နှာသစ် ခြောက်သွေ့ပြီးတာနဲ့ ဘာ Skincare မှ မလိမ်းမီ Beauty Seeker Microneedle Acne Patch ကို တိုက်ရိုက် ကပ်ပေးပါ ဝက်ခြံအမြစ်ထဲအထိ အာနိသင် စိမ့်ဝင်ပြီး အမာရွတ် မကျန်ဘဲ ချပ်ရပ်စေပါတယ်

Step 4: Hydration & Barrier Care (ရေဓာတ်ဖြည့်တင်းခြင်း)
အသားအရေ ခြောက်သွေ့ပါက အရေးကြောင်း ပေါ်လွယ်ပြီး ပျက်စီးလွယ်တာမို့ Moisturizer လိမ်းပြီး ရေဓာတ် သေချာဖြည့်ပေးပါ

Skin Barrier ကို အားကောင်းစေပြီး အသားအရေ နူးညံ့စိုပြေစေပါတယ်

Step 5: Sun Protection (နေရောင်ခြည်မှ ကာကွယ်ခြင်း - မနက်ပိုင်း)
အသားအရေ မပျက်စီးဖို့အတွက် အရေးကြီးဆုံး အဆင့်ဖြစ်ပါတယ်

နေရောင်ခြည်ကြောင့် တင်းတိပ်၊ အမည်းစက်နဲ့ အရေပြား ပျက်စီးတာတွေကို ကာကွယ်ဖို့ မနက်တိုင်း Sunscreen လိမ်းဖို့ မမေ့ပါနဲ့

အသားအရေ မပျက်စီးစေဖို့အတွက် သုံးစွဲတဲ့ Product တိုင်းဟာ ကမ္ဘာ့စံချိန်စံညွှန်းမီဖို့ လိုအပ်ပါတယ် Beauty Seeker ရဲ့ Product တိုင်းဟာ—
✅ ISO Standard မီ စက်ရုံတွင် ထုတ်လုပ်ထားခြင်း၊
✅FDA တရားဝင် အသိအမှတ်ပြုချက် ရရှိထားခြင်းတို့ကြောင့် ဘေးထွက်ဆိုးကျိုး ကင်းစင်စွာဖြင့် သင့်အသားအရေကို ရာနှုန်းပြည့် လုံခြုံစိတ်ချစွာ ကာကွယ်ပေးထားနိုင်ပါတယ်ရှင် 😍

💡 Tip: လှပတဲ့ အသားအရေဆိုတာ မှန်ကန်တဲ့ Step-by-Step ဂရုစိုက်မှုကနေ စတင်တာပါ ဒီနေ့ပဲ Beauty Seeker နဲ့အတူ စနစ်တကျ စတင်လိုက်ရအောင်နော်!

17/07/2026

Beauty seeker peeling review လေး 😍😍

[ 🎁1ဘူးလက်ဆောင်ယူ] Ordinary Peeling လိုလည်းမပျင်းတဲ့ Peeling ကြိုက်တဲ့သူတွေအတွက် Beauty Seeker ရဲ့ Peeling solution review 🩸

Peeling ကလေ သုံးတတ်ရင်တော့ရှယ်ပဲ...မသုံးတတ်ရင်တော့ ပြသနာရှိတယ်...Peeling သုံးနည်းအမှန်လည်းတင်ပေးထားဖူးတယ်...သောင်းက Peeling တို့ဘာတို့တော့သုံးခဲတယ်...တစ်ဘူးရှိရင် တစ်နှစ်စာလုံလောက်ပြီ...Peeling က အသားခြောက်တဲ့သူ sensitive... ဝက်ခြံထွက်လက်စရှိတဲ့သူတွေအတွက်လုံးဝအဆင်မပြေဘူးနော်...ဝက်ခြံသမားသုံးလ်ို့ရတဲ့ Peeling ဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ဘူး...သူ့မှာအသားခြောက်တတ်တဲ့ ပြသနာလည်းရှိလို့ Dryskin သမားဆို သတိလေးနဲ့ချိန်စသုံးရမယ်

နောက်တစ်ခုက Peeling ကို အချိန်ကြာကြာထားလေကောင်းတယ်လို့ထင်ရင်တော့ နူမှာနော်...စစသုံးတဲ့သူဆို 1mins ပဲစသုံးကြည့်... ကိုယ့် skin ယဥ်လာမှတိုးသုံး...အဓိကတော့ Suncream လုံလောက်ရမယ်...moisturizer cream ကောင်းကောင်းပြန်လူးနိုင်မှ Resultက ပြတာမြန်တာ🥰

သောင်းက Ordinary peeling နဲ့အရမ်းကြီးမတည့်ဘူး...သူ့Texture ဒီ peelingနဲ့ယှဥ်ရင်ပျစ်လို့လည်းဖြစ်မယ်...1mins တောင်မပြည့်ဘူး...မျက်နှာအရမ်းစပ်လို့...

ဒါပေမဲ့ ဒီ Beauty seeker ရဲ့ Peeling ကတော့ 1mins ဆိုတဲ့အချိန်မှာစပ်တာမျိုးမခံစားရဘူး...နောက်ပြီး အရောင်စွဲကျန်တာမျိုးသိပ်မဖြစ်ဘူး...ဘယ်နေရာမှာသိသာလည်းဆိုရင် သောင်းက ဝက်ခြံထွက်ခဲတယ်...ဒါပေမဲ့ ထွက်ရင်လည်း အမာရွတ်အမဲစက်က ပျောက်ဖို့ချိန်ကြာတယ်...သောင်းသိသလောက် Dryဘက်သွားတဲ့ Skinတွေက အမဲစက်အမာရွတ်ကြာတတ်တယ်...သောင်းကတော့ Normal skinကို ကြာနေတတ်တာ...ဒီ Peeling ကြောင့်မြန်မြန်ပါးလာတာလို့ပြောရမလားဘဲ

နောက်တစ်ခုက မျက်နှာသုံးလို့ရတာအပြင် Body အတွက်ကတော့ ရှယ် Productလို့ပြောရမယ်...သိသာဖို့အတွက် 1ဘူးကုန်စရာမလိုဘူး...ဘူးဝက်လောက်ဆိုရင်ကို ပြောင့ရှင်းနေလောက်ပြီ

သူ့မှာက Lactic Acid AHA ကအသားရည်ရဲ့ Dead cells တွေကိုဖြည်းဖြည်းလေးသက်သာလာစေတယ် အစိုဓာတ်လေးပါတာမို့ သုံးပြီးအသားခြောက်တာက်ုသက်သာစေတယ် Glycolic ကတော့
အမာရွတ် ဘာညာ ပါးလာစေတယ် ...Salicylic Acid BHA ကတော့ အားလုံးသိတဲ့အတိုင်းချွေးပေါက်ထဲထိ အနူးညံဆုံးဖယ်ရှားပေးတာ

Lactobonic PHA နဲ့ Capryloyl Salicylic က ချွေးပေါက်ကျယ်တာမျိုးကျန်ခဲ့တာမျိုး...သူ့ကြောင့်ဝက်ခြံပိုမဖြစ်အောသ်ထိန်းပေးတာပေါ့နော်

ဒါကြောင့်သူ့ခံစားရတဲ့ရလဒ်က မပြင်းဘူး...ပျော့ပျော့လေးနဲ့သုံးတဲ့ပေါ်မူတည်ပြီးသိသာလာတာမျိုး...သောင်းကတော့ 2ပတ်၁ကြိမ်လောက်ကစသုံးပါတယ်💟

ဝယ်ချင်ရင်တော့ Beauty Seeker မှာပုံလေးပြပြီးမေးကြည့်ပါနော်...🛒

Skincareအကြောင်းအသေးစိတ်ဆွေးနွေးချင်ရင်တော့cb မှာမေးထားပေးပါနော်💌

17/07/2026

အစွမ်းထက်တဲ့ peeling ကို Vexmin's ရဲ့ review လေး😍😍

17/07/2026

❤️❤️😍

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon