Z Square Cosmetic

Z Square Cosmetic

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Z Square Cosmetic, Yangon.

Photos from Z Square Cosmetic's post 01/08/2026

Tonymoly ရဲ့ best sellerလေးဖြစ်တဲ့ 2x first essence
လေးတွေ ထပ်ဝင်ထားပါတယ်ရှင်❤️

တမျိူးထဲ ပြီးချင်တဲ့သူလေးတွေအတွက် ရှယ်ကောင်းသေားလေ သူ့ရဲ့reviewလေးကတော့ ရောင်းမလောက်ဖြစ်ရလောက်အောင် အရောင်းရဆုံးစာရင်းထဲမှာ ထိပ်ဆုံးမှာနေရာယူထားတဲ့ သူလေးမို့ အထူးပြောစရာတောင်မလိုတော့ဘူးနော်❤️

Exp-2029 120mlရော 200mlရော instock ပြန်ရပါပြီရှင်
လက်လီလက်ကားဝယ်ယူအားပေးလို့ရပြီနော်❤️

2x first essence
korea
instock
#☎️09787465388
ောက်တဲ့မြို့နယ်တိုင်းcodရပါတယ်ရှင့်❤️❤️

Photos from Z Square Cosmetic's post 31/07/2026

Cosrx Snail Essence & Snail Cream လေးတွေ အနဲငယ်ထပ်ရောက်ထားပါတယ်ရှင်❤️

✅Price-Essence -62000
-Cream - 65000

ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမဲစက်အမာရွတ်တွေ ချိူင့်ခွက်တွေကို သက်သာစေပြီး snail ပါဝင်လို့အရေးအကြောင်းတွေအတွက်လဲ အရမ်းကောင်းတယ် အစိုဓါတ်ပြညိ့ဝကာ skin barrier ကိုလဲ ကျန်းမာစေပါတယ်

Review ကောင်းတွေနဲ့ လူကြိုက်များနေတာလေး ရပြီနော် ဒီတခေါက်တော့ ဈေးလေးတက်ပါတယ်ရှင့်🥹

Snail.Essence
Snail Cream
korea
#☎️09787465388
ောက်တဲ့မြို့နယ်တိုင်းcodရပါတယ်ရှင့်❤️

29/07/2026

ဝါဆိုလပြည့်ဓမ္မစကြာအခါအတော်နေ့ 🙏🙏🙏
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနေ့လေးဖြစ်ပါစေ
လူနတ် သတ္တဝါ အားလုံး စိတ်​၏ချမ်းသာခြင်းစိတ်​၏ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပြီး ဘေးဘယာ အပေါင်းမှ ကင်းဝေနိုင်ကြပါစေ စီးပွားရေးတွေလဲ ဒီရေအလား တိုးတက်ကြပါစေ🙏🙏🙏

#ဝါဆိုလပြညိ့အခါတော်နေ့
#လူသတ္တဝါအားလုံး ကျန်းမာကြပါစေ ချမ်းသာကြပါစေ
#ဘေးဘယာအပေါင်းမှ ကင်းဝေးကြပါစေ
#စီးစိမ်ဥစ္စာများလဲတိုးပွားကြပါစေ
#🙏🙏🙏

Photos from Z Square Cosmetic's post 28/07/2026

I,m From Mugwart Essence 150ml (instock)

✅Price-75000ks 150ml setထဲကနေ ခွဲလိုချင်သူများအတွက်တစ်ဗူးဈေးလေးပါ setလိုက်လိုချင်လဲရပါတယ် exp-2028/29တွေပါ

အဆီဖု ဝက်ခြံသမားလေးတွေအတွက် လူကြိုက်များပြီး ရှယ်ကောင်းသော ရလဒ်တွေနဲ့ ခုထိရေရှည်ရပ်တည်နေတဲ့
I'm from brand လေး😍

အသားရေနီမြန်းတာ ယားယံတာတွေကို သက်သာစေပြီး အရေပြားအတွင်းပိုင်းထိ ရေဓါတ်ကိုဖြည့်တင်းပေးပြီး
အသားရေခြောက်တွေ့ခြင်းတွေ အဆီပြန်ခြင်းတွေကို balance လုပ်ပေးပြီး အမဲစက်အမာရွတ်လေးတွေကိုပါ သက်သာပျောက်ကင်းစေတဲ့ essenceလေးပါနော်😍

Sensitive skinလေးတွေကအစသုံးလို့ရပြီး သူ့ရဲ့texture က အရေကျဲလေးကိုမှ အေးအေးလေးနဲ့ လိမ်းလို့အရမ်းကောင်းပြီး အသားရေကိုလဲ အစိုဓါတ်ဖြည့်ပေးပြီး ကြည်လင်စေပါတယ်😍

'm From Mugwort Essence
korea
instock
#☎️09787465388
ောက်တဲ့မြို့နယ်တိုင်းcodရပါတယ်ရှင့်😍

Photos from Z Square Cosmetic's post 26/07/2026

Ongredients Skin Barrier Claming Lotion (instock)

Price -75000 220ml
-42000 80ml

Moisture ကိုမှ မပြစ်မကျဲလေးနဲ့ lotion type ကိုမှ ကြိုက်တဲ့သူတွေအတွက် အရမ်းကိုမှ လူကြိုက်များနေတဲ့
ongredients loition လေး မင်မင်ဆီရပါပြီ😍

Centella extrect ပါဝင်လို့ အသားရေ နီမြန်းယားယံတတ်တဲ့သူတွေ အဆီဖု ဝက်ခြံသမားတွေအပြင် sensitive skinသမားတွေအတွက် အရမ်းကောင်းသောနော်😍

Skin Barrierကိုလဲကျန်းမာစေပြီး အသားရေကိုအစိုဓါတ်အပြည့်ပေးတဲ့ moisture လေးပါ normal skin
dry skin နဲ့ combination skinသမားတွေ သုံးလို့ရပါတယ်နော်😍

Skin Barrier Claming Lotion
korea
ောက်တဲ့မြို့နယ်တိုင်းcodရပါတယ်ရှင့်
#☎️09787465388
instock

26/07/2026

မင်မင်ဆီရနော်😍

ဒီ Cosrx snail essence ကလေ သုံးရင်းသုံးရင်းပိုပိုကြိုက်လာသောပဲ။

Routine ကို ရိုးရိုးရှင်းရှင်းပဲ လိမ်းချင်တဲ့နေ့ဆို လက်က ဒီ essence ဆီပဲ အော်တိုရောက်ရောက်သွားတယ်။ လိမ်းချင်တဲ့ active ingredient အကုန်လုံးနဲ့ အဆင်ပြေတယ်။ skincare product တော်တော်များများ၊ active ingredient အကုန်နီးပါးနဲ့ တွဲသုံးနိုင်တယ်။ ခေါင်းသိပ်မစားရတဲ့ mild & effective essence တစ်ခုပါ။

သူ့ Texture ကတော့ ခပ်ပျစ်ပျစ်နဲ့ slimy ဖြစ်တယ်။ ခပ်ပျစ်ပျစ်မို့ စေးကပ်မယ်မထင်နဲ့။ လုံးဝ sticky, greasy မဖြစ်ဘူး။ 1-2 pump ဆို တစ်မျက်နှာကောင်းကောင်းလောက်ပြီ။ ဂျူလီကတော့ lightweight ဖြစ်ချင်ရင် တစ်ညှစ်၊ အသားပိုစိုချင်ရင် နှစ်ညှစ် ထည့်သုံးတယ်။ absorb ဖြစ်တာတော့ နည်းနည်းနှေးတယ်။ အရင်ကလည်း review ရေးခဲ့ဖူးပြီးသားပါ။

သူ့ကို အကြာကြီး မနက်ည နေ့တိုင်းပုံမှန်သုံးစွဲရင်း သိသာတဲ့ရလဒ်ကတော့ အသားကစိုအိပြီး၊ skin က plump ဖြစ်လာတာပဲ။ skin elasticity လည်း ပိုတက်လာတယ်။ tretinoin တွေ ပုံမှန်လိမ်းတဲ့သူဆိုတော့ ဂျူလီ့အသားအရေက အဆီတော့ပြန်တယ်။ ဒါပေမဲ့ အတွင်းထဲမှာ ခြောက်နေတာ။ အဲ့ဒါကြောင့် အရင်ကလိမ်းနေကြ gel type တွေဆို သုံးမရတော့ဘဲ၊ lotion type, cream type တွေပဲ မနက်ညလိမ်းနေရတယ်။ Cerave lotion ဆို အသားခြောက်တာ မသက်သာလို့ ရပ်ကိုထားရတာ။

ဒါပေမဲ့ အခု Cosrx snail essence ကို မနက်ညပုံမှန်ထည့်သုံးတော့ အသားရဲ့hydration level က တက်လာပြီး၊ cerave lotion လည်း ပြန်သုံးလို့ရသွားတယ်။ အရင်လို အစိုဓာတ်မလုံလောက်တဲ့ ခံစားချက်မျိုး မရတော့ဘူး။ tretinoin, azelaic acid cream တွေလိမ်းတာတောင် လုံးဝအသားတစ်စိမခြောက်ဘူး။ သိသိသာသာကို အသားအရေက စိုလာတာ။ skin barrier လည်း ပိုကောင်းတယ်။ မနက်အိပ်ရာနိုးရင် ကိုယ့်အသားအရေ စိုစိုအိအိဖြစ်နေတာကြည့်ပြီး အရမ်းကျေနပ်ရသောပဲ။

မနက်ည တစ်ရက်နှစ်ကြိမ် daily သုံးလို့အဆင်ပြေတယ်။ dehydrated ဖြစ်နေတဲ့ အသားအရေအပြင် all skin types လုံးအတွက် သင့်တော်တယ်။ဒါပေမဲ့ ကိုယ်က dust mite allergy သမား၊ shellfish allergy ရှိပြီး snail နဲ့ allergy ဖြစ်တတ်တဲ့သူဆို ဒီ essence သုံးရင် အဖုအနီပိစိတွေ ထပြီး မတည့်သလိုမျိုး ဖြစ်နိုင်တယ်။ fungal acne ကိုဆွစေနိုင်တဲ့ trigger မျိုး မပါဘူး။ ဒါပေမဲ့ လိုတာထက်ပိုပြီး တစ်ခါသုံး 3-5 pumps သုံးရင်တော့ တစ်ချို့အသားအရေတွေမှာ over hydration ဖြစ်ပြီး အဖုလေးတွေ ထနိုင်ပါတယ်။

မေးစရာရှိ cmt မှာ မေးခဲ့နိုင်ပါတယ်။

Let’s care with
Juliee,
ပုံတွေနဲ့စာသားများအား ပြန်လည်ကူးယူတင်တာ ဆင်တူရိုးမှားပုံတွေစာတွေ copy တာမျိုးလုံးဝမှခွင့်မပြု။

25/07/2026

အတုပေါင်းသောင်းခြောက်ထောင် စားသောက်ကုန်တွေရော ဆေးဝါးတွေရော အလှကုန်တွေရော စိတ်ညစ်စရာတွေ သတိထားပြီး တာဝယ်ယူသုံးစွဲကြတော့ ဒို့မြန်မာတွေရဲ့ဘဝလဲမလွယ်တော့ဘူး🥹

အတုတွေအများကြီးပဲဖမ်းမိ
အများစုကလည်း ဒီတံဆိတ်တွေကိုပဲ သောက်သုံးနေကြတယ်ဆိုတော့ သောက်မိ သုံးမိကြပြီထင်ပါရဲ့ ကိုယ်အပါအဝင်
ရဲက ဒါတွေအာလုံးပေါင်း အထုပ်ရည် 226,720ထုပ်ကို သိမ်းသွားနိုင်ခဲ့တယ်
စက်ရုံက Saraburiမှာရှိပြီး
ပစ္စည်းတွေထားရှိတဲ့ ဂိုဒေါင်က ဘန်ကောက်မြို့ထဲမှာ
ရောင်ချတဲ့နေရာက Thonburiမှာရှိတဲ့စျေးဆိုင်းခန်းတွေကို ပစ္စည်းအစစ်ဆိုပြီး စျေးချိုချိုနဲ့လိုက်ရောင်းချပေးတယ်တဲ့ရှင့်
ပုံမှန်ထက်စျေးအများကြီးချိုနေရင် အတုသာမှတ်လိုက်ပါတော့ လို့ တာဝန်ရှိကပြောတယ်ရှင့်
သောက်လိုက်မိကြပြီလားမသိဘူး

Photos from Z Square Cosmetic's post 25/07/2026

S. Nature Aqua Squalane Moisturizing Cream
(instock)

Price- 1ဗူးကို 58000ks setထဲက ခွဲရောင်းပေးမှာမို့ ဗူးခွံမပါပါနော် စမ်းသုံးချင်တဲ့သူတွေလဲ အသေးလေးခွဲရောင်းပေးပါတယ်❤️

Beauty Award တွေ အစုံရထားတဲ့ korea မှာလူကြိုက်များနေတဲ့ moisture creamလေး မင်မင်ဆီ ရောက်ထားပြီနော်😍

Squarlane 15% ပါဝင်တဲ့အပြင် hyaluronic acid ပါပါဝင်လို့ အစိုဓါတ်ကို 24နာရီကြာအောင် ထိန်းပေးနိုင်တဲ့အပြင် Betain နဲ့ Panthenol တို့ပါဝင်လို့ skin barrier ကို ကျန်းမာကြံ့ခိုင်စေကာအသားရေကို ကျန်းမာစိုပြေ လှပစေပါတယ်😍

Collagen လဲပါဝင်လို့ အရေးကြောင်းတွေကို သက်သာစေတဲ့အပြင်Acetyl Hexapeptide 8 မျိုးပါဝင်တာကြောင့်
အသားရေကိုတင်းရင်းကျစ်လစ်စိုပြေစေတယ်နော်

သူ့ရဲ့Texture ကလဲ Lightweight ဖြစ်ပြီး အသားထဲစိမ့်
ဝင်လွယ်တယ် စီးကပ်တာလဲမရှိဘူးအခြား active ingredient တွေနဲ့လဲ အကုန်တွဲသုံးလို့ရတဲ့ moisture creamလေးလဲ ဖြစ်တော့ အရမိးကိုအဆင်ပြေနော်😍

Sensitive skinတွေအပြင် all skin typeလဲ အသုံးပြုလို့ရပါတယ်နော်😍

.Nature Aqua Squalane Moisturizer Cream
Korea
ောက်တဲ့မြို့နယ်တိုင်းcodရပါတယ်ရှင့်
#☎️09787465388
instock

23/07/2026

မင်မင်လဲရှင်းပြရတာမောလို့ ခုပြန်ပြီး emusionကိုနို့ရည်နဲ့လုပ်ထားတာမဟုတ်ဘူးဆိုတာ share ပေးတာနော် ခဏခဏလဲပြောပြတယ် ခုလဲထပ်shareပေးပြီ😁😁

မြန်မာလိုခေါ် “နို့ရည်” ၊ အင်္ဂလိပ်လိုခေါ် “Emulsion” ။

“အဆီပြန်ရင် နို့ရည်မသုံးရဘူး။ ဝက်ခြံသမားက နို့ရည်နဲ့မတည့်ဘူး။” အဲ့တော့ တကယ်ပဲ အဆီပြန်ဝက်ခြံသမားက Emulsion(နို့ရည်) နဲ့မတည့်ဘူးလား။

မဟုတ်ပါ။
တကယ်တော့ “ဝက်ခြံသမားက နို့ရည်နဲ့မတည့်ဘူးဆိုတဲ့စကားက နို့နဲ့နို့ထွက်ပစ္စည်းတွေကိုစားရင် ဝက်ခြံကိုပိုထွက်စေနိုင်တယ်ဆိုတဲ့အချက်ကနေ ဆင်းသက်လာတယ်” လို့ ဂျူလီထင်တယ်။ နို့ထွက်ပစ္စည်း(dairy products) ကို လိုတာထက်ပိုစားသုံးရင်တော့ ဝက်ခြံထွက်နိုင်တာမှန်ပေမဲ့၊ စားတာနဲ့ လိမ်းတာက မတူဘူး။ စားလို့ဝက်ခြံထွက်ရင်တောင်၊ formula ကောင်းကောင်းနဲ့ ပါဝင်ပစ္စည်းတည့်ရင် နို့ပါတာလိမ်းလည်း ဝက်ခြံမထွက်တတ်ဘူး။

"Emulsion" တစ်နည်းအားဖြင့် မြန်မာလိုခေါ် "နို့ရည်" ဆိုတာ နို့ထွက်ပစ္စည်းတွေနဲ့ လုပ်ထားလို့ နို့ရည်ခေါ်တာမဟုတ်ဘူး။ သူ့ consistency က milky(နို့ရည်) သဏ္ဌာန်ရှိတာကြောင့် “နို့ရည်” လို့အလွယ်ခေါ်လိုက်ကြတာ ဖြစ်တယ်။

နို့ရည်(emulsion) သည် တကယ်က lightweight ဖြစ်တဲ့ milky moisturizer တစ်မျိုးပဲ။ cream type တွေလိုလည်း ထူပျစ်ပြီးအဆီတဝင်းဝင်းမနေဘူး။ gel type လိုလည်း လိမ်းပြီး အသားခြောက်မသွားဘူး။ အစိုဓာတ်ပေးနိုင်တယ်။ occlusive မဖြစ်တဲ့အတွက် ချွေးပေါက်သိပ်မပိတ်နိုင်ဘူး။ ဒါကြောင့် cream type လိမ်းတော့အဆီပြန်၊ gel type လိမ်းကျ အသားခြောက်တဲ့ ဟိုမရောက်ဒီမရောက် skin ပိုင်ရှင်များဆို emulsion နဲ့ အရမ်းအဆင်ပြေလိမ့်မယ်။ ဒါပေမဲ့ အသားအရမ်းအရမ်းကိုမှ ခြောက်သူအတွက်ကျ cream type တွေလောက် အစိုဓာတ်မပေး၊မထိန်းနိုင်လို့ လုံလုံလောက်လောက် moisturize မဖြစ်တာမျိုးရှိမယ်။ gel type လိမ်းနေကြ အဆီပြန်သမားဆိုလည်း emulsion ပြောင်းလိမ်းတဲ့အခါ အဆီနည်းနည်းပိုပြန်တာမျိုးဖြစ်တတ်တယ်။

တကယ်က ပါဝင်ပစ္စည်းတွေနဲ့သာတည့်ရင် နို့ရည်ဆိုတာ ဝက်ခြံသမားလည်း သုံးလို့ရတယ်။ နို့ရည်ပုံသဏ္ဌာန်ရှိလို့ "နို့ရည်" အလွယ်ခေါ်တာကို၊ နို့ရည်ဆိုတိုင်း ဝက်ခြံသမားမသုံးရဘူးဆိုတာ လုံးဝ မမှန်ဘူး။ အရည်ကျဲကျဲ milky texture ဖြစ်တာကလွဲပြီး သူ့ ingredient တွေက ပုံမှန် moisturizer တွေမှာပါတတ်တာမျိုးသာ များတယ်။ နို့ရည်နဲ့မတည့်ဘူးဆိုရင်လည်း ကိုယ်သုံးတဲ့ ပစ္စည်း quality က မကောင်းတာ၊ ဒါမှမဟုတ် သူ့ ingredient ၊ formulation က ကိုယ်နဲ့မတည့်၊အဆင်မပြေတာမျိုးသာ ဖြစ်လိမ့်မယ်။ အဓိက အသားအရေလိုအပ်ချက်ပေါ်လိုက်ပြီး moisturizer အရွေးမှန်ဖို့နဲ့ ကိုယ့်အသားအရေနဲ့တည့်ဖို့သာ အဓိကပါ။

ဒါကြောင့် နို့ရည်က ဝက်ခြံသမားနဲ့မတည့်ဘူးဆိုတာ လုံးဝမဟုတ်သလို၊ နို့ရည်လိမ်းလို့ ဝက်ခြံသမား ဝက်ခြံပိုမဆိုးစေဘူး။ Moisturizer ပဲမို့ moisturizer နေရာမှာ လိမ်းရုံပါပဲ။ moisturizer နှစ်မျိုးဝယ်ထားရင် texture ကျဲရာကနေ ပျစ်တာကိုလိမ်းသွားပါ။

Let’s care with
Juliee,
ပုံတွေနဲ့စာသားများအား ပြန်လည်ကူးယူတင်တာ ဆင်တူရိုးမှားပုံတွေစာတွေ copy တာမျိုးလုံးဝမှခွင့်မပြု။
#နို့ရည်

Photos from Let’s Care with Juliee's post 23/07/2026

အကုန် instock ရနော်❤️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon
11231