Dr. HIFU
The Best Of Beauty
Skin & Beauty center
29/07/2026
ဓမ္မစကြာအခါတော်နေ့
ဝါဆိုလပြည့် (ဓမ္မစကြာနေ့) အခါသမယမှာ ချစ်ရတဲ့ Customer များနှင့် မိဘ၊ ဆရာ၊ မိတ်ဆွေသင်္ဂဟများသတ္တဝါဝေနေယျ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့်ပြည့်စုံ ကြပါစေ။
တရားတော်၏ အေးရိပ်၌ ခိုလှုံခွင့်ရပြီး ရောဂါဘယာ အန္တရာယ်ခပ်သိမ်းမှ ကင်းဝေးကာ …
လိုအင်ဆန္ဒများပြည့်ဝကြပါစေကြောင်း
Dr. HIFU မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏
Dr. HIFU ( Book Now )
------------------
(၄၉လမ်း)၊ မဟာဗန္ဓုလလမ်းဒေါင့်၊
ဗိုလ်မြတ်ထွန်းအိမ်ရာ အလယ်ဘလောက် ၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
09-751402086
23/07/2026
အမွှေးအမျှင်ကင်းစင်ပြီး ချောမွေ့ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ …
မင်္ဂလာပါ ချစ်လေးတို့ရေ!
ရိတ်ရ၊ နှုတ်ရတဲ့ ဒုက္ခတွေကြောင့် အသားအရေ နီရဲတာ၊ အမွှေးငုတ်တာနဲ့ အသားအရေ ညိုမည်းတာတွေ ခံစားနေရပြီလား ? 🙅♀️
ဒါဆိုရင်တော့ Dr. HIFU ရဲ့
Hair Removal Treatment လေး ရှိပါတယ်ရှင့်။
Hair Removal ရဲ့အားသာချက်တွေကတော့...
✨ အမွှေးအမျှင်များကို အမြစ်ကနေ ဖယ်ရှားပေးတာကြောင့် ပြန်ထွက်နှုန်းကို ရေရှည် လျှော့ချပေးခြင်း၊
✨ နာကျင်မှုမရှိဘဲ သက်တောင့်သက်သာရှိခြင်း
✨ အသားအရေကို ချောမွေ့ဖြူဝင်းလာစေခြင်း
✨ အမွှေးငုတ်ခြင်းနှင့် အသားအရေနီရဲခြင်းများကို သက်သာစေခြင်း ရလာဒ်တွေကတော့စသည်ဖြင့်ပေါ့နော်
မင်မင်တို့ရဲ့ Hair Removal Treatment လေးဟာ
ဂျိုင်း၊ လက်၊ ခြေထောက်နဲ့ Bikini Area အထိ စိတ်ချလက်ချ ယုံကြည်စွာ ပြုလုပ်နိုင်ပါတယ်ရှင့်။
ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းတိုင်းမှာချောမွေ့နေစေဖို့အခုပဲ bookingယူလိုက်တော့နော်🥰🥰
Dr. HIFU ( Book Now )
------------------
(၄၉လမ်း)၊ မဟာဗန္ဓုလလမ်းဒေါင့်၊
ဗိုလ်မြတ်ထွန်းအိမ်ရာ အလယ်ဘလောက် ၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
09-751402086
19/07/2026
၁၉ ဇူလိုင်မမေ့နိုင်🇲🇲
တိုင်းပြည်နှင့် လူမျိုးအတွက် အသက်၊ သွေး၊ ချွေးတို့ကို ပေးဆပ်သွားခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အစဉ်ထာဝရ အောက်မေ့သတိရလျက် …
Dr. HIFU မိသားစုမှ ဂုဏ်ပြုဦးညွတ်အပ်ပါသည်။
18/07/2026
အမာရွတ်ကင်းစင်ပြီး ချောမွေ့တဲ့ အသားအရေကို ပြန်လည်ပိုင်ဆိုင်ဖို့ . ....
Hi ချစ်တို့ရေ!
မျက်နှာပေါ်က ဝက်ခြံအမာရွတ်တွေနဲ့ ချိုင့်ခွက်တွေဟာ သာမန် Skin Care တွေလိမ်းရုံနဲ့ ပြန်လည်ကောင်းမွန်ဖို့ ခဲယဉ်းပါတယ်။
ဒါကြောင့် အရေပြားအတွင်းပိုင်းအထိ ထိရောက်တဲ့ Scar Laser နည်းပညာနဲ့ ကုသဖို့ လိုအပ်ပါတယ်ရှင့်။
Scar Laser Treatment ရဲ့ အကျိုးကျေးဇူးများ
ချိုင့်ခွက်များ ပြန်လည်ပြည့်တင်းခြင်း
--------------------------
အရေပြားရဲ့ ပျက်စီးသွားတဲ့ ကော်လာဂျင်တွေကို အဆင့်မြင့် Laser နဲ့ ပြန်လည်နိုးထစေပြီး ချိုင့်ခွက်တွေကို ပြန်လည်ပြည့်လာစေပါတယ်ရှင်။
ချွေးပေါက်ကျယ်ခြင်းကို သက်သာစေခြင်း
-----------------------------
အမာရွတ်တင်မကဘဲ ကျယ်နေတဲ့ ချွေးပေါက်တွေကို ကျဉ်းစေပြီးအသားအရေကို ပိုမိုနုပျိုချောမွေ့စေပါတယ်
အသားအရောင် ညီညာစေခြင်း
---------------------
အမည်းစက်၊ အမာရွတ်တွေကို ပါးလျသွားစေပြီး အသားအရောင်ကို တစ်ညီတည်းဖြစ်လာစေပါတယ်ရှင့်
စိတ်ညစ်ရတဲ့ အမာရွတ်ပြဿနာတွေကို ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ နောက်ဆုံးပေါ် အဆင့်မြင့်စက်ပစ္စည်းတွေ သုံးပြီး စိတ်ချလက်ချ အမြစ်ပြတ် တိုက်ဖျက်ဖို့ …
မင်တို့ Dr. HIFU မှစောင့်ကြိုနေပါတယ်ရှင့်။
Dr. HIFU ( Book Now )
------------------
(၄၉လမ်း)၊ မဟာဗန္ဓုလလမ်းဒေါင့်၊
ဗိုလ်မြတ်ထွန်းအိမ်ရာ အလယ်ဘလောက် ၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
09-751402086
14/07/2026
အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး ကျန်းမာနုပျိုမှုကို ထိန်းသိမ်းလိုသူတွေအတွက် သိပ္ပံနည်းကျ အထောက်
အထားများအရ အရေးပါသော အချက် (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်ရှင်။
အာဟာရပြည့်ဝသော အစားများကို ရွေးချယ်စားသုံးပါ
-------------------------------------
အသားအရေနှင့် ခန္ဓာကိုယ် အတွင်းပိုင်း အိုမင်းခြင်းကို ကာကွယ်ရန် Antioxidants ကြွယ်ဝသည့် အစားအစာများကို စားသုံးပေးပါ။
အရောင်စုံ အသီးအရွက်များ (Antioxidants) ကြွယ်ဝသော အစားအစာများသည် ဆဲလ်များပျက်စီးခြင်းကို ကာကွယ်ပေးသည်။ သကြားနှင့် ပြုပြင်ထားသော အစားအစာများကို လျှော့ချပါ။ သကြားဓာတ်လွန်ကဲမှုသည် အသားအရေ၏ Collagen ကို ပျက်စီးစေပြီး အရေးအကြောင်းများ ပိုမိုထွက်ပေါ်စေနိုင်သည်။
ရေကိုပြည့်ဝအောင် သောက်ပါ
---------------------
ရေသည် ခန္ဓာကိုယ်၏ လုပ်ငန်းစဉ်အားလုံးအတွက် အရေးပါသလို အသားအရေအတွက်လည်း အသက်ဖြစ်သည်။
ရေကို လုံလောက်စွာသောက်ပေးခြင်းက အသားအရေကို စိုပြည်စေပြီး ခန္ဓာကိုယ်အတွင်းအဆိပ်အတောက်များကို
ဖယ်ရှားပေးပါသည်။
ရေဓာတ်နည်းပါးပါက အသားအရေ ခြောက်သွေ့ပြီး အိုမင်းရင့်ရော်မှု လက္ခဏာများကို ပိုမိုသိသာစေသည်။
နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ
----------------------
အိုမင်းရင့်ရော်ခြင်း၏ အဓိကအကြောင်းအရင်းတစ်ခုမှာ ခရမ်းလွန်ရောင်ခြည် (UV Rays) ဖြစ်သည်။
အပြင်ထွက်တိုင်း နေကာခရင်မ် (Sunscreen) ကို မပျက်မကွက် လိမ်းပေးပါ။ နေပူထဲသွားရမည်ဆိုပါက ထီး၊ ဦးထုပ်နှင့် နေကာမျက်မှန်များ တပ်ဆင်ခြင်းဖြင့် အရေပြားကို အိုမင်းခြင်းမှ ကာကွယ်နိုင်သည်။
အရည်အသွေးမြင့်စွာ အိပ်စက်အနားယူပါ
-----------------------------
အိပ်စက်ခြင်းသည် ခန္ဓာကိုယ်၏ ဆဲလ်များ ပြန်လည်ပြုပြင်သည့် (Cellular Repair) အချိန်ဖြစ်သည်။
နေ့စဉ် ၇ နာရီမှ ၈ နာရီအထိ အိပ်စက်ပေးခြင်းက ဟော်မုန်းများကို မျှတစေပြီး အသားအရေကို လန်းဆန်းစေသည်။
အိပ်ရေးပျက်ခြင်းသည် မျက်လုံးအောက် အိတ်တွဲခြင်းနှင့် မျက်နှာမွဲခြောက်ခြင်းတို့ကို ဖြစ်စေသည်။
စိတ်ဖိစီးမှုကိုထိန်းချုပ်ပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
-----------------------------------
စိတ်ဖိစီးမှုသည် ခန္ဓာကိုယ်တွင် Cortisol ဟော်မုန်းကို မြင့်တက်စေပြီး အိုမင်းခြင်းကို မြန်ဆန်စေသည်။
လေ့ကျင့်ခန်းတစ်နေ့လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အရွယ်တင်နုပျိုစေသည်။
စိတ်အပန်းဖြေခြင်း: တရားမှတ်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ကျန်းမာသော ဇီဝကမ္မဖြစ်စဉ်ကို အထောက်အကူပြု ပါမယ် ရှင့်။
လိုအပ်လာ၍ မြန်ဆန်ထိရောက်သော Treatment များကိုရယူလိုပါက Dr. HIFU ကိုသတိရလိုက်ပါရှင့်။
Dr. HIFU ( Book Now )
------------------
(၄၉လမ်း)၊ မဟာဗန္ဓုလလမ်းဒေါင့်၊
ဗိုလ်မြတ်ထွန်းအိမ်ရာ အလယ်ဘလောက် ၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
09-751402086
09/07/2026
Good Skin ပိုင်ရှင်လေးဖြစ်ဖို့ မျက်နှာလေးပဲ ဖြူဝင်းနေရုံနဲ့ မပြီးသေးဘူးနော် ခန္ဓာကိုယ်ရဲ့ကွယ်ဝှက်နေတဲ့ နေရာလေးတွေကိုပါ ဂရုစိုက်ပေးဖို့လိုပါတယ်ရှင့်။
Hi ချစ်တို့ရေ
အင်္ကျီလက်ပြတ်ဝတ်တဲ့အခါ၊ အတိုအပြတ်လေးတွေ ဝတ်တဲ့အခါ တံတောင်ဆစ်၊ ဒူးခေါင်းနဲ့ ဂျိုင်းအောက်တွေ မည်းနေရင် OMG ! 🙄
ယုံကြည်မှုတွေ လျော့နည်းစေတယ်ဟုတ် ?
အသားဖြူဆေးတွေ ဝယ်သုံးပြီး ထူးခြားမှု့မရှိလို့
စိတ်ပျက်နေတဲ့ ချစ်တို့အတွက်
Dr. HIFU ရဲ့ Whitening Laser Treatment လေးရှိပါတယ်ရှင့် ။
Whitening laser Treatment က ဘာတွေကောင်းလဲ
------------------------------------
- အသားအရေ မည်းညစ်မှုကို ဖြစ်စေတဲ့ Melanin
ဆဲလ်တွေကို Laser အလင်းတန်းနဲ့ တိုက်ရိုက်ချေ
ဖျက်ပေးခြင်း၊
- အသားအရေကို ပျက်စီးခြင်းမရှိစေဘဲ တစ်ဆင့်ချင်း
ဖြူဝင်းလာစေခြင်း၊
- ဒူးခေါင်း၊ တံတောင်ဆစ်၊ ဂျိုင်းနဲ့ Bikini Line တွေကို
အချိန်တိုအတွင်း သိသိသာသာ အသားအရောင်
ညီညာဝင်းပလာစေခြင်း၊
ယုံကြည်မှုအပြည့်နဲ့ စတိုင်လ်မိုက်မိုက် အထာကျကျ အတိုအပြတ်လေးတွေဝတ်ဆင်ဖို့ Online ပေါ်ကဆေးတွေစမ်းသုံးရင်း အချိန်မဖြုန်းဘဲ စက်ပစ္စည်ကောင်းကောင်း ကျွမ်းကျင်ဆရာဝန်တွေနဲ့ အထိရောက်ဆုံး လှပလိုက်ပါ။
Dr. HIFU ( Book Now )
------------------
(၄၉လမ်း)၊ မဟာဗန္ဓုလလမ်းဒေါင့်၊
ဗိုလ်မြတ်ထွန်းအိမ်ရာ အလယ်ဘလောက် ၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
09-751402086
05/07/2026
နုပျိုခဲ့တဲ့အတိတ်ဆီပြန်သွားကြမယ်
အသက်ရွယ်တစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ အရေးကြောင်းတွေနဲ့ အရည်ပြားတွဲကျတာတွေကို အကောင်းဆုံးဖြေရှင်းပေးမယ့် Botox လေးရှိပါတယ်ရှင့် ။
✅ မေးရိုးကြွက်သားတွေကို ကျစ်လစ်စေပြီး မျက်နှာကို
သွယ်လျစေခြင်း၊
✅ ဆယ်ကျော်သက်လေးလိုအသားရေပြန်လည်
နုပျိုလာစေခြင်း၊
✅ နာကျင်မှုမရှိ၊ ခွဲစိတ်စရာမလိုခြင်း၊
✅ဘေးထွက်ဆိုးကျိူးမရှိခြင်း။
နုပျိုခြင်းလျှို့ဝှက်ချက်ကို Chat Box မှာခုပဲလာမေးလိုက်တော့နော်။
Dr. HIFU ( Book Now )
------------------
(၄၉လမ်း)၊ မဟာဗန္ဓုလလမ်းဒေါင့်၊
ဗိုလ်မြတ်ထွန်းအိမ်ရာ အလယ်ဘလောက် ၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
09-751402086
02/07/2026
Hi! ချစ်လေးတို့ရေ
🐼 ပန်ဒါလေးလို့ မဖြစ်ချင်ရင် Dr. HIFU ရဲ့
Knowledge Sharing လေးကို ဖတ်ကြည့်နော်
တကယ်တော့ မျက်ကွင်းညိုရခြင်း (Dark Circles) ရဲ့ နောက်ကွယ်မှာ အိပ်ရေးပျက်တာအပြင် တခြားအကြောင်းအရင်းတွေ အများကြီး ရှိနေပါတယ်ရှင်။
အရေပြားပါးလွှာခြင်းနှင့် သွေးကြောများပေါ်လွင်ခြင်း
------------------------------------
မျက်လုံးတစ်ဝိုက်က အရေပြားဟာ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေထက် အရမ်းပါးလွှာပါတယ်။ အသက်ရလာတဲ့အခါ ဒါမှမဟုတ် မျိုးရိုးဗီဇကြောင့် (Collagen) ဓာတ် လျော့နည်းလာပြီး အရေပြား ပိုပါးလာတဲ့အခါ မျက်လုံးအောက်က သွေးကြောလေးတွေဟာအပြင်ကိုထိုးဖောက်လာပြီး မျက်ကွင်းညိုသလိုမျိုး မြင်တွေ့ရတာ ဖြစ်ပါတယ်။
အိပ်ရေးပျက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း
----------------------------
အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က သွေးလှည့်ပတ်မှုကို ပိုမိုလုပ်ဆောင်ရလို့ မျက်လုံးအောက်က သွေးကြောတွေ ကျယ်လာပြီး အရေပြားအောက်မှာ အရောင်ရင့်လာတတ်ပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်ရင် အသားအရေက ဖြူလျော်လျော် ဖြစ်သွားတတ်တာမို့ မျက်လုံးအောက်က သွေးကြောအမည်းရောင်တွေက ပိုပြီးတော့ သိသာထင်ရှားလာစေပါတယ်။
ဓာတ်မတည့်ခြင်း (Allergies) နှင့် မျက်လုံးပွတ်ခြင်း
-----------------------------------
နှာစေး၊ နှာချေ၊ ဖုန်မှုန့်နဲ့ ဓာတ်မတည့်ဖြစ်တဲ့အခါ ခန္ဓာကိုယ်ကနေ (Histamine) ဆိုတဲ့ ဓာတ်တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ ဒီဓာတ်က သွေးကြောတွေကို ကျယ်စေပြီး အရည်စုခဲစေတာမို့ မျက်လုံးအောက်မှာ ဖောင်းအစ်ပြီး မည်းနက်လာတတ်ပါတယ်။ နောက်ပြီး မျက်လုံးယားလို့ မကြာခဏ လက်နဲ့အပြင်းအထန် ပွတ်ဆွဲခြင်းကလည်း မျက်လုံးတစ်ဝိုက်က သွေးကြောမျှင်လေးတွေကို ပေါက်ထွက်စေပြီး အမည်းကွက် ဖြစ်ကျန်ခဲ့စေပါတယ်။
ရေဓာတ်ခမ်းခြောက်ခြင်း
-----------------
ခန္ဓာကိုယ်မှာ ရေဓာတ် မလုံလောက်တဲ့အခါ မျက်လုံးအောက်ခြေအရေပြားက ပိန်ဝင်သွားသလိုဖြစ်တတ်ပါတယ်။ မျက်လုံးအောက်က အရိုးအိမ်နဲ့ ကပ်သွားပြီး အရိပ်ကျသလို ဖြစ်သွားတာကြောင့် မျက်ကွင်းတွေ ပိုမိုညိုမှောင်ပြီး ချိုင့်ဝင်သွားရခြင်း ဖြစ်ပါတယ်။
မျက်ကွင်းညိုတာ သက်သာဖို့ နေကာမျက်မှန်တပ်ခြင်း၊ Eye Cream လိမ်းခြင်းနဲ့ ရေများများသောက်ခြင်းတို့ လုပ်ဆောင်နိုင်သလို...
ပိုမိုမြန်ဆန်ပြီး ထိရောက်တဲ့ ရလဒ်အတွက် ဆိုရင်တော့
Dr. HIFU ရဲ့အဆင့်မြင့် Treatment လေးတွေရှိပါတယ်ရှင့်။
Dr. HIFU ( Book Now )
------------------
(၄၉လမ်း)၊ မဟာဗန္ဓုလလမ်းဒေါင့်၊
ဗိုလ်မြတ်ထွန်းအိမ်ရာ အလယ်ဘလောက် ၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
09-751402086
30/06/2026
HiFu Treatment လုပ်ရင် ဘာရလာဒ်တွေ ရမှာလဲ?
Hi ချစ်လေးတို့ရေ မင်္ဂလာပါရှင့်!
အလှဆုံးဖြစ်မှကျေနပ်ကြမဲ့ ချစ်ဆုံးလေးတွေအတွက်
HiFi Treatment ရဲ့ ကောင်းကျိုးလေးတွေကို ရေးပေး လိုက်ပါတယ်နော်။
အသားအရေကို သိသိသာသာ တင်းရင်းစေခြင်း
--------------------------------
အရေပြားအတွင်းပိုင်း (SMAS layer) အထိ စွမ်းအင်ကို ထိုးဖောက်ပေးနိုင်သည့်အတွက် အသားအရေ လျော့တွဲနေခြင်းကို ပြန်လည်တင်းရင်းလာစေပါတယ်။
အထူးသဖြင့် မေးရိုးနေရာ၊ ပါးစပ်နားတစ်ဝိုက်နှင့် မျက်လုံးတစ်ဝိုက်ရှိ အသားအရေ လျော့တွဲမှုကို ပိုမိုကောင်းမွန်စေပါတယ်ရှင်။
.
Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးခြင်း
-----------------------------
အသားအရေ တင်းရင်းမှုကို ထိန်းသိမ်းပေးသည့် Collagen နှင့် Elastin တို့ကို ခန္ဓာကိုယ်မှ သဘာဝအတိုင်း ပြန်လည်ထုတ်လုပ်လာစေရန် လှုံ့ဆော်ပေးပါတယ်ရှင်။
ဒါကြောင့် ကုသမှုခံယူပြီးနောက်ရက်အနည်းငယ်အတွင်း အသားအရေမှာ ပိုမိုကြည်လင်ပြီး တင်းရင်းလာပါမယ်။
ခွဲစိတ်ရန်မလိုဘဲ နုပျိုစေခြင်း
--------------------
ခွဲစိတ်စရာမလိုသော Treatment ဖြစ်တဲ့အတွက်
ခွဲစိတ်ဒဏ်ရာများအတွက် စိုးရိမ်စရာမလိုပါ။
ပြန်လည်နားနေရန် (Recovery time) မလိုအပ်ခြင်း
-----------------------------------
အခြားသော အလှအပဆိုင်ရာ ကုသမှုများနှင့် မတူဘဲ Hifu Treatment ပြုလုပ်ပြီးနောက် နေ့စဉ် လုပ်ငန်း ဆောင်တာများကိုပြန်လည်လုပ်ဆောင်နိုင်ပါတယ်ရှင်
အသားအရေ နီရဲခြင်း သို့မဟုတ် ဖူးယောင်ခြင်းများ
ဖြစ်လေ့ရှိတတ်သော်လည်း အချိန်တိုအတွင်းမှာပင်
ပြန်လည် ပျောက်ကင်း သွားပါတယ်
ရလဒ်ကြာရှည်ခံခြင်း
--------------
ကုသမှုခံယူပြီး ရလာဒ်ကောင်းများကို ( ၃လ မှ ၆လ ) အတွင်း ပိုမိုသိသာလာပြီး( ၁ နှစ် ) သို့မဟုတ် ထိုထက်ပိုသော ကာလအထိ ကြာရှည်ခံနိုင်ပါတယ်ရှင်။
Hifu Treatment ကို ပုံမှန်ထိန်းသိမ်းပြုလုပ်ပေးရုံဖြင့် အသားအရေကို အမြဲငယ်ရွယ်နုပျိုစေနိုင်ပါတယ်ရှင့်။
မှတ်ချက် ။ ။
Hifu Treatment ပြုလုပ်ရန်အတွက် အရည်အသွေးမြင့်စက်ပစ္စည်းနှင့် ကျွမ်းကျင်သော ဆရာဝန်များနှင့် နွေးထွေးစွာတိုင်ပင်ဆွေးနွေးပြီး ကုသလို့ရတဲ့နေရာမျိုးကိုရှာနေတယ်ဆိုရင်တော့ ……
ရလာဒ်ကောင်းတွေ အတိအကျရရှိနိုင်မဲ့ Dr. HIFU မှာ
HiFu Treatment ကို ကုသမှုခံယူဖို့အကြံပြုပါရစေရှင်။
Dr. HIFU ( Book Now )
------------------
(၄၉လမ်း)၊ မဟာဗန္ဓုလလမ်းဒေါင့်၊
ဗိုလ်မြတ်ထွန်းအိမ်ရာ အလယ်ဘလောက် ၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
09-751402086
24/06/2026
မိတ်ကပ်ဖုံးစရာမလိုတဲ့ ကြည်လင်မှုမျိုး 🤭
မျက်နှာပေါ်က တင်းတိပ်၊ မှဲ့ခြောက်နဲ့ ဝက်ခြံအမာရွတ်တွေကြောင့် စိတ်ညစ်နေရင်...
Dr. HIFU မှာ IPL laser Treatment ရှိတယ်နော်။
ဘာတွေထူးခြားမလဲ ?
---------------
- အမဲစက် / တင်းတိပ် တွေကို သိသိသာသာ
ပါးလွှာစေတယ်။
- ဝက်ခြံကြောင့်ဖြစ်တဲ့အနီစက်တွေ သက်သာစေတယ်။
- အသားအရေကို တစ်ဆင့်တည်းနဲ့
ကြည်လင်ဝင်းပ စေတယ်။
အသားအရေညီညာပြီး Glow နေတဲ့ Glass Skin လေး
ရဖို့ အခုပဲ Booking ယူလိုက်ပါ။
Dr. HIFU ( Book Now )
------------------
(၄၉လမ်း)၊ မဟာဗန္ဓုလလမ်းဒေါင့်၊
ဗိုလ်မြတ်ထွန်းအိမ်ရာ အလယ်ဘလောက် ၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
09-751402086
Click here to claim your Sponsored Listing.
Website
Address
Yangon