NourishNest
Passion for cooking. Do come by for recipe request.
31/07/2026
မိုးအေးနေလို့ ညနေစာအတွက် အိမ်မှာရှိတာလေးနဲ့ ကျန်းမာရေးစွပ်လေး ချက်တာတောင် hotdog ထည့်ပြီး cheat လိုက်သေးတယ် 😁🌸🌼 စားကြပါဦးရှင် 🍲
ပါဝင်ပစ္စည်းများ 📝
ဝက်အသားလွှာ၊ ကြက်သား sausage၊ တိုဖူး၊
မုန်လာထုပ်၊ ကန်စွန်းဥ၊ ပြောင်းဖူး၊ baby corn
ရုံးပဒေသီး၊ ကြက်သွန်မိတ်၊ ကြက်ဥ
Subscribe to get exclusive benefits:
https://www.facebook.com/61556140457165/subscribenow
31/07/2026
ကယ်လိုရီ ပါဝင်မှုယှဉ်ကြည့်ပြီး အဖျားတက်သွားသူ တစ်ဦး..
အိမ်ချက် ဆန်ခေါက်ဆွဲ စွပ်ပြုတ် နဲ့ ဗီယက်နမ်ဆိုင် တစ်ခုကစားခဲ့တဲ့ Pho ကို AI မှာ ပုံပြပြီး ယှဉ်ကြည့်တော့ အိမ်ချက်က kcal 380 နဲ့ ဆိုင်ချက်က kcal 650 ဖြစ်နေပါတယ်..
ဆိုင်ကခေါက်ဆွဲက
(၁) ဈေးကြီး
(၂) အရသာပြင်း - အငန်များ
(၃) သကြားပါနိုင်
(၄) အချိုမှုန့်များ
(၅) ပြုပြင်ထားတဲ့ အသားပါ
စတဲ့ အချက်တွေဖြစ်နေပြီး ညဘက်အိပ်တဲ့အခါ ရေငတ်လို့ ရေထသောက်ရတာရော.. မနက်ကျတော့လဲ လက်ဖဝါး လက်ချောင်းတွေပါ တင်းကျပ်ကျပ်နဲ့ ဖြစ်တဲ့အထိ အရသာများနေတာပါ..
မိမိကိုယ်တိုင်ချက်ပြုတ်ရင် အချို၊ အငန်၊ ဆီပါဝင်မှု ထိမ်းချုပ်နိုင်တဲ့ အတွက် ကျန်းမာရေးအတွက် သတိထားပြင်ဆင်နိုင်တာမို့ အပြင်ဆိုင်စားတော့မယ်ဆို ၂ ခါစဉ်းစားရတော့မယ်ရှင်.. 🌼🌸
31/07/2026
အမေ့အတွက် ကြက်သားဆန်ပြုတ်လဲပြုတ်ရင်း အမြန်ပြင်ဆင်ဖြစ်တဲ့ ဟင်းတွဲလေးပါ..
ကြက်သားကြော် 🔴
ချဉ်ပေါင်ဟင်းခါး 🟢
ကန်စွန်းရွက်ကြော် 🟡
ရွှေဖရုံသီးနှပ် 🟠
မနေ့က ဆေးခန်းပြတဲ့ အမေ့အတွက် ပင်ပမ်းထားတော့ အားရှိအောင် ကြက်ဆန်ပြုတ်လေး ပြုတ်ပေးဖြစ်တယ်.. အသက်ကြီးလာတော့ အပြင်ခနသွားလဲ ပမ်းသွားရော..
ကျန်းမာကြပါစေရှင်.. 🌸🌼
30/07/2026
ထမင်းဖြူကို မစွန့်လွှတ်နိုင်သေးတော့ ပမာဏပဲလျှော့စားဖို့ အရင်ကြိုးစားနေပါတယ်..
လေ့ကျင့်ရင်းနဲ့ တနေ့ကို ထမင်းပါတာ တစ်နှပ်တည်းနဲ့ နေနိုင်နေပါပြီ..
ထမင်းဖြူက ဖိုက်ဘာဓါတ်နည်းပြီး.. Blood sugar တက်စေပါတယ်..
30/07/2026
ငယ်ငယ်ကတည်းက စားခဲ့တဲ့ အစားအသောက်တွေက အသက်ကြီးတဲ့အထိ Comfort Food အနေနဲ့ ကျမတို့ဘဝမှာ စွဲစွဲမြဲမြဲ နေရာယူထားတတ်ကြတယ်..
ဆန်စီးခေါက်ဆွဲကို ပုဇွန်ခြောက်ဟင်းရည်ဆမ်းပြီး မျှစ်ချဉ်လေးနဲ့ ပြင်ဆင်တဲ့ ခေါက်ဆွဲတစ်ပွဲဟာ ငယ်ဘဝ အမှတ်တရနဲ့ ပေါင်းစပ်လိုက်တော့ ရင်ထဲအထိနွေးစေတာပါ..
ကြာညို့မပါ၊ အသားချက်မပါ၊ မြေပဲထောင်းမပါ၊ ပဲရွက်များများနဲ့ ခုလို အရည်ကြည်ချက်ထားတဲ့ ခေါက်ဆွဲတစ်ပွဲကို ဘာ Ramen၊ ဘယ် Pho၊ ဘယ် Udon နဲ့မှ မလဲနိုင်ဘူးရှင်.. 🥰
30/07/2026
မိသားစုက ဘာလေးချက်ပေးပါ ဆိုတဲ့ တောင်းဆိုတဲ့နေ့က ကိုယ်တွေ အိမ်ရှင်မတွေ အတွက်တော့ သာယာတဲ့နေ့လေးကိုဖြစ်သွားတာပဲ.. 🥰
ခရမ်းချဉ်သီး ငပိချက်တို့စရာ 🟠
ဒန့်သလွန်သီးချဉ်ရည် 🟡
ငါးကြင်းကြော် 🔴
အိမ်သားတောင်းဆိုတဲ့ ခရမ်းချဉ်သီး ငပိချက်လေးကို တို့စရာအစုံနဲ့ ပြင်ထားတယ်.. အဓိက အစပ်လျှော့ပြီး တစ်ယောက်စာ အရင်ခပ်ထားလိုက်တယ်..
အစပ်ပိုစားနိုင်သူတွေအတွက် ငရုပ်သီးစိမ်းကို ကျေအောင်ကျိတ်ပြီးထည့်၊ နံနံပင်အုပ်ချပါတယ်..
ဒန့်သလွန်သီးလေးတွေဈေးမှာ ပြန်ရနေလို့ အရွယ်တော် (၄) တောင့် ဝယ်ထားတာလေး ကိုချဉ်ဟင်းချက်ပါတယ်..
ငါးကြင်းအဖြူထည်ကြော်လေးနဲ့ တွဲဖက်သုံးဆောင်ပါမယ်ရှင်..
သာယာတဲ့နေ့လေးဖြစ်ကြပါစေရှင် 🌼🌸
29/07/2026
အိမ်မှာ ၂ ဖွဲ့ ကွဲနေလို့ မေးကြည့်တာပါ.. ❓❔
ဟင်းပွဲကို ပုံ (၁) လို အရည်များများနဲ့ .. (သို့မဟုတ်)… ပုံ (၂) လို အကပ် ပုံစံနဲ့ ချက်တာ ဘယ်ဟာ ပိုကြိုက်ကြလဲဟင်..
စာရေးသူကတော့ ပုံ (၂) အဖွဲ့ကပါရှင့်..
28/07/2026
ကျမတို့နယ်ဘက်က ငါးကြီးချဉ်က နာမည်ကြီးသလို သန့်ရှင်းလတ်ဆတ်ပြီး အရမ်းကိုစားကောင်းတယ်ရှင်..
ကျမရဲ့ မေမေဘက်က ကြီးကြီးရှိစဉ်အခါက သူ့အိမ်သွားတိုင်း အုပ်ဆောင်းဖွင့်လိုက်ရင် ခြောက်ခြောက်လေး ကြော်ထားတဲ့ ငါးချဉ်ဟင်းတစ်ပွဲရယ်.. အမြဲမပြတ်ရှိနေတတ်တဲ့ .. စားလိုက်တာနဲ့ ဦးနှောက်သွေးကြောအထိ စပ်တက်သွားတတ်တဲ့ ငရုပ်သီးထောင်း စပ်စပ်လေးနဲ့ ရှိတဲ့ ထမင်းကြမ်းလေးနဲ့ နယ်ဖတ်စားရတာ အန်မတန် အရသာရှိခဲ့တာ..
အဲ့လိုလေး ထမင်းစားပြီးရင် အစပ်ပြေ အစာကြေ 3-in-1 ကော်ဖီလေးတစ်ခွက်ဖျော်ပေးတယ် နေကြာစေ့လေးကိုက်ပြီး စကားလက်ဆုံကျခဲ့ကြတာလေးတွေသတိရတယ်..
ကျမကတော့ လူကြီးတွေ သူတို့ဘာသာစကားနဲ့ ဖောင်ဖောင်ဖွဲ့ပြောနေကြတာကို နားလည်တဝက်နဲ့ နားထောင်တဲ့ အရွယ်ပေါ့.. ကြီးကြီးက ကျောက်ကပ်ဆေးရရင်း ဆုံးသွားတာကြာပါပြီ.. ခုထိတော့ သူ့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုကို အမှတ်ရမိတုန်းပဲ.. မိသားစုမေတ္တာနဲ့ နွေးထွေးမှုရဲ့ သာဓကလေးပါ..
ဒီနေ့ရဲ့ဟင်းစပ်လေးကတော့..
ငါးကြီးချဉ်ကြော် 🟠
ငရုပ်သီးနှပ် 🟠
ပဲကြီးဆူးပုတ်ဟင်းရည် 🟡
ကြက်ဥခေါက်ကြော် 🟡
ငရုပ်သီးကို ခရမ်းသီးနှပ်သလို နှပ်ချက်တာ စားကောင်းတယ်ရှင်.. လုပ်စားကြည့်ကြပါနော်..
မေတ္တာလွှမ်းခြုံပြီး နွေးထွေးတဲ့နေ့လေး ဖြစ်ကြပါစေ.. 🌸🌼
25/07/2026
ဝိတ်ကျဖို့ပဲဖြစ်ဖြစ်၊ ရောဂါကြောင့်ပဲဖြစ်ဖြစ် အစားအသောက်စပြီး ဆင်ခြင်မယ်လို့ စဉ်းစားတဲ့အခါ မိမိကိုယ်တိုင် ကြာကြာထိန်းသိမ်းထားနိုင်တဲ့ ပုံစံဖြစ်ဖို့ အဓိကကြိုးစားပါတယ်.. အဲ့ဒါမှ တမင်လုပ်ယူနေရတယ်ဆိုတဲ့ စိတ်မဖြစ်ပဲ အလေ့အကျင့်ပြုလုပ်ရလွယ်ကူပါတယ်..
အိမ်ချက် ထမင်းဟင်းကို နှစ်သက်သူတွေအတွက် ထမင်းပမာဏကို ဂရုစိုက်ပြီး အရွက် ၅၀% အသား ၂၅% နဲ့ ထမင်း ၂၅% သုံးဆောင်ခြင်းက အလေ့အကျင့်ကောင်းဖြစ်စေပါတယ်ရှင်.. 🌸🌼
Click here to claim your Sponsored Listing.
Website
Address
Yangon