Healthy Lady
ကိုယ်ဝန်ဆောင်နှင့် မီးယပ်ရောဂါကျန်းမာရေးအကြံပေး ကိုယ်ဝန်ဆောင်နှင့် မီးယပ်ကျန်းမာရေးအကြံပေး (Maternatiny and Gynaecology Advisor)
31/07/2026
အိပ်စက်ခြင်းအကြောင်း သိသင့်သည်များ
(၁) နှိုးစက်မမြည်ခင် နိုးနေတယ်ဆိုရင်
ဒါက သင့်ဦးနှောက်က သင့်ကို စိတ်ဖိစီးမှုနဲ့အတူ နိုးမလာစေဖို့ ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။
(၂) နာတာရှည် အိပ်ရေးပျက်တာက ဦးနှောက်လုပ်ငန်းဆောင်တာကို ထိခိုက်စေနိုင်
အိပ်ရေးပျက်တဲ့ ရက်တွေများလာရင် လန်းဆန်းမှုနဲ့ မှတ်သားနိုင်စွမ်း လျော့ကျတတ်ပါတယ်။
(၃) အိပ်စက်မှုဆိုတာ ရှေ့ဆက်ဖို့အတွက် အနားယူမှုပါ
ပန်းတိုင်အရောက် လျှောက်လှမ်းနေချိန်မှာ ခန္ဓာကိုယ်ကို နေ့စဉ် အနားယူတဲ့နည်းလမ်းက အိပ်တာပဲ ဖြစ်ပါတယ်။
(၄) အိပ်ရာနိုးပြီးတာတောင် ပင်ပန်းနေတယ်ဆိုရင်
ဒါက သင့်စိတ်က မောပန်းနွမ်းနယ်နေလို့ပါ။
(၅) ညဘက် ဖုန်း၊ ကွန်ပျူတာအသုံးများပြီး အပြာရောင် ရောင်ခြည်ထိတွေ့မှုများရင်
သင့်ဦးနှောက်က နေ့ဘက်လို့ပဲ ထင်ပြီး အိပ်မောကျစေတဲ့ မယ်လတိုနင်ထွက်ရှိမှုကို အဟန့်အတား ဖြစ်စေပါတယ်။
(၆) အိပ်ရေးဝ၀ အိပ်စက်အနားယူခြင်း= သက်ရှည်ကျန်းမာတဲ့ ဘဝ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ရေးဝ၀ အိပ်မောကျတာက သင့်နှလုံးနဲ့ သင့်စိတ်ကို နုပျိုကျန်းမာအောင် ကူညီ ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းကို မှန်မှန်လုပ်လေ၊ အိပ်ရေးဝ၀ အိပ်မောကျလေ
▶ လေ့ကျင့်ခန်းကို အသင့်အတင့်ပြုလုပ်တာက သင့်မှာလိုအပ်နေတဲ့ နှစ်ခြိုက်စွာ အိပ်ပျော်မှုကို ရရှိစေပါတယ်။
▶ နံနက်စောစော လေ့ကျင့်ခန်းလုပ်တာက ညဘက်မှာ အိပ်ရေးဝ၀ အိပ်မောကျဖို့ အားပေးပါတယ်။
▶ အိပ်ရေးဝ၀ အိပ်မောကျတာက စွမ်းအင်ပိုရှိစေပြီး အာရုံစိုက်နိုင်စွမ်း ကောင်းစေကာ ပိုကျန်းမာစေပါတယ်။
▶ တစ်နေ့ကို မိနစ် ၃၀လောက် လေ့ကျင့်ခန်းလုပ်ပေးရင် သင်ရဲ့ အိပ်မောကျတဲ့အဆင့်ကို တိုးတက်မှုရရှိစေပါတယ်။

အအေးမိ နှာစေး ဖျားနာဖြစ်ရင် လုပ်ဆောင်ရမယ့် အချက် ၃ ချက်
30/07/2026
ကြွက်သားသန်စွမ်းမှုကို အားပေးတဲ့ အစားအသောက် (၇) မျိုး
(၁) ကြက်ဥပြုတ်
(၂) ငှက်ပျောသီး
(၃) ကြက်ရင်ပုံသား
(၄) ကန်စွန်းဥပြုတ်
(၅) နွားနို့
(၆) အခွံမာ အစေ့အဆန်
(၇) အုတ်ဂျုံမှုန့်(Oat) တို့ ဖြစ်ကြပါတယ်။
ကြွက်သားသန်စွမ်းမှုကို အားပေးတဲ့ အစားအသောက် (၇) မျိုး
(၁) ကြက်ဥပြုတ်
(၂) ငှက်ပျောသီး
(၃) ကြက်ရင်ပုံသား
(၄) ကန်စွန်းဥပြုတ်
(၅) နွားနို့
(၆) အခွံမာ အစေ့အဆန်
(၇) အုတ်ဂျုံမှုန့်(Oat) တို့ ဖြစ်ကြပါတယ်။
အသက်အရွယ်ရလာတဲ့အခါ ကြွက်သားတွေပျော့တွဲကျလာတာ ဘာလို့ပါလဲ၊ ကြွက်သားတောင့်တင်းသန်မာအောင် ဘယ်လိုစားသောက်နေထိုင်ရမလဲ၊ လေ့ကျင့်ခန်း လုပ်ရမလဲဆိုတဲ့ မေးခွန်းကို အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ဖြေကြားပေးထားပါတယ်။
29/07/2026
ကျောက်ကပ်က ဘယ်လိုအလုပ်လုပ်သလဲဆိုတာ အရင်ဆုံး ရှင်းပြပေးချင်ပါတယ်။
▶ သွေးထဲက မကောင်းတဲ့ အဆိပ်အတောက်တွေကို စစ်ထုတ်ပေးတယ်။
▶ ရေဓာတ်နဲ့ Electrolytes ဓာတ်တွေကို ဟန်ချက်ညီအောင် ထိန်းညှိပေးတယ်။
▶ သွေးဖိအားကို ထိန်းညှိပေးတယ်။
▶ ဗီတာမင်ဒီကို အသက်ဝင်အောင် ကူညီပေးတယ်။
လူ့ခန္ဓာကိုယ်မှာ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ ကျလာတဲ့အခါ ကိုယ်တွင်းစနစ်တွေက စတင် ထိခိုက်လာပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးကောင်းစေဖို့ သတိပြုသင့်တဲ့ အချက် (၄) ချက်ကို ပြောပြပေးချင်ပါတယ်။
(၁) ရေဓာတ်
-------------
ကျောက်ကပ်က စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်ဖို့ ရေအလုံအလောက် လိုအပ်ပါတယ်။ ရေဓာတ် ခမ်းခြောက်တဲ့အခါ စွန့်ပစ်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲမှာ စုပုံလာပြီး ကျောက်ကပ်အပေါ် ဝန်ပိစေနိုင်လို့ပါ။
(၂) နေရောင်ခြည်
----------------
ကျောက်ကပ်က ဗီတာမင်ဒီကို အသက်ဝင်အောင် Activate လုပ်ပေးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဗီတာမင်ဒီက ကယ်လ်ဆီယမ်စုပ်ယူမှုကို အားပေးပြီး အရိုးကျန်းမာစေပါတယ်။ နေခြည်နုနုလေးရတာက သွေးပေါင်ကိုလည်း ထိန်းညှိပေးတာကြောင့် ကျောက်ကပ်ကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် နံနက်ခင်း နေခြည်နွေးနွေး ခံယူတာက ဗီတာမင်ဒီ စတင်ရရှိစေတာကြောင့် ကျန်းမာရေး ကောင်းစေတဲ့ အချက်တစ်ခုပါ။
(၃) ဆား(ဆိုဒီယမ်)
-----------------
ဆား(ဆိုဒီယမ်)များများ စားလွန်းတာက သွေးထဲမှာ ဆိုဒီယမ်မြင့်တက်စေပြီး ခန္ဓာကိုယ်က ရေကို ပိုပြီး ထိန်းရပါတယ်။ အဲဒီအခါ သွေးပမာဏတိုးလာပြီး သွေးပေါင်ချိန်မြင့်တက်နိုင်ပါတယ်။ သွေးတိုးတာက ကျောက်ကပ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေတဲ့အတွက် အရသာငန်လွန်း/ဆားများလွန်းတဲ့ ဟင်းတွေ၊ အဆင်သင့်စာတွေကို တတ်နိုင်သမျှ ဆင်ခြင်သင့်ပါတယ်။
(၄) လေ့ကျင့်ခန်း
---------------
ပုံမှန်လေ့ကျင့်ခန်းလုပ်တာက သွေးဖိအားကို ထိန်းညှိပေးပြီး သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်အလေးချိန်ထိန်းပေးသလို ဆီးချိုရောဂါမဖြစ်အောင် ထိန်းပေးပါတယ်။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေရှိပြီး ကောင်းကောင်း ထိန်းချုပ်ကုသမှု မခံယူရင် ကျောက်ကပ်ရောဂါဖြစ်စေနိုင်တဲ့အတွက် လေ့ကျင့်ခန်းလုပ်တာက ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ခြုံ့ပြောရရင်...
➡ ရေကို တစ်နေ့တာအတွင်း နည်းနည်းစီ သောက်ပေးပါ။ တစ်ချိန်တည်းနဲ့ အများကြီး သောက်ရမှာ မဟုတ်ပါ။
➡ နေ့တိုင်း သဘာဝ နေခြည်နွေးနွေးလေး ခံယူပေးပါ။ နံနက်စောစောမှာ ၁၀-၁၅ မိနစ်လောက် လမ်းထွက်လျှောက်ပေးရင် အဆင်ပြေပါတယ်။
➡ ဆားကို အလွန်အကျွံမစားသင့်ပါ။
➡ နေ့တိုင်း ခန္ဓာကိုယ်ကို ချွေးထွက်အောင်၊ မောလာအောင် လေ့ကျင ကျောက်ကပ်ကျန်းမာရေးအတွက် တခြားသတိထားရမယ့်အချက်တွေနည်းတူ ဒီအချက် (၄) ချက်ကိုလည်း သိရှိလိုက်နာရင်း အားလုံး ကျောက်ကပ်ကျန်းမာရေး ကောင်းမွန်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။
◾ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)◾

28/07/2026
ဒီ (၁၀)ချက်က သင်ရဲ့နေ့ရက်တိုင်းကို ပျော်ရွှင်စေပါတယ်...
(၁) ကိုယ့်မှာ ပိုင်ဆိုင်သမျှကို ကျေးဇူးတင်တတ်ခြင်း
(၂) ခပ်မြန်မြန် ခွင့်လွှတ်တတ်ပြီး မကောင်းတဲ့ အရာနဲ့ ဝေးဝေးမှာ နေတတ်ခြင်း
(၃) အတွေးမလွန်တတ်ခြင်း
(၄) မိမိနဲ့ အများကောင်းကျိုးတွေကို ပြုလုပ်တတ်ခြင်း
(၅) မကြာခဏ ပြုံးရယ်ခြင်း
(၆) ပေးကမ်းပြီးရင် ပြန်လည်ရယူလိုစိတ် မရှိခြင်း
(၇) လူတွေဆီက မျှော်လင့်ချက် သိပ်မထားခြင်း
(၈) ရိုးရှင်းတဲ့ ဘဝမှာပဲ နေထိုင်ခြင်း
(၉) အများကြီး စိတ်ပူမနေတတ်ခြင်း
(၁၀) ဘယ်သူ့ကိုမှ မမုန်းခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်တွင် နာတာရှည်အသည်းရောင် အသားဝါ ဘီ သို့မဟုတ် စီ ရောဂါပိုး ကူးစက်ခံထားရသူ ၂၈၇သန်းရှိပြီး နာတာရှည်အသည်းရောင် အသားဝါ ဘီ နှင့် စီ ရောဂါကြောင့် လူပေါင်း ၁.၃ သန်း သေဆုံးခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် မွေးကင်းစကလေးငယ်များ၏ ၄၅% ကသာ မွေးပြီး ၂၄ နာရီအတွင်း အသည်းရောင် အသားဝါ ဘီ ကာကွယ်ဆေး ရရှိခဲ့သည်။ ဗိုင်းရပ်စ် အသည်းရောင် ရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် ကာကွယ်၍ ရနိုင်သော်လည်း ဖြစ်ပွားမှု၊ နာမကျန်းမှုနှင့် သေဆုံးမှု၏ အဓိက အကြောင်းရင်းအဖြစ် ယနေ့အထိ ဆက်လက်တည်ရှိနေပါသည်။
ပြင်းထန်သောအသည်းရောင်၊ အသည်းခြောက်နှင့် အသည်းကင်ဆာရောဂါများကိုဖြစ်စေသည့် ဗိုင်းရပ်စ် အသည်း ရောင်ရောဂါအကြောင်းကို ပြည်သူများမှဂရုပြုအလေးထားကြစေရန်နှင့် အသိပညာမြှင့်တင်ရန် ရည်ရွယ်၍ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ ( World Hepatitis Day ) ကို နှစ်စဉ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျင်းပပါသည်။ WHO ၏ ၂၀၂၆ ခုနှစ် ကမ္ဘာ့အသည်းရောင် ရောဂါနေ့၏ ဆောင်ပုဒ်မှာ “ Hepatitis : Let’s Break It Down “ (အသည်းရောင်ရောဂါ ကင်းစင်ဖို့၊ အတားအဆီးများကို ဖယ်ရှားကြပါစို့) ဖြစ်ပါသည်။ "ရောဂါပိုး ကူးစက်ခံထားရသူများ ၏အသက်ကို ကယ်တင်နိုင်သော ထိရောက်သည့် ဝန်ဆောင်မှုများကြားတွင် ရှိနေသည့် အတား အဆီးများကို ဖယ်ရှားရန် တိုက်တွန်းချက် ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ် အသည်းရောင်ရောဂါ ကင်းစင်အောင် တိုက်ဖျက်ရေးအတွက် ထိရောက် သော အစီအစဥ်နှင့် နည်းလမ်းများမှာ ရှိနှင့်ပြီးသားဖြစ်ပါသည်။ အစွမ်းထက်သောကာကွယ်ဆေး များ၊ တိကျသော ရောဂါရှာဖွေစစ်ဆေးမှုများ၊ အသည်းရောင်အသားဝါ စီအတွက် ကုသ၍ ပျောက် ကင်းနိုင်သော ကုသဆေးများနှင့် အသည်းရောင်အသားဝါ ဘီအတွက် ရေရှည်ကုထုံးများသည် ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည်၊ အသက်များကို ကယ်တင်နိုင်သည်၊ အသည်းကင်ဆာနှင့် အသည်းခြောက်ရောဂါကို လျှော့ချနိုင်သည်။ သို့သော်လည်း အဆိုပါ ထိရောက်သော အစီအစဥ် နှင့် နည်းလမ်းများရှိလျက်နှင့် သန်းနှင့်ချီသော လူများသည် ရောဂါ ကာကွယ်မှုမခံရသေးခြင်း၊ ရှာ ဖွေစစ်ဆေးမှု မခံရသေးခြင်း၊ ကုသမှု မခံယူရသေးခြင်း၊ ရောဂါပိုးရှိနေသူများသည် သိမ်ငယ် ကြောက်ရွံ/ ခွဲခြားဆက်ဆံခံရခြင်း၊ ရောဂါနှင့်ပတ်သက်၍ အသိပညာဗဟုသုတ အကန့်အသတ် ရှိခြင်း၊ ကျန်းမာရေးစနစ် အားနည်းချက်များနှင့် ညီမျှထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိနိုင်ခြင်းတို့ ဖြစ်နေကြရပါသည်။
၂၀၂၆ ခုနှစ် ဆောင်ပုဒ် လှုပ်ရှားမှုသည် စဉ်ဆက်မပြတ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကာကွယ်ခြင်း၊ စစ်ဆေးခြင်း၊ ကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို သာတူညီမျှရရှိရေးအတွက် ပိုမို တိုးချဲ့ ဆောင်ရွက်ရန် တိုက်တွန်း နှိုးဆော်ထားခြင်း ဖြစ်ပါသည်။
၁။ WHO ၏ ၂၀၂၆ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါနေ့အတွက် ထုတ်ပြန်ထားသော အဓိက အချက် ၅ ခု မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁း ၁ ။ လက်ရှိ တွေ့ရှိထားချက်များနှင့် မူဝါဒများကို အသုံးချပါ
အစွမ်းထက်သော ကာကွယ်ဆေးများ၊ တိကျသော ရောဂါရှာဖွေစစ်ဆေးမှုများ၊ အသည်းရောင်အ သားဝါ စီအတွက် ကုသ၍ပျောက်ကင်းနိုင်သော ကုသဆေးများ နှင့် အသည်းရောင်အသားဝါ ဘီ အတွက် ရေရှည်ကုထုံးများသည် ရရှိနိုင်ပြီးဖြစ်ကာ ထိရောက်ကြောင်းလည်း သက်သေပြသထား ပြီး ဖြစ်ပါသည်။ ဖေါ်ပြပါ အစီအစဥ်နှင့် နည်းလမ်းများသည် ရောဂါကူးစက်မှုကို ကာကွယ်နိုင် သည်၊ ကူးစက်ပျံ့နှံ့မှုကို ဟန့်တားနိုင်ပြီး အသည်းရောဂါနှင့် အသည်းကင်ဆာကို လျှော့ချခြင်းဖြင့် သန်းနှင့်ချီသော အသက်များကို ကယ်တင်နိုင်သည်။ ယခုအခါ ဦးစားပေး လုပ်ဆောင်ရမည်မှာ ဤဝန်ဆောင်မှုများများကို လိုအပ်သူအားလုံးထံသို့ သာတူညီမျှအမြန်ဆုံးပေးအပ်နိုင်ရေး ဆောင် ရွက်ရန် ဖြစ်ပါသည်။
၁း ၂။ အသည်းရောင်ရောဂါ ကင်းစင်ရေးတွင် ပြည်သူများနှင့် ရပ်ရွာလူထုကို အခြေပြုပြုထားပါ
ရေရှည်တည်တံ့သောတိုးတက်မှုသည် အသည်းရောင်ရောဂါ ခံစားနေရသူများ၏ ကိုယ်တိုင် ဦးဆောင်မှုနှင့် ပါဝင်မှုအပေါ် မူတည်ပါသည်။ အဖွဲ့အစည်းများ၏ မူဝါဒများ၊ အစီအစဉ်များနှင့် ဝန်ဆောင်မှုများကို ပုံဖော်ရာတွင် ရပ်ရွာပြည်သူလူထုက ပါဝင်ကူညီသောအခါ တုံ့ပြန်ဆောင်ရွက် မှုသည် ပိုမိုထိရောက်လာသည်၊ တာဝန်ခံမှု ရှိလာပြီး ရောဂါပိုး ကူးစက်ခံထားရသူများ၏ လိုအပ် ချက်များကိုလည်း တုံ့ပြန်နိုင်စွမ်းပိုမို ရှိလာနိုင်ပါသည်။
၁း ၃။ အားလုံးအတွက် အသည်းရောင်ရောဂါ ဝန်ဆောင်မှုများ သာတူညီမျှရရှိရေး ဆောင်ရွက်ပါ
လူတိုင်းသည် WHO မှ အကြံပြုထားသော အသည်းရောင်ရောဂါ ကာကွယ်ခြင်း၊ စစ်ဆေးခြင်း၊ ကုသခြင်းနှင့် စောင့်ရှောက်ခြင်း ဝန်ဆောင်မှုများမှ အကျိုးခံစားခံစားခွင့် ရရှိနိုင်သင့်ပါသည်။ ဝန်ဆောင်မှု လက်လှမ်း မမီသေးသော၊ ထိခိုက်လွယ်သော သူများအတွက် ပြည်သူလူထု ကိုအခြေပြုပြု၍ ပေါင်းစပ်ဝန်ဆောင်မှု ပေးခြင်းဖြင့် လက်လှမ်းမီမှုကို တိုးချဲ့ခြင်းသည် မညီမျှမှုများကို လျှော့ချနိုင်မည် ဖြစ်ပါသည်။
၁း ၄။ အသည်းရောင်ရောဂါ ဝန်ဆောင်မှုများကို တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လွှမ်းခြုံမှုတွင် ပေါင်းစည်းပါ
အသည်းရောင်ရောဂါဝန်ဆောင်မှုများကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် တစ်ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေးလွှမ်းခြုံမှုစနစ်များအတွင်း ထည့်သွင်းထားသင့်ပြီး ရောဂါကာကွယ်ခြင်း၊ စစ် ဆေး ရှာဖွေခြင်း၊ ကုသခြင်းနှင့် စောင့်ရှောက်မှုတို့ကို ရေရှည်ဆက်လက်ရရှိနိုင်စေရန်ဖြစ်သည်။ ဝန်ဆောင်မှုများရရှိရန်နှင့် အတားအဆီးများကို ဖယ်ရှားဖြေရှင်းရန်အတွက် ကဏ္ဍစုံပါဝင်သော၊ လူ့အခွင့်အရေးကို အခြေခံသော ချဉ်းကပ်မှုသည် မရှိမဖြစ် လိုအပ်သည်။
၁း ၅။ သုတေသနနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများကို ပိုမို ဆောင်ရွက်ပါ
လူသားများသည် မိမိတို့တွင် ဗိုင်းရပ်စ်အသည်းရောင်ရောဂါ၏ ကူးစက် ပြန့်ပွားမှုကို ပြောင်းလဲရန် အခွင့်အလမ်းရှိပါသည်။ ဗိုင်းရပ်စ် အသည်းရောင်ရောဂါ အထူးသဖြင့် အသည်းရောင်အသားဝါ ဘီ နှင့် ဒီ ပူးတွဲကူးစက်မှု ကာကွယ်ခြင်း၊ စစ်ဆေးရှာဖွေခြင်းနှင့် ကုသခြင်းအတွက် သုတေသန၊ ဖွံ့ဖြိုး ရေးနှင့် ဆန်းသစ်တီထွင်မှုတွင် ရင်းနှီးမြှုပ်နှံခြင်း၊ တတ်နိုင်သော နည်းပညာများကို နိုင်ငံများ အ ကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် နိုင်ငံများသည် သန်းနှင့်ချီသော လူများအတွက် ရလဒ်ကောင်း များ ရရှိစေနိုင်ပါသည်။
၂။ WHO၏ ၂၀၂၆ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါနေ့အတွက် လ်ုက်နာဆောင်ရွက်ရန် တိုက် တွန်း နှိုးဆော် ထားသော အဓိက အချက် ၄ ခု မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၂း ၁။ ပြည်သူများအတွက် -
▶ လူတိုင်း အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုး ဘီ နှင့် စီအတွက် စစ်ဆေးမှုခံယူပါ။
▶ ကိုယ်ဝန်ဆောင်စဉ် စောင့်ရှောက်မှုတွင် ပုံမှန်အသည်းရောင်အသားဝါဗိုင်းရပ်စ် ဘီပိုး စစ်ဆေးခြင်းနှင့် လိုအပ်ပါကဘီ ပိုးကာကွယ်ဆေး ထိုးပေးခြင်းတို့ကို ဆောင်ရွက်ပါ။
- မွေးကင်းစကလေးငယ်များကို မွေးပြီး ၂၄ နာရီအတွင်း အချိန်မီ အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေးတစ်ကြိမ်ထိုးပေးပြီး ကလေးဘဝတစ်နှစ်အတွင်း သတ်မှတ်ထိုးနှံမှုအစီအစဥ် များ ပြီးမြောက်အောင် ဆက်လက် ဆောင်ရွက်ပါ။
▶ ရောဂါကာကွယ်ခြင်း၊ စောစီးစွာစစ်ဆေးခြင်းနှင့် ကုသခြင်းများရရှိရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ နှင့် ဆွေးနွေးတိုင်ပင်ပါ။
▶ ရောဂါပိုးရှိနေသူများ၏ သိမ်ငယ်ကြောက်ရွံ / ခွဲခြားဆက်ဆံခံရခြင်းကို ရပ်တန့်ရန် ကူညီပါ။
၂း၂။ ရပ်ရွာလူထုနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် -
▶ အသည်းရောင်ရောဂါကင်းစင်ရေး ဆောင်ရွက်ရန်အတွက် ရန်ပုံငွေနှင့် တာဝန်ခံမှုများ တိုးမြှင့်ရန် စည်းရုံး ဆောင်ရွက်ပါ။
▶ သိမ်ငယ်ကြောက်ရွံ/ခွဲခြားဆက်ဆံခံရခြင်းကို တိုက်ဖျက်ပြီး အသိပညာမြှင့်တင်ခြင်းနှင့် ဝန်ဆောင်မှု ပေးခြင်းများအတွက် လိုအပ်ချက်နှင့် ရပ်ရွာလူထုပါဝင်မှုတို့ကို မြှင့်တင်ပါ။
▶ ပြည်သူလူထုကို အခြေပြု၍ သာတူညီမျှသော အသည်းရောင်ရောဂါ တုံ့ပြန်ဆောင်ရွက်မှုများ ဆောင်ရွက် နိုင်ရန် နိုင်ငံတော်အစိုးရဌာနများ၊ ကျန်းမာရေးဝန်ဆောင်မှုပေးသူများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ပါ။
▶ ဗိုင်းရပ်စ် အသည်းရောင်ရောဂါ ခံစားနေရသူ မည်သူတစ်ဦးတစ်ယောက်ကိုမျှ လစ်လျူရှု့/ နောက်ချန်မထားခဲ့သော ရပ်ရွာလူထုဦးဆောင်သည့် ဖြေရှင်းနည်းများကို ထောက်ခံအားပေး ပါ။
၂း၃။ မူဝါဒချမှတ်သူများနှင့် နိုင်ငံအစိုးရများအတွက် -
▶ အသည်းရောင်ရောဂါ ကင်းစင်ရေးဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုများကို ဦးဆောင်ပြီး ရန်ပုံငွေ ထောက်ပံ့မှု များ ပေးပါ။
▶ မွေးကင်းစ ကလေးငယ်များကို အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေးထိုးခြင်း၊ ဘေးကင်းသော သွေးသွင်း/ဆေးထိုးခြင်း အလေ့အကျင့်များနှင့် အန္တရာယ်လျှော့ချရေးတို့ကို တိုးချဲ့ဆောင်ရွက်ပါ။
▶ အသည်းရောင်ရောဂါ ကာကွယ်ခြင်း ၊ စစ်ဆေးခြင်းနှင့် ကုသခြင်းများကို ဗဟိုချုပ်ကိုင်မှုလျှော့ချ၍ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွင် ဆောင်ရွက်ခွင့် ပြုပါ။
▶ အသည်းရောင်ရောဂါ တိုက်ဖျက်ရေးဝန်ဆောင်မှုများကို တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလွှမ်းခြုံမှုနှင့် စောင့်ရှောက်မှု အစီအစဉ်များတွင် ထည့်သွင်းပါ။
၂း ၄။ အမျိုးသားကျန်းမာရေး အကောင် အထည်ဖေါ် ဆောင်ရွက်သူများအတွက် -
▶ ရောဂါဖြစ်ပွားမှုများပြီး ဝန်ဆောင်မှုလက်လှမ်းမမီသော နေရာဒေသများကို စဥ်ဆက်မပြတ် စောင့်ကြည့်၍ စောစီးစွာ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းကို ဦးစားပေးဆောင်ရွက်ပါ။
▶ ကျန်းမာရေး ဝန်ဆောင်မှု့များကို ဗဟိုချုပ်ကိုင်မှုလျှော့ချ၍ အခြေခံအဆင့် ကျေးရွာ/မြို့နယ် ကျန်းမာရေး ဌာနများမှ ဆောင်ရွက်ခွင့် ပြုပါ။
▶ အသည်းရောင်ရောဂါ ကာကွယ်ခြင်းကို မိခင်နှင့်ကလေးကျန်းမာရေး အစီအစဉ်များတွင် ပေါင်းစည်းမှု ပြုပါ။
▶ ရောဂါစစ်ဆေးခြင်းနှင့် ကုသခြင်းကို အခမဲ့ သို့မဟုတ် တစ်ကမ္ဘာလုံး/ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်လှမ်းမီရရှိစေရန် ဆောင်ရွက် ပေးပါ။
▶ ရေရှည်တည်တံသော ရန်ပုံငွေကို စည်းရုံးရှာဖွေပြီး အသည်းရောင်ရောဂါ ကာကွယ်ခြင်း ၊ စစ်ဆေးခြင်းနှင့် ကုသခြင်း လုပ်ငန်းများတွင် အသုံးပြုပါ။
ပြည်သူများသို့ တိုက်တွန်းနှိုးဆော်ချက်
WHO ၏ ရည်မှန်းချက်ဖြစ်သော သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် အသည်းရောင်ရောဂါကို ကမ္ဘာ့ပြည်သူလူထု၏ ကျန်းမာရေးကို ခြိမ်းခြောက်ခံနေရမှုမှ ဖယ်ရှားပစ်နိုင်ရေးနှင့် လက်ရှိဆောင်ရွက်လျှက်ရှိသော ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအား နှောင့်ယှက်ဟန့်တားနေသည့် အတားအဆီးများကို ဖယ်ရှား ဆောင်ရွက် နိုင်ရေး အတွက် ပြည်သူများမှ လည်း နိုင်ငံတော်အစိုးရ၊ အမျိုးသားကျန်းမာရေး ဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် အတူပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း ဖြင့် အသည်းရောင်ရောဂါများကို ကမ္ဘာပေါ်မှ ကင်းစင်ပပျောက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း တိုက်တွန်း နှိုးဆော်ရင်း ( ၂၈-၇-၂၀၂၆ ) ရက်နေ့တွင် ကျရောက်သော ၂၀၂၆ ခုနှစ် ကမ္ဘာ့ အသည်းရောင် ရောဂါနေ့ကို ဂုဏ်ပြု ကြိုဆိုလိုက်ရပါသည် ။
ဒေါက်တာ ဝင်းအောင် (သုတေသီ)
ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ (World Hepatitis Day) အထိမ်းအမှတ်အဖြစ် အသည်းကျန်းမာရေးဆိုင်ရာ သိကောင်းစရာ ဗဟုသုတတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဗီဒီယိုထဲမှာ အထွေထွေရောဂါအထူးကု သမားတော်ကြီး ပါမောက္ခဒေါက်တာချိုမာလှိုင်က…
▶ အသည်းအဆီဖုံးရောဂါက ဘာကြောင့်ဖြစ်ရသလဲ၊
▶ အသည်းအဆီဖုံးရောဂါကို ဘယ်လိုစစ်ဆေးသိရှိနိုင်ပါသလဲ၊
▶ အသည်းအဆီဖုံးခြင်းနဲ့ အသည်းရောင်ခြင်း ဘာကွာခြားမှုရှိပါသလဲ၊
▶ အသည်းအဆီဖုံးရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်နေထိုင်သင့်သလဲ စတဲ့အကြောင်းအရာတွေနဲ့အတူ
▶ အသည်းအဆီဖုံးရောဂါနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကို ပြည့်ပြည့်စုံစုံ ပြောကြားထားပါတယ်။
27/07/2026
ဒီမိုးတွင်းမှာ ဖျားနာခြင်း ကင်းစေဖို့ အကောင်းဆုံး သမားတော် (၆)ဦး
(၁) ရေ/ရေနွေးကြမ်း
သဘာဝအနာကျက်အစွမ်းရှိစေလို့ပါ။
(၂) လေ့ကျင့်ခန်း
စိတ်နဲ့ ခန္ဓာ သန်စွမ်းပြီး အနာရောဂါ ကင်းစေလို့ပါ။
(၃) တရားထိုင်ခြင်း
စိတ်ကို ငြိမ်းချမ်းပြီး ခန္ဓာကိုယ်ကို ကျန်းမာစေလို့ပါ။
(၄) ကောင်းမွန်တဲ့ အာဟာရ
ခန္ဓာကိုယ်ကို အားပြည့်စေပြီး စိတ်ကို လန်းဆန်းစေလို့ပါ။
(၅) သဘာဝအလင်းရောင်
နေရောင်ရတဲ့အခါ အပြင်ထွက်လမ်းလျှောက်ပေးရင် စိတ်ကို ရွှင်လန်းစေလို့ပါ။
(၆) အနားယူအိပ်စက်မှု
အအေးမိဖျားနာလက္ခဏာ စတင်ပြပြီဆိုတာနဲ့ ဒီကိုဂျင်သောက်ပြီး အနားယူအိပ်စက်လိုက်ရင် အမြန်သက်သာစေလို့ပါ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Yangon
Opening Hours
| Thursday | 08:00 - 20:00 |
| Friday | 08:00 - 20:00 |
| Saturday | 08:00 - 20:00 |
| Sunday | 08:00 - 20:00 |