Sparking Star
လူကုန်ကူးခြင်းခံရသူများအား ပြန်လည်လက်တွဲကူညီပေးနေသော"လင်းလက်ကြယ်လူမှုရေးအသင်းအဖွဲ့"ဖြစ်ပါသည်။
အန္တရာယ်ကြုံလာခဲ့ရင် အကူအညီတောင်းခံနိုင်ပါသည်။
21/06/2026
မိသားစု အဆင်ပြေဖို့ သွားကြတာဖြစ်ပေမဲ့ အခက်အခဲတွေကြုံခဲ့ရင် အကူအညီလိုခဲ့ရင်
အဆက်အသွယ်လုပ်လို့ရမည် နေရာတွေကို ကြိုတင် ချိတ်ဆက်သွားစေချင်ပါတယ်
မိသားစုအတွက်အလုပ်လုပ်ရင်း အခက်အခဲတွေလည်း ကြုံလာနိုင်ပါတယ်
03/05/2026
ရွှေပြည်သာမှ အမျိုးသမီးတစ်ဦးကို တင်တောင်းငွေမက်လုံးပေးစည်းရုံးပြီး လက်ထပ်သည့် တရုတ်အမျိုးသား ကို အလုပ်နှင့်ထောင်ဒဏ် ၁၂နှစ်ချမှတ်
မေ ၂၊ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသား နဲ့ လက်ထပ်ပါက တင်တောင်းငွေကျပ်သိန်း၂၀၀ခန့် ရရှိမယ်လို့ မက်လုံးပေးစည်းရုံးပြီး လက်ထပ်ယူကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်ရန် လုပ်ဆောင်တဲ့ တရုတ်အမျိုးသားကို အလုပ်နဲ့ထောင်ဒဏ် ၁၂နှစ် ချမှတ် ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထံမှ သိရပါတယ်။
ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဟာ အလုပ်လုပ်ကိုင်ရန် အတွက် တမြို့ထဲနေ သူငယ်ချင်းဖြစ်သူ မယုယုခိုင် ကို တိုင်ပင်ရာ မယုယုခိုင်မှ တရုတ်အမျိုးသားနဲ့ လက်ထပ်ရင် သိန်း ၁၈၀/၂၀၀ ရရှိမယ်လို့ စည်းရုံးပြောဆို၍ ရွှေပြည်သာ ထန်းခြောက်ပင် (ပတ္တမြားဈေးအနီးရှိ) လက်ဖက်ရည်ဆိုင်တွင် လှိုင်သာယာ( အနောက်ပိုင်း)မြို့နယ် ၁၉ရပ်ကွက် နေ ကိုဇာနည်မင်းနဲ့တွေ့ဆုံပေးခဲ့တယ်လို့ သိရပါတယ်။
တဖန် ကိုဇာနည်မင်း မှ တစ်ဆင့်တရုတ်အမျိုးသား Mr. Wu Jin Min (ဝူကျင်းမင်း) နဲ့ တွေ့ဆုံပေးခဲ့ပြီး ဝူကျင်းမင်းက တင်တောင်းငွေကျပ်သိန်း ၁၈၀ ပေးမယ်လို့ ပြောဆိုကာ အကျိုးဆောင်ခအဖြစ် ကိုဇာနည်မင်းကို ငွေကျပ် ၅ သိန်းနဲ့ မင်္ဂလာဆွမ်းကျွေးဖို့ ငွေကျပ် ၁၀ သိန်း ပေးခဲ့တယ်လို့ သိရပါတယ်။
မင်္ဂလာဆွမ်းကျွေးနေ့မှာ လူကုန်ကူးခံရတဲ့အမျိုးသမီးကို တင်တောင်းငွေကျပ်သိန်း ၈၀ ပေးခဲ့ပြီး ကျောက်တံတားခရိုင် တရားရုံးမှာ လက်ထပ်လက်မှတ်ရေးထိုးချိန် ငွေကျပ်သိန်း ၅၀ ကို ထပ်မံပေးခဲ့သလို ကျန်ငွေသိန်း ၅၀ ကို လေယာဉ်တက်ချိန်ပေးမယ်ဆိုပြီး တင်တောင်းငွေတွေနဲ့ မက်လုံးပေးစည်းရုံးကာ အဓမ္မလက်ထပ်စေခဲ့ပြီးတရုတ်နိုင်ငံသို့ သွားရောက်ရန် စာရွက်စာတမ်းပြုလုပ်ချိန်တွင် လှိုင်သာယာမြို့နယ် ရွှေပဒုမ္မာဟိုတယ်မှာ ပေါင်းသင်းနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို တရုတ်နိုင်ငံသား နဲ့ လက်ထပ်ပေါင်းသင်းစေရန် တင်တောင်းငွေမက်လုံးပေးစည်းရုံးကာ အဓမ္မလက်ထပ် ထိမ်းမြားစေပြီး တရုတ်နိုင်ငံသို့
ခေါ်ဆောင်ရန် စီစဉ် ဆောင်ရွက်ခဲ့တဲ့ တရုတ်အမျိုးသား Mr. Wu Jin Min (ဝူကျင်းမင်း) ၊ကိုဇာနည်မင်းနဲ့ မယုယုခိုင်တို့ သုံးဦးကို အမှတ် ၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (ရန်ကုန်) က တရားလိုပြုလုပ်တိုင်တန်းရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနဲ့ ရွှေပြည်သာမြို့နယ် ရဲစခန်းမှာ ပါဝင်ပတ်သက်သူတွေကို အမှုဖွင့်တရားစွဲတင်ခဲ့ပြီး ဧပြီ ၂၄ ရက်မှာ မင်္ဂလာဒုံခရိုင်တရားရုံးက ဝူကျင်းမင်းကို အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိမ်းရှောင် တရားခံ မယုယုခိုင်ကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ ကျင့် ၈၇/၈၈အတည်ပြုထုတ်ထုတ်ဆင့်ခဲ့ကာ လူကုန်ကူးရာမှာ ပါဝင်ပတ်သက်သူ ကိုဇာနည်မင်းကို ဖမ်းဆီးရမိမှု ရှိ၊ မရှိ အခြေအနေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ထုတ်ပြန်မှု တွင် ထည့်သွင်းထားမှုမရှိတာတွေ့ရပါတယ်။
Myanmar Labour News ရဲ့ အလုပ်သမားရေးရာ ၊ ရွှေ့ပြောင်းအလုပ်သမားအရေး သတင်း၊ ဒေသတွင်း သတင်း နဲ့ သတင်းဆောင်းပါး တွေကို
https://bit.ly/3oNDLga
https://www.myanmarlabournews.com
https://t.me/myanmarlabournews
https://www.tiktok.com/
https://www.instagram.com/myanmarlabournews/
https://www.youtube.com/
တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
30/04/2026
ပြည်တွင်းမှာဖြစ်စေ၊ပြည်ပမှာဖြစ်စေ လုပ်ဆောင်ချက်၊နည်းလမ်း၊ရည်ရွယ်ချက်
ပုံမှာ ဖော်ပြပါ စာသားတွေအတိုင်း ကိုယ်တိုင်ခံစားနေရပါက အကူအညီတောင်းခံနိုင်ပါတယ်
30/04/2026
👉👉👉 လူမှောင်ခိုကူးခြင်း ဆိုသည်မှာ.......
ရွေ့ပြောင်းမည့်သူများထံမှ အကျိုးအမြတ်ကိုယူ၍
နိုင်ငံ နယ်နမိတ်ကို အမြဲတမ်းဖြက်ကျော်ပြီး ၎င်း၏ အမြဲနေထိုင်ရာ မဟုတ်သော နိုင်ငံသို့ (တရားမဝင်)
ပို့ဆောင်ခြင်းဖြစ်သည်။
👉👉👉လူကုန်ကူးခြင်း ဆိုသည်မှာ......
လူတဦးမှ အခြားသူတဦးကို ထိုသူ၏သဘောတူညီချက် ရှိသည်ဖြစ်စေ/မရှိသည် ဖြစ်စေ 'ခေါင်းပုံဖြက်ရန်'အလို့ငှာ.....
"နည်းလမ်း"အားဖြင့်......
ခြိမ်းခြောက်ခြင်း၊အင်အားသုံးခြင်း၊သွေးဆောင်ခေါ်ယူခြင်း၊လိမ်လည် လှည့်ဖျားပြီး
"လုပ်ဆောင်ချက်"ဖြစ်သော....
သိမ်းသွင်းစုဆောင်းခြင်း၊သယ်ယူပို့ဆောင်ခြင်း၊ဝယ်ယူ/ငှါးရမ်းခြင်း၊ခိုလှုံခွင့်(သို့)လက်ခံခြင်း စသည်ဖြင့်......
"ရည်ရွယ်ချက်"ဖြစ်သော.....
ပြည့်တန်ဆာပြုခြင်း၊အဓမ္မဝန်ဆောင်မှု့ပေးစေခြင်း၊ကိုယ်လက်အဂ်ါအစိတ်ပိုင်းထုတ်ယူဖယ်ရှားမှု့ပြုရာမှ ငွေ၊အကျိုးအမြတ် လက်ခံခြင်း၊လက်ခံရန် သဘောတူခြင်း စသည်ဖြင့် ခေါတ်သစ်ကျွန်ပြုမှု့ တခုဖြစ်သည်။
ကလေးများအား လူကုန်ကူးသည့်အခါ နည်းလမ်း မလိုသဖြင့် လုပ်ဆောင်ချက် + ရည်ရွယ်ချက် ဖြင့် တိုင်းတာနိုင်ပါသည်။
ကွာခြားချက်ကတော့........
လူမှောင်ခိုကူးခြင်းသည် .......
အမြဲတမ်း နိူင်ငံဖြက်ကျော်၍
အခြားနိုင်ငံထဲသို့ (တရားမဝင်)ပို့ဆောင်ခြင်းဖြစ်ပြီး...
လူကုန်ကူးခြင်းသည်......
နည်းလမ်း + လုပ်ဆောင်ချက် + ရည်ရွယ်ချက် တို့ဖြင့် တိုင်းတာနိုင်ပြီး ပြည်ပတွင်မှာသာမက ပြည်တွင်းထဲ၌ တွင်လည်း ဖြစ်ပွားနိုင်ပါသဖြင့်.....
အလုပ်အကိုင် ရှားပါးသော ဒီကာလတွင်.......
ညီအကိုမောင်နှမများ အားလုံး
အသိနှင့် သတိကိုယှဥ်၍ ........
"ငါးစာကိုပဲ မမြင်ပဲ ငါးမျှားချိတ်ကိုလည်း သတိထားကြဖို့" သတိပေးရင်း........
မိမိကိုယ်သော်လည်းကောင်း၊ မိမိ ပတ်ဝန်းကျင်တွင်သော်လည်းကောင်း၊အသိမိတ်ဆွေ ညီကိုမောင်နှမ ထဲမှ တဦးဥိီးသည်'လူကုန်ကူးခြင်း'ခံရပြီဟု ထင်မှတ်မိပါက ကျွန်တော်တို့ "Page"သို့ ချိတ်ဆက် အကူအညီတောင်းနိုင်သလို သိလိုသည်များကိုလည်း chat box တွင် လာရောက်မေးမြန်းနိုင်ပါသည်။
Sparking star-လင်းလက်ကြယ်
(Myanmar Survivor Net Work)
30/04/2026
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon
157410